Skip to main content

Posts

Showing posts from June, 2023

ကင်ဆာဖြစ်စေနိုင်သော အစားအစာများ

 ကင်ဆာဖြစ်စေနိုင်သော အစားအစာများ  မင်္ဂလာပါ VAA  ပရိတ်သတ်ကြီးခင်ဗျာ  အခုတစ်ခါမှာတော့ ကင်ဆာနဲ့ပတ်သက်ပြီး ဘယ်လိုအစားအစာတွေက ကင်ဆာကိုအားပေးလဲဆိုတာ နဲ့ ပေါများလှတဲ့ အသင့်စား အစားအစာတွေက လူတွေကို ဘယ်လောက်ဒုက္ခပေးလဲ ဆိုတာကို တင်ဆက်ပေးလိုက်ပါတယ်။ ကင်ဆာ ဖြစ်စေနိုင်သော အစားအစာများ မီးဖိုချောင်ရှိ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံတွေကနေ အကောင်းဆုံးကျန်းမာရေးကို ရရှိနိုင်ကြောင်း သင်သိကောင်းသိပါလိမ့်မယ်။ အလားတူပဲ မီးဖိုချောင်ရှိ အစားအစာ တချိူ့ကလည်း ကင်ဆာ ရောဂါများစွာရဲ့ အဓိကအကြောင်းရင်း ဖြစ်လာနိုင်တာကိုကော သိကြပါသလား။ တကယ်တော့ ကင်ဆာရောဂါရဲ့ ၇၀ ရာခိုင်နှုန်းအထိကို အစားအသောက်ကနေ ကာကွယ်နိုင်တယ်။  ကျန်တဲ့ ၃၀% က သင်မထိန်းချုပ်နိုင်တဲ့ မျိုးရိုးဗီဇနဲ့ သဘာဝပတ်ဝန်းကျင်အကြောင်းတွေကြောင့် ဖြစ်ပါတယ်။  ကင်ဆာရောဂါဖြစ်စေနိုင်သည့် အလားအလာကို မြင့်တက်စေနိုင်တဲ့ အစားအစာများအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။ ကင်ဆာ ဖြစ်စေနိုင်သော အစားအစာများ (၁) စည်သွပ်ဘူး စည်သွပ်ဘူးတွင် ပါဝင်သော အစားအစာများသည် ဆားနှင့် သကြားများ မြင့်မားစွာ ပါဝင်သည်မှာ မှန်သော်လည်း ကင်ဆာဖြစ်စေသည့်အကြောင်းရင်းကတော့ စည်သွပ်ဘူး...

အပူလောင်ခြင်း နှင့် အရည်ပူလောင်ခြင်း (Burns and Scalds)

 မင်္ဂလာပါ ခင်ဗျာ VAA Facebook page မှစာဖတ်ပရိတ်သတ်များအတွက် အခုတစ်ခါမှာတော့ အသုံးဝင်စေမယ့်နည်းလမ်းကောင်းလေးတွေကို ပြောပြပေးပါ့မယ် ။  အကျိုးရှိမယ်လို့လည်းယုံကြည်ပါတယ် ။ ရုတ်တရက် အပူလောင်ပြီဆိုရင် ဘာလုပ်လို့ လုပ်ရမှန်းမသိဘဲ ကြားဖူးနားဝတွေ လျှောက်လုပ်နေတာမျိုး အများအပြားတွေ့လာရတဲ့အတွက်  အပူလောင်ရင်ဘာလုပ်ရမလဲဆိုတာ နဲ့ အပူလောင်ခြင်းအမျိုးမျိုးကို ပြောပြပေးမှာဖြစ်ပါတယ် ။  တစ်စုံတစ်ရာအကျိုးရှိမယ်ဆိုရင် VAA အဖွဲ့သားများက ဝမ်းသာဂုဏ်ယူနေမှာပါခင်ဗျာ ။ ကဲ အပူလောင်ခြင်းအကြောင်းကို စလိုက်ကြရအောင်ခင်ဗျာ 🥰 အပူလောင်ခြင်း နှင့် အရည်ပူလောင်ခြင်း (Burns and Scalds) အပူလောင်ခြင်းဆိုသည်မှာ အပူ နှင့် ဓာတုဗေဒ ပစ္စည်းများကြောင့် ခန္ဓာကိုယ်၏ အရေပြား (သို့) တစ်ရှူးအသားမျှင်တို့တွင် ဒဏ်ရာ ရခြင်းကို ခေါ်ပါသည်။  အရည်ပူလောင်ခြင်းဆိုသည်မှာ ပူသော အရည် ၊ အငွေ့များကြောင့် ခန္ဓာကိုယ်၏ အရေပြားတွင် ဒဏ်ရာရခြင်းကို ခေါ်ပါသည် ။ ♦ အပူလောင်ခြင်း ဖြစ်ရသည့် အကြောင်းအရင်းများ  (၁) မီးလောင်ခြင်း  ။  ။ မီးတောက်၊ မီးတောက်နှင့် သက်ဆိုင်စေသည့် အကြောင်းအရင်းများ (ဖယောင်းတိုင်မီး) ၊ပွတ်တိုက်မှုကြေ...

Circulation of Blood

 Circulation Of Blood           မင်္ဂလာပါ VAA Facebook  Page  မှ ပရိတ်သတ်ကြီးများခင်ဗျာ   အခု​ဖော်ပြပေးမယ့် အကြောင်းအရာလေးကတော့ ခန္ဓာကိုယ်အတွင်းမှာလှည့်ပတ်နေတဲ့ သွေးအကြောင်းပဲဖြစ်ပါတယ် ။ သွေးထဲမှာဆိုရင် သွေးရည်ကြည်၊သွေးနီဥ ၊ သွေးဖြူဥ ၊ သွေးဥမွှားတွေပါရှိပြီး သူတို့လေးတွေကရော ဘာလုပ်ငန်းတွေလုပ်ဆောင်တာလဲ?  ဒါ့အပြင် နှလုံးရဲ့ လုပ်ငန်းဆောင်တာတွေ ၊ သွေးလွှတ်ကြော ၊ သွေးပြန်ကြောတွေကရော ဘာတွေလဲ? စသဖြင့် ဗဟုသုတ ရစေရန် ရည်ရွယ်၍ တင်ဆက်ပေးလိုက်ပါသည်။  ခန္ဓာကိုယ်တွင်း သွေးလှည့်ပတ်သွားလာခြင်း  ( Circulation of Blood )  ခန္ဓာကိုယ် သွေးလှည့်ပတ်ခြင်းစနစ်တွင်        (၁) သွေး       (၂) နှလုံး နှင့်       (၃) သွေးကြောများ စသည်တို့ ပါဝင်ပါသည် ။ (၁)   သွေးအကြောင်း          သွေးသည် သွေးကြောများ အတွင်းတွင် အရည်အဖြစ် လှည့်ပတ်လျက်ရှိသည် ။ ခန္ဓာကိုယ် အသက်ရှင်ရန်အတွက် အရေးကြီးသည် ။ သွေးသည် အသက် ဖြစ်သည် ။ မည်သည့်နေရာမှမဆို သွေးယိုထွက်ခြင်း လွန်ကဲပါက အသက်ဆုံးရှုံးန...

