Skip to main content

အူရောင်ငန်းဖျား

 Typhoid Fever (အူရောင်ငန်းဖျားရောဂါ)


အူရောင်ငန်းဖျားဆိုတာ Salmonella typhi ဘက်တီးရီးယား (သို့) Salmonella paratyphi ဘက်တီးရီးယား ကြောင့်ဖြစ်သော ဖျားနာခြင်း ၊ နာမကျန်းဖြစ်ခြင်းကို ဆိုလိုပါတယ်။ ထိုဘက်တီးရီးယား သယ်ဆောင်သူများ ထိတွေ့ထားသော အစားအစာနဲ့ ရေတွေမှာ အထက်ပါ ဘက်တီးရီးယားများကို တွေ့နိုင်ပြီး အခြားသောလူများ ကို ကူးစက်ပျံ့နှံ့နိုင်ပါတယ်။


Typhoid Fever (အူရောင်ငန်းဖျားရောဂါ) က ဘယ်လောက်အဖြစ်များသလဲ???


အူရောင်ငန်းဖျား ရောဂါ က ဖွံ့ဖြိုးဆဲ တိုင်းပြည်ရှိပြည်သူများ (အထူးသဖြင့် ကလေးများ) တွင် အဖြစ်များပါတယ်။ ကလေးတွေမှာ အဖြစ်များသော်လည်း အသက်အရွယ်မရွေး ကူးစက်ခံရနိုင်ခြေရှိပါတယ်။ ယင်းရောဂါ ဖြစ်ပွားနိုင်ချေ ကို မြင့်မားစေသည့် အရာများကို ရှောင်ကျဉ်ခြင်းအားဖြင့် လျော့နည်းစေပါလိမ့်မယ်။ နောက်ထပ်သိရှိလိုပါက ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပေးပါ။


✳️✳️✳️လက္ခဏာများ✳️✳️✳️


Typhoid Fever (အူရောင်ငန်းဖျားရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ


ရောဂါကူးစက်ခံရပြီး ၁ ပတ်ကနေ ၃ ပတ်အတွင်း အဖြစ်များတဲ့ ရောဂါလက္ခဏာတွေကတော့- 

• ဖျားခြင်း

• အဖျားကနေ့စဉ် တက်တက်လာခြင်း၊ 104.9 °F ( 40.5 °C) ထိ တက်နိုင်ပါတယ်

• ခေါင်းကိုက်ခြင်း

• အားနည်းခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း

• ကိုယ်၊လက်ကိုက်ခဲခြင်း

• ချွေးထွက်ခြင်း

• ချောင်းဆိုးခြင်း

• အစာစားချင်စိတ်မရှိခြင်း၊ ကိုယ်အလေးချိန်ကျခြင်း

• ဗိုက်အောင့်ခြင်း

• ဝမ်းသွားခြင်း(သို့) ဝမ်းချုပ်ခြင်း

• အဖုအပိမ့်များ ထွက်ခြင်း

• ဗိုက်အလွန်အမင်း ဖောင်းလာခြင်း

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာ တစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။


ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ


အောက်ပါအချက်များမှ တစ်ခုခု ဖြစ်မယ်ဆိုရင် ဆရာဝန်ပြသင့်ပါတယ်။

• အူရောင်ငန်းဖျား ဖြစ်နေပြီဟု သံသယ ရှိနေခြင်း

• နိုင်ငံရပ်ခြားသို့ သွားလာစဉ် ဖျားနာခြင်း

• နေရပ်သို့ပြန်ရောက်ပြီးနောက် ရောဂါလက္ခဏာပြလာခြင်း


✳️✳️✳️အကြောင်းရင်းများ


Typhoid Fever (အူရောင်ငန်းဖျားရောဂါ) ကိုဘာတွေကဖြစ်စေသလဲ


Salmonella typhi ပိုးကူးစက်ခြင်းခံထားရသော ရေ နဲ့ အစားအစာများကို စားသောက်ခြင်းကြောင့် အူရောင်ငန်းဖျားအများဆုံးဖြစ်နိုင်ပါတယ်။


Risk factors

 Typhoid Fever (အူရောင်ငန်းဖျားရောဂါ) ဖြစ်နိုင်ခြေကို ဘာတွေက မြင့်တက်စေသလဲ


အူရောင်ငန်းဖျားဖြစ်နိုင်ချေကို မြင့်မားစေတဲ့ အရာတွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။

• အိန္ဒိယ၊ အရှေ့တောင်အာရှ၊ အာဖရိက၊ တောင်အမေရိကနဲ့ အခြားသောနေရာများကဲ့သို့သော ဖွံ့ဖြိုးဆဲနေရာတွေမှာ နေထိုင်ခြင်း

• ကလေးအရွယ်ဖြစ်နေခြင်း

• အူရောင်ငန်းဖျား ဖြစ်ပွားနေသော နေရာများသို့ သွားရောက် လုပ်ကိုင်ခြင်းများ

• Salmonella typhi ကိုကိုင်တွယ်နေရသော အဏုဇီ၀ ပညာရှင်တစ်ယောက် ဖြစ်နေခြင်း

• အူရောင်ငန်းဖျားဖြစ်ပွားနေသောသူနှင့် မကြာခင်က ဖြစ်ပွားခဲ့သော သူများနှင့် နီးနီးကပ်ကပ် နေခြင်း


ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.


