Skip to main content

Posts

Showing posts from August, 2023

ကော်ဖီစွဲလမ်းမှု ကို ဘယ်လိုဖျောက်မလဲ

 ☕ ကော်ဖီစွဲလမ်းမှု ကို ဘယ်လိုဖျောက်မလဲ မိုးအေးအေးလေးမှာ ကော်ဖီလေးသောက်လိုက်ရတာက တော်တော်လေးအရသာရှိပါတယ်နော်။ မနက်ခင်းမှာ ကော်ဖီမွှေးမွှေးလေးတစ်ခွက် သောက်လိုက်ရရင်ကို တစ်နေ့လုံး တက်တက်ကြွကြွ အလုပ်လုပ်နိုင်တယ်။ မနက်ခင်းကော်ဖီမသောက်ရရင် စိတ်တိုလာတယ်၊ ခေါင်းကိုက်လာတယ်ဆိုတာမျိုးတွေ ဖြစ်နေပြီလား။ ဒါဆိုရင်တော့ သင်ဟာကော်ဖီကို လိုတာထက်ပိုပြီး စွဲလမ်းနေပါပြီ။ ဒါက ကော်ဖီစွဲလမ်းမှု က ကြီးကြီးမားမား ကိစ္စမဟုတ်ပေမယ့် ကျန်းမာရေးကို ထိခိုက်လာနိုင်တဲ့ အခြေအနေဆိုရင်တော့ မွေးမထားတာကတော့ အကောင်းဆုံးဖြစ်မှာပါ။ ☕ ကော်ဖီက စွဲလမ်းစေတတ်လား ....... ကော်ဖီမှာပါတဲ့ ကဖင်းက စွဲလမ်းစေတတ်ပါတယ်။ တက်ကြွလန်းဆန်းစေနိုင်တဲ့ အာနိသင်ရှိတာကြောင့် မနက်ခင်းမှာ ကော်ဖီလေးသောက်တတ်ကြသလိုနေ့ခင်းနေ့လယ် ပျင်းတဲ့အခါမျိုး၊ အိပ်ငိုက်တဲ့အခါမျိုးမှာလည်း စိတ်လန်းသွားအောင်ဆိုပြီး ကော်ဖီကို သောက်တတ်ကြပါတယ်။ တစ်ရက်နှစ်ရက်က ပြဿနာမရှိပေမယ့် တစ်ပတ်ကနေ နှစ်ပတ်၊ နှစ်ပတ်ကနေ ၁ လလောက်ကြာလာတဲ့အခါ ကော်ဖီကို အချိန်ကျရင် မသောက်ရမနေနိုင် ဖြစ်လာပါတယ်။ ဒီအခြေအနေက ကော်ဖီစွဲလမ်းတဲ့အခြေအနေပါ။ ☕ ကော်ဖီစွဲလမ်းမှုကို ဘယ်လိုဖြေရှင်းမလဲ ………… ကော်ဖီကို စွဲနေတာက...

ကော်ဖီ၏ ကောင်းကျိုး ဆိုးကျိုး

 ကော်ဖီက ကောင်းတယ် ၊ မကောင်းဘူး ငြင်းနေတဲ့သူတွေ ဘယ်သူမှန်လဲ ???? ကော်ဖီဆိုတာ လူတိုင်းကြိုက်နှစ်သက်စွာ ၊ စွဲလမ်းစွာသောက်ကြတဲ့ သောက်စရာတစ်ခုပါ။ တချို့ တစ်နေ့ကို ကော်ဖီ တစ်ခွက်လောက်မှ မသောက်ရရင် တစ်ခုခုလိုနေသလိုမျိုး ကော်ဖီ စွဲနေကြတဲ့သူတွေရှိပါတယ်။ ကော်ဖီသောက်တာ ကျန်းမာရေးအတွက်ကောင်းတယ်၊ တစ်ချို့ကလည်း ကော်ဖီက ကျန်းမာရေးကိုထိခိုက်စေတယ်ဆိုပြီး အုပ်စု နှစ်ခြမ်းကွဲပြီး ငြင်းခုန်လာကြတာ ရာစုနှစ် တစ်ခုကိုချီနေပါပြီ။ ဒီအုပ်စုကြီးနှစ်ခုမှာ ဘယ်သူမှန်လဲ။ ဘယ်သူမှားလဲ။ ☕ ကော်ဖီရဲ့ ကောင်းကျိုး ဆိုးကျိုးတွေ  ကော်ဖီကကောင်းတယ်၊ ကော်ဖီက မကောင်းဘူးဆိုတဲ့ နှစ်ခြမ်းကွဲနေတဲ့ အုပ်စုနှစ်ခုမှာ အရမ်းကြီးမှန်တဲ့သူလည်း မရှိသလို လုံးဝ မှားနေတဲ့သူတွေ လည်း မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ ကော်ဖီသောက်တာဟာ ကျန်းမာရေးကို အထောက်အကူပြုသလို ကျန်းမာရေးကို လည်း ထိခိုက်စေပါတယ်။ ☕ ကော်ဖီသောက်ခြင်းရဲ့ ကောင်းကျိုးများ  ကော်ဖီမှာ ပါတဲ့ ကဖင်းဓာတ်က ဦးနှောက်မှာရှိတဲ့ မောပန်းစေတဲ့ အာရုံကြောအချက်ပြ စနစ်ကို ပိတ်လိုက်တာကြောင့် ကော်ဖီသောက်ရင် လန်းဆန်းတက်ကြွစေပြီး အားအင်ပြည့်ဝစေပါတယ်။ ကဖင်းဓာတ်ကြောင့်ဇီဝကမ္မဖြစ်စဉ် တွေလည်း မြန်လာ...

