Skip to main content

အရက်နာကျခြင်း

 အရက်နာကျခြင်း (Hangover)


အခုနောက်ပိုင်း မှာ အရက် ကို လူကြီး၊ လူငယ်မရွေး သောက်လာကြတာကို ပိုပြီးတွေ့ရပါတယ်။ 


လူငယ်တွေမှာဆိုရင် ယောင်္ကျားလေးတွေရော၊ မိန်းကလေးတွေပါမကျန်  အရက်ကို ဘား၊ ကလပ်တွေသွားပြီး ခေတ်မီအောင်ဆိုပြီး သောက်ကြတာမျိုး ၊ ဘော်ဒါတွေ ဆုံလို့ ၊ သူငယ်ချင်း​တွေ အတင်းခေါ်လို့  ၊ အသည်းကွဲလို့ ၊ စိတ်ညစ်လို့ ၊ ကြိုက်လို့ ၊ စိတ်ပင်ပန်းလို့ စတဲ့ အကြောင်းကြောင်းတွေကြောင့် စုပြီးသောက်ကြ၊ ပျော်ရွှင်ကြတာကို အပန်းဖြေနည်းလမ်းတစ်မျိုးအဖြစ် အကြောင်းပြချက်တွေ အမျိုးမျိုးနဲ့ သောက်လာကြပါတယ်။ 


ဒါ့အပြင် ခုချိန်မှာ ပြည်သူတွေ ကြုံတွေ့နေရတဲ့ အခက်အခဲ အကြပ်အတည်းတွေကြောင့် အလုပ်အကိုင် ၊ စီးပွားရေး ၊ လူမှုရေး အဆင်မပြေတဲ့အတွက် စိတ်ဒုက္ခရောက်စိတ်ဆင်းရဲမူတွေ ကြုံရချိန် ၊ ကူကယ်ရာအဖော်မဲ့နေချိန် ၊ တစ်ယောက်ထဲအထီးကျန်နေချိန်မှာ stress ဖြေလျော့စရာ နည်းလမ်းလွဲအနေနဲ့ အရက်ကိုအဖော်အဖြစ် သောက်လာကြပါတယ်။ 


ဒါပေမယ့်လည်း  တစ်ခါတလေ stress ဖြေရာကနေ အမြဲလိုလို ပုံမှန်သောက်ဖြစ်လာတဲ့အခါ ၊ ရေချိန်လွန်သွားတဲ့အခါ လူ့ခန္ဓာကိုယ်က ဘယ်လိုတွေ ခံစားရမလဲ ?


ရေရှည်ဖြစ်ဖြစ်၊ ရေတိုဖြစ်ဖြစ် အရက်၊ ဘီယာတွေကြောင့် ခန္ဓာကိုယ်မှာ ဖြစ်လာမယ့် အရက်နာကျခြင်းအကြောင်း အနည်းငယ် သတိပေးလိုက်ပါရစေ –


အရက်နာကျတဲ့ ခံစားချက်က ဆိုးလွန်းလို့ "နောက်ဘယ်တော့မှ မသောက်တော့ဘူး" လို့ ပြောဖူးလား ?


အရက်နာကျတဲ့ဝေဒနာ သက်သာအောင် အသုံးဝင်မယ့် ဆောင်ရန်၊ရှောင်ရန်နည်းလမ်းတွေ သိချင်ရင် ဆက်ဖတ်ကြည့်ပါနော်။


♦️အရက်နာကျခြင်း ( Hangover )


အရက်နာကျတယ်ဆိုတာ ညဘက်အရက်အလွန်အကျွံသောက်ပြီး နောက်နေ့မနက်မှာ အားအင်ကုန်ခန်းခြင်းနှင့်အတူ အခြားသောဆိုးရွားတဲ့လက္ခဏာတွေ ခံစားရခြင်းပဲ ဖြစ်ပါတယ်။တစ်နည်းအားဖြင့် အယ်လ်ကိုဟောမှာပါဝင်တဲ့ ဓာတုပစ္စည်းတွေ အဆိပ်တက်ခြင်း တစ်မျိုးလည်းဖြစ်ပါတယ်။ခေါင်းမူး၊ ခေါင်းကိုက်တာ၊ အစာစားချင်စိတ်မရှိဖြစ်တာ၊ ပျို့အန်တာ၊ မောပန်းနွမ်းနယ်တာ၊ ရင်ပူတာ စတဲ့လက္ခဏာတွေ အဓိကခံစားရနိုင်ပါတယ်။


