Skip to main content

သွေးတိုးရောဂါဆိုတာဘာလဲ

 သွေးတိုးရောဂါဆိုတာ ဘာလဲ?


Hypertension ဆိုတာကို သွေးတိုးတယ်လို့ လူသိများပါတယ်။ သွေးပမာဏမြင့်မားပြီး သွေးလွှတ်ကြောနံရံတွေကို ဆန့်ကျင်တွန်းကန်လာတဲ့အခါဖြစ်ပေါ်တဲ့ အခြေအနေဖြစ်ပါတယ်။ နှလုံးကနေ သွေးလွှတ်ကြောသို့ သွေး ညှစ်ထုတ်လိုက်တာနဲ့ သွေးစီးဆင်းမှုက သင့်ရဲ့သွေးကြောနံရံတွေကို တွန်းတဲ့အခါ သွေးဖိအားအဆက်မပြတ်ပြောင်းလဲစေပါတယ်။ ဒီလို သွေးဖိအားမြင့်တက်ခြင်းက အချိန်ကြာမြင့်စွာဖြစ်နေမယ်ဆိုရင်တော့ သင့်ခန္ဓာကိုယ်မှာ အန္တရာယ်ဖြစ်နိုင်ပါတယ်။


သွေးတိုးရောဂါ အမျိုးအစားများစွာရှိပါတယ်။ ဒါပေမယ့် အဓိကအမျိုးအစားများကတော့ :


✳️Primary hypertension,(essential hypertension , idiopathic hypertension) လို့လည်းသိထားကြပါတယ်


✳️Secondary hypertension (အောက်ပါအကြောင်းရင်းတစ်ခုခုကြောင့်ဖြစ်တာဖြစ်ပါတယ်။)


Isolated systolic hypertension


Preeclampsia (ကိုယ်ဝန်ဆောင်ကာလ သွေးတိုးခြင်း) စတာတွေကြောင့် ဖြစ်ပါတယ်။


သင် သို့မဟုတ် သင် အလေးထားတဲ့သူမှာ သွေးတိုးရောဂါရှိလျှင် ဆေးဘက်ဆိုင်ရာ ကုသမှုခံယူခြင်းက အရေးကြီးပါတယ်။


သင့်ရဲ့သွေးပေါင်ချိန်မှာ‌ တွေ့ရတဲ့ ဂဏန်းများက ဘယ်လိုအဓိပ္ပါယ်လဲ?


သင့်ရဲ့သွေးပေါင်ချိန်မှာ ဂဏန်း၂ မျိုး ပါဝင်ပါတယ်။ သင့်ခန္ဓာကိုယ်မှာ လည်ပတ်နေတဲ့ သွေးကြိမ်နှုန်းကို တိုင်းတာတာဖြစ်ပါတယ်။


– Systolic (အပေါ်မှာတွေ့ရတဲ့ နံပါတ်၊ အပေါ်သွေး) ကတော့ပိုများတဲ့ပမာဏတစ်ခုပါ။ နှလုံးခုန်တဲ့အခါ သွေးကြောထဲမှာဖြစ်သွားတဲ့ ဖိအားကို တန်ဖိုးကိုတိုင်းတာတာပါ။ ဒါဟာ နှလုံးကြွက်သားကျုံ့ညှစ်တဲ့အချိန်မှာ ဖြစ်လာပါတယ်။


– Diastolic (အောက်မှာ ပေါ်နေတဲ့နံပါတ်၊ အောက်သွေး) ကတော့ ပိုနည်းတဲ့ပမဏဖြစ်ပြီး နှလုံးခုန်သံ တစ်ချက်နဲ့တစ်ချက်ကြားထဲက သွေးကြောထဲမှာဖြစ်သွားတဲ့ ဖိအားကို တိုင်းတာခြင်း ဖြစ်ပါတယ်။ ဒီအချိန်ဟာ နှလုံးက ခဏနားနေပြီး သွေးပြန်ဖြည့်နေတဲ့အချိန်ဖြစ်ပါတယ်။