သတိလစ်ခြင်း

 သတိလစ်ခြင်း ( Unconscious )  သတိလစ်ခြင်းသည် အဆုတ်အတွင်းသို့ လေအပြည့်အဝမရ၍ အောက်ဆီဂျင် လုံလောက်စွာ မရရှိခြင်းကြောင့် ခန္ဓာကိုယ်အတွင်းရှိ ကလာပ်စည်းများသို့ မပေးပို့နိုင်၍ ဦးနှောက်၏ သာမန်လုပ်ငန်းစဥ်များ ယိုယွင်းသွားခြင်း ဖြစ်ပါသည်။  သတိလစ်သောလူနာအား အလျင်အမြန်ပြုစုခြင်း မပြုလုပ်နိုင်ပါက အခြေအနေ ပိုမိုဆိုးဝါးပြီး အသက်အန္တရာယ် ထိခိုက်နိုင်ပါသည်။ 💠 ဖြစ်စေသည့် အကြောင်းအရင်းများ 🔵 သတိလစ်ခြင်းကို ဖြစ်စေသည့် အကြောင်းအရင်းများမှာ -  🔹 ဦးခေါင်းဒဏ်ရာရရှိခြင်း  🔹 ခန္ဓာကိုယ်တွင် ပြင်းထန်စွာ ဒဏ်ရာရခြင်း 🔹 သွေးယိုစီးခြင်း ၊ အဆိပ်မိခြင်း 🔹 ဝက်ရူးပြန်ခြင်း ၊ ဆီးချိုရောဂါ ၊ နှလုံးရောဂါ 🔹 ကိုယ်အပူချိန် အလွန်မြင့်မား၍ တက်ခြင်း  🔹 ဦးနှောက်တွင်း သွေးယိုထွက်ခြင်း (သွေးတိုး) 🔹 ဦးနှောက်တွင်း အမြှေးပါးယောင်ခြင်း 🔹 ဦးနှောက်တွင်း အဖုအကြိတ်များ ဖြစ်ခြင်းတို့ကြောင့် ဖြစ်ပါသည်။ 💠 ပြုစုခြင်း  ၁။ လူနာ၏ တုန့်ပြန်မှုအဆင့်ကို အောက်ပါအတိုင်း ဆန်းစစ်ပြီး မှတ်သားပါ။ A = Alert နိုးကြားမှုရှိ/မရှိကို စစ်ဆေးပါ။ V = Response to Voice အသံဖြင့် ခေါ်ကြည့်ပါ။ P = Response to Pai...

လေဖြတ် ကာကွယ်ဆေး ထိုးကြမလား

 လေဖြတ် ကာကွယ်ဆေး ထိုးကြမလား လေဖြတ် ရောဂါကို ကာကွယ်ဆေးထိုးပြီး ကာကွယ်လို့ရတယ်ဆိုတာ ကြားဖူးပါသလား။ ပတ်ဝန်းကျင်မှာရော သူများတွေသွားထိုးတာကို မြင်ဖူးပါသလား။ သွေးတိုးရောဂါရှိနေတာ လေမဖြတ်အောင် ကာကွယ်ဆေးသွားထိုးပါလားလို့ အပြောခံရဘူးလား။ တကယ်ပဲ ကာကွယ်လို့ရတယ်လို့ထင်ပါသလား။ တစ်ခါတစ်ခါ သိန်းချီပေးပြီးထိုးနေရတဲ့ ဒီကာကွယ်ဆေးတွေက တကယ်ပဲ မကာကွယ်နိုင်ဘူးဆိုရင် ဘယ်လိုလုပ်မလဲ။ ဘယ်လိုပဲဖြစ်ဖြစ် အဖြစ်များတဲ့၊ အသက်အန္တရာယ်ရှိတဲ့ လေဖြတ် ရောဂါကို ကာကွယ်ချင်တာ လူတိုင်းရဲ့ ဆန္ဒပါ။ ဒါပေမယ့် တကယ့်ကာကွယ်နည်းက သပ်သပ်ရှိနေပါတယ်။ ဒါဘာလဲဆိုတာ ဆက်ကြည့်ရအောင်။ 💠 လေဖြတ် တယ်ဆိုတာဘာလဲ လေဖြတ် တယ်ဆိုတာ ဦးနှောက်ကို သွေးကောင်းကောင်းမရောက်လို့ ဦးနှောက်သားပုပ်သွားတာပါ။ သွေးကြောပေါက်လို့ ဖြစ်နိုင်သလို၊ သွေးခဲပိတ်လို့လည်း ဖြစ်နိုင်ပါတယ်။ အသက်အန္တရာယ်မထိခိုက်ရင်တောင်မှ အားလုံးသိတဲ့အတိုင်း လူက အကောင်းအတိုင်းပြန်ဖြစ်ဖို့ တော်တော်အချိန်ယူရမှာပါ။ 💠 ဘယ်သူတွေပိုဖြစ်နိုင်လဲ ▫ အဝလွန်တဲ့သူတွေ ▫ အရက်အလွန်အကျွံသောက်တဲ့သူတွေ ▫ ဆေးလိပ်သောက်တဲ့သူတွေ ▫ မူးယစ်ဆေးသုံးတဲ့သူတွေ ▫ သွေးတိုးတဲ့သူတွေ ▫ ကိုလက်စထရောများတဲ့သူတွေ ▫ ဆီးချိုရောဂါရှိ...

ယာယီလေဖြတ်ခြင်းအကြောင်း သိသားသင့်သမျှ

 ယာယီလေဖြတ်ခြင်း အကြောင်း သိထားသင့်သမျှ မပေါ့ဆသင့်တဲ့ ကျန်းမာရေးပြဿနာတွေထဲမှာ ယာယီလေဖြတ်ခြင်း (Transient Ischemic Attack) ဟာလည်း တစ်ခုအပါအဝင်ပါ။ ယာယီလေဖြတ်ခြင်းဟာ များသောအားဖြင့် လေဖြတ်တော့မယ်ဆိုတဲ့ နိမိတ်လက္ခဏာတစ်ခုဖြစ်ပြီး ဂရုမစိုက်ဘူးဆိုရင် သိပ်မကြာခင်ကာလမှာ လေဖြတ်ဝေဒနာခံစားရနိုင်ခြေ မြင့်မားလှပါတယ်။ ပုံမှန်အားဖြင့် Ministroke လို့လည်းခေါ်ဆိုကြတဲ့ ယာယီလေဖြတ်ခြင်း ဟာ လေဖြတ်ဝေဒနာနဲ့ လက္ခဏာအားလုံး တူညီနေတတ်ပါတယ်။ အဓိက ကွဲပြားချက်ကတော့ အချိန်ကာလဖြစ်ပြီးတော့ ယာယီလေဖြတ်တယ်ဆိုရင် အချိန်ကာလ အနည်းငယ်သာဖြစ်လေ့ဖြစ်ထရှိပါတယ်။ ယာယီလေဖြတ်တာဟာ မိနစ် အနည်းငယ်ကနေ နာရီပိုင်း၊ တစ်ခါတစ်ရံ ၂၄ နာရီဝန်းကျင်အထိ ကြာမြင့်တတ်ပါတယ်။ များသောအားဖြင့် ယာယီလေဖြတ်တာဖြစ်ပြီး ၄၈နာရီဝန်းကျင်မှာ လေဖြတ်ဝေဒနာကို ကြုံရတတ်ပါတယ်။ 🔴 ဘာကြောင့် ယာယီလေဖြတ်ခြင်း ဖြစ်ရတာလဲ ယာယီလေဖြတ်ခြင်းဟာ လေဖြတ်ဝေဒနာအမျိုးအစားတစ်မျိုးဖြစ်တဲ့ Ischemic Stroke နဲ့ မူလဇစ်မြစ်ခြင်းတူညီပါတယ်။ Ischemic Stroke ဖြစ်ရတဲ့အကြောင်းအရင်းက ဦးနှောက်ကို သွေးစီးဆင်းမှု နည်းပါးပြီး အောက်ဆီဂျင်လုံလောက်စွာမရရှိတာကြောင့် သွေးမရတော့တဲ့ အာရုံကြောက ထိန်းချုပ်ထားတဲ...