♦️အရက်နာကျရခြင်းအကြောင်းရင်း


ကျွန်တော်တို့ရဲ့ ဦးနှောက်နဲ့ ခန္ဓာကိုယ်အပေါ် အယ်လ်ကိုဟော အဆိပ်တက်ခြင်းဖြစ်စေတဲ့အကြောင်းရင်းတွေများစွာရှိပါတယ်။


အများစုသော အယ်လ်ကိုဟောပါဝင်တဲ့ သောက်စရာတွေမှာ Congeners ဆိုတဲ့ဓာတုပစ္စည်းတစ်မျိုး ပါဝင်ပါတယ်။ Congeners ဆိုတာ အရက်ချက်တဲ့အခါ အချဉ်ဖောက်တဲ့လုပ်ငန်းစဉ်အတွင်း သဘာဝအတိုင်းထွက်လာတဲ့ ဓာတုပစ္စည်းတစ်မျိုး ဖြစ်ပြီး red ဝိုင်၊ ဘရန်ဒီ နှင့် ဝီစကီတို့မှာ အတွေ့ရများပါတယ်။ ဘီယာ၊ ဂျင် Gin၊ vodka၊ white ဝိုင် တို့မှာလည်း ပမာဏအနည်းငယ်စီ ပါဝင်ပါတယ်။


ဒီဓာတုပစ္စည်းဟာ ဦးနှောက်တစ်ရှူးနဲ့ သွေးကြောတွေအပေါ် လှုံ့ဆော်မှုဖြစ်စေပြီး အရက်နာကျခြင်းကိုပိုဆိုးစေပါတယ်။အယ်လ်ကိုဟောမှာ ဆီးရွှင်စေတဲ့အာနိသင်ရှိတဲ့အတွက် ဆီးသွားများစေပြီး ခန္ဓာကိုယ်မှရေဓာတ်ဆုံးရှုံးခြင်းကိုလည်း ဖြစ်စေပါတယ်။


♦️အရက်နာကျခြင်းဝေဒနာ


အရက်နာကျခြင်းဝေဒနာဟာ


– တစ်ဦးနှင့်တစ်ဦး အယ်ကိုဟောလ်ပမာဏ ခံနိုင်ရည်ရှိခြင်း၊မရှိခြင်း


– အရက်သောက်ဖူးတဲ့ အတွေ့အကြုံ


– သောက်လိုက်တဲ့ပမာဏတွေပေါ်မူတည်ပြီးကွဲပြားနိုင်ပါတယ်။


➜ ဆေးလိပ်အလွန်အကျွံသောက်သုံးခြင်း


➜ အစာမရှိဘဲ ဗိုက်ဟောင်းလောင်းနဲ့အရက်သောက်ခြင်း


➜ တစ်ကျိုက်တည်းမော့သောက်ခြင်းတို့က အရက်နာကျခြင်းကို ပိုဆိုးနိုင်ပါတယ်။


💡အရက်နာမကျအောင် ဘယ်လိုသောက်သင့်သလဲ?


( အရက်သောက်ခြင်းကို အားပေးခြင်း မဟုတ်ပါ…အနောက်တိုင်း လူနေမှုပုံစံအား ပညာပေးထားသော ဆောင်းပါးမှ ကူးယူဖော်ပြခြင်းသာ ဖြစ်ပါသည် )


✔︎ ဗိုက်ပြည့်အောင်စားပြီးမှ အရက်သောက်ပါ။


✔︎ ကိုယ့်နဲ့လိုက်ဖက်ရာ အယ်လ်ကိုဟောအမျိုးအစားကို ရွေးချယ်ပါ။ တစ်ကျိုက်တည်း အမြန်မော့သောက်ခြင်းထက် ဖြည်းဖြည်းချင်း တစ်ငုံစာစီ သောက်ပါ။