❇️ပြင်းထန်မှုပေါ်မူတည်ပြီး သွေးတိုးခြင်းကို အောက်ပါအတိုင်း ခွဲခြားနိုင်ပါတယ်။


🔸Prehypertension: 120/80 mmHg or higher


🔸Stage (1) high blood pressure: 140/90 mmHg or higher


🔸Stage (2) high blood pressure: 160/100 mmHg or higher


🔸Hypertensive crisis (a life-threatening condition): 180/110 mmHg or higher


American Heart Association ၏အဆိုအရ 120/80 mmHg နဲ့ 90/60 mmHg ကြား ပမာဏကို သွေးပေါင်ချိန်ပုံမှန် ဖြစ်တယ်လို့ မှတ်ယူပါတယ်။ တစ်ခါလေးတိုင်းရုံနဲ့ သွေးတိုးရှိတယ်လို့ မှတ်လို့မရပါ။

(15) မိနစ်အကြာမှာတစ်ခါ ထပ်တိုင်းပြီးမှ သွေးတိုးနေပြီလို့ သတ်မှတ်ရမှာပါ။


သင့်ရဲ့သွေးပေါင်ချိန်ဟာ တသမတ်တည်း 140/90 mmHg အထက်ရောက်နေရင်တော့ သွေးတိုးရောဂါ ဖြစ်နေပြီလို့ ဆိုနိုင်ပါသည်။ 


ဒါဟာ သင့်သွေးတွေက ဖိအားပိုမြင့်နေပြီး သွေးကြောတွေရော ကိုယ်တွင်းအင်္ဂါ‌တွေ အပေါ်ပိုပြီးဖိအားပေး ထိခိုက်နေပြီလို့ ဆိုလိုပါတယ်။


✳️ဘယ်လိုအချက်တွေကြောင့် စိုးရိမ်ပူပန်သင့်ပါသလဲ?


သွေးတိုးရောဂါဟာ အန္တရာယ်ရှိတယ်လို့ မခံစားရပေမဲ့ နှလုံးသွေးကြောဆိုင်ရာရောဂါ၊ နှလုံးရပ်ခြင်း၊ လေဖြတ်ခြင်းနှင့် ကျောက်ကပ်ပျက်ခြင်း စတဲ့ အခြေအနေများ ဖြစ်ပေါ်စေနိုင်ပါတယ်။


 သွေးတိုးဝေဒနာရှင်လူအများစုဟာ ရောဂါလက္ခဏာမပြပဲရှိတတ်ပါတယ်။ ဒါကြောင့် သွေးတိုးရောဂါကို  "အသံတိတ်လူသတ်သမား" လို့ခေါ်ဆိုတာ ဖြစ်ပါတယ်။


✳️သွေးတိုးရောဂါဖြစ်စေတဲ့ အကြောင်းတရားများက ဘာတွေလဲ?


သွေးတိုးဖြစ်စေတဲ့ အကြောင်းရင်းက တိကျသေချာစွာ မရှိပေမယ့် ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူတွေက သွေးတိုးစေနိုင်သောအချက်များကို ဖော်ထုတ်ထားပါတယ်။


သွေးတိုးတွင် primary hypertension နဲ့ 

 secondary hypertension ဆိုပြီး ၂မျိုးရှိပါတယ်။


Primary hypertension (Essential hypertension) လို့လည်း လူသိကြပါတယ်။ အဖြစ်အများဆုံးအမျိုးအစားဖြစ်ပါတယ်။ နောက်ခံအကြောင်းရင်းလည်းမရှိတဲ့ရောဂါ ဖြစ်ပါတယ်။ လေ့လာချက်များအရ မျိုးရိုးဗီဇ၊  အသက်နှင့်မျိုးနွယ် စတာတွေနဲ့ ပတ်သက်လိမ့်မယ်လို့ တွေးထားကြပါတယ်။ 


သွေးတိုးဖြစ်စေသည့် အခြားအချက်များမှာ  

🏃ကိုယ်လက်လှုပ်ရှားမှုမရှိခြင်း၊

👶အဝလွန်ခြင်း၊

🚭ဆေးလိပ်သောက်ခြင်း၊

🧂နေ့စဉ် အစားအသောက်ထဲတွင် ဆားများများ စားသုံးမှု

🥂အရက်သောက်ခြင်း စသည်တို့လည်း ပါဝင်ပါတယ်။


Secondary hypertension ကိုဖြစ်စေတဲ့ အချက်တွေမှာ -

🛌အိပ်ပျော်စဉ်အသက်ရှူကျပ်ခြင်း၊ 

🔸ကျောက်ကပ်ရောဂါ

❤️နှလုံးရောဂါအခြေအနေများနှင့် 

🔸ထိခိုက်ဒဏ်ရာများ သို့မဟုတ် 

🔸adrenal gland မူမမှန်ဖြစ်ခြင်း စတာတွေပါဝင်ပါတယ်။

ဤအခြေအနေများ‌ကြောင့် သွေးပေါင်ချိန်တက်စေနိုင်ပြီး သွေးတိုးရောဂါဖြစ်စေနိုင်ပါတယ်။


တချို့သော ဆေးတွေ ဥပမာ အီစရိုဂျင်ပါဝင်တဲ့ ကိုယ်ဝန်တားဆေးများ၊ steroids နှင့် သွေးကြောကျဉ်းစေတဲ့ ဆေးတွေက သွေးပေါင်တက်စေပါတယ်။


