Skip to main content

ရာသီတုပ်ကွေးရောဂါအကြောင်း သိကောင်းစရာများ

 ရာသီတုပ်ကွေးရောဂါအကြောင်း သိကောင်းစရာများ 

 

အခုလို မိုးဦးကာလမှာ သားသား၊မီးမီးလေးတွေ ဖျားနာတတ်ပါတယ်။ မိုးရာသီမှာ အအေးမိ၊ နှာစေး၊ ချောင်းဆိုး နဲ့ တခြား ရောဂါမျိုးစုံတို့ ဖြစ်နိုင်တယ်။ 


ရောဂါပိုးကို သယ်ဆောင်တဲ့ပိုးမွှားတွေ ပေါက်ဖွားမှုများတဲ့ ရာသီဖြစ်တဲ့အတွက် တခြားရာသီတွေထက် ဖျားနာတာတွေက ပိုဖြစ်တတ်ပါတယ်။ 

 

သားသားမီးမီးတို့ လွယ်လွယ်ကူကူ ဖျားနာတာတွေ မဖြစ်အောင် -

🍱 ကိုယ်ခံအားကောင်းအောင် အာဟာရပြည့်ပြည့်ဝဝ ကျွေးရမှာတွေ 

🦟ရောဂါပိုးသယ်ဆောင်လာတဲ့ ပိုးမွှားတွေ မထိတွေ့နိုင်အောင် ကာကွယ်ရမှာတွေ

👨‍👨‍👧‍👦 ဖျားနာတဲ့ သူတွေနဲ့ မထိတွေ့အောင် ရှောင်ကြဉ်ရမှာတွေက ဖေဖေမေမေတို့ရဲ့ တာဝန်ပါနော်။ 

 

အခုလို ရာသီမှာ သာမန်ဖျားနာတာ ၊  ရာသီတုပ်ကွေး ၊  သွေးလွန်တုပ်ကွေး ၊  ဝမ်းပျက်ဝမ်းလျှော ၊  အသည်းရောင် အသားဝါ  (A) ရောဂါ  စတာတွေ အဖြစ်များပါတယ်။ 

 

သာမန်ဖျားနာတာဟာ ကူးစက်လွယ်ကူပြီး ခန္ဓာကိုယ်ထဲ ဗိုင်းရပ်စ်ဝင်ရင် ဖြစ်နိုင်ပါတယ်။ 

 

အထူးသဖြင့် အသက်ရှုလမ်းကြောင်းကို ဗိုင်းရပ်စ် ဝင်ရင် ဖျားတာ၊ နှာစေးတာတို့ ကိုယ်ပူတာတို့ ဖြစ်နိုင်ပါတယ်။ 


သာမန်ဖျားနာတာကို ကာကွယ်ဖို့ဆို အပြင်သွားရင် နှာခေါင်းစည်းတပ်တာတို့ ကိုယ်ခံအားကောင်းအောင် ကျန်းမာရေးနဲ့ ညီညွတ်အောင် ပြုမူ‌နေထိုင်စားသောက်မယ်ဆိုရင် ကာကွယ်နိုင်ပါတယ်။ 

 


ရာသီတုပ်ကွေး Seasonal Flu or Influenza ဟာ သာမန်ဖျားနာတာလိုပဲ ဗိုင်းရပ်စ်ကြောင့်ဖြစ်ပြီး ကူးစက်လွယ်ပါတယ်။ သာမန်ဖျားနာတာနဲ့ မတူတာကတော့ ရာသီတုပ်ကွေးဟာ ကလေးငယ်တွေမှာ ပိုအန္တရာယ်ရှိပါတယ်။ 

 

ကလေးငယ်တွေမှာ ရာသီတုပ်ကွေးဖြစ်ရင် ဆေးကုသမှု လိုအပ်ပါတယ်။ အထူးသဖြင့် အသက် ၅ နှစ်အောက် ကလေးတွေမှာ ရာသီတုပ်ကွေးဖြစ်ပြီး နောက်ဆက်တွဲ ရောဂါတွေ ဝင်နိုင်ပါတယ်။ 