လက်ပြင်ကြောနာနေတာကို သက်သာစေသော နည်းလမ်းများ

 လက်ပြင်ကြောနာနေတာကို သက်သာစေဖို့အတွက် နည်းလမ်းကောင်းများ လက်ပြင်ကြောနာတာက အဖြစ်များတဲ့ အရိုးအကြောနာကျင်မှု တစ်ခုပါပဲ။ ဒီလိုနာကျင်တာက နေ့စဉ်ဘဝရဲ့ လှုပ်ရှားမှုတွေကို အတော်လေး ထိခိုက်စေနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ လက်ပြင်ကြောနာတာကို သက်သာစေဖို့ အထိရောက်ဆုံး နည်းလမ်းလေးတွေကို မျှဝေပေးချင်ပါတယ်။ ကဲ …. လက်ပြင်ကြောနာနေတာကို သက်သာစေဖို့အတွက် နည်းလမ်းကောင်းများကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ 🔴 လက်ပြင်ဆိုတာ ဘယ်နေရာမှာ ရှိတာလဲ လက်ပြင်ဆိုတာက ပခုံးအောက်ဖက်နားက တြိဂံပုံစံ အရိုးပြားပါ။ ဘယ်ဘက်မှာ တစ်ခု ညာဘက်မှာ တစ်ခု ရှိပါတယ်။ လက်တွေကို လှုပ်ရှားမှု ကောင်းကောင်း လုပ်ဆောင်နိုင်စေဖို့ ထောက်ကူပေးပါတယ်။ ဒီလို အရေးပါတဲ့ အစိတ်အပိုင်းကို ကြွက်သား အုပ်စု ၃ ခုနဲ့ ဖွဲ့စည်းထားပါတယ်။ ဘယ်အချက်တွေက လက်ပြင်ကြောနာစေတာလဲဆိုတာနဲ့ လက်ပြင်ကြောနာတာ သက်သာအောင် ဘယ်လိုနည်းလမ်းလေးတွေ လုပ်ဆောင်ပေးလို့ ရမလဲဆိုတာကို ပြောပြပေးသွားပါမယ်။ 🔴 ဘယ်လိုအချက်တွေက လက်ပြင်ကြော နာတာကို ဖြစ်စေတာလဲ ကြွက်သားမှာ ဒါမှမဟုတ် အရွတ်မှာ ထိခိုက်ဒဏ်ရာရတာက လက်ပြင်ကြော နာတာကို ဖြစ်စေတဲ့ အဓိက ကျတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုပါ။ ဒီအချက်တွေအပြင် - ♦ ...

အစိုးရိမ်လွန်ခြင်း

 အဖြစ်များတဲ့ အစိုးရိမ်လွန် ခြင်း ပြဿနာများ ကိုယ်မနှစ်သက်တာတစ်ခုခုနဲ့ တွေ့တဲ့အခါ စိတ်ထဲမှာ စိုးရိမ်တာ၊ ကြောက်လန့်တာ ဖြစ်တတ်ပါတယ်။ ဒါက ကမ္ဘာဦး အစတည်းက လူသားတွေရဲ့ ကိုယ်ထဲမှာ အသက်ရှင်ဖို့အတွက် ထည့်ပေးထားတဲ့ စွမ်းရည်တစ်ခုပါ။ ဥပမာ - ကျားနဲ့ တွေ့တဲ့အခါ ကြောက်စိတ်မဖြစ်ရင် ထွက်ပြေးဖို့ ကြိုးစားမှာ မဟုတ်ပါဘူး။ မနက်ဖြန်စာမေးပွဲရှိတာကို စိုးရိမ်စိတ်မဝင်ရင်လည်း စာကျက်မှာ မဟုတ်ပါဘူး။ ဒါကြောင့် စိုးရိမ်စိတ်၊ ကြောက်ရွံ့စိတ်ဆိုတာက ရှိသင့်ပါတယ်။ ဒါပေမယ့် ရှိသင့်တာထက် အစိုးရိမ်လွန် လာပြီဆိုရင်တော့ ဒါကရောဂါတစ်ခုဖြစ်သွားပါပြီ။ 🔴 အစိုးရိမ်လွန် နေပြီဆိုတာ ဘယ်လိုသိနိုင်မလဲ လူတိုင်း ကြောက်တတ်၊ စိုးရိမ်တတ်ပါတယ်။ ဒါက ပြဿနာ မဟုတ်ပါ။ ဒါပေမယ့် လိုတာထက် ပိုလာပြီဆိုရင်တော့ စိတ်ရောဂါလို့ သတ်မှတ်နိုင်ပါတယ်။ လိုတာထက်ပိုတယ်ဆိုတာက အခြေအနေတစ်ခုကို အလွန်အကျွံ တုံ့ပြန်တာ၊ ရုပ်ပိုင်းဆိုင်ရာ လက္ခဏာတွေဖြစ်တဲ့အထိ တုံ့ပြန်တာပဲ ဖြစ်ပါတယ်။ အင်တာဗျုးဖြေရမယ်ဆိုရင် လူတိုင်း စိတ်လှုပ်ရှားကြပါတယ်။ မဖြေခင်ဆို ရင်တုန်သလို၊ ချွေးစေးတွေ ထွက်ချင်သလို ဖြစ်လာပါတယ်။ ဒါပေမယ့် ဖြေပြီးသွားရင်တော့ ပုံမှန်ပဲ ဖြစ်သွားပါတယ်။ ဖြေပြီးသွားရင် စို...