Musculoskeletal Injuries

 Musculoskeletal Injuries                 မင်္ဂလာပါ VAA မှ စာဖတ်သူပရိတ်သတ်များခင်ဗျာ  အခုဖော်ပြပေးမယ့်အကြောင်းအရာလေး ကတော့ အရိုးကျိုးရခြင်း အမျိုးမျိုးနဲ့  အကြောင်းတစ်ခုခုကြောင့် အရိုးကျိုးသွားခဲ့သည်ရှိသော် အရေးပေါ်ပြုစုနည်းများကို​ဖော်ပြပေးမှာဖြစ်ပါတယ်။ အရိုးကျိုးခြင်း   Musculoskeletal ထိခိုက်ဒဏ်ရာ             အရိုးကျိုးခြင်းဆိုသည်မှာ အရိုးသည် အရှိန်တစ်ခုခုကြောင့် မူလ မျက်နှာပြင် အနေအထားမှ ဆက်စပ်မှု ပြတ်တောက်သွားခြင်းဖြစ်သည်။ အရိုးကျိုးခြင်းအကြောင်းအရင်းများ-  🦴အရိုးကျိုးရခြင်းအကြောင်းအရင်းများမှာ ၁။တိုက်ရိုက်အရှိန်ကြောင့်ကျိုးခြင်း။     ဥပမာ - အရိုးနှင့်အရာဝတ္ထု တိုက်ရိုက်ထိခိုက်မိခြင်း၊ ၂။သွယ်ဝိုက်သော အရှိန်ကြောင့် ကျိုးခြင်း။ဥပမာ - လက်ထောက်လဲသောအခါ ညှပ်ရိုးကျိုးခြင်း၊ ၃။ကြွက်သားများရှုံ့တွဲခြင်းကြောင့် ကျိုးခြင်း။   ဥပမာ - ခြေဖဝါးကြွက်သားများ လျင်မြန်စွာ ရှုံ့တွလိုက်ခြင်းကြောင့် ခြေဖမိုး အရိုးကျိုးခြင်း၊ 🦴အရိုးကျိုးခြင်းအမျိုးအစားများ ၁။ အပွင့်ကျိုးခြင်း ၂။ အပိတ...

Otomycosis ( နားမှိုစွဲခြင်းရောဂါ )

 Otomycosis ( နားမှိုစွဲခြင်းရောဂါ )      🙋  အားလုံးပဲ   မင်္ဂလာပါ 🙋 VAA ရဲ့စာဖတ်ပရိတ်သတ်တွေအတွက်အခုတစ်ခါမှာတော့ ပရိတ်သတ်တွေရဲ့တောင်းဆိုချက်အရ နားမှိုစွဲခြင်းရောဂါ နဲ့ပတ်သက်ပြီး ဖော်ပြပေးမှာဖြစ်ပါတယ် ။  နားမှိုစွဲခြင်းရောဂါ နဲ့ပတ်သက်ပြီး ဖြစ်ရတဲ့အကြောင်းရင်းတွေ ၊ လက္ခဏာတွေ ၊ ဘယ်လိုဆေးဝါးတွေကို အသုံးပြုနိုင်မလဲ ၊ ဆောင်ရန် ၊ ရှောင်ရန် ၊နောက်ဆက်တွဲ ပြဿနာတွေ နှင့် ကာကွယ်နည်းများကို ပြည့်ပြည့်စုံစုံ တင်ဆက်ပေးလိုက်ပါတယ် ။ နားမှိုစွဲရောဂါ ကို ဆေးပညာအရ Otomycosis လို့ ခေါ်ပါတယ်။ မြန်မာနိုင်ငံလိုမျိုး ပူနွေးစိုစွတ်တဲ့ နိုင်ငံတွေမှာ အတွေ့ရများပါတယ်။ နွေရာသီလို ပူပြင်းတဲ့အချိန်မှာ ပိုဖြစ်တတ်ပါတယ်။ နားမှိုစွဲရောဂါက များသောအားဖြင့် နားအပြင်ပိုင်းမှာ ဖြစ်တာ များပါတယ်။ နားအလယ်ပိုင်းမှာ ဖြစ်တာလည်း ရှိပါတယ်။ တစ်ဖက်တည်း ဖြစ်တာများပါတယ်။ 🔴 နားမှိုစွဲရောဂါ ဖြစ်ရတဲ့ အကြောင်းရင်း နားမှိုစွဲရောဂါက နာမည်အတိုင်းပဲ မှိုပိုးကြောင့် ဖြစ်တာပါ ။ မှိုပိုးတွေ အများကြီးရှိတဲ့အထဲကမှ နားမှိုစွဲစေတဲ့ ပိုးတွေကတော့ Candida နဲ့ Aspergillus လို့ခေါ်တဲ့ မှို နှစ်မျိုးပဲ ဖြစ်ပါတယ် ။ အဲ...

ခြင်အမျိုးအစားနှင့် ပေါက်ဖွားရာနေရာ

  မင်္ဂလာပါ VAA ပရိတ်သတ်တွေအတွက် ဒီတစ်ခါမှာတော့ လူတွေကိုဒုက္ခပေးနေတဲ့ "ခြင် 🦟" အမျိုးအစားများနှင့် ပေါက်ဖွားရာနေရာ၊ကိုက်လေ့ရှိတဲ့အချိန်တွေကို ဝေမျှပေးလိုက်ရပါတယ် 🦟Anopheles (အနောဖီးလီးစ်) ခြင် 🦟 ♦‌ဖြစ်စေသောရောဂါ             ငှက်ဖျားရောဂါ  ♦‌ရောဂါပိုး            Plasmodium.f.            Pv.Po.Pm.Pk            Protozao ♦‌ပေါက်ဖွားသည့်နေရာ              ရေကြည် ၊ ရေသန့် ဖြည်းညင်းစွာ စီးဆင်းနေသော တောတောင်နှင့် နှီးနွယ်သော စမ်းချောင်း၊ စိမ့်ရေ၊ စမ်းရေ၊ ရေအိုင်၊ ရေကန်၊ ရေတွင်း၊ ဆည်မြောင်း လက်တက်၊ လယ်ကွင်း၊ နွားခြေရာခွက်၊ ကျောက်ခွက်၊ သစ်ခေါင်းနှင့်ရေချိုရေငန်စပ် ပင်လယ်ကမ်းဘက်မှာပေါက်ဖွားလေ့ ရှိပါတယ်။   ♦ခြင်ဥပုံစံ              ရေပေါ်တစ်လု...

ကာလသားရောဂါ

 မင်္ဂလာပါခင်ဗျာ  အခုတစ်ခါမှာတော့ ကာလသားရောဂါလို့ခေါ်တဲ့ Syphils အကြောင်းကို တင်ဆက်ပေးမှာဖြစ်ပါတယ် Syphilis (ကာလသားရောဂါ ) ကဘာလဲ Syphilis ဆိုတာက လိင်ဆက်ဆံရာမှ ဘက်တီးရီးယားပိုးဝင်ပြီး အရေပြား၊ ပါးစပ်၊ လိင်အင်္ဂါများ နှင့် အာရုံကြောစနစ်တွေကို ထိခိုက်စေနိုင်တဲ့ ကူးစက်ရောဂါတစ်မျိုးဖြစ်ပါတယ်။ စောစောစီးစီး သိပြီး ကုသနိုင်လျှင် Syphilis က ကုရလွယ်ကူနိုင်ပြီး နောက်ထပ် ထိခိုက်မှုတွေလဲ မဖြစ်စေနိုင်ပါဘူး။ သို့သော် မကုပဲထားလျှင် Syphilis က ဦးနှောက် ၊ အာရုံကြော နှင့် နှလုံးအပါအဝင် အခြားအင်္ဂါအစိတ်အပိုင်းတွေပါထိခိုက်နိုင်ပါတယ်။ Syphilis (ကာလသားရောဂါ ) က ဘယ်လောက်အဖြစ်များသလဲ ၂၀၁၀ နောက်ပိုင်းတွင် အမျိုးသမီးတွေမှာတော့ Syphilis ဖြစ်နှုန်းကျဆင်းလာသော်လည်း အမျိုးသားတွေ အထူးသဖြင့် လိင်တူဆက်ဆံတဲ့ အမျိုးသားတွေ မှာ အဖြစ်များလာပါတယ်။ Syphilis (ကာလသားရောဂါ ) ရဲ့လက္ခဏာတွေကဘာတွေလဲ Syphilis ရောဂါရဲ့ လက္ခဏာများကတော့  အဆင့် ၃ ဆင့် ရှိပါတယ်။ အဆင့် (၁) ။ ။ ရောဂါလက္ခဏာတွေက ရောဂါပိုးဝင်ပြီး ၂ ပတ် မှ ၄ ပတ် အကြာမှာ စဖြစ်လာပြီး ရောဂါပိုး ခန္ဓာကိုယ်ထဲ ဝင်ရောက်တဲ့ အခါမှာ နာကျင်မှု မရှိတဲ့ အနာတွေ ပေါ်လာတတ်ပါတယ်။ ...