 🔸နမိုနီးယား လို့ခေါ်တဲ့ အဆုတ်ကို ရောဂါပိုးဝင်ပြီး အဆုတ်ရောင်ရောဂါဖြစ်ခြင်း

🔸ရေဓာတ်ခန်းခြောက်ခြင်း

🔸နာတာရှည်ရောဂါဖြစ်ခြင်း  (ဥပမာ-နှလုံးရောဂါ၊ asthma ရောဂါ)

🔸ဉာဏ်ရည်ထိခိုက်ခြင်း

🔸ထိပ်ကပ်နာ

🔸နားရောဂါ 

✳️တချို့ အခန့်မသင့်ရင် အသက်သေဆုံးတဲ့ အထိ ဖြစ်နိုင်ပါတယ်။


ဒါကြောင့် ရိုးရိုးဖျားတာပါဆိုပြီး မပေါ့ဆကြဖို့ တိုက်တွန်းနှိုးဆော်အပ်ပါတယ်ရှင်။


#vaa

#ကျန်းမာရေး

#ရာသီတုပ်ကွေး

Comments

Popular posts from this blog

Otomycosis ( နားမှိုစွဲခြင်းရောဂါ )

 Otomycosis ( နားမှိုစွဲခြင်းရောဂါ )      🙋  အားလုံးပဲ   မင်္ဂလာပါ 🙋 VAA ရဲ့စာဖတ်ပရိတ်သတ်တွေအတွက်အခုတစ်ခါမှာတော့ ပရိတ်သတ်တွေရဲ့တောင်းဆိုချက်အရ နားမှိုစွဲခြင်းရောဂါ နဲ့ပတ်သက်ပြီး ဖော်ပြပေးမှာဖြစ်ပါတယ် ။  နားမှိုစွဲခြင်းရောဂါ နဲ့ပတ်သက်ပြီး ဖြစ်ရတဲ့အကြောင်းရင်းတွေ ၊ လက္ခဏာတွေ ၊ ဘယ်လိုဆေးဝါးတွေကို အသုံးပြုနိုင်မလဲ ၊ ဆောင်ရန် ၊ ရှောင်ရန် ၊နောက်ဆက်တွဲ ပြဿနာတွေ နှင့် ကာကွယ်နည်းများကို ပြည့်ပြည့်စုံစုံ တင်ဆက်ပေးလိုက်ပါတယ် ။ နားမှိုစွဲရောဂါ ကို ဆေးပညာအရ Otomycosis လို့ ခေါ်ပါတယ်။ မြန်မာနိုင်ငံလိုမျိုး ပူနွေးစိုစွတ်တဲ့ နိုင်ငံတွေမှာ အတွေ့ရများပါတယ်။ နွေရာသီလို ပူပြင်းတဲ့အချိန်မှာ ပိုဖြစ်တတ်ပါတယ်။ နားမှိုစွဲရောဂါက များသောအားဖြင့် နားအပြင်ပိုင်းမှာ ဖြစ်တာ များပါတယ်။ နားအလယ်ပိုင်းမှာ ဖြစ်တာလည်း ရှိပါတယ်။ တစ်ဖက်တည်း ဖြစ်တာများပါတယ်။ 🔴 နားမှိုစွဲရောဂါ ဖြစ်ရတဲ့ အကြောင်းရင်း နားမှိုစွဲရောဂါက နာမည်အတိုင်းပဲ မှိုပိုးကြောင့် ဖြစ်တာပါ ။ မှိုပိုးတွေ အများကြီးရှိတဲ့အထဲကမှ နားမှိုစွဲစေတဲ့ ပိုးတွေကတော့ Candida နဲ့ Aspergillus လို့ခေါ်တဲ့ မှို နှစ်မျိုးပဲ ဖြစ်ပါတယ် ။ အဲ...