ဓာတ်ဆားရည်တွေက ဝမ်းချုပ်စေတတ်သလား

 ဓာတ်ဆားရည်တွေက ဝမ်းချုပ်စေတတ်သလား ဝမ်းလျှောလို့ ဓာတ်ဆားရည်သောက်လိုက်တာ ခုတော့ ဝမ်းပိတ်ရုံတင်မကဘူး။ ဝမ်းပါချုပ်သွားပြီလို့ ပြောတာ ကြားဖူးမှာပါ။ ဝမ်းချုပ်တာကို ဓာတ်ချုပ်တယ်လို့လည်း ပြောကြတော့ ဓာတ်ဆားရည်တွေ သောက်လိုက်လို့ ဝမ်းချုပ်သွားတာများလားလို့ တွေးတတ်ကြပါတယ်။ တကယ်ပဲ ဓာတ်ဆားရည်တွေက ဝမ်းချုပ်စေတတ်သလား။ 🌀 ဓာတ်ဆားရည်တွေမှာ ဘာတွေပါဝင်သလဲ ဓာတ်ဆားရည်မှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဆားဓာတ်တွေ ဖြစ်တဲ့ ဆိုဒီယမ်၊ ပိုတက်ဆီယမ်၊ ကလိုရိုက်၊ ဂလူးကို့စ်၊ ရေ စတာတွေ ပါဝင်ပြီး ဒါတွေက နဂိုကလည်း ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ ဓာတ်တွေပဲ ဖြစ်ပါတယ်။ ဒီဓာတ်တွေက ဝမ်းချုပ်တာနဲ့ မသက်ဆိုင်ပါဘူး။ 🌀 ဓာတ်ဆားရည်တွေက ဝမ်းချုပ်စေတတ်သလား ဓာတ်ဆားရည်က ဝမ်းချုပ်စေဖို့ မပြောနဲ့။ ဝမ်းပိတ်စေတဲ့ အာနိသင်တောင် မရှိပါဘူး။ ဟုတ်ပါတယ်။ ဝမ်းလျှောတဲ့အခါ ဓာတ်ဆားရည်သောက်တာက ဆုံးရှုံးသွားတဲ့ ရေနဲ့ ဓာတ်ဆားဓာတ်ကို ဖြည့်ပေးတာပဲ ဖြစ်ပါတယ်။ ဝမ်းရပ်ဖို့ ဆိုတာက ကုသမှု တစ်ခုခု ခံယူလိုက်တာ ဒါမှမဟုတ် အူထဲက ပိုးတွေ ကုန်မှ ရပ်မှာပါ။ ပိုးတွေမကုန်ခင် ဓာတ်ဆားတွေ နည်းပြီး ရေဓာတ်ဆုံးရှုံးသွားရင် အန္တရာယ်ဖြစ်မှာဆိုးလို့ ဓာတ်ဆားရည်နဲ့ ထောက်ကူပေးထားတာ ဖြစ်ပါ...

လူငယ်တွေ ဦးနှောက်သွေးကြောပေါက် နိုင်သလား

 လူငယ်တွေ ဦးနှောက်သွေးကြောပေါက် နိုင်သလား အသက်လေး ငယ်ငယ်လေးနဲ့ လေဖြတ်သွားတယ်။ ဟိုကလေးမလေးပေါ့ ဟိုနေ့က ဦးနှောက်သွေးကြောပေါက် ပြီးဆုံးသွားတာ စသဖြင့် ပတ်ဝန်းကျင်မှာ ပြောတာကို ကြားဖူးပါသလား။ ကိုယ်က သွေးကြောပေါက်တာ၊ လေဖြတ်တာတွေက လူကြီးတွေနဲ့ပဲဆိုင်တယ်လို့ သိထားတာလေ။ ခုဘယ်လိုများ ဖြစ်ရတာပါလိမ့်။ 🔴 လူငယ်တွေ ဦးနှောက်သွေးကြောပေါက် နိုင်သလား လူငယ်တွေမှာ ဦးနှောက်သွေးကြောပေါက်စေတဲ့ အကြောင်းရင်းတွေထဲက တစ်ခုက သွေးကြောဖောင်း တာပါ။ ဆေးပညာအရ Brain Aneurysm လို့ခေါ်ပါတယ်။ သွေးကြောဖောင်းနေတာလေးက ဘယ်ရီသီးလေး တွဲလောင်းကျနေတာလေးနဲ့ တူလို့ Berry Aneurysm လို့လည်း ခေါ်ပါသေးတယ်။ 🏵 ဘာလို့ဖြစ်ရတာလဲ ဖြစ်ရတဲ့ အကြောင်းရင်းအတိအကျကိုတော့ မပြောနိုင်သေးပါဘူး။ ဒါပေမယ့် သွေးကြောနံရံတွေ အားပျော့ပြီး သွေးဖိအားဒဏ်ကို မခံနိုင်ဘဲ ဖောင်းလာတယ်၊ ပေါက်လာတယ်လို့တော့ အကြမ်းဖျင်းပြောနိုင်ပါတယ်။ ပြီးတော့ ဒီရောဂါက လူငယ်လူလတ်ပိုင်းတွေမှာ တွေ့ရများပါတယ်။ အမျိုးသမီးတွေမှာ ပိုဖြစ်ပါတယ်။ ဖြစ်တဲ့အကြောင်းရင်းကို အတိအကျမသိပေမယ့် ဒါတွေရှိရင်တော့ ပိုဖြစ်နိုင်ပါတယ်။ ♦ မွေးရာပါ connective tissue ရောဂါ : Ehlers-Danlos syndrome ဒီရောဂါမှာဆိ...