E Cigarettes

 အခုနောက်ပိုင်းမှာ လူငယ်တွေအကြား E cigarettes သို့မဟုတ် vape ရှုခြင်း ခေတ်စားလာပါတယ် ။ vape စ‌စပေါ်ချင်းမှာ စီးကရက်ဖြတ်ချင်သူတွေအတွက် စီးကရက်လို အန္တရာယ်မများဘူးဆိုပြီး လူသုံးများလာတာ‌ကို သတိပြုမိမှာပါ ။ ဒါကြောင့် VAA က ချစ်ပရိတ်သတ်တွေအတွက် Vaping နဲ့ ပတ်သက်ပြီး ဗဟုသုတရဖွယ်ရာတင်ဆက်ပေးလိုက်ပါတယ် 🥰 Vaping ရှူတာ အန္တရာယ် ရှိနိုင်လား ? Vaping ဆိုတာ e-cigarette နဲ့ vape pen အစရှိတဲ့ လက်ကိုင်ကိရိယာတစ်မျိုးထဲ ဓာတုရည် (e-liquid) ကို ထည့်ပြီး အပူပေးကာ ရလာတဲ့ အငွေ့ကို ရှူရှိုက်တာ ဖြစ်ပါတယ်။ စီးကရက်/ဆေးလိပ် သောက်တာနဲ့ ဆင်ပေမယ့် vaping မှာတော့ ဆေးရွက်ကြီး (tobacco) ကို မီးရှို့တဲ့အစား e-liquid အငွေ့ကို ရှူသွင်းတာ ဖြစ်ပါတယ်။ 🔷 E-cigarette (Vape pen) ဆိုတာဘာလဲ ? 🔸 E-cigarette (Electronic Cigarette) ဆိုတာ e-liquid အရည်ကို အပူပေးပြီး ရှူသွင်းဖို့ အသုံးပြုတဲ့ ကိရိယာတစ်ခု ဖြစ်ပါတယ်။ 🔸E-cigarette အမျိုးမျိုးကတော့…. Vapes, vape pens or sticks, e-hookahs, hookah sticks, mods, personal vaporizers(PVs) စသဖြင့် နာမည်အမျိုးမျိုးနဲ့ ရရှိနိုင်ပါတယ်။ ဒါတွေ အားလုံးကိုခြုံပြီး electronic nicotine delivery s...

အင်ဆူလင် အကြည်နှင့်အနောက် အကြောင်း

 အင်ဆူလင်အကြည်နှင့်အနောက်အကြောင်းခွဲခြားသိရန် ဆီးချိုရောဂါကို "Diabetes" လို့ခေါ်ပါတယ်။ ဆီးချိုရောဂါအတွက် အဓိကထား ထိုးသွင်းရသည့် ဟော်မုန်းဓာတ်ပါ၀င်တဲ့ "Insulin" အင်ဆူလင် ထိုးဆေးဟာ သိုးများ၏ သရက်ရွက်မှ (spleen) ထုတ်လုပ်ရရှိပါတယ်။ အင်ဆူလင် ထိုးဆေး (၂) မျိုး  ✳️✳️အင်ဆူလင် ထိုးဆေးမှာ✳️✳️ ☘ (၁) အာနိသင်တိုတို နှင့် ချက်ချင်းထိုး၊ ချက်ချင်းအာနိသင် ရတဲ့ဆေး ၊ အာနိသင်ကလည်း ကြာကြာ မ ခံဘူး ၊ အာနိသင် မြန်မြန်ရတဲ့ အမျိုးအစား Soluble Insulin - ပျော်လွယ်တဲ့ အင်ဆူလင် ☘(၂) ခန္ဓာကိုယ်ထဲမှာ အင်ဆူလင် အာနိသင် ကြာကြာခံ တဲ့ အမျိုးအစား Long Action Insulin            *** ☘ (၁) ပျော်လွယ်တဲ့ အင်ဆူလင်- Soluble Insulin ☘ ပျော်လွယ်တဲ့ အင်ဆူလင်မှန်း ဘယ်လို သိနိုင်လဲ ဆိုရင်    👉 အင်ဆူလင် ပုလင်းကို ထောင်ကြည့် လိုက် ရင် ရေ လို ကြည်နေတယ်။  ☘ ရေ အရောင်အတိုင်းပဲ ဖြစ်နေတယ်။  အဲ ဒီအင်ဆူလင်ကို  ☑️အရေပြား အောက် မှာလည်း ထိုးလို့ရတယ် ။  ☑️အသားထဲလည်း ထိုးလို့ရတယ်။  ☑️အရေးပေါ်လိုအပ်လို့ (IV) သွေးပြန်ကြောထဲ ထိုးချင်လည်း ရတယ်။  ☘ သူရဲ့ အာနိသင်က ထိုးပြီး ...

မြန်မာနိုင်ငံ၏ အမေများနေ့ဖြစ်ပေါ်လာပုံအကျဉ်း

 မြန်မာ့ အမေများနေ့ ဖြစ်ပေါ်လာပုံ အကျဉ်းလေးကိုလည်း ဗဟုသုတရအောင် တင်ဆက်ပေးလိုက်ပါတယ်ရှင် မြန်မာနိုင်ငံ၏ အမေများနေ့ကို ဆရာကြီးဦးသုခက စတင်သတ်မှတ်ပေးခဲ့ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် အမေများနေ့အဖြစ် သတ်မှတ်ရာ၌ အမျိုးသားစာဆို စာရေးဆရာကြီးဦးသော်ဇင်၊ စာရေးဆရာကြီး ဒဂုန် ဦးစန်းငွေ၊ စာရေးဆရာကြီး ဦးရန်အောင်၊ စာရေးဆရာကြီး တက်တိုး၊ စာရေးဆရာမကြီး လူထုဒေါ်အမာ၊ စာရေးဆရာမကြီး ဒေါ်စောမုံညင်း၊ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ် စသည့်စာပေပညာရှင်များက ဆရာကြီး ဦးသုခနှင့်အတူ တစ်စိတ်တစ်ဝမ်းတည်း ပါဝင်ဆောင်ရွက်ခဲ့ကြသည်။ ဆရာကြီးဦးသုခသည် မိခင်ဖြစ်သူကို ကျိုက်လတ်တွင်ထားခဲ့ပြီး သားဖြစ်သူကို လွမ်းနေရသောမိခင်၏ ကြေကွဲခံစားချက်များ ရင်ထဲမှာကိန်းအောင်းခဲ့ရာမှ အစပျိုးခဲ့ကြောင်း၊ရင်ထဲမှခံစားချက်များကို ပရိသတ်များထံ လိုက်လံဟောပြောကာ အမေ့မေတ္တာပြန့်ပွားရေးကို စတင်လှုံ့ဆော်ခဲ့သူဖြစ်ကြောင်း၊ မိခင်မေတ္တာကို ဟောပြောစဉ် သီချင်းလည်းဆို၊ပြောလည်းပြော၊ ငိုလည်းငို၍ နားထောင်သူပရိသတ်မှာလည်းမလှုပ်မယှက် ငြိမ်သက်နေခဲ့ကြောင်း မှတ်သားဖူးခဲ့ပါသည်။ အမေ့ကို ဂရုစိုက်ကြမယ် ပြာသိုလပြည့်နေ့တိုင်းကို အမေနေ့အဖြစ် ကျင်းပနိုင်ရန်စာပေပညာရှင်များက ကြိ...