✔︎ မိမိအတွက် သင့်တင့်သော အယ်လ်ကိုဟော ပမာဏအထိပဲ သောက်ပါ။ ရေချိန်ကိုက်အောင်သောက်ခြင်းက အရက်နာကျခြင်းကို ခံစားရနိုင်ပါတယ်။


✔︎ အရက်ချည်း မမော့ဘဲ ရေခဲ၊ ရေ၊ အချိုရည်တစ်မျိုးမျိုးနှင့် ရောစပ်ခြင်း၊ အမြည်းစားပေးခြင်းဖြင့် အယ်လ်ကိုဟော အာနိသင်လျှော့ချနိုင်ပါတယ်။


✔︎ အရက်သောက်နေစဉ် ဆေးလိပ်လျှော့သောက်ပါ။ ( အမှန်တကယ်တွင် အရက်နှင့် ဆေးလိပ်သည် လုံးဝ တွဲမသောက်သင့်ပါ )


✔︎ အရက်သောက်ပြီးလျှင် ရေများများသောက်ပေးခြင်းဖြင့် အရက်ကြောင့် ရေဓာတ်ဆုံးရှုံးခြင်းကို ကာကွယ်နိုင်ပါတယ်။


💡 အရက်နာကျခြင်းကို ဘယ်လိုကုသမလဲ?


✅ အရက်နာကျနေချိန်မှာ ခံတွင်းပျက်ပြီး မစားချင် မသောက်ချင်ဖြစ်တတ်ပါတယ်။ ဒါပေမယ့် အစာကြေလွယ်ပြီး အာဟာရဖြစ်စေမယ့် မနက်စာကိုတော့ စားပေးသင့်ပါတယ်။


• ပူပူနွေးနွေး စွပ်ပြုတ်သောက်ပေးခြင်းဖြင့် ရေဓာတ်ပြန်လည်ဖြည့်တင်းပေးပြီး အယ်လ်ကိုဟော အဆိပ်အတောက်များကိုလည်း စွန့်ထုတ်ပေးနိုင်ပါတယ်။


• အယ်လ်ကိုဟောကြောင့် ဆုံးရှုံးသွားတဲ့ ပိုတက်ဆီယမ်ဓာတ်ကို ငှက်ပျောသီး၊ထောပတ်သီးကနေ ရရှိနိုင်ပါတယ်။


🚫 အဆီများတဲ့ အစားအစာ၊ ချေဖျက်ရခက်တဲ့ အစားအစာတွေကိုတော့ အရက်နာကျနေစဉ်အတွင်း ရှောင်ကြဉ်သင့်ပါတယ်။


✅ အရက်သောက်ခြင်းကြောင့် ခန္ဓာကိုယ်မှ ဆုံးရှုံးသွားတဲ့ ရေနဲ့ဓာတ်ဆားဓာတ်ကို-


• မနက်ခင်း၌ ရေအလုံအလောက်သောက်ပေးခြင်း


• အားဖြည့်အချိုရည်၊ ဓာတ်ဆားသောက်ခြင်း


• ပျားသံပုရာရည်၊ အုန်းရည်၊ သစ်သီးဖျော်ရည် သောက်ပေးခြင်းတို့မှပြန်လည်ဖြည့်တင်းနိုင်ပြီး အားအင်ချိနဲ့ခြင်း၊ခေါင်းမူးခြင်းတို့ကို သက်သာစေပါတယ်။


✅ နားနားနေနေ နေပါ။ အိပ်ရေးဝဝအိပ်ပါ။


✅ ခေါင်းကိုက်တာအတွက် ပါရာစီတမော သောက်ပါ။


💢 အရက်နာကျခြင်းနှင့် ပက်သက်၍အယူအဆအလွဲများ


💢 အရက်ကို အရက်နဲ့ ပြန်ဖြေမယ်။


– မနက်မိုးလင်းလို့ အရက်နာကျနေရင် တစ်ချို့က အရက်အနည်းငယ်ထပ်သောက်ခြင်း (မောနင်းပက်)ဖြင့် ဖြေတတ်ကြပါတယ်။ ဒီနည်းဟာ အရက်နာကျတာကို ပိုဆိုးစေရုံသာမက ရေရှည်မှာ အရက်စွဲခြင်းကိုပါ ဖြစ်စေနိုင်ပါတယ်။