နှလုံးမကြီးအောင် ဘယ်လို ကာကွယ်ကြမလဲ

 နှလုံးမကြီးအောင် ဘယ်လို ကာကွယ်ကြမလဲ ! နှလုံးကြီးတယ်ဆိုတာက နှလုံးရဲ့ ကြွက်သားတွေ ထူလာတာကို ပြောတာပါ။ ရောဂါအကြောင်းရင်းခံကလည်း အမျိုးမျိုး ဖြစ်နိုင်ပါတယ်။ မျိုးရိုးလိုက်တာကြောင့် ‌နှလုံးကြီးတာ ဖြစ်နိုင်သလို တခြားရောဂါတစ်ခုခု‌ကြောင့်လည်း နောက်ဆက်တွဲ နှလုံးကြီးတာလည်း ဖြစ်နိုင်ပါတယ်။ နှလုံးကြီးတာက အခန့်မသင့်ရင် အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တာကြောင့် ကြိုတင်ကာကွယ်ထားနိုင်ရင် ပိုကောင်းပါတယ်။ အခုတစ်ခေါက်တော့ နှလုံးမကြီးအောင် ဘယ်လို ကာကွယ်ကြမလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ 🏵 ဘာတွေကများ နှလုံးကြီးစေတာလဲ ! နှလုံးကြီးစေတဲ့ အကြောင်းအရင်းတွေကတော့ တစ်ခုမကပါဘူး။ နှလုံးကြီးစေနိုင်တဲ့ အကြောင်းအရင်းတွေကတော့ - 🔸 သွေးတိုးတာ 🔸 နှလုံးသွေးကြောဆိုင်ရာ ရောဂါ 🔸 နှလုံးအစို့ရှင်ပြဿနာ 🔸 နှလုံးစွမ်းဆောင်ရည် ကျဆင်းတာ 🔸 အဆုတ်ဆီကို သွေးပို့တဲ့ သွေးကြောတွေထဲမှာ သွေးတိုးတာ 🔸 နှလုံးပိုးဝင်တာ 🔸 HIV ဗိုင်းရပ်စ် ကူးစက်ခံရတာ 🔸 သိုင်းရွိုက်ပြဿနာ 🔸 ကျောက်ကပ်ရောဂါ 🔸 အဝလွန်တာ 🔸 အသက်အရွယ် ကြီးရင့်လာတာ 🔸 မျိုးရိုးလိုက်တာ 🔸 ကိုယ်ဝန်ဆောင်ရတာ တွေပါ။ 🏵 လက္ခဏာတွေက ဘာတွေလဲ ! နှလုံးကြီးနေပြီဆိုရင် အခုလို လက္ခဏာတွေ ခံ...

ခေါင်းကိုက်ခြင်း

 မနက်ခင်းတိုင်း ခေါင်းကိုက်ပြီး နိုးထနေရပြီလား !  မနက်ခင်းတိုင်း ခေါင်းကိုက်ပြီး နိုးထနေရပြီလား။ မနက်ခင်းတိုင်းကို ခေါင်းကိုက်ရင်း နိုးထနေရပြီဆိုရင်တော့ တစ်ခုခုတော့ မှားယွင်းနေပြီလို့ ပြောချင်ပါတယ်။ မနက်ခင်းတိုင်းမှာ ဘာကြောင့် ခေါင်းကိုက်ရင်း နိုးထနေရတာလဲဆိုတာကို ဆောင်းပါးလေးထဲမှာ အတူတူ အဖြေရှာကြည့်လိုက်ရအောင်နော်။ 😍 🏵 မနက်ခင်းတိုင်း ခေါင်းကိုက်ပြီး နိုးထနေရပြီလား ဘာကြောင့်များ ဖြစ်မလဲ ? မနက်ခင်းတိုင်းမှာ ခေါင်းကိုက်တာကို ခံစားနေရသူက တော်တော်များများတော့ ရှိပါတယ်။ တကယ်ကတော့ မနက်ခင်းတိုင်းမှာ ခေါင်းကိုက်ရတာဟာ နေ့စဉ်ဘဝမှာ နေထိုင်မှုပုံစံတွေကြောင့်အပြင် အိပ်စက်မှုပုံစံ မမှန်တာကြောင့် အဖြစ်များပါတယ်။ ဒါပေမယ့် တစ်ခါတလေမှာတော့ မနက်ခင်းတိုင်းမှာ ခေါင်းကိုက်ရတာဟာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး အခြေအနေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ကဲ ….. ဒီတော့ ကိုယ်တိုင်ရော မနက်ခင်းတိုင်းမှာ ခေါင်းကိုက်ကိုက်နေရတာဟာ ဘာကြောင့်လဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ 😍 💠 အိပ်ရေးမဝတာ - အိပ်ရာနိုးလာချိန်မှာ ခေါင်းကိုက်တယ်လို့ ခံစားရတာက အိပ်ရေးပျက်တာကြောင့်ဖြစ်နိုင်ပါတယ်။ ညဘက်မှာ အိပ်ရာဝင်နောက်ကျတာ ၊ ကောင်းက...

အရေပြားမှိုစွဲတာ အမြစ်မပြတ်ရတဲ့ အကြောင်းရင်

 💠 အရေပြားမှိုစွဲတာ အမြစ်မပြတ်ရတဲ့ အကြောင်းရင်း 💠 အရေပြားမှိုစွဲတယ်ဆိုတာက အရေပြားမှာ ပွေး ၊ သဲဝဲ ၊ ညှင်း စတာတွေ ပေါက်တာပါ ။ ဒါတွေက အဖြစ်လည်း များပါတယ် ။ ကူးလည်း ကူးလွယ်ပါတယ် ။ ဒါပေမယ့် သေချာကုရင် ပျောက်တဲ့ရောဂါတွေပါ ။ ဒီလိုမဟုတ်ဘဲ ဖြစ်လိုက် ပျောက်လိုက်နဲ့ အမြစ်မပြတ်ဘဲ ကိုယ့်ဆီမှာ သံယောဇဥ်လာတွယ်နေရင်တော့ တစ်ခုခုလုပ်ဖို့ လိုနေပါပြီ ။ အရေပြားမှိုစွဲတာ ကလည်း အရေပြားရောဂါပဲ ဖြစ်တာကြောင့် ဒီလိုခဏခဏ ပြန်ဖြစ်နေတာ ကောင်းတဲ့ လက္ခဏာတော့ မဟုတ်ပါဘူး ။ 🏵 ဘာကြောင့် အရေပြားမှိုစွဲတာ အမြစ်မပြတ်ရတာလဲ ဒါက ကိုယ့်ရဲ့ နေပုံထိုင်ပုံ ၊ ပတ်ဝန်းကျင်အခြေအနေတွေနဲ့လည်း ဆိုင်သလို ရောဂါတွေကြောင့်လည်း ဖြစ်နိုင်ပါတယ် ။ ကိုယ်နဲ့ ဒီအချက်တွေထဲက တစ်ခုခု တိုက်ဆိုင်နေမယ်ဆိုရင် မှိုစွဲတာက အမြစ်မပြတ်ဘဲ ခဏခဏပြန်ဖြစ်နေမှာပါ ။ 🔸 ပူနွေး စိုစွတ်တဲ့ ပတ်ဝန်းကျင်မှာ နေတာ - မြန်မာနိုင်ငံက ပူနွေးစိုစွတ်တဲ့ နိုင်ငံဖြစ်လို့ ပတ်ဝန်းကျင်အခြေအနေအရကို မှိုပိုးတွေ ပေါက်လွယ်ပွားလွယ်ပါတယ် ။ မိုးတွင်းလိုမျိုးဆို ပိုဆိုးပါတယ် ။ ဒီတော့ တစ်ကိုယ်ရေသန့်ရှင်းရေးသာ ဂရုမစိုက်ဘူးဆိုရင် ခဏခဏ ပြန်ဖြစ်နေမှာပါ ။ 🔸 ချွေးထွက်များတာ - ချွေးထွက်များတဲ့ ...