အူရောင်ငန်းဖျား

 Typhoid Fever (အူရောင်ငန်းဖျားရောဂါ) အူရောင်ငန်းဖျားဆိုတာ Salmonella typhi ဘက်တီးရီးယား (သို့) Salmonella paratyphi ဘက်တီးရီးယား ကြောင့်ဖြစ်သော ဖျားနာခြင်း ၊ နာမကျန်းဖြစ်ခြင်းကို ဆိုလိုပါတယ်။ ထိုဘက်တီးရီးယား သယ်ဆောင်သူများ ထိတွေ့ထားသော အစားအစာနဲ့ ရေတွေမှာ အထက်ပါ ဘက်တီးရီးယားများကို တွေ့နိုင်ပြီး အခြားသောလူများ ကို ကူးစက်ပျံ့နှံ့နိုင်ပါတယ်။ Typhoid Fever (အူရောင်ငန်းဖျားရောဂါ) က ဘယ်လောက်အဖြစ်များသလဲ??? အူရောင်ငန်းဖျား ရောဂါ က ဖွံ့ဖြိုးဆဲ တိုင်းပြည်ရှိပြည်သူများ (အထူးသဖြင့် ကလေးများ) တွင် အဖြစ်များပါတယ်။ ကလေးတွေမှာ အဖြစ်များသော်လည်း အသက်အရွယ်မရွေး ကူးစက်ခံရနိုင်ခြေရှိပါတယ်။ ယင်းရောဂါ ဖြစ်ပွားနိုင်ချေ ကို မြင့်မားစေသည့် အရာများကို ရှောင်ကျဉ်ခြင်းအားဖြင့် လျော့နည်းစေပါလိမ့်မယ်။ နောက်ထပ်သိရှိလိုပါက ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပေးပါ။ ✳️✳️✳️လက္ခဏာများ✳️✳️✳️ Typhoid Fever (အူရောင်ငန်းဖျားရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ ရောဂါကူးစက်ခံရပြီး ၁ ပတ်ကနေ ၃ ပတ်အတွင်း အဖြစ်များတဲ့ ရောဂါလက္ခဏာတွေကတော့-  • ဖျားခြင်း • အဖျားကနေ့စဉ် တက်တက်လာခြင်း၊ 104.9 °F ( 40.5 °C) ထိ တက်နိုင်ပါတယ် • ခေါင်းကိုက်ခြင်း ...

ဆေးလိပ်အန္တရာယ်

 ဆေးလိပ်အန္တရာယ် =============== ဆေးလိပ်ကို လက်မှာညှပ် အဆက်မပြတ် ရှိုက်ဖွာ နှစ်ခြိုက်တဲ့ ဒီအရသာ ဘဝင်မှာ အန္တရာယ်မသိ စွဲငြိနေမိ။ တစ်လိပ်ချင်း ရှိုက်ကာဖွာ ခံတွင်းမှာ အနံ့စွဲ နှုတ်ခမ်းလည်း ညိုမဲ။ အသားအရေလည်း ခမ်းခြောက်လို့ မီးလောင်ပေါက်နဲ့ အဝတ်အထည် ဝတ်ဖို့ မ တင့်တယ် ဖယ်ရှောင်ခွာ အနားမကပ် ချောင်း တဟတ်ဟတ်။ သွေးတိုးနဲ့ တီဘီ ဆီးချိုနဲ့ နှလုံး လူညွန့်တုံး ပန်းသေ ခြေလက်ဖြတ် အင်္ဂါမစုံ ကင်ဆာစုံ စွဲကာကပ် လေဖြတ်လို့ အနေကြပ်တယ် မိသားစု မကပ်။ ဆေးတစ်လိပ် ဖွာရှိုက် ဝင်ငွေခိုက်လို့ ရောဂါစုံ ပိုက်ဆံလည်း ကုန်။ မိသားစုနဲ့ လူ့ဘုံ အလယ် တင့်တယ်စွာ နေနိုင်ဖို့ အရေး ဆေးလိပ်ဆို တစ်ဖွာ မရှိုက်ကြနဲ့ ရှောင်ကြစို့လေး။                   ဆရာဇော်(OT)

သွေးတွင်း သက်စောင့်ဓာတ်

 သွေးတွင်းသက်စောင့်ဓာတ်(Electrolyte)နဲ့ပတ်သက်ပြီး ဘာတွေသိထားဖို့ လိုမလဲ?  Electrolytes ဆိုတာကတော့ ခန္ဓာကိုယ်မှာ သဘာဝအတိုင်းတည်ရှိနေတဲ့ Chemical(ခေါ်) ဓာတ်ဆားဓာတ်တွေပဲဖြစ်ပါတယ်။ဒီဓာတ်တွေက ခန္ဓာကိုယ်ရဲ့ ပုံမှန်လုပ်ငန်းစဉ်တွေ၊အရေးပါတဲ့လုပ်ငန်းစဉ်တွေဆောင်ရွက်နိုင်ဖို့ ထောက်ပံ့ပေးပါတယ်။အာရုံကြောတွေ၊ကြွက်သားတွေ ကောင်းမွန်စွာလှုပ်ရှားနိုင်ဖို့၊ရေဓာတ်ပြည့်ဝနေဖို့ Electrolytes ကမရှိမဖြစ်ပါပဲ။ Electrolytes ထဲမှာဆိုရင် ကယ်လ်ဆီယမ်ဓာတ်၊ဖော့စဖိတ်ဓာတ်၊ပိုတက်ဆီယမ်ဓာတ်၊ကလိုရိုက်ဓာတ်၊ပိုတက်ဆီယမ်ဓာတ်တို့ပါဝင်ပြီး ကိုယ်ခန္ဓာကျန်းမာနေဖို့ဆိုရင် သင့်တင့်မျှတတဲ့ Electrolytes ပမာဏရှိနေဖို့ လိုအပ်ပါတယ်။ တကယ်လို့ ကိုယ်ခန္ဓာက ဆုံးရှုံးသွားတဲ့ ရေဓာတ်တွေ၊ဓာတ်ဆားဓာတ်တွေကို ပြန်လည်ပြည့်ဝအောင် မဖြည့်နိုင်ဘူးဆိုရင် (ဒါမှမဟုတ်) ဆေးဝါးတွေ၊ရေသောက်များတာတွေကြောင့် Electrolytes တွေများနေမယ်ဆိုရင် ဓာတ်ဆားဓာတ်မမျှတမှုတွေ ဖြစ်လာနိုင်ပါတယ်။ ဓာတ်ဆားမမျှတမှုတွေဖြစ်လာပြီဆိုရင်တော့ -  🔶အိပ်မပျော်တာ 🔶ခေါင်းကိုက်တာ၊ခေါင်းမူးတာ 🔶အော့အန်တာ၊ မအီမသာဖြစ်တာ 🔶အာရုံစူးစိုက်နိုင်စွမ်း၊မှတ်မိနိုင်စွမ်းကျသွားတာ 🔶ကြွက်တက်တာ ?...