Typhoid Fever (အူရောင်ငန်းဖျားရောဂါ) ကို ဘယ်လိုအတည်ပြုပါသလဲ


ရောဂါလက္ခဏာ၊ ဆေးစစ်ချက်နဲ့ ဘယ်နေရာတွေကို ခရီးသွားခဲ့လဲဆိုတာကို မူတည်ပြီး စစ်ဆေးပါလိမ့်မယ်။

အတည်ပြုဖို့ ဓါတ်ခွဲခန်းမှာ သွေး၊ ကိုယ်ထွက်ရည်တို့မှ Salmonella typhi အကောင်ကိုမွေးပြီး ဟုတ်လားမဟုတ်လား ခွဲခြမ်းစိတ်ဖြာ ပေးပါလိမ့်မယ်။

အူရောင်ငန်းဖျား DNA အတွက် ပဋိဓါတ် ရှိ၊မရှိ စစ်ဆေးပါလိမ့်မယ်။


Typhoid Fever (အူရောင်ငန်းဖျားရောဂါ) ကို ဘယ်လိုကုသပါသလဲ


အူရောင်ငန်းဖျားကို ထိရောက်စွာ ကုသတဲ့ တစ်ခုတည်းသောနည်းက ပိုးသတ်ဆေးပေးခြင်းပါပဲ။ ပိုးသတ်ဆေးများမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။

• ကိုယ်ဝန်မရှိသောသူများအတွက် Ciprofloxacin

• ကလေးများအတွက် Ceftriaxone (Rocephin)

အောက်ပါအတိုင်းကဲ့သို့သော အခြားကုသနည်းတွေလည်း ရှိပါသေးတယ်။

• ကြာရှည်စွာဖြစ်နေသော အဖျားနှင့် ဝမ်းလျှောခြင်းတို့ကြောင့် ရေဓါတ်ခန်းခြောက်ခြင်းကို ကာကွယ်ရန် ရေများများ သောက်ပေးခြင်း

• အူပေါက်သွားပါက ခွဲစိတ်ကုသခြင်း


#Crd 

#Hello Health Group

#ဆေးဝါးနှင့်ရောဂါများအကြောင်း

Comments

Popular posts from this blog

Otomycosis ( နားမှိုစွဲခြင်းရောဂါ )

 Otomycosis ( နားမှိုစွဲခြင်းရောဂါ )      🙋  အားလုံးပဲ   မင်္ဂလာပါ 🙋 VAA ရဲ့စာဖတ်ပရိတ်သတ်တွေအတွက်အခုတစ်ခါမှာတော့ ပရိတ်သတ်တွေရဲ့တောင်းဆိုချက်အရ နားမှိုစွဲခြင်းရောဂါ နဲ့ပတ်သက်ပြီး ဖော်ပြပေးမှာဖြစ်ပါတယ် ။  နားမှိုစွဲခြင်းရောဂါ နဲ့ပတ်သက်ပြီး ဖြစ်ရတဲ့အကြောင်းရင်းတွေ ၊ လက္ခဏာတွေ ၊ ဘယ်လိုဆေးဝါးတွေကို အသုံးပြုနိုင်မလဲ ၊ ဆောင်ရန် ၊ ရှောင်ရန် ၊နောက်ဆက်တွဲ ပြဿနာတွေ နှင့် ကာကွယ်နည်းများကို ပြည့်ပြည့်စုံစုံ တင်ဆက်ပေးလိုက်ပါတယ် ။ နားမှိုစွဲရောဂါ ကို ဆေးပညာအရ Otomycosis လို့ ခေါ်ပါတယ်။ မြန်မာနိုင်ငံလိုမျိုး ပူနွေးစိုစွတ်တဲ့ နိုင်ငံတွေမှာ အတွေ့ရများပါတယ်။ နွေရာသီလို ပူပြင်းတဲ့အချိန်မှာ ပိုဖြစ်တတ်ပါတယ်။ နားမှိုစွဲရောဂါက များသောအားဖြင့် နားအပြင်ပိုင်းမှာ ဖြစ်တာ များပါတယ်။ နားအလယ်ပိုင်းမှာ ဖြစ်တာလည်း ရှိပါတယ်။ တစ်ဖက်တည်း ဖြစ်တာများပါတယ်။ 🔴 နားမှိုစွဲရောဂါ ဖြစ်ရတဲ့ အကြောင်းရင်း နားမှိုစွဲရောဂါက နာမည်အတိုင်းပဲ မှိုပိုးကြောင့် ဖြစ်တာပါ ။ မှိုပိုးတွေ အများကြီးရှိတဲ့အထဲကမှ နားမှိုစွဲစေတဲ့ ပိုးတွေကတော့ Candida နဲ့ Aspergillus လို့ခေါ်တဲ့ မှို နှစ်မျိုးပဲ ဖြစ်ပါတယ် ။ အဲ...

