ရာသီတုပ်ကွေးရောဂါ ကာကွယ်နည်း
💉 ကာကွယ်ဆေးထိုးခြင်း
ကလေးငယ်တွေအတွက် အကောင်းဆုံး နည်းလမ်းကတော့ ရာသီတုပ်ကွေး ကာကွယ်ဆေးထိုးနှံခြင်းလို့ ကူးစက်ရောဂါ ကာကွယ်တားဆီးရေးအဖွဲ့ကြီး(CDC) က တိုက်တွန်းထားပါတယ်။ ရာသီတုပ်ကွေး ကာကွယ်ဆေးကို အသက် (၆) လ အထက် မည်သူမဆို ထိုးနိုင်ပါတယ်။ ရာသီတုပ်ကွေး ကာကွယ်ဆေးကို (၁) နှစ် တစ်ခါ ထိုးသင့်ပါတယ်။
ဒါပေမဲ့ ကာကွယ်ဆေးထိုးတာအပြင် မိမိကိုယ်ကို မကူးစက်အောင်နဲ့ တခြားသူတွေကို ကူးစက်ခြင်းမှ ကာကွယ်နိုင်တဲ့နည်းလမ်းတွေကို ဝေမျှပေးလိုက်ရပါတယ်။
❇️ နေ့စဉ် ပုံမှန် ကိုယ်လက်လှုပ်ရှား အားကစားလုပ်ပါ။
❇️ သန့်ရှင်းပြီး အာဟာရရှ်ိသော အစားအသောက်များသာ ချက်ပြုတ်စားသောက်ပါ။ ယင်နားစာများမစားရ။ အစားမစားမီ လက်မဆေးပဲ မစားရ။
❇️ လူထူထပ်တဲ့နေရာတွေကို ရှောင်ရှားပါ။
❇️ ဖျားနာနေတဲ့သူတွေနဲ့ မထိတွေ့အောင်နေရပါမယ်။
❇️ ဖျားနာနေရင်လည်း တခြားသူတွေဆီ မကူးစက်အောင် မထိတွေ့အောင် ကာကွယ်ရပါမယ်။
❇️ ဖျားနာနေရင် အိမ်မှာပဲနေပါ။
ဖျားနာနေရင် ဈေး၊ ကျောင်း၊ အလုပ် စတာတွေ မသွားဘဲ အိမ်မှာပဲ အနားယူသင့်ပါတယ်။ ဒါမှသာ ရောဂါပိုးပျံ့နှံ့တာကို ကာကွယ်ပေးမှာပါ။
❇️ ပါးစပ်၊ နှာခေါင်းတို့ကို ကာထားပါ။
ချောင်းဆိုး၊နှာချေတဲ့အခါ ပါးစပ်၊နှာခေါင်းတို့ကို လက်ကိုင်ပုဝါ၊ Tissue စသည်တို့ဖြင့် ကာကွယ်ပါ။ ပါးစပ်၊နှာခေါင်းတို့ကို ကာထားပြီး ချောင်းဆိုး၊နှာချေခြင်းအားဖြင့် လေထဲက ကူးစက်နိုင်တဲ့ ရာသီတုပ်ကွေး ၊ SARS ရောဂါတို့ကနေ ကာကွယ်ပေးပါနိုင်တယ်။
❇️ လက်ကို သန့်ရှင်းအောင်ထားပါ။
လက်ကနေ ရောဂါအများစု ကူးစက်နိုင်တဲ့အတွက် လက်ကို မကြာခဏ သန့်ရှင်းစင်ကြယ်အောင် ဆေးကြောသင့်ပါတယ်။ လက်ဆေးဖို့ မလွယ်ကူရင် အရက်ပျံပါတဲ့ လက်သန့်စင်ဆေးရည်တွေကို သုံးပေးပါ။
❇️ မျက်စိ၊နှာခေါင်း၊ ပါးစပ်တို့ကို မကြာခဏထိတွေ့ခြင်းမှ ရှောင်ရှားပါ။
မသန့်ရှင်းတဲ့နေရာတွေကို ကိုင်မိပြီး မျက်နှာ(မျက်စိ၊နှာခေါင်း၊ပါးစပ်)စသည်တို့ကို ထိတွေ့တဲ့အခါ ရောဂါပိုးတွေ ကူးစက်နိုင်ပါတယ်။ ဒါကြောင့် မျက်နှာကို မကြာခဏ ကိုင်တာကို ရှောင်ရှားရပါမယ်။
အထက်ပါ နည်းလမ်းများကို လိုက်နာခြင်းဖြင့် ရာသီတုပ်ကွေး ကူးစက်ခြင်း အန္တရာယ်မှ မိမိကိုယ်ကို နဲ့ မိမိပတ်ဝန်းကျင်ကို ကာကွယ်ကြရအောင်နော်။
#vaa
#ရာသီတုပ်ကွေး
#ကျန်းမာရေး
Comments
Post a Comment