အသည်းကိုဒုက္ခပေးနိုင်တဲ့ Bပိုး C ပိုးဆိုတာဘာလဲ

 အသည်းကို ဒုက္ခပေးနိုင်သော B ပိုး ၊ C ပိုးဆိုတာဘာလဲ ?🤔 လူတွေတော်တော်များများပြောနေကြတဲ့ B ပိုး၊ C ပိုးဆိုတာတွေကတော့ အသည်းရောင် အသားဝါရောဂါကို အဓိကဖြစ်ပွားစေတဲ့virus အမျိုးအစားတွေဖြစ်ကြပြီးတော့ နာတာရှည်ရောဂါ အမျိုးအစားတွေပဲ ဖြစ်ပါတယ်။🦠 အသည်းရောင်အသားဝါ B ပိုးကတော့ လူ့ခန္ဓာကိုယ်ကထွက်တဲ့ချွေး၊တံထွေး၊ဆီး၊သုတ်ရည်စတဲ့ အရည်တွေကနေ တစ်ဆင့် ကူးစက်နိုင်ပြီးတော့ ကာကွယ်ဆေးရှိတာကြောင့် ကြိုတင်ကာကွယ်ထားနိုင်ပါတယ်။ ဒါပေမယ့် C ပိုးအမျိုးအစားကတော့ ကာကွယ်ဆေးမပေါ်သေးတဲ့အတွက် ကြိုတင်ကာကွယ်ထားလို့မရသေးပါဘူး။သို့သော် ကံကောင်းတဲ့အချက်ကတော့ C ပိုးဟာ သွေးနဲ့ဆက်စပ်ပစ္စည်းတွေကနေသာ ကူးစက်နိုင်တဲ့အတွက် ကူးစက်နိုင်ခြေအတော်နည်းပါးတဲ့အပြင် ဖြစ်လာရင်လည်း ကုသပျောက်ကင်းနိုင်ပါတယ်။🩸 ဒါ့အပြင် B ပိုး၊ C ပိုးများဟာ ရောဂါလက္ခဏာ သိပ်ပြလေ့မရှိတာကြောင့် တော်ရုံတန်ရုံ သိနိုင်ဖို့ ခက်ခဲနိုင်သလို သွေးဖောက်စစ်ကြည့်မှလည်း သိနိုင်မယ့် ရောဂါပိုးတွေပဲဖြစ်ပါတယ်။🩸🔬 ဒီလိုနဲ့ ကိုယ့်ဆီမှာ ရောဂါပိုးတွေ ကာလကြာရှည်စွာ ရှိနေပြီဆိုရင်တော့ အသည်းကိုပြင်းထန်စွာထိခိုက်နိုင်တဲ့အပြင် အသည်းခြောက်ရောဂါ၊အသည်းကင်ဆာတွေပါ ဖြစ်ပွားနိုင်ပြီး အသက်ဆုံးရ...

အပြုံးတစ်ပွင့် (၃)

 တစ်နေ့ ဆေးခန်းသို့ ပြနေကျ လူနာလာလေသည် လူနာ   --- ဆရာ ခေါင်းတွေထိုးပြီး                     အန်အန်ချင်သလိုကြီး ဆရာ ဆရာဝန်  - ဟုတ်လား အဖွား                    သွေးပေါင်ချိန်က 150/100 ဖြစ်နေ                    တယ် အဖွား                     ကျွန်တော်ပေးထားတဲ့ သွေးပေါင်ကျ                    ဆေးတွေရော မသောက်ဘူးလား?                    အငန်တွေလည်း ရှောင်ပါပြောထား                                       တယ်နော် အဖွား လူနာ   --- ရှောင်တာပေါ့ ဆရာရယ်                    ငန်မှာဆိုးလို့ ဘာဟင်းမှကို မစားတာ     ...

အပြုံးတစ်ပွင့် (၂)

 ဆရာဝန်တစ်ယောက်ဟာ ဂွကျတဲ့ လူနာတစ်ယောက်ကို စမ်းသပ်ဖို့ အခြေအနေဖြစ်လာပါတယ် “ကောင်းပြီ။ ခင်ဗျား ဘာဖြစ်သလဲ ကျွန်တော့်ကို ပြောပါ။” လို့ ဆရာဝန်က ပြုံးပြုံးရွှင်ရွှင်နဲ့ မေးလိုက်တယ်။ “ကျွန်တော် ဘာဖြစ်သလဲ ဆိုတာကို ရှာဖွေဖို့က ခင်ဗျား အလုပ်ပဲလေ။” လို့လူ့ဂွစာကပြန်ပြေားပါတယ်။ ဆရာဝန်က ခဏ စဉ်းစားပြီး  “ကောင်းပြီ။ ကျွန်တော့်ကို တစ်နာရီလောက် အချိန်ပေးပါ" "ဘာဖြစ်လို့လဲဗျ" "ကျွန်တော့်သူငယ်ချင်း တစ်ယောက်ကို သွားခေါ်ချင်လို့ပါ။ သူက တိရိစ္ဆာန် ကု ဆရာဝန် လေ။ ကျွန်တော် သိသမျှ လူထဲမှာ မေးခွန်း မမေးပဲ ရောဂါရှာနိုင်တဲ့ သူဆိုလို့ သူတစ်ယောက်တည်းပဲ ရှိတယ်။”😏 ရယ်သောသူ အသက်ရှည်၏ တဲ့  တစ်နေ့တာ အမောတွေ ပြေ‌နိုင်ပါစေ။

အပြုံးတစ်ပွင့် (၁)

 လူနာ     - “ ဆရာပေးတဲ့ဆေးက အရမ်းကောင်းတာပဲဆရာ၊ ဘယ်လိုကျေးဇူးတင်ရမှန်းတောင် မသိတော့ဘူး ” ဆရာဝန် - “ ကျွန်တော်လည်း စဉ်းစားနေတာ၊ ခင်ဗျားရောဂါ ပျောက်တာမြန်လွန်းလို့ ” လူနာ - “ ရောဂါက မပျောက်ပါဘူး။ ဆရာပေးတဲ့ဆေးကိုယောက္ခမက ယူသောက်လိုက်တာ အခုအမွေအားလုံး ကျွန်တော်ရလိုက်ပြီ ” တစ်ရက်တာ အမောများပြေပါစေ 😊😊