💢 ကော်ဖီသောက်ခြင်းက အရက်နာကျဝေဒနာ သက်သာစေတယ်။


– ကော်ဖီမှာပါဝင်တဲ့ ကဖင်းဓာတ်ကြောင့် ခေါင်းမူး၊ခေါင်းကိုက်သက်သာပြီး လန်းဆန်းစေနိုင်ပေမယ့် ဆီးသွားများစေတဲ့အာနိသင်ရှိတာမို့ ရေဓာတ်ဆုံးရှုံးခြင်းကို ပိုဆိုးစေပါတယ်။


အဓိက နောက်ဆုံးအချက်အနေနဲ့…


🗣️ကောင်းကျိုးထက် ဆိုးကျိုးသာပိုများတဲ့ အယ်လ်ကိုဟောကို တတ်နိုင်သလောက် ရှောင်ကြဉ်သင့်ကြောင်း အကြံပြုလိုက်ပါရစေ 🥂🥂🥂

Comments

Popular posts from this blog

Otomycosis ( နားမှိုစွဲခြင်းရောဂါ )

 Otomycosis ( နားမှိုစွဲခြင်းရောဂါ )      🙋  အားလုံးပဲ   မင်္ဂလာပါ 🙋 VAA ရဲ့စာဖတ်ပရိတ်သတ်တွေအတွက်အခုတစ်ခါမှာတော့ ပရိတ်သတ်တွေရဲ့တောင်းဆိုချက်အရ နားမှိုစွဲခြင်းရောဂါ နဲ့ပတ်သက်ပြီး ဖော်ပြပေးမှာဖြစ်ပါတယ် ။  နားမှိုစွဲခြင်းရောဂါ နဲ့ပတ်သက်ပြီး ဖြစ်ရတဲ့အကြောင်းရင်းတွေ ၊ လက္ခဏာတွေ ၊ ဘယ်လိုဆေးဝါးတွေကို အသုံးပြုနိုင်မလဲ ၊ ဆောင်ရန် ၊ ရှောင်ရန် ၊နောက်ဆက်တွဲ ပြဿနာတွေ နှင့် ကာကွယ်နည်းများကို ပြည့်ပြည့်စုံစုံ တင်ဆက်ပေးလိုက်ပါတယ် ။ နားမှိုစွဲရောဂါ ကို ဆေးပညာအရ Otomycosis လို့ ခေါ်ပါတယ်။ မြန်မာနိုင်ငံလိုမျိုး ပူနွေးစိုစွတ်တဲ့ နိုင်ငံတွေမှာ အတွေ့ရများပါတယ်။ နွေရာသီလို ပူပြင်းတဲ့အချိန်မှာ ပိုဖြစ်တတ်ပါတယ်။ နားမှိုစွဲရောဂါက များသောအားဖြင့် နားအပြင်ပိုင်းမှာ ဖြစ်တာ များပါတယ်။ နားအလယ်ပိုင်းမှာ ဖြစ်တာလည်း ရှိပါတယ်။ တစ်ဖက်တည်း ဖြစ်တာများပါတယ်။ 🔴 နားမှိုစွဲရောဂါ ဖြစ်ရတဲ့ အကြောင်းရင်း နားမှိုစွဲရောဂါက နာမည်အတိုင်းပဲ မှိုပိုးကြောင့် ဖြစ်တာပါ ။ မှိုပိုးတွေ အများကြီးရှိတဲ့အထဲကမှ နားမှိုစွဲစေတဲ့ ပိုးတွေကတော့ Candida နဲ့ Aspergillus လို့ခေါ်တဲ့ မှို နှစ်မျိုးပဲ ဖြစ်ပါတယ် ။ အဲ...