အရေပြားမှိုစွဲခြင်းရောဂါ

 💠 အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ💠 လူတိုင်းဟာ သူတို့ရဲ့ ဘဝသက်တမ်းတလျှောက်မှာ အနည်းဆုံး တစ်ကြိမ်လောက်တော့ အရေပြားမှိုပိုး ကူးစက်တာကို ခံစားရဖူးမှာပါ ။ တစ်ကိုယ်ရေသန့်ရှင်းရေး အားနည်းတာ ၊ စိုထိုင်းဆ များတာ ၊ ရာသီဥတုပူနွေးတာတွေက မှိုပိုးကူးစက်တတ်တဲ့ အကြောင်းရင်းခံတွေပါ ။ ကလေးလေးတွေမှာဆိုရင် မှက္ခရု ၊ လူကြီးတွေမှာဆိုရင် ပေါင်ခြံမှာ ပွေးပေါက်တာ ၊ သဲဝဲစားတာတွေက အဖြစ်များတဲ့ အရေပြားမှိုရောဂါတွေ ပါ ။ 🔶 အဖြစ်များတဲ့ မှိုပိုးကြောင့် ဖြစ်တဲ့ အရေပြားပြဿနာများ မှိုပိုးအများစုက လူသားတွေကို မထိခိုက်စေပေမယ့် အချို့သော မှိုပိုးတွေကတော့ ထိခိုက်စေနိုင်ပါတယ် ။ မှိုပိုး ကူးစက်မှုက များသောအားဖြင့် အရေပြား ၊ ခြေသည်းလက်သည်း နဲ့ အဆုတ်မှာ အဖြစ်များပါတယ် ။ အသက်ရှူလမ်းကြောင်းကတဆင့် ရှူသွင်းမိတာ ၊ တိုက်ရိုက် ထိတွေ့မိတာတွေကြောင့် ကူးစက်ပါတယ် ။ မှိုပိုးက အရေပြားကို ထိုးဖောက်ဝင်ရောက်ပြီး ကိုယ်တွင်းအင်္ဂါတွေ နဲ့ ခန္ဓာကိုယ်ရဲ့စနစ်တွေထဲကို ဝင်ရောက် ကူးစက်နိုင်ပါတယ် ။ 🔸 အဖြစ်များတဲ့ မှိုပိုးကြောင့် ဖြစ်တဲ့ အရေပြားပြဿနာတွေကတော့ - မှိုပိုးတွေကြောင့် ဖြစ်တဲ့ အရေပြား ပြဿနာတွေက ကူးစက်နိုင်ပါတယ် ။ ဘယ်လိုအခြေ...

လိုအပ်ချက်

 လိုအပ်ချက် နေသူရိန် လူထုအစည်းအဝေး အပြီးတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးရေချိန်မှာ မြင့်တက်နေသည့် အချိန်ဖြစ်သည် ။ လွတ်လပ်ရေးကို အရယူရန်အတွက် လူထု ၊ ဖဆပလ ၊ CPB ၊ ပြည်သူ့ရဲဘော်ပါတီ နှင့် ဆိုရှယ်လစ်ပါတီတို့ရဲ့ တပ်ပေါင်းစုကြီးလည်း ရှိနေခဲ့သည် ။ လက်နက်ကိုင် အင်အားစုအနေ နှင့် စစ်တပ်မှာလည်း အဆင့်သင့် ရှိနေခဲ့ပေသည် ။ ၁၉၄၇ ဖေဖော်ဝါရီလတွင် ချုပ်ဆိုခဲ့သော ပင်လုံစာချုပ်အရ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ကိုပါ တည်ဆောက်နိုင်ခဲ့ရာ လွတ််လပ်ရေးမှာ လက်တစ်ကမ်းအလိုမဟုတ် မျက်တောင်တစ်ခတ် အချိန်အတွင်းမှာပင် ယူနိုင်တော့မည် ဖြစ်သည် ။ သို့သော်.....လိုအပ်ချက် တစ်ခုရှိနေသည် ။         ၁၉၄၇ ခုနှစ် ၇လပိုင်း ၁၀ရက်နေ့တွင် ပုလိပ်လက်နက်တိုက်မှ ကပ္ပတိန်ဗီဗီယန်း၏ အကူအညီဖြင့် ဂဠုန်ဦးစော နှင့် သူ့၏အပေါင်းအပါများမှာ ဘရင်းဂန်းအလက်၂၀၀ နှင့် စတင်းဂန်းများ ကျည်များကို ပုလိပ်ယောင်ဆောင်ကာ ထုတ်ယူသွားခဲ့သည် ။ ဗိုလ်ချုပ်အောင်ဆန်းမှာလည်း ဗုဒ္ဓဟူးနေ့တိုင်း ကျင်းပနေကျ ကတ်ဘိနက်အစည်းအဝေး မှာ လွှတ်တော် နှင့် တိုက်နေသည့်အတွက် ရုံးပိတ်ရက်ဖြစ်သော စနေနေ့ကို ရွေးချယ်ခဲ့ခြင်းဖြစ်ရာ ကံကြမ္မာမှာ တည့်တည့်ကြီးကို ငင်ပါတော့သည်...

