Skip to main content

သွေးတိုးရောဂါရှင်များအတွက် ကုသမှု့တွေက ဘာတွေလဲ?

 🔆 သွေးတိုးရောဂါများအတွက်ကုသမှုက ဘာတွေလဲ?🔆

ကုသမှုရဲ့ အဓိက ရည်ရွယ်ချက်တွေကတော့သင့်သွေးဖိအားကို 140/90 mmHg အောက်မှာ ထားဖို့ ဖြစ်ပါတယ်။ သင့်မှာ ဆီးချိုရောဂါ ဒါမှမဟုတ် နာတာရှည်ကျောက်ကပ်ရောဂါရှိပါက သင့်သွေးဖိအားကို 130/80 mmHg အောက်မှာ ထားဖို့ ပိုလိုပါတယ်။


📌 လူနေမှုပုံစံပြောင်းလဲမှု📌

သွေးတိုးရောဂါအတွက်ကုသမှုတွေက လူနေမှုပုံစံ ပြောင်းလဲနေတာကနေ ဆေးဝါးများ အသုံးပြုတဲ့အထိ ကွဲပြားခြားနားပါတယ်။ သင့်ရဲ့ သွေးဖိအားတိုးတာက အရမ်းမပြင်းထန်လျှင် သင့်ဆရာဝန်က ပထမဆုံး လူနေမှုပုံစံပြောင်းလဲဖို့ ညွှန်ကြားပါလိမ့်မယ်။


သင့်ရဲ့သွေးပေါင်ချိန်က ထိန်းချုပ်မှုအောက်မှာ ရှိနေပြီဆိုတာနဲ့  ဆေးသောက်ဖို့လိုအပ်ပါလိမ့်မယ်။ “ထိန်းချုပ်မှုအောက်မှာရှိနေတယ်” ဆိုတာက သင့်သွေးဖိအားနံပါတ်များက ပုံမှန် ပမာဏအတွင်းမှာရှိနေတယ်လို့ ဆိုလိုတာဖြစ်ပါတယ်။ သင့်ဆရာဝန်က အချိန်မှန် သွေးဖိအားစမ်းသပ်မှုလုပ်ဖို့ အကြံပြုမှာဖြစ်ပြီး ဘယ်နှစ်ခါတိုင်းရမယ်ဆိုတာ ပြောပြမှာဖြစ်ပါတယ်။


 📌ဆေးဝါးများ📌

အပေါ်ကနည်းနဲ့အလုပ်မဖြစ်တာ သို့မဟုတ် သင့်မှာ ပိုဆိုးတဲ့ သွေးဖိအားရောဂါဖြစ်နေတယ်ဆိုရင် သင့်ဆရာဝန်က ဆေးဝါးနဲ့ကုသဖို့ ညွှန်ကြားပါလိမ့်မယ်။ သွေးတိုးရောဂါကို ကူညီပေးနိုင်တဲ့ဆေးတွေကတော့ –


 💊Water Pill အဖြစ်လူသိများတဲ့ ဆီးဆေးတွေကတော့ ရေနဲ့ ဆားကို စွန့်ထုတ်စေခြင်းဖြင့် ​သွေးဖိအားကျစေကာ သွေးပေါင်ချိန်ကိုလျော့နည်းစေပါတယ်။


 💊Beta blockers တွေက နှလုံးပေါ်သက်ရောက်တဲ့အားပမာဏ လျှော့ချပေးတာတွေ သွေးကြောကျယ်ပေးတာတွေ နဲ့ အလုပ်လုပ်ပါတယ်။


 💊Calcium channel blockers တွေက သွေးကြောတွေ ဖြေလျော့စေပြီး နှလုံးခုန်နှုန်း နှေးစေနိုင်ပါတယ်။


 💊Angiotensin-converting enzymes inhibitor (ACE )သွေးကြောကျဉ်းအောင်လုပ်ပေးတဲ့ အင်ဇိုင်းတွေ ဖွဲ့စည်းခြင်းကို ပိတ်ဆို့ထားပြီး သွေးကြောတွေ ကျယ်စေပါတယ်။


 💊Angiotensin II receptor blockers (ARBs) သည်လည်း သွေးကြောကျဉ်းအောင်လုပ်ပေးတဲ့ အင်ဇိုင်းတွေ ဖွဲ့စည်းခြင်းကို ပိတ်ဆို့ထားပြီး သွေးကြောတွေ ကျယ်စေပါတယ်။


💊 Renin inhibitor တွေက ကျောက်ကပ်ကနေထုတ်လုပ်တဲ့ သွေးဖိအားမြှင့်ပေးတဲ့ renin ဆိုတဲ့ enzyme ထုတ်လုပ်မှုကို နှေးကွေးစေပါတယ်။


