Skip to main content

ခြင်အမျိုးအစားနှင့် ပေါက်ဖွားရာနေရာ

 

မင်္ဂလာပါ VAA ပရိတ်သတ်တွေအတွက် ဒီတစ်ခါမှာတော့ လူတွေကိုဒုက္ခပေးနေတဲ့ "ခြင် 🦟" အမျိုးအစားများနှင့် ပေါက်ဖွားရာနေရာ၊ကိုက်လေ့ရှိတဲ့အချိန်တွေကို ဝေမျှပေးလိုက်ရပါတယ်

🦟Anopheles (အနောဖီးလီးစ်) ခြင် 🦟

♦‌ဖြစ်စေသောရောဂါ
            ငှက်ဖျားရောဂါ 

♦‌ရောဂါပိုး
           Plasmodium.f.
           Pv.Po.Pm.Pk
           Protozao

♦‌ပေါက်ဖွားသည့်နေရာ
             ရေကြည် ၊ ရေသန့် ဖြည်းညင်းစွာ စီးဆင်းနေသော တောတောင်နှင့် နှီးနွယ်သော စမ်းချောင်း၊ စိမ့်ရေ၊ စမ်းရေ၊ ရေအိုင်၊ ရေကန်၊ ရေတွင်း၊ ဆည်မြောင်း လက်တက်၊ လယ်ကွင်း၊ နွားခြေရာခွက်၊ ကျောက်ခွက်၊ သစ်ခေါင်းနှင့်ရေချိုရေငန်စပ် ပင်လယ်ကမ်းဘက်မှာပေါက်ဖွားလေ့ ရှိပါတယ်။
 

♦ခြင်ဥပုံစံ 
            ရေပေါ်တစ်လုံးခြင်း ဥ ဥ ၊ 
             ဥတွင် ရေပေါ် ပေါ်ရန် ရေမြုပ်ဘောပါသည် ။ 

♦‌ပိုးလောက်လန်း
           ပိုးလောက်လန်းဘဝတွင် အဆင့် (၄) ဆင့် အရေခွံ လဲ၍ အရေပြားဖြင့် အသက်ရှူ ၊ အစာစား

♦‌ပိုးတုံးလုံး 
            ပိုးတုံးလုံး ဘဝတွင် အသက်ရှူ ၊ လှုပ်ရှား ၊ အစာမစား 

♦‌အနောဖီးလီးစ်ခြင် ကိုက်သည့်အချိန်
             နေဝင်ချိန်မှ နေထွက်ချိန်ထိ
            (ညနေ ၆ နာရီ မှ နံနက် ၆ နာရီ ထိ) ကိုက်လေ့ ရှိပါတယ် ။


🦟🦟Aedes (အေးဒီးစ်) ခြင် 🦟🦟
• Ae.oegypti
• Ae.olbopictus

🔺‌ဖြစ်စေသောရောဂါ
           သွေးလွန်တုပ်ကွေးရောဂါ DHF
           ဇီကာရောဂါ
           Chickungunya
           YELLOW FEVER
 
🔺ရောဂါပိုး
           Dengue Virus 
           Chickungunya Virus 
           Y.FEVER- Virus 

🔺‌ပေါက်ဖွားသည့်နေရာ
             ရေကြည် ၊ ရေသန့် ၊ ရေငြိမ် အိမ်တွင်း /အိမ်ပြင် ရှိ အိုးခွက်များ ၊ ပန်းအိုး ၊ ကြောင်အိမ် အောက်ခံခွက် ၊ ရေစည် ရေကန်များ စသည့်နေရာတို့တွင်  (၇) ရက်ထက်ပို၍ ရေလှောင်ထားသောနေရာများ ၊ စွန့်ပစ်ထားသော ပုလင်း / ဗူးခွံ ၊ ဘတ္ထရီအိုးဟောင်း / တာယာအဟောင်းများ ၊ အုန်းမှုတ်ခွက် ၊ အုန်းခွံများ ၊ သစ်ခေါင်းပေါက် ၊ ဝါးဆစ် ၊ ဝါးပင်အငုတ် ၊ ရေတင်ကျန်နိုင်သော အရာများ အားလုံးမှာ ပေါက်ဖွားလေ့ ရှိပါတယ် ။

🔺‌ခြင်ဥပုံစံ 
            ရေနှင့်ထိစပ်သော နံရံတွင် ကပ်၍ တစ်လုံးခြင်း ဥ ဥ ။
            
🔺ပိုးလောက်လန်း
           ပိုးလောက်လန်းဘဝတွင် အဆင့် (၄) ဆင့် အရေခွံ လဲ၍ လေပြွန်ဖြင့် အသက်ရှူ ၊ အစာ စား