Circulation of Blood

 Circulation Of Blood           မင်္ဂလာပါ VAA Facebook  Page  မှ ပရိတ်သတ်ကြီးများခင်ဗျာ   အခု​ဖော်ပြပေးမယ့် အကြောင်းအရာလေးကတော့ ခန္ဓာကိုယ်အတွင်းမှာလှည့်ပတ်နေတဲ့ သွေးအကြောင်းပဲဖြစ်ပါတယ် ။ သွေးထဲမှာဆိုရင် သွေးရည်ကြည်၊သွေးနီဥ ၊ သွေးဖြူဥ ၊ သွေးဥမွှားတွေပါရှိပြီး သူတို့လေးတွေကရော ဘာလုပ်ငန်းတွေလုပ်ဆောင်တာလဲ?  ဒါ့အပြင် နှလုံးရဲ့ လုပ်ငန်းဆောင်တာတွေ ၊ သွေးလွှတ်ကြော ၊ သွေးပြန်ကြောတွေကရော ဘာတွေလဲ? စသဖြင့် ဗဟုသုတ ရစေရန် ရည်ရွယ်၍ တင်ဆက်ပေးလိုက်ပါသည်။  ခန္ဓာကိုယ်တွင်း သွေးလှည့်ပတ်သွားလာခြင်း  ( Circulation of Blood )  ခန္ဓာကိုယ် သွေးလှည့်ပတ်ခြင်းစနစ်တွင်        (၁) သွေး       (၂) နှလုံး နှင့်       (၃) သွေးကြောများ စသည်တို့ ပါဝင်ပါသည် ။ (၁)   သွေးအကြောင်း          သွေးသည် သွေးကြောများ အတွင်းတွင် အရည်အဖြစ် လှည့်ပတ်လျက်ရှိသည် ။ ခန္ဓာကိုယ် အသက်ရှင်ရန်အတွက် အရေးကြီးသည် ။ သွေးသည် အသက် ဖြစ်သည် ။ မည်သည့်နေရာမှမဆို သွေးယိုထွက်ခြင်း လွန်ကဲပါက အသက်ဆုံးရှုံးန...

ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်ဖြစ်တတ်သူတိုင်း သတိထားသင့်တဲ့ အချက်များ

  နှစ်တစ်နှစ်တာရဲ့ အချိန်တစ်ခုကို ရောက်လာပြီဆိုရင် နှာချေတာ ၊ ချောင်းဆိုးတာ ၊ နှာရည်ယိုတာတွေကို ခံစားရပြီဆိုရင် သေချာတာက ရာသီအကူးအပြောင်းကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှုကို ခံစားနေရတာပါ ။ ရာသီဥတုကြောင့် ဓာတ်မတည့်မှု ခံစားရသူတွေဟာ ဆောင်းဦးကာလ နွေဦးကာလတွေကို ရောက်လာပြီဆိုရင် လေထုထဲမှာ ဝတ်မှုန်တွေ မှိုတွေ များလာတာကြောင့် ဓာတ်မတည့်မှုကို ခံစားရပါတယ် ။ ဒီလိုမျိုး ရာသီအပြောင်းအလဲမှာ ဖြစ်တတ်တဲ့ ဓာတ်မတည့်မှု ခံစားရနိုင်ခြေကို မခံစားချင်ဘူးဆိုတဲ့ သူလေးတွေ ရှိပါသလား ။  ဒါဆိုရင်တော့ ဒီဆောင်းပါးလေးထဲမှာ ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်ဖြစ်တတ်သူတိုင်း သတိထားသင့်တဲ့ အချက်တွေ ပြောပြပေးမှာမို့ အတူတူ ဖတ်ကြည့်လိုက်ရအောင်နော် ။ 🔴 ရာသီဥတုကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှု ဆိုတာ - ရာသီအကူးအပြောင်း ဖြစ်ချိန်မှာ သစ်ပင်တွေကနေ ကျတဲ့ ဝတ်မှုန်တွေ ၊ မြက်တွေကနေ ထွက်တဲ့ ဝတ်မှုန်တွေကြောင့် ဓာတ်မတည့်မှုကို ခံစားရနိုင်ပါတယ် ။ ဒါကြောင့် ပန်းတွေ ပွင့်တတ်တဲ့ နွေဦး နဲ့ ဆောင်းဦးကာလတွေမှာ ရာသီဥတုကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှုတွေကို ခံစားရနိုင်ပါတယ် ။ 🔴 ဘယ်အချက်တွေက ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်တာကို ဖြစ်စေနိုင်တာလဲ ရာသီအပြောင်းအလဲမှ...