အရောင်လေးများကပြောတဲ့ သူတို့အကြောင်း

 အရောင်လေးများကပြောတဲ့ သူတို့အကြောင်း ❤️အနီရောင် - အနီရောင်လေးကတော့ ရဲရင့်မှု၊ စွမ်းအား၊ ခွန်အား၊ စွမ်းအင် ရှိမှုတို့ကိုဖော်ပြသလို၊ ချစ်ခြင်းမေတ္တာရဲ့ကိုယ်စားပြုအ‌ရောင်လေးဆိုလည်းမမှားပါဘူးနော်။ ပြီးတော့ အန္တရာယ်၊သတိပေးစတဲ့သင်္ကေတအရောင်တွေမှာလည်း အသုံးပြုပါတယ်နော်။ အနီ‌ရောင်ဝတ်ထားတဲ့ မိန်းကလေးတစ်ယောက်က လူအများကြားမှာ စွဲဆောင်မှုရှိနေမှာတော့ အမှန်ပဲရှင့်။ 💙အပြာရောင် - အပြာရောင်လေးကတော့ အေးချမ်းတဲ့အ‌ရောင်လေးပဲဖြစ်ပါတယ်နော်။ သူကတော့ ငြိမ်းချမ်းရေး၊ သစ္စာစောင့်သိမှု၊ ယုံကြည်မှု စသည်တို့ကို ဖော်ညွှန်းပါတယ်။ အပြာရောင်ဝတ်ထားလိုက်ရင် မြင်ရသူတို့အတွက် ရင်အေးစေမှာ အမှန်ပါပဲရှင့်။ ⚪အဖြူရောင် - အဖြူရောင်လေးကတော့ စာရေးသူအကြိုက်ဆုံးပါရှင့်။ အဖြူရောင်လေးကတော့ သန့်စင်မှု၊အပြစ်ကင်းမှု၊ သန့်ရှင်းမှု၊ လန်းဆန်းမှု၊ ကောင်းမွန်မှုတို့ကိုဖော်ပြတဲ့အ‌‌ရောင်လေးအဖြစ်မှတ်သားထားရပါတယ်ရှင့်။ White Dress လေးဝတ်ထားတဲ့မိန်းကလေးတစ်ယောက်အနေနဲ့ရော မြင်သူတွေအနေနဲ့ပါ ဖြူစင်သန့်ရှင်းမှုဆိုတဲ့ ခံစားမှု‌လေးဖြစ်ပေါ်စေမှာဖြစ်ပါတယ်ရှင့်။ 🖤အမည်းရောင်  - အမည်းရောင်လေးကတော့ ယောကျာ်းလေးရော မိန်းကလေးရော ကြိုက်တဲ့အ‌ရောင်လေးလ...

သွေးတိုးရောဂါနှင့် ဆီးဆေးများ

 💊သွေးတိုးရောဂါ နှင့် ဆီးဆေးများ💊 ‌သွေးတိုးရောဂါ ရှိတဲ့သူတွေဟာ ဆီးဆေးတွေသောက်ရလေ့ရှိပါတယ်။ ဆီးဆေးတွေရဲ့ သဘောဟာ သွေးထဲမှာ ရှိတဲ့ ဆိုဒီယမ်ကို ကျောက်ကပ်ကနေတစ်ဆင့် ဆီးအဖြစ် စွန့်ထုတ်ပေးတာပါ။  ဆီးဆေးတွေမှာလည်း အမျိုးအစား အမျိုးမျိုးရှိပါတယ်။ ကိုယ်ကမသိဘဲ ဆီးဆေးအမျိုးအစား မှားသောက်မိမယ်ဆိုရင် အောက်ပါ ဝေဒနာများ ခံစားရနိုင်ပါတယ်။  💥‌နှလုံးခုန်နှုန်းမမှန်တော့ခြင်း 💥‌ရင်တလှပ်လှပ် တုန်ခြင်း 💥‌ကြွက်သားအားနည်းလာခြင်း 💥‌ခေါင်းမူးခြင်း 💥‌မေ့လဲခြင်း 💥‌ရေဓာတ်ခမ်းခြောက်ခြင်း စတဲ့ ဝေဒနာတွေ ကြုံတွေ့ရနိုင်ပြီး အသက်ဆုံးရှုံးတဲ့အထိ အန္တရာယ် ရှိနိုင်ပါတယ် ။ ဒါကြောင့် သွေးတိုးရောဂါ ရှိသူတွေအနေနဲ့ ဆရာဝန်နဲ့ သေချာပြပြီး သွေးထိန်းညှိဆေးကို ဆရာဝန် ညွှန်ကြားတဲ့အတိုင်း ပုံမှန်သောက်သုံးသင့်ပါတယ်။  ဆေးခန်းမပြဘဲ ကိုယ့်သဘောနဲ့ကိုယ် ဆီးဆေးတွေဝယ်သောက်တာမျိုးက အသက်အန္တရာယ်ပါရှိတဲ့အတွက် ဒီလိုအပြုအမူမျိုးကို ရှောင်ကြဉ်ကြဖို့ သတိပေးချင်ပါတယ်။  ကျန်းမာရေး အထွေထွေ ဗဟုသုတများမှ ကောက်နုတ်ဖော်ပြသည်။ #vaa #သွေးတိုးရောဂါနှင့်ဆီးဆေးအန္တရာယ် #ကျန်းမာရေး

သွေးတိုးရောဂါရှင်များအတွက် ကုသမှု့တွေက ဘာတွေလဲ?

 🔆 သွေးတိုးရောဂါများအတွက်ကုသမှုက ဘာတွေလဲ?🔆 ကုသမှုရဲ့ အဓိက ရည်ရွယ်ချက်တွေကတော့သင့်သွေးဖိအားကို 140/90 mmHg အောက်မှာ ထားဖို့ ဖြစ်ပါတယ်။ သင့်မှာ ဆီးချိုရောဂါ ဒါမှမဟုတ် နာတာရှည်ကျောက်ကပ်ရောဂါရှိပါက သင့်သွေးဖိအားကို 130/80 mmHg အောက်မှာ ထားဖို့ ပိုလိုပါတယ်။ 📌 လူနေမှုပုံစံပြောင်းလဲမှု📌 သွေးတိုးရောဂါအတွက်ကုသမှုတွေက လူနေမှုပုံစံ ပြောင်းလဲနေတာကနေ ဆေးဝါးများ အသုံးပြုတဲ့အထိ ကွဲပြားခြားနားပါတယ်။ သင့်ရဲ့ သွေးဖိအားတိုးတာက အရမ်းမပြင်းထန်လျှင် သင့်ဆရာဝန်က ပထမဆုံး လူနေမှုပုံစံပြောင်းလဲဖို့ ညွှန်ကြားပါလိမ့်မယ်။ သင့်ရဲ့သွေးပေါင်ချိန်က ထိန်းချုပ်မှုအောက်မှာ ရှိနေပြီဆိုတာနဲ့  ဆေးသောက်ဖို့လိုအပ်ပါလိမ့်မယ်။ “ထိန်းချုပ်မှုအောက်မှာရှိနေတယ်” ဆိုတာက သင့်သွေးဖိအားနံပါတ်များက ပုံမှန် ပမာဏအတွင်းမှာရှိနေတယ်လို့ ဆိုလိုတာဖြစ်ပါတယ်။ သင့်ဆရာဝန်က အချိန်မှန် သွေးဖိအားစမ်းသပ်မှုလုပ်ဖို့ အကြံပြုမှာဖြစ်ပြီး ဘယ်နှစ်ခါတိုင်းရမယ်ဆိုတာ ပြောပြမှာဖြစ်ပါတယ်။  📌ဆေးဝါးများ📌 အပေါ်ကနည်းနဲ့အလုပ်မဖြစ်တာ သို့မဟုတ် သင့်မှာ ပိုဆိုးတဲ့ သွေးဖိအားရောဂါဖြစ်နေတယ်ဆိုရင် သင့်ဆရာဝန်က ဆေးဝါးနဲ့ကုသဖို့ ညွှန်ကြားပါလိမ့်မယ်။ သွေးတို...