တချို့အမျိုးသမီးတွေမှာတော့ ကိုယ်ဝန်ရှိတာ သို့မဟုတ် ဟော်မုန်းကုထုံးတွေက သွေးဖိအားကို တိုးစေပါတယ်။ ပုံမှန်အားဖြင့် ဆေးကုသမှုခံယူပြီးရင် ပုံမှန်ပြန်ဖြစ်လာပါလိမ့်မယ်။ ဒီကုသမှုက ရက်သတ္တပတ်အတော်ကြာမှာဖြစ်ပြီး သင့်ရဲ့သွေးပေါင်ချိန် ဆက်ပြီး မြင့်မားနေသေးတယ်ဆိုရင် သင့်ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်သင့်ပါတယ်။


#vaavhcaalumniassociation

#hypertension

#medicalknowledge

#သွေးတိုး

#ကျန်းမာရေး

Comments

Popular posts from this blog

Otomycosis ( နားမှိုစွဲခြင်းရောဂါ )

 Otomycosis ( နားမှိုစွဲခြင်းရောဂါ )      🙋  အားလုံးပဲ   မင်္ဂလာပါ 🙋 VAA ရဲ့စာဖတ်ပရိတ်သတ်တွေအတွက်အခုတစ်ခါမှာတော့ ပရိတ်သတ်တွေရဲ့တောင်းဆိုချက်အရ နားမှိုစွဲခြင်းရောဂါ နဲ့ပတ်သက်ပြီး ဖော်ပြပေးမှာဖြစ်ပါတယ် ။  နားမှိုစွဲခြင်းရောဂါ နဲ့ပတ်သက်ပြီး ဖြစ်ရတဲ့အကြောင်းရင်းတွေ ၊ လက္ခဏာတွေ ၊ ဘယ်လိုဆေးဝါးတွေကို အသုံးပြုနိုင်မလဲ ၊ ဆောင်ရန် ၊ ရှောင်ရန် ၊နောက်ဆက်တွဲ ပြဿနာတွေ နှင့် ကာကွယ်နည်းများကို ပြည့်ပြည့်စုံစုံ တင်ဆက်ပေးလိုက်ပါတယ် ။ နားမှိုစွဲရောဂါ ကို ဆေးပညာအရ Otomycosis လို့ ခေါ်ပါတယ်။ မြန်မာနိုင်ငံလိုမျိုး ပူနွေးစိုစွတ်တဲ့ နိုင်ငံတွေမှာ အတွေ့ရများပါတယ်။ နွေရာသီလို ပူပြင်းတဲ့အချိန်မှာ ပိုဖြစ်တတ်ပါတယ်။ နားမှိုစွဲရောဂါက များသောအားဖြင့် နားအပြင်ပိုင်းမှာ ဖြစ်တာ များပါတယ်။ နားအလယ်ပိုင်းမှာ ဖြစ်တာလည်း ရှိပါတယ်။ တစ်ဖက်တည်း ဖြစ်တာများပါတယ်။ 🔴 နားမှိုစွဲရောဂါ ဖြစ်ရတဲ့ အကြောင်းရင်း နားမှိုစွဲရောဂါက နာမည်အတိုင်းပဲ မှိုပိုးကြောင့် ဖြစ်တာပါ ။ မှိုပိုးတွေ အများကြီးရှိတဲ့အထဲကမှ နားမှိုစွဲစေတဲ့ ပိုးတွေကတော့ Candida နဲ့ Aspergillus လို့ခေါ်တဲ့ မှို နှစ်မျိုးပဲ ဖြစ်ပါတယ် ။ အဲ...