လေချဉ်တက်ခြင်း

 လေချဉ်တက် တဲ့ ပြဿနာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းရအောင် တအေ့အေ့ နဲ့ လေချဉ်တက် တယ် ဆိုတာ တစ်နည်းနည်း နဲ့ ဗိုက်ထဲရောက်နေတဲ့ လေတွေကို အစာရေမျိုကနေ ပြန်စွန့်ထုတ်နေတာပါ ။ အစား အမြန်စားမိတာ ၊ အစာစားရင်း စကားပြောတာ ၊ ပီကေ ဝါးတာ ၊ ဂက်စ်ပါတဲ့ အချိုရည်တွေ သောက်တာ ၊ ဆေးလိပ်သောက်တာတွေကြောင့် လေတွေ မျိုချမိစေနိုင်ပါတယ် ။ အစာခြေရည် ပြန်ဆန်တက်ခြင်း နဲ့ ရင်ပူနာ ဝေဒနာတွေ ကြောင့်လည်း လေတက်တဲ့ လက္ခဏာ ဖြစ်တတ်ပါတယ် ။ မကြာခဏ လေတက်သံတွေ ထွက်နေရတယ် ဆိုရင်တော့ အစာအိမ်အနာဖြစ်စေတဲ့ Helicobacter pylori ဘက်တီးရီးယား ကြောင့် ဒါမှမဟုတ် အစာအိမ်နံရံ ရောင်ရမ်းခြင်း ကြောင့် ဖြစ်နိုင်ပါတယ် ။ လေချဉ်တက် ခြင်း ကို သက်သာ စေနိုင်တဲ့ နည်းလမ်းတွေက – (၁) ဖြည်းဖြည်းစားပါ ၊ ဖြည်းဖြည်းသောက်ပါ ဖြည်းဖြည်း စားသောက်မယ်ဆို လေတွေ သိပ်မျိုမချမိစေဘူးပေါ့ ။ စိတ်လောနေရင် ၊ စိတ်ဖိစီး နေရင် လေမျိုချမိတာ ပိုများစေနိုင်လို့ အစားစားချိန် မှာ စိတ်ကို ဖြေလျှော့ထားပါ ။ (၂) ဂက်စ်ပါတဲ့ အချိုရည် နဲ့ ဘီယာကို ရှောင်ပါ လေနဲ့ ပတ်သက်တဲ့ ဝေဒနာရှိတတ်သူဟာ ကာဗွန်ဒိုင်အောက်ဆိုက်တွေ ဖြစ်စေတဲ့ ဒီသောက်စရာတွေကို ရှောင်သင့်ပါတယ် ။ (၃) ပီကေဝါးတာ ၊ သကြားလုံး ၊ စ...

ငရုတ်သီးမှုန့် နဲ့ အသည်းကင်ဆာအန္တရာယ်

 🔆 ငရုတ်သီးမှုန့် နဲ့ အသည်းကင်ဆာအန္တရာယ် 🔆 ငရုတ်သီးမှုန့်မှာပါတဲ့ Aflatoxin (အဖလာတောက်စင်)ဆိုတဲ့ မှိုက အသည်းကင်ဆာကို ဖြစ်စေနိုင်ပါတယ် ။ အထူးသဖြင့် ငရုတ်သီးမှုန့်ကို ပုံစံမျိုးစုံနဲ့ နှစ်နှစ်ခြိုက်ခြိုက် စားတတ်ကြတဲ့ မြန်မာနိုင်ငံက လူတွေအနေနဲ့ ပိုပြီး သတိထားသင့်ပါတယ် ။ 💠 ငရုတ်သီးမှုန့်မှာပါတဲ့ အဖလာတောက်စင်ဆိုတာ - အဖလာတောက်စင်ဆိုတာ မှိုတစ်မျိုးဖြစ်ပြီး A. flavus နဲ့ A.parasiticus ဆိုတဲ့ မှိုမျိုးကွဲနှစ်မျိုးမှာ အဓိက တွေ့ရပါတယ် ။ သဘာဝအတိုင်းတွေ့ရတဲ့ အဖလာတောက်စင် ၁၄ မျိုးရှိပြီး B1, B2, G1, G2 ကတော့ အတွေ့ရအများဆုံးပါ ။ B1 ကတော့ ၄ မျိုးထဲမှာ အဆိုးဆုံးပါပဲ ။ တစ်ထိုင်တည်း အများကြီးကိုယ်ထဲဝင်သွားရင် မှိုဆိပ်သင့်ပြီး အသက်သေနိုင်လောက်တဲ့အထိ ဖြစ်သွားနိုင်သလို နည်းနည်းနဲ့ ခဏခဏ စားမိနေမယ်ဆိုရင်လည်း - ♦ အသည်းကင်ဆာ ♦ ကလေးတွေမှာ မွေးရာပါ ချို့ယွင်းချက်ပါတာ ♦ ကလေး ကြီးထွားဖွံ့ဖြိုးမှု နှောင့်နှေးတာ ♦ ခုခံအားကျတာ စတာတွေ ဖြစ်လာနိုင်ပါတယ် ။ 💠 အဖလာတောက်စင်ကို ဘယ်ကနေ စားမိတာလဲ  အများဆုံးတွေ့ရတာကတော့ ငရုတ်သီး ၊ ပဲ ၊ ပြောင်း ၊ ဝါ ၊ ဆန် စတာတွေမှာ တွေ့ရတတ်ပါတယ် ။ အဖလာတောက်စင်အတွေ့ရများတဲ့ နို...

လည်ပင်းကျီးပေါင်း ဖြစ်စေနိုင်သော အလေ့အထများ

 လည်ပင်းကျီးပေါင်း ဖြစ်စေနိုင်တဲ့ အလေ့အထတွေက ဘာတွေဖြစ်မလဲ  အသက်ကြီးလာတာနဲ့အမျှ လည်ပင်းကျီးပေါင်းရောဂါ ဖြစ်နိုင်ခြေ ရှိပါတယ်။ ဒါပေမယ့် ခုနောက်ပိုင်းမှာ နေထိုင်မှုပုံစံပြောင်းလဲလာတာကြောင့် လူငယ်တွေမှာပါ ဖြစ်လာပါပြီ။ ဒါကြောင့် လူငယ်တွေမှာ လည်ပင်းကျီးပေါင်း ဖြစ်စေနိုင်တဲ့ အလေ့အထတွေက ဘာတွေဖြစ်မလဲ ဆိုတာကို သတိထားနိုင်စေဖို့ ဖော်ပြပေးလိုက်ပါတယ်။ 🔶 လည်ပင်းကျီးပေါင်း ဆိုတာ - လည်ပင်းကျီးပေါင်း တက်တယ်ဆိုတာက အသက်အရွယ် ရလာတာကြောင့် ဇက်ကြော တစ်လျှောက်မှာရှိတဲ့ ကျောရိုးဆစ်တွေကြားထဲက အဆစ်ပြားလေးတွေ စုတ်ပြဲလာတာကြောင့် ဖြစ်တဲ့ ကျန်းမာရေး ပြဿနာ တစ်ခုပါ။ တစ်ခါတလေမှာ ကျီးပေါင်းတက်တာက ကျောရိုးဆစ်ကြားထဲက အဆစ်ပြားလေးတွေမှာ ရေဓာတ်နည်းတာကြောင့် ဖြစ်နိုင်သလို အဆစ်ပြားကျွံတာ ၊ အရိုးအတက်ထွက်တာ ၊ ဘေးနားက အရွတ်တွေ တောင့်တင်းလာတာကြောင့်လည်း ဖြစ်လာပါတယ်။ အရိုးကျီးပေါင်းဖြစ်တာဟာ အရိုးအဆစ်ရောင်တာရဲ့ အစပျိုးလက္ခဏာ ဖြစ်နိုင်သလို အရိုးအစွန်းတွေကြားမှာ အုပ်ထားတဲ့ အရိုးနု အစွပ်လေးတွေ ပျက်စီးလာတာကြောင့်လည်း ဖြစ်ပါတယ်။ 🔶 လည်ပင်းကျီးပေါင်း ဖြစ်တာက -  တော်တော်လေး အဖြစ်များပြီး အသက် ၄၀ နောက်ပိုင်းအရွယ်တွေမှာ ပ...

