ဆေးလိပ်အန္တရာယ်
===============
ဆေးလိပ်ကို လက်မှာညှပ်
အဆက်မပြတ် ရှိုက်ဖွာ
နှစ်ခြိုက်တဲ့ ဒီအရသာ
ဘဝင်မှာ အန္တရာယ်မသိ
စွဲငြိနေမိ။
တစ်လိပ်ချင်း ရှိုက်ကာဖွာ
ခံတွင်းမှာ အနံ့စွဲ
နှုတ်ခမ်းလည်း ညိုမဲ။
အသားအရေလည်း ခမ်းခြောက်လို့
မီးလောင်ပေါက်နဲ့ အဝတ်အထည်
ဝတ်ဖို့ မ တင့်တယ်
ဖယ်ရှောင်ခွာ အနားမကပ်
ချောင်း တဟတ်ဟတ်။
သွေးတိုးနဲ့ တီဘီ
ဆီးချိုနဲ့ နှလုံး
လူညွန့်တုံး ပန်းသေ
ခြေလက်ဖြတ် အင်္ဂါမစုံ
ကင်ဆာစုံ စွဲကာကပ်
လေဖြတ်လို့ အနေကြပ်တယ်
မိသားစု မကပ်။
ဆေးတစ်လိပ် ဖွာရှိုက်
ဝင်ငွေခိုက်လို့ ရောဂါစုံ
ပိုက်ဆံလည်း ကုန်။
မိသားစုနဲ့ လူ့ဘုံ အလယ်
တင့်တယ်စွာ နေနိုင်ဖို့ အရေး
ဆေးလိပ်ဆို တစ်ဖွာ မရှိုက်ကြနဲ့
ရှောင်ကြစို့လေး။
ဆရာဇော်(OT)
Comments
Post a Comment