မင်္ဂလာပါခင်ဗျာ
အခုတစ်ခါမှာတော့ ကာလသားရောဂါလို့ခေါ်တဲ့ Syphils အကြောင်းကို
တင်ဆက်ပေးမှာဖြစ်ပါတယ်
Syphilis (ကာလသားရောဂါ ) ကဘာလဲ
Syphilis ဆိုတာက လိင်ဆက်ဆံရာမှ ဘက်တီးရီးယားပိုးဝင်ပြီး အရေပြား၊ ပါးစပ်၊ လိင်အင်္ဂါများ နှင့် အာရုံကြောစနစ်တွေကို ထိခိုက်စေနိုင်တဲ့ ကူးစက်ရောဂါတစ်မျိုးဖြစ်ပါတယ်။ စောစောစီးစီး သိပြီး ကုသနိုင်လျှင် Syphilis က ကုရလွယ်ကူနိုင်ပြီး နောက်ထပ် ထိခိုက်မှုတွေလဲ မဖြစ်စေနိုင်ပါဘူး။
သို့သော် မကုပဲထားလျှင် Syphilis က ဦးနှောက် ၊ အာရုံကြော နှင့် နှလုံးအပါအဝင် အခြားအင်္ဂါအစိတ်အပိုင်းတွေပါထိခိုက်နိုင်ပါတယ်။
Syphilis (ကာလသားရောဂါ ) က ဘယ်လောက်အဖြစ်များသလဲ
၂၀၁၀ နောက်ပိုင်းတွင် အမျိုးသမီးတွေမှာတော့ Syphilis ဖြစ်နှုန်းကျဆင်းလာသော်လည်း အမျိုးသားတွေ အထူးသဖြင့် လိင်တူဆက်ဆံတဲ့ အမျိုးသားတွေ မှာ အဖြစ်များလာပါတယ်။
Syphilis (ကာလသားရောဂါ ) ရဲ့လက္ခဏာတွေကဘာတွေလဲ
Syphilis ရောဂါရဲ့ လက္ခဏာများကတော့ အဆင့် ၃ ဆင့် ရှိပါတယ်။
အဆင့် (၁) ။ ။
ရောဂါလက္ခဏာတွေက ရောဂါပိုးဝင်ပြီး ၂ ပတ် မှ ၄ ပတ် အကြာမှာ စဖြစ်လာပြီး ရောဂါပိုး ခန္ဓာကိုယ်ထဲ ဝင်ရောက်တဲ့ အခါမှာ နာကျင်မှု မရှိတဲ့ အနာတွေ ပေါ်လာတတ်ပါတယ်။ ဒီအနာတွေကို လိင်အင်္ဂါတွေမှာ တွေ့ရတတ်သော်လည်း စအို နှင့် ပါးစပ်တွေ မှာလည်း ရောဂါပိုးရှိသူနှင့် လိင်ဆက်ဆံစဉ် ၎င်းနေရာများ ပါဝင်မှုရှိခဲ့ပါက အနာများတွေ့ရနိုင်ပါတယ်။ ၁ ပတ်မှ ၅ ပတ်အတွင်း သူ့ဖာသာ ပျောက်ကင်းနိုင်ပါတယ်။
အဆင့် (၂) ။ ။
ရောဂါကို မကုပဲထားလျှင် အဆင့် (၂) ရောဂါလက္ခဏာတွေက ၆ ပတ်ကနေ ၁၂ ပတ်အတွင်း ပေါ်လာနိုင်ပါတယ်။ ၎င်းလက္ခဏာတွေကတော့ ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ အဆစ်အမြစ်ကိုက်ခြင်း၊ အစားအသောက်ပျက်ခြင်း၊ အင်ပြင်များထွက်ခြင်း( လိင်တံ၊ မိန်းမကိုယ် သို့ ပါးစပ်တွေမှာ အနီဖုများပေါက်ခြင်း အထူးသဖြင့် လက်ဖဝါးတွေ နှင့် ခြေဖဝါးတွေမှာ ဖြစ်တတ်ပါတယ်)၊
လည်ချောင်းနာခြင်း၊ Lymph glands များရောင်ခြင်း (ချိုင်းကြား၊ ပေါင်ကြား၊လည်ပင်း) နှင့် ပင်ပန်းနွမ်းနယ်ခြင်းများ ဖြစ်နိုင်ပါတယ်။ ဒီအဆင့်ဟာ ဘာရောဂါလက္ခဏာမှ မပြဘဲလည်း အကြာကြီး ဖြစ်နိုင်ပါတယ်။