Circulation of Blood

 Circulation Of Blood           မင်္ဂလာပါ VAA Facebook  Page  မှ ပရိတ်သတ်ကြီးများခင်ဗျာ   အခု​ဖော်ပြပေးမယ့် အကြောင်းအရာလေးကတော့ ခန္ဓာကိုယ်အတွင်းမှာလှည့်ပတ်နေတဲ့ သွေးအကြောင်းပဲဖြစ်ပါတယ် ။ သွေးထဲမှာဆိုရင် သွေးရည်ကြည်၊သွေးနီဥ ၊ သွေးဖြူဥ ၊ သွေးဥမွှားတွေပါရှိပြီး သူတို့လေးတွေကရော ဘာလုပ်ငန်းတွေလုပ်ဆောင်တာလဲ?  ဒါ့အပြင် နှလုံးရဲ့ လုပ်ငန်းဆောင်တာတွေ ၊ သွေးလွှတ်ကြော ၊ သွေးပြန်ကြောတွေကရော ဘာတွေလဲ? စသဖြင့် ဗဟုသုတ ရစေရန် ရည်ရွယ်၍ တင်ဆက်ပေးလိုက်ပါသည်။  ခန္ဓာကိုယ်တွင်း သွေးလှည့်ပတ်သွားလာခြင်း  ( Circulation of Blood )  ခန္ဓာကိုယ် သွေးလှည့်ပတ်ခြင်းစနစ်တွင်        (၁) သွေး       (၂) နှလုံး နှင့်       (၃) သွေးကြောများ စသည်တို့ ပါဝင်ပါသည် ။ (၁)   သွေးအကြောင်း          သွေးသည် သွေးကြောများ အတွင်းတွင် အရည်အဖြစ် လှည့်ပတ်လျက်ရှိသည် ။ ခန္ဓာကိုယ် အသက်ရှင်ရန်အတွက် အရေးကြီးသည် ။ သွေးသည် အသက် ဖြစ်သည် ။ မည်သည့်နေရာမှမဆို သွေးယိုထွက်ခြင်း လွန်ကဲပါက အသက်ဆုံးရှုံးန...

ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်ဖြစ်တတ်သူတိုင်း သတိထားသင့်တဲ့ အချက်များ

  နှစ်တစ်နှစ်တာရဲ့ အချိန်တစ်ခုကို ရောက်လာပြီဆိုရင် နှာချေတာ ၊ ချောင်းဆိုးတာ ၊ နှာရည်ယိုတာတွေကို ခံစားရပြီဆိုရင် သေချာတာက ရာသီအကူးအပြောင်းကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှုကို ခံစားနေရတာပါ ။ ရာသီဥတုကြောင့် ဓာတ်မတည့်မှု ခံစားရသူတွေဟာ ဆောင်းဦးကာလ နွေဦးကာလတွေကို ရောက်လာပြီဆိုရင် လေထုထဲမှာ ဝတ်မှုန်တွေ မှိုတွေ များလာတာကြောင့် ဓာတ်မတည့်မှုကို ခံစားရပါတယ် ။ ဒီလိုမျိုး ရာသီအပြောင်းအလဲမှာ ဖြစ်တတ်တဲ့ ဓာတ်မတည့်မှု ခံစားရနိုင်ခြေကို မခံစားချင်ဘူးဆိုတဲ့ သူလေးတွေ ရှိပါသလား ။  ဒါဆိုရင်တော့ ဒီဆောင်းပါးလေးထဲမှာ ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်ဖြစ်တတ်သူတိုင်း သတိထားသင့်တဲ့ အချက်တွေ ပြောပြပေးမှာမို့ အတူတူ ဖတ်ကြည့်လိုက်ရအောင်နော် ။ 🔴 ရာသီဥတုကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှု ဆိုတာ - ရာသီအကူးအပြောင်း ဖြစ်ချိန်မှာ သစ်ပင်တွေကနေ ကျတဲ့ ဝတ်မှုန်တွေ ၊ မြက်တွေကနေ ထွက်တဲ့ ဝတ်မှုန်တွေကြောင့် ဓာတ်မတည့်မှုကို ခံစားရနိုင်ပါတယ် ။ ဒါကြောင့် ပန်းတွေ ပွင့်တတ်တဲ့ နွေဦး နဲ့ ဆောင်းဦးကာလတွေမှာ ရာသီဥတုကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှုတွေကို ခံစားရနိုင်ပါတယ် ။ 🔴 ဘယ်အချက်တွေက ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်တာကို ဖြစ်စေနိုင်တာလဲ ရာသီအပြောင်းအလဲမှ...