Circulation of Blood

 Circulation Of Blood           မင်္ဂလာပါ VAA Facebook  Page  မှ ပရိတ်သတ်ကြီးများခင်ဗျာ   အခု​ဖော်ပြပေးမယ့် အကြောင်းအရာလေးကတော့ ခန္ဓာကိုယ်အတွင်းမှာလှည့်ပတ်နေတဲ့ သွေးအကြောင်းပဲဖြစ်ပါတယ် ။ သွေးထဲမှာဆိုရင် သွေးရည်ကြည်၊သွေးနီဥ ၊ သွေးဖြူဥ ၊ သွေးဥမွှားတွေပါရှိပြီး သူတို့လေးတွေကရော ဘာလုပ်ငန်းတွေလုပ်ဆောင်တာလဲ?  ဒါ့အပြင် နှလုံးရဲ့ လုပ်ငန်းဆောင်တာတွေ ၊ သွေးလွှတ်ကြော ၊ သွေးပြန်ကြောတွေကရော ဘာတွေလဲ? စသဖြင့် ဗဟုသုတ ရစေရန် ရည်ရွယ်၍ တင်ဆက်ပေးလိုက်ပါသည်။  ခန္ဓာကိုယ်တွင်း သွေးလှည့်ပတ်သွားလာခြင်း  ( Circulation of Blood )  ခန္ဓာကိုယ် သွေးလှည့်ပတ်ခြင်းစနစ်တွင်        (၁) သွေး       (၂) နှလုံး နှင့်       (၃) သွေးကြောများ စသည်တို့ ပါဝင်ပါသည် ။ (၁)   သွေးအကြောင်း          သွေးသည် သွေးကြောများ အတွင်းတွင် အရည်အဖြစ် လှည့်ပတ်လျက်ရှိသည် ။ ခန္ဓာကိုယ် အသက်ရှင်ရန်အတွက် အရေးကြီးသည် ။ သွေးသည် အသက် ဖြစ်သည် ။ မည်သည့်နေရာမှမဆို သွေးယိုထွက်ခြင်း လွန်ကဲပါက အသက်ဆုံးရှုံးန...

ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်ဖြစ်တတ်သူတိုင်း သတိထားသင့်တဲ့ အချက်များ

  နှစ်တစ်နှစ်တာရဲ့ အချိန်တစ်ခုကို ရောက်လာပြီဆိုရင် နှာချေတာ ၊ ချောင်းဆိုးတာ ၊ နှာရည်ယိုတာတွေကို ခံစားရပြီဆိုရင် သေချာတာက ရာသီအကူးအပြောင်းကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှုကို ခံစားနေရတာပါ ။ ရာသီဥတုကြောင့် ဓာတ်မတည့်မှု ခံစားရသူတွေဟာ ဆောင်းဦးကာလ နွေဦးကာလတွေကို ရောက်လာပြီဆိုရင် လေထုထဲမှာ ဝတ်မှုန်တွေ မှိုတွေ များလာတာကြောင့် ဓာတ်မတည့်မှုကို ခံစားရပါတယ် ။ ဒီလိုမျိုး ရာသီအပြောင်းအလဲမှာ ဖြစ်တတ်တဲ့ ဓာတ်မတည့်မှု ခံစားရနိုင်ခြေကို မခံစားချင်ဘူးဆိုတဲ့ သူလေးတွေ ရှိပါသလား ။  ဒါဆိုရင်တော့ ဒီဆောင်းပါးလေးထဲမှာ ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်ဖြစ်တတ်သူတိုင်း သတိထားသင့်တဲ့ အချက်တွေ ပြောပြပေးမှာမို့ အတူတူ ဖတ်ကြည့်လိုက်ရအောင်နော် ။ 🔴 ရာသီဥတုကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှု ဆိုတာ - ရာသီအကူးအပြောင်း ဖြစ်ချိန်မှာ သစ်ပင်တွေကနေ ကျတဲ့ ဝတ်မှုန်တွေ ၊ မြက်တွေကနေ ထွက်တဲ့ ဝတ်မှုန်တွေကြောင့် ဓာတ်မတည့်မှုကို ခံစားရနိုင်ပါတယ် ။ ဒါကြောင့် ပန်းတွေ ပွင့်တတ်တဲ့ နွေဦး နဲ့ ဆောင်းဦးကာလတွေမှာ ရာသီဥတုကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှုတွေကို ခံစားရနိုင်ပါတယ် ။ 🔴 ဘယ်အချက်တွေက ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်တာကို ဖြစ်စေနိုင်တာလဲ ရာသီအပြောင်းအလဲမှ...