🔺‌ပိုးတုံးလုံး 
            ပိုးတုံးလုံး ဘဝတွင် အသက်ရှူ ၊ လှုပ်ရှား ၊ အစာ မစား 

🔺‌အေးဒီးစ်ခြင် ကိုက်သည့်အချိန်
             နံနက် မှ ညနေ ထိ  ကိုက်လေ့ ရှိပါတယ် ။


🦟🦟Culex (ကျူးလက်စ်) ခြင် 🦟🦟
• Cluex tritaeniorhyn chus
• Quinquefasiatus

🔻‌ဖြစ်စေသောရောဂါ
          ဂျပန်ဦးနှောက်ရောင် ရောဂါ (Japanese Encephalitis)
          ဆင်ခြေထောက် ရောဂါ (Lymphatic Filariasis)

🔻ရောဂါပိုး
           ဂျပန်ဦးနှောက်ရောင် ဗိုင်းရပ်စ်ပိုး (JE Virus) 
           Worm သံကောင်
           W.bancrofti

🔻‌ပေါက်ဖွားသည့်နေရာ
             ရေပုပ် ရေသိုး (အုတ်မြောင်း ၊ မြေမြောင်း ၊ မိလ္လာကန် ၊ မိလ္လာကျင်း ) ၊ လယ်ကွင်း ၊ အသုံးမပြုနိုင်သော အိုးခွက်များ ၊ မြေတွင်း ၊ မြေချိုင့်များ နှင့် အသုံးမပြုသော ရေတွင်း ရေကန်များ မှာ ပေါက်ဖွားလေ့ ရှိပါတယ် ။

🔻‌ခြင်ဥပုံစံ 
            ရေပေါ်ဖောင်ဖွဲ့၍ ဥ ဥ ။
            
🔻ပိုးလောက်လန်း
           ပိုးလောက်လန်းဘဝတွင် အဆင့် (၄) ဆင့် အရေခွံ လဲ၍ လေပြွန်ဖြင့် အသက်ရှူ ၊ အစာ စား

🔻‌ပိုးတုံးလုံး 
            ပိုးတုံးလုံး ဘဝတွင် အသက်ရှူ၊ လှုပ်ရှား ၊ အစာ မစား 

🔻‌ကျူးလက်စ်ခြင် ကိုက်သည့်အချိန်
             နေဝင်ချိန် မှ နေထွက်ချိန် အထိ
             (ည ၉ နာရီမှ  - ၁၁ နာရီ အထိ) နှင့်
             (နံနက် ၃ - ၄ နာရီ အကြား )  ကိုက်လေ့ ရှိပါတယ် ။

ကဲ ဒါဆို ခြင်အကြောင်းကောင်းကောင်းသိပြီဆိုတော့ အားလုံးပဲ ခြင်အန္တရာယ်မှ ကင်းဝေးကြပါစေ။

မှတ်ချက်။   ။ကြင်စိုးတစ်သိုက်မပါ။

#vaa
#ခြင်အမျိုးအစားများ

Comments

Popular posts from this blog

Otomycosis ( နားမှိုစွဲခြင်းရောဂါ )

 Otomycosis ( နားမှိုစွဲခြင်းရောဂါ )      🙋  အားလုံးပဲ   မင်္ဂလာပါ 🙋 VAA ရဲ့စာဖတ်ပရိတ်သတ်တွေအတွက်အခုတစ်ခါမှာတော့ ပရိတ်သတ်တွေရဲ့တောင်းဆိုချက်အရ နားမှိုစွဲခြင်းရောဂါ နဲ့ပတ်သက်ပြီး ဖော်ပြပေးမှာဖြစ်ပါတယ် ။  နားမှိုစွဲခြင်းရောဂါ နဲ့ပတ်သက်ပြီး ဖြစ်ရတဲ့အကြောင်းရင်းတွေ ၊ လက္ခဏာတွေ ၊ ဘယ်လိုဆေးဝါးတွေကို အသုံးပြုနိုင်မလဲ ၊ ဆောင်ရန် ၊ ရှောင်ရန် ၊နောက်ဆက်တွဲ ပြဿနာတွေ နှင့် ကာကွယ်နည်းများကို ပြည့်ပြည့်စုံစုံ တင်ဆက်ပေးလိုက်ပါတယ် ။ နားမှိုစွဲရောဂါ ကို ဆေးပညာအရ Otomycosis လို့ ခေါ်ပါတယ်။ မြန်မာနိုင်ငံလိုမျိုး ပူနွေးစိုစွတ်တဲ့ နိုင်ငံတွေမှာ အတွေ့ရများပါတယ်။ နွေရာသီလို ပူပြင်းတဲ့အချိန်မှာ ပိုဖြစ်တတ်ပါတယ်။ နားမှိုစွဲရောဂါက များသောအားဖြင့် နားအပြင်ပိုင်းမှာ ဖြစ်တာ များပါတယ်။ နားအလယ်ပိုင်းမှာ ဖြစ်တာလည်း ရှိပါတယ်။ တစ်ဖက်တည်း ဖြစ်တာများပါတယ်။ 🔴 နားမှိုစွဲရောဂါ ဖြစ်ရတဲ့ အကြောင်းရင်း နားမှိုစွဲရောဂါက နာမည်အတိုင်းပဲ မှိုပိုးကြောင့် ဖြစ်တာပါ ။ မှိုပိုးတွေ အများကြီးရှိတဲ့အထဲကမှ နားမှိုစွဲစေတဲ့ ပိုးတွေကတော့ Candida နဲ့ Aspergillus လို့ခေါ်တဲ့ မှို နှစ်မျိုးပဲ ဖြစ်ပါတယ် ။ အဲ...