အဆင့် (၃)။ ။
အဆင့် (၃) လက္ခဏာတွေကတော့ ရောဂါပိုး စတင်ဝင်ရောက်ပြီးနောက် ၁၀ နှစ် မှ နှစ် ၄၀ ကြာပြီးနောက်မှာ ပေါ်လာတတ်ပါတယ်။၎င်းလက္ခဏာများမှာ ဦးနှောက် နှင့် နှလုံးပျက်စီးခြင်း၊ မှတ်ဉာဏ်ပိုင်း ပြသနာများ၊ အကြောသေခြင်း နှင့် ဟန်ချက်မညီခြင်းတွေ ဖြစ်တတ်ပါတယ်။
တချို့ အဆင့် ၂ နှင့် ၃ Syphilis ရောဂါသည်တွေမှာ ရောဂါလက္ခဏာမပြပဲ ရှိနေနိုင်ပါတယ်။
အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခု များရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင် သင့်ပါတယ်။
Syphilis (ကာလသားရောဂါ ) ကိုဘာတွေကဖြစ်စေသလဲ
ဖြစ်ပွားစေတဲ့ ဘက်တီးရီးယားနာမည်ကတော့ Treponema pallidum ဖြစ်ပါတယ်။ ဒီရောဂါပိုးက လိင်ဆက်ဆံမှသာ ကူးစက်နိုင်ပါတယ်။ ဘက်တီးရီးယားက အရေပြားရဲ့ ပြတ်ရှဒဏ်ရာမှ ရောဂါရှိသူရဲ့ အနာနဲ့ ထိမိပြီး ဝင်တာဆိုတာမျိုးက ခက်ခဲပါတယ်။
Syphilis က အိမ်သာ တစ်ခုတည်း၊ ရေချိုးကန်တစ်ခုတည်း၊ အဝတ်အစား သို့ မီးဖိုချောင်သုံး ပစ္စည်းများ သို့ တံခါးလက်ကိုင်၊ ရေကူးကန် သို့ ရေနွေးကန်တွေမှာ အတူတူ ချိုးခြင်း စိမ်ခြင်းဖြင့် မကူးစက်နိုင်ပါဘူး ။
Syphilis (ကာလသားရောဂါ ) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ
HIV ပိုးရှိတဲ့သူတွေက Syphilis ဖြစ်နိုင်ချေပိုများပါတယ်။ တစ်ကြိမ်တစ်ခါ Syphilis ဖြစ်ဖူးရုံနဲ့ ဒီရောဂါပိုးကို ခံနိုင်ရည်ရှိ သွားမယ်လို့တော့ မထင်ပါနဲ့။ နောက်တစ်ကြိမ် ပြန်ဖြစ်နိုင်ပါသေးတယ်။ Syphilis ကို ကိုယ်ဝန်ဆောင်သည် မှ သန္ဓေသားအားလည်း ကူးစက်နိုင်ပါတယ် ( မွေးရာပါ Syphilis ရောဂါ )။
Syphilis (ကာလသားရောဂါ ) ကို ဘယ်လိုကုသပါသလဲ
ရောဂါ အဆင့်ပေါ်မူတည်ပြီး ကုသမှုတွေ ပြောင်းလဲနိုင်ပါတယ်။
အဆင့် ၁ ကတော့ ပဋိဇီဝဆေးနှင့် ကုသလို့ လွယ်ကူပြီး ဆေးထိုးခြင်း သို့ သောက်ဆေးပေးနိုင်ပါတယ်။
အဆင့် ၂ နှင့် ၃ ဆိုလျှင်တော့ ပဋိဇီဝဆေးတွေကို အချိန်ကြာကြာ ပေးနိုင်ပါတယ်။
ရောဂါပိုးကျန် / မကျန် သိနိုင်ရန် ကုသပြီးနောက် သွေးပြန်စစ်ကြည့် သင့်ပါတယ်။
Comments
Post a Comment