ဆရာဝန်တစ်ယောက်ဟာ ဂွကျတဲ့ လူနာတစ်ယောက်ကို စမ်းသပ်ဖို့ အခြေအနေဖြစ်လာပါတယ်
“ကောင်းပြီ။ ခင်ဗျား ဘာဖြစ်သလဲ ကျွန်တော့်ကို ပြောပါ။” လို့ ဆရာဝန်က
ပြုံးပြုံးရွှင်ရွှင်နဲ့ မေးလိုက်တယ်။
“ကျွန်တော် ဘာဖြစ်သလဲ ဆိုတာကို ရှာဖွေဖို့က ခင်ဗျား အလုပ်ပဲလေ။” လို့လူ့ဂွစာကပြန်ပြေားပါတယ်။
ဆရာဝန်က ခဏ စဉ်းစားပြီး
“ကောင်းပြီ။ ကျွန်တော့်ကို တစ်နာရီလောက် အချိန်ပေးပါ"
"ဘာဖြစ်လို့လဲဗျ"
"ကျွန်တော့်သူငယ်ချင်း တစ်ယောက်ကို သွားခေါ်ချင်လို့ပါ။ သူက တိရိစ္ဆာန် ကု ဆရာဝန် လေ။
ကျွန်တော် သိသမျှ လူထဲမှာ မေးခွန်း မမေးပဲ ရောဂါရှာနိုင်တဲ့
သူဆိုလို့ သူတစ်ယောက်တည်းပဲ ရှိတယ်။”😏
ရယ်သောသူ အသက်ရှည်၏ တဲ့
တစ်နေ့တာ အမောတွေ ပြေနိုင်ပါစေ။
Comments
Post a Comment