အသည်းကို ဒုက္ခပေးနိုင်သော B ပိုး ၊ C ပိုးဆိုတာဘာလဲ ?🤔
လူတွေတော်တော်များများပြောနေကြတဲ့ B ပိုး၊ C ပိုးဆိုတာတွေကတော့ အသည်းရောင် အသားဝါရောဂါကို အဓိကဖြစ်ပွားစေတဲ့virus အမျိုးအစားတွေဖြစ်ကြပြီးတော့ နာတာရှည်ရောဂါ အမျိုးအစားတွေပဲ ဖြစ်ပါတယ်။🦠
အသည်းရောင်အသားဝါ B ပိုးကတော့ လူ့ခန္ဓာကိုယ်ကထွက်တဲ့ချွေး၊တံထွေး၊ဆီး၊သုတ်ရည်စတဲ့ အရည်တွေကနေ တစ်ဆင့် ကူးစက်နိုင်ပြီးတော့ ကာကွယ်ဆေးရှိတာကြောင့် ကြိုတင်ကာကွယ်ထားနိုင်ပါတယ်။
ဒါပေမယ့် C ပိုးအမျိုးအစားကတော့ ကာကွယ်ဆေးမပေါ်သေးတဲ့အတွက် ကြိုတင်ကာကွယ်ထားလို့မရသေးပါဘူး။သို့သော် ကံကောင်းတဲ့အချက်ကတော့ C ပိုးဟာ သွေးနဲ့ဆက်စပ်ပစ္စည်းတွေကနေသာ ကူးစက်နိုင်တဲ့အတွက် ကူးစက်နိုင်ခြေအတော်နည်းပါးတဲ့အပြင် ဖြစ်လာရင်လည်း ကုသပျောက်ကင်းနိုင်ပါတယ်။🩸
ဒါ့အပြင် B ပိုး၊ C ပိုးများဟာ ရောဂါလက္ခဏာ သိပ်ပြလေ့မရှိတာကြောင့် တော်ရုံတန်ရုံ သိနိုင်ဖို့ ခက်ခဲနိုင်သလို သွေးဖောက်စစ်ကြည့်မှလည်း သိနိုင်မယ့် ရောဂါပိုးတွေပဲဖြစ်ပါတယ်။🩸🔬
ဒီလိုနဲ့ ကိုယ့်ဆီမှာ ရောဂါပိုးတွေ ကာလကြာရှည်စွာ ရှိနေပြီဆိုရင်တော့ အသည်းကိုပြင်းထန်စွာထိခိုက်နိုင်တဲ့အပြင် အသည်းခြောက်ရောဂါ၊အသည်းကင်ဆာတွေပါ ဖြစ်ပွားနိုင်ပြီး အသက်ဆုံးရှုံးနိုင်ပါတယ်။
ဒါကြောင့် မိမိသွေးထဲက B ပိုး၊ C ပိုးတွေကို ပိုးကောင်ရေ ပမာဏသိဖို့နဲ့ အသည်းအခြေအနေကိုသိနိုင်ဖို့ နှစ်စဉ် ဒါမှမဟုတ် ၆လတစ်ကြိမ်စစ်ဆေးမှု ပြုလုပ်ပေးသင့်ပါတယ်။
#vaa
#bပိုး၊cပိုး
Comments
Post a Comment