အစာအဆိပ်သင့်ခြင်း

 အစားအသောက်မှတစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေက သင်ထင်တာထက် ပိုဆိုးနေပြီလား??? WHO အဆိုအရတော့ အစားအသောက်တွေမှာပါတဲ့ ဘက်တီးရီးယားတွေ ၊ ဗိုင်းရပ်စ်တွေ ၊ ကပ်ပါးကောင်တွေ ၊ ဓာတုပစ္စည်းတွေကြောင့် ရောဂါပေါင်း ၂၀၀ လောက် ဖြစ်နိုင်ပါတယ်တဲ့။ အစားအသောက်ကတစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေဆိုတာ နဂိုအစားအသောက်မှာ ပါလာတဲ့ ပိုးတွေအပြင် အစားအသောက်ထုတ်လုပ်ချိန်ကစလို့ နောက်ဆုံးစားသောက်တဲ့အချိန်အထိ ကြားထဲက အဆင့်တွေမှာ ပိုးတွေပါလာတာကို ဆိုလိုပါတယ်။ ဒီရောဂါတွေက သင်ထင်တာထက် ပိုများသလို ပိုလည်းဆိုးပါတယ်။ ဥပမာ ပြောရရင် စစချင်း အစားအသောက်တွေကို ရတဲ့ မြေထု ၊ ရေထု ကစလို့ အစားအသောက်ကို သိုလှောင်သိမ်းဆည်းပုံ မမှန်လို့ ၊ ချက်ပြုတ်တဲ့နေရာမှာ သန့်ရှင်းမှု အားနည်းလို့ ပိုးတွေပါလာနိုင်ပါတယ်။ အစားအသောက်မှတစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေက ဝမ်းပျက်ဝမ်းလျှောအပါအဝင် ကင်ဆာအထိ ဖြစ်နိုင်ပါတယ်။ အစာအိမ် နဲ့ အူလမ်းကြောင်း လက္ခဏာတွေ မဟုတ်ဘဲ အာရုံကြောစနစ် ၊ မျိုးပွားစနစ် နဲ့ ခုခံအားကို ထိခိုက်တာမျိုးလည်း ရှိပါတယ်။ အထူးသဖြင့် ဝမ်းပျက်ဝမ်းလျှောကတော့ တိုးတက်ဆဲနိုင်ငံတွေမှာ ကျန်းမာရေး ဝန်ထုပ်ဝန်ပိုး ဖြစ်လောက်တဲ့အထိ အဖြစ်များပါတယ်။ မြန်မာနိ...

အင်ပျဉ်ထခြင်း

 အရေပြားမှာ အင်ပျဉ်ထခဲ့ရင် အသုံးဝင်မည့် နည်းလမ်းလေးများ အရေပြားမှာ အင်ပျဉ်ထ တာက လူတော်တော်များများ ကြုံတွေ့ရနိုင်တဲ့ အရေပြား ပြဿနာ တစ်ခုပါ ။ အရေပြား အင်ပျဉ်ထတဲ့ အခြေအနေချင်းက တစ်ခုနဲ့တစ်ခု မတူညီတတ်ကြပါဘူး ။ ဒါပေမယ့် အရေပြားမှာ အင်ပျဉ်ထတဲ့အခါ ယားယံပြီး နေရခက်တာကတော့ အသေအချာပါပဲ ။ ဒီလိုမျိုးအရေပြားမှာ အင်ပျဉ်ထ တဲ့အခါ ဘယ်လိုလေးတွေလုပ်ရင် သက်သာစေမလဲ ဆိုတာကို ပြောပြပေးပါရစေ ။  အရေပြားမှာ အင်ပျဉ်ထခဲ့ရင် အသုံးဝင်မယ့်နည်းလမ်းလေးတွေ ကို အတူတူ ကြည့်လိုက်ရအောင်နော် ။ 🔵 အရေပြားမှာ အင်ပျဉ်ထခဲ့ရင် အသုံးဝင်မယ့်နည်းလမ်းလေးများ အရေပြားမှာ အင်ပျဉ်ထ တာက ခန္ဓာကိုယ်ရဲ့ နေရာတိုင်းမှာဖြစ်နိုင်ပါတယ် ။ အရေပြားမှာ အင်ပျဉ်ထတဲ့အခါ နီမြန်းတာ ၊ ယားယံတာတွေကတော့ တွေ့ရများတဲ့ အင်ပျဉ်ထတဲ့ လက္ခဏာတွေပါ ။ အရေပြားမှာ အင်ပျဉ်ထခဲ့ရင် အသုံးဝင်မယ့် နည်းလမ်းလေးတွေ ကတော့ - 🔹 အုတ်ဂျုံ  အုတ်ဂျုံက အရေပြားမှာ ဓာတ်မတည့်မှုကြောင့်ဖြစ်တဲ့ ယားယံမှုတွေကို လျော့ပါး သက်သာစေနိုင်စွမ်း ရှိသလို ရောင်ရမ်းမှုကို လျော့ကျစေနိုင်တဲ့ အာနိသင်လည်း ရှိပါတယ် ။ ပျားလိုမျိုး အင်းဆက်ကိုက်ခံရတာကြောင့် အရေပြားမှာ အင်ပျဉ်ထတဲ့အခါ အုတ်ဂျုံက အသ...