သွေးတိုးရောဂါ ဖြစ်ဖို့ အားပေးတဲ့ အချက်များကဘာတွေလဲ?
သွေးတိုးရောဂါ ဖြစ်စေတဲ့ အကြောင်းအရင်းများစွာ ရှိပါတယ်။
သင့်မှာ အောက်တွင်ဖော်ပြထားသော အချက်များ တစ်ခုထက်ပို ရှိပါက သွေးတိုးရောဂါ ဖြစ်နိုင်ချေများပါတယ်။
🌱 အသက်အရွယ် - အမျိုးသမီးများက အသက် ၆၅ နှစ်နောက်ပိုင်းမှာဖြစ်နိုင်ချေ များပြီး၊ အမျိုးသားတွေကတော့ အသက် ၄၅ နောက်ပိုင်းမှာ ဖြစ်တာပိုများပါတယ်။
🌱 လူမျိုး - လေ့လာချက်တွေအရ African-Americans တွေက သွေးတိုးဖြစ်တာ ပိုများပါတယ်။
👫 လိင် - အသက် ၅၅ မတိုင်ခင် အမျိုးသားတွေက သွေးတိုးဖြစ်ဖို့ ပိုများပြီး၊ အသက် ၅၅ နောက်ပိုင်းမှာတော့ အမျိုးသမီးတွေက ပိုဖြစ်ပါတယ်။
👨👩👧👦 မိသားစုရာဇဝင် - သင့်ရဲ့ မိသားစုဝင်များ (မိဘ သို့မဟုတ် မောင်နှမ) တွေမှာ သွေးတိုးရှိနေပြီဆိုရင် သင့်မှာ ဖြစ်နိုင်ချေ များနေပါပြီ။
🌱 ကိုယ်အလေးချိန်များနေခြင်း သို့မဟုတ် အဝလွန်ခြင်း၊ သင့်အလေးချိန်နဲ့ သင့်ရဲ့အရပ်အမြင့် (BMI) က မကိုက်ပဲ ကျန်းမာရေးနဲ့မညီညွတ်တဲ့အခါ သွေးတိုးရောဂါဖွံ့ဖြိုးဖို့ ဖြစ်နိုင်ခြေရှိပါတယ်။
🏃 ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း - ကိုယ်အလေးချိန်များနေခြင်း သို့မဟုတ် အဝလွန်ခြင်း တို့ဖြစ်နိုင်ပါတယ်။
🍱 အစားအသောက် မညီမျှခြင်း - ဆားများခြင်း သို့မဟုတ် ပိုတက်စီယမ်ဓါတ် နည်းခြင်းတွေက ခန္ဓာကိုယ်မှ အရည်များဆွဲယူထားမှုကြောင့် သွေးတိုး စေနိုင်ပါတယ်။
🥂 အရက်နှင့်ဆေးလိပ် - အရက် သို့မဟုတ်ဆေးလိပ် အလွန်အကျွံ သုံးစွဲတာက သွေးပေါင်ချိန် မြင့်တက်စေနိုင်ပါတယ်။
ဒီလို သွေးတိုးရောဂါ ဖြစ်စေနိုင်တဲ့ အချက်တွေကို နားလည်ခြင်းက သင့်ရောဂါ ပိုမိုဆိုးရွားလာခြင်းမှ တားဆီးပေးနိုင်ပါတယ်။
အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
#သွေးတိုး
#ကျန်းမာရေး
#hypertension
#medicalknowledge
#vaa
Comments
Post a Comment