သွေးတိုးရောဂါ၏ ရောဂါလက္ခဏာတွေက ဘာတွေလဲ

 သွေးတိုးရောဂါ၏ ရောဂါလက္ခဏာတွေက ဘာတွေလဲ? အများစုမှာ သွေးတိုးရောဂါဆိုတာ သိသာတဲ့ လက္ခဏာတွေမပြဘဲဖြစ်ပွားနိုင်ပါတယ်။  ရောဂါလက္ခဏာတွေဖြစ်ပြီဆိုရင် - ခေါင်းကိုက်ခြင်း၊ ရင်တုန်ခြင်း၊ နှာခေါင်းသွေးလျှံခြင်း စတာတွေဖြစ်နိုင်ပါတယ်။  ဒါကြောင့် တစ်ခါတစ်ရံ သွေးတိုးရောဂါကို "အသံတိတ်လူသတ်သမား" လို့ခေါ်ဆိုတာ ဖြစ်ပါတယ်။ သင့်မှာ ဖြစ်နိုင်ချေ မြင့်စေတဲ့ အချက်များရှိပါက သွေးတိုးရောဂါကို စောစောသိနိုင်ဖို့ ပုံမှန် သွေးပေါင်ချိန်သင့်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ တွေ့သင့်သလဲ? သင့်မှာ သွေးတိုးရှိတယ်လို့ သံသယရှိလျှင် ဆရာဝန်နှင့် ဆက်သွယ်သင့်ပါတယ်။  သွေးတိုးရောဂါကို စောစောသိနိုင်ဖို့ သွေးပေါင်ချိန် သေချာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း နဲ့ နှာခေါင်းသွေးလျှံခြင်းစတဲ့ လက္ခဏာတွေဖြစ်နေပြီဆိုရင် သင့်ခန္ဓာကိုယ်က စတင် ပျက်စီးနေပြီဖြစ်ပါတယ်။ သွေးတိုးရောဂါကို ဘယ်လို စမ်းသပ်နိုင်သလဲ? သင့်ဆရာဝန်က သွေးတိုးရောဂါရှာဖွေရန် ဖြစ်နိုင်ချေများစေသော အချက်များမှာ - မိသားစုရာဇဝင်၊ ရုပ်ပိုင်းဆိုင်ရာစစ်ဆေးမှု့နှင့်   သင့်သွေးပေါင်ချိန်ပမာဏ ကိုကြည့်ပြီး အကဲဖြတ်ပါလိမ့်မယ်။ ဆရာဝန်သို့မဟုတ်...

သွေးတိုးရောဂါဖြစ်ဖို့ အားပေးတဲ့အချက်တွေက ဘာတွေလဲ

 သွေးတိုးရောဂါ ဖြစ်ဖို့ အားပေးတဲ့ အချက်များကဘာတွေလဲ? သွေးတိုးရောဂါ ဖြစ်စေတဲ့ အကြောင်းအရင်းများစွာ ရှိပါတယ်။  သင့်မှာ အောက်တွင်ဖော်ပြထားသော အချက်များ တစ်ခုထက်ပို ရှိပါက သွေးတိုးရောဂါ ဖြစ်နိုင်ချေများပါတယ်။ 🌱 အသက်အရွယ် - အမျိုးသမီးများက အသက် ၆၅ နှစ်နောက်ပိုင်းမှာဖြစ်နိုင်ချေ များပြီး၊ အမျိုးသားတွေကတော့ အသက် ၄၅ နောက်ပိုင်းမှာ ဖြစ်တာပိုများပါတယ်။ 🌱 လူမျိုး - လေ့လာချက်တွေအရ African-Americans တွေက သွေးတိုးဖြစ်တာ ပိုများပါတယ်။ 👫 လိင် - အသက် ၅၅ မတိုင်ခင် အမျိုးသားတွေက သွေးတိုးဖြစ်ဖို့ ပိုများပြီး၊ အသက် ၅၅ နောက်ပိုင်းမှာတော့ အမျိုးသမီးတွေက ပိုဖြစ်ပါတယ်။ 👨‍👩‍👧‍👦 မိသားစုရာဇဝင် - သင့်ရဲ့ မိသားစုဝင်များ (မိဘ သို့မဟုတ် မောင်နှမ) တွေမှာ သွေးတိုးရှိနေပြီဆိုရင် သင့်မှာ ဖြစ်နိုင်ချေ များနေပါပြီ။ 🌱 ကိုယ်အလေးချိန်များနေခြင်း သို့မဟုတ် အဝလွန်ခြင်း၊ သင့်အလေးချိန်နဲ့ သင့်ရဲ့အရပ်အမြင့် (BMI) က မကိုက်ပဲ ကျန်းမာရေးနဲ့မညီညွတ်တဲ့အခါ သွေးတိုးရောဂါဖွံ့ဖြိုးဖို့ ဖြစ်နိုင်ခြေရှိပါတယ်။ 🏃 ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း - ကိုယ်အလေးချိန်များနေခြင်း သို့မဟုတ် အဝလွန်ခြင်း တို့ဖြစ်နိုင်ပါတယ်။ 🍱 အစားအသောက် ...

သွေးတိုးရောဂါဆိုတာဘာလဲ

 သွေးတိုးရောဂါဆိုတာ ဘာလဲ? Hypertension ဆိုတာကို သွေးတိုးတယ်လို့ လူသိများပါတယ်။ သွေးပမာဏမြင့်မားပြီး သွေးလွှတ်ကြောနံရံတွေကို ဆန့်ကျင်တွန်းကန်လာတဲ့အခါဖြစ်ပေါ်တဲ့ အခြေအနေဖြစ်ပါတယ်။ နှလုံးကနေ သွေးလွှတ်ကြောသို့ သွေး ညှစ်ထုတ်လိုက်တာနဲ့ သွေးစီးဆင်းမှုက သင့်ရဲ့သွေးကြောနံရံတွေကို တွန်းတဲ့အခါ သွေးဖိအားအဆက်မပြတ်ပြောင်းလဲစေပါတယ်။ ဒီလို သွေးဖိအားမြင့်တက်ခြင်းက အချိန်ကြာမြင့်စွာဖြစ်နေမယ်ဆိုရင်တော့ သင့်ခန္ဓာကိုယ်မှာ အန္တရာယ်ဖြစ်နိုင်ပါတယ်။ သွေးတိုးရောဂါ အမျိုးအစားများစွာရှိပါတယ်။ ဒါပေမယ့် အဓိကအမျိုးအစားများကတော့ : ✳️Primary hypertension,(essential hypertension , idiopathic hypertension) လို့လည်းသိထားကြပါတယ် ✳️Secondary hypertension (အောက်ပါအကြောင်းရင်းတစ်ခုခုကြောင့်ဖြစ်တာဖြစ်ပါတယ်။) Isolated systolic hypertension Preeclampsia (ကိုယ်ဝန်ဆောင်ကာလ သွေးတိုးခြင်း) စတာတွေကြောင့် ဖြစ်ပါတယ်။ သင် သို့မဟုတ် သင် အလေးထားတဲ့သူမှာ သွေးတိုးရောဂါရှိလျှင် ဆေးဘက်ဆိုင်ရာ ကုသမှုခံယူခြင်းက အရေးကြီးပါတယ်။ သင့်ရဲ့သွေးပေါင်ချိန်မှာ‌ တွေ့ရတဲ့ ဂဏန်းများက ဘယ်လိုအဓိပ္ပါယ်လဲ? သင့်ရဲ့သွေးပေါင်ချိန်မှာ ဂဏန်း၂ မျိုး ပါဝင်ပါတယ်။ ...