Circulation of Blood

 Circulation Of Blood           မင်္ဂလာပါ VAA Facebook  Page  မှ ပရိတ်သတ်ကြီးများခင်ဗျာ   အခု​ဖော်ပြပေးမယ့် အကြောင်းအရာလေးကတော့ ခန္ဓာကိုယ်အတွင်းမှာလှည့်ပတ်နေတဲ့ သွေးအကြောင်းပဲဖြစ်ပါတယ် ။ သွေးထဲမှာဆိုရင် သွေးရည်ကြည်၊သွေးနီဥ ၊ သွေးဖြူဥ ၊ သွေးဥမွှားတွေပါရှိပြီး သူတို့လေးတွေကရော ဘာလုပ်ငန်းတွေလုပ်ဆောင်တာလဲ?  ဒါ့အပြင် နှလုံးရဲ့ လုပ်ငန်းဆောင်တာတွေ ၊ သွေးလွှတ်ကြော ၊ သွေးပြန်ကြောတွေကရော ဘာတွေလဲ? စသဖြင့် ဗဟုသုတ ရစေရန် ရည်ရွယ်၍ တင်ဆက်ပေးလိုက်ပါသည်။  ခန္ဓာကိုယ်တွင်း သွေးလှည့်ပတ်သွားလာခြင်း  ( Circulation of Blood )  ခန္ဓာကိုယ် သွေးလှည့်ပတ်ခြင်းစနစ်တွင်        (၁) သွေး       (၂) နှလုံး နှင့်       (၃) သွေးကြောများ စသည်တို့ ပါဝင်ပါသည် ။ (၁)   သွေးအကြောင်း          သွေးသည် သွေးကြောများ အတွင်းတွင် အရည်အဖြစ် လှည့်ပတ်လျက်ရှိသည် ။ ခန္ဓာကိုယ် အသက်ရှင်ရန်အတွက် အရေးကြီးသည် ။ သွေးသည် အသက် ဖြစ်သည် ။ မည်သည့်နေရာမှမဆို သွေးယိုထွက်ခြင်း လွန်ကဲပါက အသက်ဆုံးရှုံးန...

ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်ဖြစ်တတ်သူတိုင်း သတိထားသင့်တဲ့ အချက်များ

  နှစ်တစ်နှစ်တာရဲ့ အချိန်တစ်ခုကို ရောက်လာပြီဆိုရင် နှာချေတာ ၊ ချောင်းဆိုးတာ ၊ နှာရည်ယိုတာတွေကို ခံစားရပြီဆိုရင် သေချာတာက ရာသီအကူးအပြောင်းကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှုကို ခံစားနေရတာပါ ။ ရာသီဥတုကြောင့် ဓာတ်မတည့်မှု ခံစားရသူတွေဟာ ဆောင်းဦးကာလ နွေဦးကာလတွေကို ရောက်လာပြီဆိုရင် လေထုထဲမှာ ဝတ်မှုန်တွေ မှိုတွေ များလာတာကြောင့် ဓာတ်မတည့်မှုကို ခံစားရပါတယ် ။ ဒီလိုမျိုး ရာသီအပြောင်းအလဲမှာ ဖြစ်တတ်တဲ့ ဓာတ်မတည့်မှု ခံစားရနိုင်ခြေကို မခံစားချင်ဘူးဆိုတဲ့ သူလေးတွေ ရှိပါသလား ။  ဒါဆိုရင်တော့ ဒီဆောင်းပါးလေးထဲမှာ ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်ဖြစ်တတ်သူတိုင်း သတိထားသင့်တဲ့ အချက်တွေ ပြောပြပေးမှာမို့ အတူတူ ဖတ်ကြည့်လိုက်ရအောင်နော် ။ 🔴 ရာသီဥတုကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှု ဆိုတာ - ရာသီအကူးအပြောင်း ဖြစ်ချိန်မှာ သစ်ပင်တွေကနေ ကျတဲ့ ဝတ်မှုန်တွေ ၊ မြက်တွေကနေ ထွက်တဲ့ ဝတ်မှုန်တွေကြောင့် ဓာတ်မတည့်မှုကို ခံစားရနိုင်ပါတယ် ။ ဒါကြောင့် ပန်းတွေ ပွင့်တတ်တဲ့ နွေဦး နဲ့ ဆောင်းဦးကာလတွေမှာ ရာသီဥတုကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှုတွေကို ခံစားရနိုင်ပါတယ် ။ 🔴 ဘယ်အချက်တွေက ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်တာကို ဖြစ်စေနိုင်တာလဲ ရာသီအပြောင်းအလဲမှ...