💊 Vasodilators တွေက သွေးကြောတွေအပေါ်တိုက်ရိုက်သက်ရောက်ပြီး ကျယ်စေကာ သွေးကြောနံရံကို တွန်းစေတဲ့ ပမာဏကို လျှော့ချခြင်းဖြင့် အလုပ်လုပ်ပါတယ်။


သင့်ဆရာဝန်က သင့်တိုးတက်မှုကို စောင့်ကြည့်ပြီး ဆေးပမာဏပြောင်းခြင်း သို့မဟုတ် ဆေးထပ်တိုးခြင်း စတာတွေလုပ်ဆောင်ပြီး သင်နဲ့ သင့်တော်မှုရှိတဲ့ ဆေးကို သိအောင်လုပ်ပါလိမ့်မယ်။ ဘယ်ကုသမှုက သင်နဲ့ အသင့်တော်ဆုံးဆိုတာသိရဖို့ ဆရာဝန်နဲ့ တိုင်ပင်ပါ။


အရေးပေါ်ကုသမှု💉💉💉

သင် သွေးတိုးရောဂါဖောက်လာပြီဆိုရင် အရေးပေါ်ခန်းသို့မဟုတ်အထူးကြပ်မတ်ဆောင်မှာ ကုသမှုခံယူဖို့လိုအပ်ပါလိမ့်မယ်။ သင့် နှလုံးနှင့်သွေးကြောတွေကို စောင့်ကြည့်သွားမှာ ဖြစ်ပြီး အောက်စီဂျင်ပေးတာ ဆေးပေးတာတွေနဲ့ သင့်သွေးပေါင်ချိန်ကို ​ဘေးကင်းတဲ့ ပမာဏရောက်အောင် ချထားပါလိမ့်မယ်။

Comments

Popular posts from this blog

Otomycosis ( နားမှိုစွဲခြင်းရောဂါ )

 Otomycosis ( နားမှိုစွဲခြင်းရောဂါ )      🙋  အားလုံးပဲ   မင်္ဂလာပါ 🙋 VAA ရဲ့စာဖတ်ပရိတ်သတ်တွေအတွက်အခုတစ်ခါမှာတော့ ပရိတ်သတ်တွေရဲ့တောင်းဆိုချက်အရ နားမှိုစွဲခြင်းရောဂါ နဲ့ပတ်သက်ပြီး ဖော်ပြပေးမှာဖြစ်ပါတယ် ။  နားမှိုစွဲခြင်းရောဂါ နဲ့ပတ်သက်ပြီး ဖြစ်ရတဲ့အကြောင်းရင်းတွေ ၊ လက္ခဏာတွေ ၊ ဘယ်လိုဆေးဝါးတွေကို အသုံးပြုနိုင်မလဲ ၊ ဆောင်ရန် ၊ ရှောင်ရန် ၊နောက်ဆက်တွဲ ပြဿနာတွေ နှင့် ကာကွယ်နည်းများကို ပြည့်ပြည့်စုံစုံ တင်ဆက်ပေးလိုက်ပါတယ် ။ နားမှိုစွဲရောဂါ ကို ဆေးပညာအရ Otomycosis လို့ ခေါ်ပါတယ်။ မြန်မာနိုင်ငံလိုမျိုး ပူနွေးစိုစွတ်တဲ့ နိုင်ငံတွေမှာ အတွေ့ရများပါတယ်။ နွေရာသီလို ပူပြင်းတဲ့အချိန်မှာ ပိုဖြစ်တတ်ပါတယ်။ နားမှိုစွဲရောဂါက များသောအားဖြင့် နားအပြင်ပိုင်းမှာ ဖြစ်တာ များပါတယ်။ နားအလယ်ပိုင်းမှာ ဖြစ်တာလည်း ရှိပါတယ်။ တစ်ဖက်တည်း ဖြစ်တာများပါတယ်။ 🔴 နားမှိုစွဲရောဂါ ဖြစ်ရတဲ့ အကြောင်းရင်း နားမှိုစွဲရောဂါက နာမည်အတိုင်းပဲ မှိုပိုးကြောင့် ဖြစ်တာပါ ။ မှိုပိုးတွေ အများကြီးရှိတဲ့အထဲကမှ နားမှိုစွဲစေတဲ့ ပိုးတွေကတော့ Candida နဲ့ Aspergillus လို့ခေါ်တဲ့ မှို နှစ်မျိုးပဲ ဖြစ်ပါတယ် ။ အဲ...