ရာသီတုပ်ကွေးရောဂါအကြောင်း သိကောင်းစရာများ

 ရာသီတုပ်ကွေးရောဂါအကြောင်း သိကောင်းစရာများ    အခုလို မိုးဦးကာလမှာ သားသား၊မီးမီးလေးတွေ ဖျားနာတတ်ပါတယ်။ မိုးရာသီမှာ အအေးမိ၊ နှာစေး၊ ချောင်းဆိုး နဲ့ တခြား ရောဂါမျိုးစုံတို့ ဖြစ်နိုင်တယ်။  ရောဂါပိုးကို သယ်ဆောင်တဲ့ပိုးမွှားတွေ ပေါက်ဖွားမှုများတဲ့ ရာသီဖြစ်တဲ့အတွက် တခြားရာသီတွေထက် ဖျားနာတာတွေက ပိုဖြစ်တတ်ပါတယ်။    သားသားမီးမီးတို့ လွယ်လွယ်ကူကူ ဖျားနာတာတွေ မဖြစ်အောင် - 🍱 ကိုယ်ခံအားကောင်းအောင် အာဟာရပြည့်ပြည့်ဝဝ ကျွေးရမှာတွေ  🦟ရောဂါပိုးသယ်ဆောင်လာတဲ့ ပိုးမွှားတွေ မထိတွေ့နိုင်အောင် ကာကွယ်ရမှာတွေ 👨‍👨‍👧‍👦 ဖျားနာတဲ့ သူတွေနဲ့ မထိတွေ့အောင် ရှောင်ကြဉ်ရမှာတွေက ဖေဖေမေမေတို့ရဲ့ တာဝန်ပါနော်။    အခုလို ရာသီမှာ သာမန်ဖျားနာတာ ၊  ရာသီတုပ်ကွေး ၊  သွေးလွန်တုပ်ကွေး ၊  ဝမ်းပျက်ဝမ်းလျှော ၊  အသည်းရောင် အသားဝါ  (A) ရောဂါ  စတာတွေ အဖြစ်များပါတယ်။    သာမန်ဖျားနာတာဟာ ကူးစက်လွယ်ကူပြီး ခန္ဓာကိုယ်ထဲ ဗိုင်းရပ်စ်ဝင်ရင် ဖြစ်နိုင်ပါတယ်။    အထူးသဖြင့် အသက်ရှုလမ်းကြောင်းကို ဗိုင်းရပ်စ် ဝင်ရင် ဖျားတာ၊ နှာစေးတာတို့ ကိုယ်ပူတာတို့ ဖြစ်နိ...

ရာသီတုပ်ကွေးရောဂါ ကာကွယ်နည်း

 ရာသီတုပ်ကွေးရောဂါ ကာကွယ်နည်း 💉 ကာကွယ်ဆေးထိုးခြင်း ကလေးငယ်တွေအတွက် အကောင်းဆုံး နည်းလမ်းကတော့ ရာသီတုပ်ကွေး ကာကွယ်ဆေးထိုးနှံခြင်းလို့ ကူးစက်ရောဂါ ကာကွယ်တားဆီးရေးအဖွဲ့ကြီး(CDC) က တိုက်တွန်းထားပါတယ်။ ရာသီတုပ်ကွေး ကာကွယ်ဆေးကို အသက် (၆) လ အထက် မည်သူမဆို ထိုးနိုင်ပါတယ်။ ရာသီတုပ်ကွေး ကာကွယ်ဆေးကို (၁) နှစ် တစ်ခါ ထိုးသင့်ပါတယ်။   ဒါပေမဲ့ ကာကွယ်ဆေးထိုးတာအပြင် မိမိကိုယ်ကို မကူးစက်အောင်နဲ့ တခြားသူတွေကို ကူးစက်ခြင်းမှ ကာကွယ်နိုင်တဲ့နည်းလမ်းတွေကို ဝေမျှပေးလိုက်ရပါတယ်။ ❇️ နေ့စဉ် ပုံမှန် ကိုယ်လက်လှုပ်ရှား အားကစားလုပ်ပါ။ ❇️ သန့်ရှင်းပြီး အာဟာရရှ်ိသော အစားအသောက်များသာ ချက်ပြုတ်စား‌သောက်ပါ။ ယင်နားစာများမစားရ။ အစားမစားမီ လက်မဆေးပဲ မစားရ။  ❇️ လူထူထပ်တဲ့နေရာတွေကို ရှောင်ရှားပါ။ ❇️ ဖျားနာနေတဲ့သူတွေနဲ့ မထိတွေ့အောင်နေရပါမယ်။  ❇️ ဖျားနာနေရင်လည်း တခြားသူတွေဆီ မကူးစက်အောင် မထိတွေ့အောင် ကာကွယ်ရပါမယ်။ ❇️ ဖျားနာနေရင် အိမ်မှာပဲနေပါ။ ဖျားနာနေရင် ဈေး၊ ကျောင်း၊ အလုပ် စတာတွေ မသွားဘဲ အိမ်မှာပဲ အနားယူသင့်ပါတယ်။ ဒါမှသာ ရောဂါပိုးပျံ့နှံ့တာကို ကာကွယ်ပေးမှာပါ။ ❇️ ပါးစပ်၊ နှာခေါင်းတို့ကို ကာထားပါ။ ချောင်းဆိုး...

အရက်နာကျခြင်း

 အရက်နာကျခြင်း (Hangover) အခုနောက်ပိုင်း မှာ အရက် ကို လူကြီး၊ လူငယ်မရွေး သောက်လာကြတာကို ပိုပြီးတွေ့ရပါတယ်။  လူငယ်တွေမှာဆိုရင် ယောင်္ကျားလေးတွေရော၊ မိန်းကလေးတွေပါမကျန်  အရက်ကို ဘား၊ ကလပ်တွေသွားပြီး ခေတ်မီအောင်ဆိုပြီး သောက်ကြတာမျိုး ၊ ဘော်ဒါတွေ ဆုံလို့ ၊ သူငယ်ချင်း​တွေ အတင်းခေါ်လို့  ၊ အသည်းကွဲလို့ ၊ စိတ်ညစ်လို့ ၊ ကြိုက်လို့ ၊ စိတ်ပင်ပန်းလို့ စတဲ့ အကြောင်းကြောင်းတွေကြောင့် စုပြီးသောက်ကြ၊ ပျော်ရွှင်ကြတာကို အပန်းဖြေနည်းလမ်းတစ်မျိုးအဖြစ် အကြောင်းပြချက်တွေ အမျိုးမျိုးနဲ့ သောက်လာကြပါတယ်။  ဒါ့အပြင် ခုချိန်မှာ ပြည်သူတွေ ကြုံတွေ့နေရတဲ့ အခက်အခဲ အကြပ်အတည်းတွေကြောင့် အလုပ်အကိုင် ၊ စီးပွားရေး ၊ လူမှုရေး အဆင်မပြေတဲ့အတွက် စိတ်ဒုက္ခရောက်စိတ်ဆင်းရဲမူတွေ ကြုံရချိန် ၊ ကူကယ်ရာအဖော်မဲ့နေချိန် ၊ တစ်ယောက်ထဲအထီးကျန်နေချိန်မှာ stress ဖြေလျော့စရာ နည်းလမ်းလွဲအနေနဲ့ အရက်ကိုအဖော်အဖြစ် သောက်လာကြပါတယ်။  ဒါပေမယ့်လည်း  တစ်ခါတလေ stress ဖြေရာကနေ အမြဲလိုလို ပုံမှန်သောက်ဖြစ်လာတဲ့အခါ ၊ ရေချိန်လွန်သွားတဲ့အခါ လူ့ခန္ဓာကိုယ်က ဘယ်လိုတွေ ခံစားရမလဲ ? ရေရှည်ဖြစ်ဖြစ်၊ ရေတိုဖြစ်ဖြစ် အရက်၊ ဘီယာတွေကြော...