Circulation of Blood

 Circulation Of Blood           မင်္ဂလာပါ VAA Facebook  Page  မှ ပရိတ်သတ်ကြီးများခင်ဗျာ   အခု​ဖော်ပြပေးမယ့် အကြောင်းအရာလေးကတော့ ခန္ဓာကိုယ်အတွင်းမှာလှည့်ပတ်နေတဲ့ သွေးအကြောင်းပဲဖြစ်ပါတယ် ။ သွေးထဲမှာဆိုရင် သွေးရည်ကြည်၊သွေးနီဥ ၊ သွေးဖြူဥ ၊ သွေးဥမွှားတွေပါရှိပြီး သူတို့လေးတွေကရော ဘာလုပ်ငန်းတွေလုပ်ဆောင်တာလဲ?  ဒါ့အပြင် နှလုံးရဲ့ လုပ်ငန်းဆောင်တာတွေ ၊ သွေးလွှတ်ကြော ၊ သွေးပြန်ကြောတွေကရော ဘာတွေလဲ? စသဖြင့် ဗဟုသုတ ရစေရန် ရည်ရွယ်၍ တင်ဆက်ပေးလိုက်ပါသည်။  ခန္ဓာကိုယ်တွင်း သွေးလှည့်ပတ်သွားလာခြင်း  ( Circulation of Blood )  ခန္ဓာကိုယ် သွေးလှည့်ပတ်ခြင်းစနစ်တွင်        (၁) သွေး       (၂) နှလုံး နှင့်       (၃) သွေးကြောများ စသည်တို့ ပါဝင်ပါသည် ။ (၁)   သွေးအကြောင်း          သွေးသည် သွေးကြောများ အတွင်းတွင် အရည်အဖြစ် လှည့်ပတ်လျက်ရှိသည် ။ ခန္ဓာကိုယ် အသက်ရှင်ရန်အတွက် အရေးကြီးသည် ။ သွေးသည် အသက် ဖြစ်သည် ။ မည်သည့်နေရာမှမဆို သွေးယိုထွက်ခြင်း လွန်ကဲပါက အသက်ဆုံးရှုံးန...

ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်ဖြစ်တတ်သူတိုင်း သတိထားသင့်တဲ့ အချက်များ

  နှစ်တစ်နှစ်တာရဲ့ အချိန်တစ်ခုကို ရောက်လာပြီဆိုရင် နှာချေတာ ၊ ချောင်းဆိုးတာ ၊ နှာရည်ယိုတာတွေကို ခံစားရပြီဆိုရင် သေချာတာက ရာသီအကူးအပြောင်းကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှုကို ခံစားနေရတာပါ ။ ရာသီဥတုကြောင့် ဓာတ်မတည့်မှု ခံစားရသူတွေဟာ ဆောင်းဦးကာလ နွေဦးကာလတွေကို ရောက်လာပြီဆိုရင် လေထုထဲမှာ ဝတ်မှုန်တွေ မှိုတွေ များလာတာကြောင့် ဓာတ်မတည့်မှုကို ခံစားရပါတယ် ။ ဒီလိုမျိုး ရာသီအပြောင်းအလဲမှာ ဖြစ်တတ်တဲ့ ဓာတ်မတည့်မှု ခံစားရနိုင်ခြေကို မခံစားချင်ဘူးဆိုတဲ့ သူလေးတွေ ရှိပါသလား ။  ဒါဆိုရင်တော့ ဒီဆောင်းပါးလေးထဲမှာ ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်ဖြစ်တတ်သူတိုင်း သတိထားသင့်တဲ့ အချက်တွေ ပြောပြပေးမှာမို့ အတူတူ ဖတ်ကြည့်လိုက်ရအောင်နော် ။ 🔴 ရာသီဥတုကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှု ဆိုတာ - ရာသီအကူးအပြောင်း ဖြစ်ချိန်မှာ သစ်ပင်တွေကနေ ကျတဲ့ ဝတ်မှုန်တွေ ၊ မြက်တွေကနေ ထွက်တဲ့ ဝတ်မှုန်တွေကြောင့် ဓာတ်မတည့်မှုကို ခံစားရနိုင်ပါတယ် ။ ဒါကြောင့် ပန်းတွေ ပွင့်တတ်တဲ့ နွေဦး နဲ့ ဆောင်းဦးကာလတွေမှာ ရာသီဥတုကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှုတွေကို ခံစားရနိုင်ပါတယ် ။ 🔴 ဘယ်အချက်တွေက ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်တာကို ဖြစ်စေနိုင်တာလဲ ရာသီအပြောင်းအလဲမှ...