Circulation of Blood

 Circulation Of Blood           မင်္ဂလာပါ VAA Facebook  Page  မှ ပရိတ်သတ်ကြီးများခင်ဗျာ   အခု​ဖော်ပြပေးမယ့် အကြောင်းအရာလေးကတော့ ခန္ဓာကိုယ်အတွင်းမှာလှည့်ပတ်နေတဲ့ သွေးအကြောင်းပဲဖြစ်ပါတယ် ။ သွေးထဲမှာဆိုရင် သွေးရည်ကြည်၊သွေးနီဥ ၊ သွေးဖြူဥ ၊ သွေးဥမွှားတွေပါရှိပြီး သူတို့လေးတွေကရော ဘာလုပ်ငန်းတွေလုပ်ဆောင်တာလဲ?  ဒါ့အပြင် နှလုံးရဲ့ လုပ်ငန်းဆောင်တာတွေ ၊ သွေးလွှတ်ကြော ၊ သွေးပြန်ကြောတွေကရော ဘာတွေလဲ? စသဖြင့် ဗဟုသုတ ရစေရန် ရည်ရွယ်၍ တင်ဆက်ပေးလိုက်ပါသည်။  ခန္ဓာကိုယ်တွင်း သွေးလှည့်ပတ်သွားလာခြင်း  ( Circulation of Blood )  ခန္ဓာကိုယ် သွေးလှည့်ပတ်ခြင်းစနစ်တွင်        (၁) သွေး       (၂) နှလုံး နှင့်       (၃) သွေးကြောများ စသည်တို့ ပါဝင်ပါသည် ။ (၁)   သွေးအကြောင်း          သွေးသည် သွေးကြောများ အတွင်းတွင် အရည်အဖြစ် လှည့်ပတ်လျက်ရှိသည် ။ ခန္ဓာကိုယ် အသက်ရှင်ရန်အတွက် အရေးကြီးသည် ။ သွေးသည် အသက် ဖြစ်သည် ။ မည်သည့်နေရာမှမဆို သွေးယိုထွက်ခြင်း လွန်ကဲပါက အသက်ဆုံးရှုံးန...

ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်ဖြစ်တတ်သူတိုင်း သတိထားသင့်တဲ့ အချက်များ

  နှစ်တစ်နှစ်တာရဲ့ အချိန်တစ်ခုကို ရောက်လာပြီဆိုရင် နှာချေတာ ၊ ချောင်းဆိုးတာ ၊ နှာရည်ယိုတာတွေကို ခံစားရပြီဆိုရင် သေချာတာက ရာသီအကူးအပြောင်းကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှုကို ခံစားနေရတာပါ ။ ရာသီဥတုကြောင့် ဓာတ်မတည့်မှု ခံစားရသူတွေဟာ ဆောင်းဦးကာလ နွေဦးကာလတွေကို ရောက်လာပြီဆိုရင် လေထုထဲမှာ ဝတ်မှုန်တွေ မှိုတွေ များလာတာကြောင့် ဓာတ်မတည့်မှုကို ခံစားရပါတယ် ။ ဒီလိုမျိုး ရာသီအပြောင်းအလဲမှာ ဖြစ်တတ်တဲ့ ဓာတ်မတည့်မှု ခံစားရနိုင်ခြေကို မခံစားချင်ဘူးဆိုတဲ့ သူလေးတွေ ရှိပါသလား ။  ဒါဆိုရင်တော့ ဒီဆောင်းပါးလေးထဲမှာ ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်ဖြစ်တတ်သူတိုင်း သတိထားသင့်တဲ့ အချက်တွေ ပြောပြပေးမှာမို့ အတူတူ ဖတ်ကြည့်လိုက်ရအောင်နော် ။ 🔴 ရာသီဥတုကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှု ဆိုတာ - ရာသီအကူးအပြောင်း ဖြစ်ချိန်မှာ သစ်ပင်တွေကနေ ကျတဲ့ ဝတ်မှုန်တွေ ၊ မြက်တွေကနေ ထွက်တဲ့ ဝတ်မှုန်တွေကြောင့် ဓာတ်မတည့်မှုကို ခံစားရနိုင်ပါတယ် ။ ဒါကြောင့် ပန်းတွေ ပွင့်တတ်တဲ့ နွေဦး နဲ့ ဆောင်းဦးကာလတွေမှာ ရာသီဥတုကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှုတွေကို ခံစားရနိုင်ပါတယ် ။ 🔴 ဘယ်အချက်တွေက ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်တာကို ဖြစ်စေနိုင်တာလဲ ရာသီအပြောင်းအလဲမှ...