သွေးတွင်းသက်စောင့်ဓာတ်(Electrolyte)နဲ့ပတ်သက်ပြီး ဘာတွေသိထားဖို့ လိုမလဲ?
Electrolytes ဆိုတာကတော့ ခန္ဓာကိုယ်မှာ သဘာဝအတိုင်းတည်ရှိနေတဲ့ Chemical(ခေါ်) ဓာတ်ဆားဓာတ်တွေပဲဖြစ်ပါတယ်။ဒီဓာတ်တွေက ခန္ဓာကိုယ်ရဲ့ ပုံမှန်လုပ်ငန်းစဉ်တွေ၊အရေးပါတဲ့လုပ်ငန်းစဉ်တွေဆောင်ရွက်နိုင်ဖို့ ထောက်ပံ့ပေးပါတယ်။အာရုံကြောတွေ၊ကြွက်သားတွေ ကောင်းမွန်စွာလှုပ်ရှားနိုင်ဖို့၊ရေဓာတ်ပြည့်ဝနေဖို့ Electrolytes ကမရှိမဖြစ်ပါပဲ။
Electrolytes ထဲမှာဆိုရင် ကယ်လ်ဆီယမ်ဓာတ်၊ဖော့စဖိတ်ဓာတ်၊ပိုတက်ဆီယမ်ဓာတ်၊ကလိုရိုက်ဓာတ်၊ပိုတက်ဆီယမ်ဓာတ်တို့ပါဝင်ပြီး ကိုယ်ခန္ဓာကျန်းမာနေဖို့ဆိုရင် သင့်တင့်မျှတတဲ့ Electrolytes ပမာဏရှိနေဖို့ လိုအပ်ပါတယ်။
တကယ်လို့ ကိုယ်ခန္ဓာက ဆုံးရှုံးသွားတဲ့ ရေဓာတ်တွေ၊ဓာတ်ဆားဓာတ်တွေကို ပြန်လည်ပြည့်ဝအောင် မဖြည့်နိုင်ဘူးဆိုရင် (ဒါမှမဟုတ်) ဆေးဝါးတွေ၊ရေသောက်များတာတွေကြောင့် Electrolytes တွေများနေမယ်ဆိုရင် ဓာတ်ဆားဓာတ်မမျှတမှုတွေ ဖြစ်လာနိုင်ပါတယ်။
ဓာတ်ဆားမမျှတမှုတွေဖြစ်လာပြီဆိုရင်တော့ -
🔶အိပ်မပျော်တာ
🔶ခေါင်းကိုက်တာ၊ခေါင်းမူးတာ
🔶အော့အန်တာ၊ မအီမသာဖြစ်တာ
🔶အာရုံစူးစိုက်နိုင်စွမ်း၊မှတ်မိနိုင်စွမ်းကျသွားတာ
🔶ကြွက်တက်တာ
🔶ဝမ်းလျှောတာ
🔶နှလုံးခုန်မမှန်တာစတာတွေကိုခံစားရနိုင်ပါတယ်။
ဒီထက်ပိုပြင်းထန်လာရင်တော့ ကိုမာဝင်တာ၊တက်တာစတာတွေဖြစ်လာနိုင်တာကြောင့် သွေးတွင်းသက်စောင့်ဓာတ်(Electrolyte) ကိုစစ်ဆေးပေးသင့်ပါတယ်။
တကယ်လို့ ဓာတ်ဆားမမျှတမှုဖြစ်နေပြီဆိုရင်တော့ ဓာတ်ဆားရည်များများသောက်သုံးသင့်ပြီး နီးစပ်ရာဆေးခန်းကို သွားရောက်ပြသဖို့ အကြံပေးလိုက်ပါရစေနော်။
#vaa
#electrolyte
Comments
Post a Comment