သွေးတိုးရောဂါ၏ ရောဂါလက္ခဏာတွေက ဘာတွေလဲ?
အများစုမှာ သွေးတိုးရောဂါဆိုတာ သိသာတဲ့ လက္ခဏာတွေမပြဘဲဖြစ်ပွားနိုင်ပါတယ်။
ရောဂါလက္ခဏာတွေဖြစ်ပြီဆိုရင် - ခေါင်းကိုက်ခြင်း၊ ရင်တုန်ခြင်း၊ နှာခေါင်းသွေးလျှံခြင်း စတာတွေဖြစ်နိုင်ပါတယ်။
ဒါကြောင့် တစ်ခါတစ်ရံ သွေးတိုးရောဂါကို "အသံတိတ်လူသတ်သမား" လို့ခေါ်ဆိုတာ ဖြစ်ပါတယ်။
သင့်မှာ ဖြစ်နိုင်ချေ မြင့်စေတဲ့ အချက်များရှိပါက သွေးတိုးရောဂါကို စောစောသိနိုင်ဖို့ ပုံမှန် သွေးပေါင်ချိန်သင့်ပါတယ်။
ဘယ်အချိန်မှာ ဆရာဝန်နဲ့ တွေ့သင့်သလဲ?
သင့်မှာ သွေးတိုးရှိတယ်လို့ သံသယရှိလျှင် ဆရာဝန်နှင့် ဆက်သွယ်သင့်ပါတယ်။
သွေးတိုးရောဂါကို စောစောသိနိုင်ဖို့ သွေးပေါင်ချိန် သေချာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း နဲ့ နှာခေါင်းသွေးလျှံခြင်းစတဲ့ လက္ခဏာတွေဖြစ်နေပြီဆိုရင် သင့်ခန္ဓာကိုယ်က စတင် ပျက်စီးနေပြီဖြစ်ပါတယ်။
သွေးတိုးရောဂါကို ဘယ်လို စမ်းသပ်နိုင်သလဲ?
သင့်ဆရာဝန်က သွေးတိုးရောဂါရှာဖွေရန် ဖြစ်နိုင်ချေများစေသော အချက်များမှာ -
မိသားစုရာဇဝင်၊ ရုပ်ပိုင်းဆိုင်ရာစစ်ဆေးမှု့နှင့်
သင့်သွေးပေါင်ချိန်ပမာဏ ကိုကြည့်ပြီး အကဲဖြတ်ပါလိမ့်မယ်။
ဆရာဝန်သို့မဟုတ်သူနာပြုက gauge , stethoscope (သို့မဟုတ်အီလက်ထရောနစ်အာရုံခံကိရိယာ) နှင့် pressure cuff တွေသုံးပြီးတိုင်းတာပါလိမ့်မယ်။
စမ်းသပ်မှုများအတွက်ပြင်ဆင်ထားရန်:
🚭စမ်းသပ်မှုမစခင် မိနစ် ၃၀ အလိုမှာ ကော်ဖီ သို့မဟုတ် စီးကရက်မသောက်ပါနဲ့။
ကဖင်းဓာတ်များက သင့် သွေးဖိအားကို ခဏမြင့်တက်စေနိုင်ပါတယ်။
🔸စမ်းသပ်မှုမစခင် သန့်စင်ခန်းကိုသွားပါ။
ဆီးအိမ်တင်းနေရင် သင့် သွေးဖိအား ပြောင်းလဲနိုင်ပါတယ်။
🔸စမ်းသပ်မှုမပြုလုပ်မီ 5 မိနစ်အလိုမှာ ငြိမ်ငြိမ် ထိုင်နေပါ။ လှုပ်ရှားနေခြင်းက သွေးဖိအားအတွက် ခဏတာ မြင့်တက်စေနိုင်ပါတယ်။
🔸သင့်ရဲ့သွေးပေါင်ချိန်က 140/90 mmHg ကျော်နေလျှင် သင့်ဆရာဝန်က သွေးတိုးရောဂါရှိတယ်လို့ သတ်မှတ်ပါလိမ့်မယ်။
🔸သင့်မှာ ဆီးချိုရောဂါ ဒါမှမဟုတ် နာတာရှည်ကျောက်ကပ်ရောဂါရှိပါက 130/80 mmHg ထက် ပိုမိုမြင့်မားတဲ့သွေးဖိအားကို သွေးတိုးရောဂါလို့ သတ်မှတ်ပါတယ်။
အကူအညီပေးနိုင်တဲ့ အခြားဆေးဘက်ဆိုင်ရာစမ်းသပ်ချက်တွေ ရှိပါသလား?
အခြားစမ်းသပ်မှုများကတော့
– ဆီးစစ်ခြင်း
– electrocardiogram (ECG)
– ရင်ဘတ်ဓါတ်မှန်ရိုက်ခြင်း
– computed tomography (CT) scan က
ဒီစမ်းသပ်မှုတွေက သင့်သွေးဖိအား တက်စေနိုင်သော ဘယ်အကြောင်းရင်းကို မဆို ဖော်ထုတ်ပေးနိုင်ပါတယ်။ အကြောင်းရင်းလည်းမရှိဘူးဆိုရင် သင့်ရောဂါကို primary hypertension လို့သတ်မှတ်ပါလိမ့်မယ်။
#vaa
#hypertension
#သွေးတိုး
#ကျန်းမာရေး
Comments
Post a Comment