Skip to main content

အင်ဆူလင် အကြည်နှင့်အနောက် အကြောင်း

 အင်ဆူလင်အကြည်နှင့်အနောက်အကြောင်းခွဲခြားသိရန်


ဆီးချိုရောဂါကို "Diabetes" လို့ခေါ်ပါတယ်။


ဆီးချိုရောဂါအတွက် အဓိကထား ထိုးသွင်းရသည့် ဟော်မုန်းဓာတ်ပါ၀င်တဲ့ "Insulin" အင်ဆူလင် ထိုးဆေးဟာ သိုးများ၏ သရက်ရွက်မှ (spleen) ထုတ်လုပ်ရရှိပါတယ်။


အင်ဆူလင် ထိုးဆေး (၂) မျိုး 


✳️✳️အင်ဆူလင် ထိုးဆေးမှာ✳️✳️


☘ (၁) အာနိသင်တိုတို နှင့် ချက်ချင်းထိုး၊ ချက်ချင်းအာနိသင် ရတဲ့ဆေး ၊ အာနိသင်ကလည်း ကြာကြာ မ ခံဘူး ၊ အာနိသင် မြန်မြန်ရတဲ့ အမျိုးအစား Soluble Insulin - ပျော်လွယ်တဲ့ အင်ဆူလင်


☘(၂) ခန္ဓာကိုယ်ထဲမှာ အင်ဆူလင် အာနိသင် ကြာကြာခံ တဲ့ အမျိုးအစား Long Action Insulin 


          ***


☘ (၁) ပျော်လွယ်တဲ့ အင်ဆူလင်- Soluble Insulin


☘ ပျော်လွယ်တဲ့ အင်ဆူလင်မှန်း ဘယ်လို သိနိုင်လဲ ဆိုရင် 

  👉 အင်ဆူလင် ပုလင်းကို ထောင်ကြည့်

လိုက် ရင် ရေ လို ကြည်နေတယ်။ 


☘ ရေ အရောင်အတိုင်းပဲ ဖြစ်နေတယ်။ 

အဲ ဒီအင်ဆူလင်ကို 

☑️အရေပြား အောက် မှာလည်း ထိုးလို့ရတယ် ။ 

☑️အသားထဲလည်း ထိုးလို့ရတယ်။ 

☑️အရေးပေါ်လိုအပ်လို့ (IV) သွေးပြန်ကြောထဲ ထိုးချင်လည်း ရတယ်။ 


☘ သူရဲ့ အာနိသင်က ထိုးပြီး "နာရီ၀က်" အတောအတွင်းမှာ စပြီး အာနိသင်ရတယ်။ 


☘ ပြီး‌တော့ အဲ့အာနိသင်က (၆) နာရီလောက်ထိ ကြာကြာခံတယ်။ 


☘ Soluble Insulin ကို သုံးပြီးတော့ ကိုယ်ထဲက အင်ဆူလင်ကို ထိန်းမယ်ဆိုရင် (၆) နာရီပဲ ခံတဲ့အတွက်ကြောင့် လူတစ်ယောက် တစ်နေ့ကို (၂၄) နာရီအတွက် အနည်းဆုံး (၄) ကြိမ်ထိုးရပါမယ်။ 


☘ နာရီ၀က် အတွင်း မှ စ ပြီးရတဲ့ အတွက် ထိုးပြီး နာရီ၀က်ကြာ မှ အစား၊အသောက် စားသင့်ပါတယ်။ 


☘ ဘာကြောင့်လည်းဆိုတော့......

ဆေးထိုးပြီး နာရီ၀က် ကြာမှ စားတဲ့အချိန် မှာ ကိုယ်ထဲက သကြားဓါတ်တွေ တက်လာမည့်အချိန်နှင့် အင်ဆူလင် အာနိသင်ပြမည့် အချိန် ကွက်တိကိုက်မှသာလျှင် သကြားဓါတ်ကို အရမ်း မ များအောင် အင်ဆူလင်က ထိန်းပေးရာရောက်ပါတယ်။ 


☘ ဒါကြောင့် .......

အင်ဆူလင်ကို ထိုးမယ် ဆိုရင် အစား မ စားမှီ နာရီ၀က် ကြိုထိုးရပါမယ်။


ထိုးပြီးလျှင်လည်း နာရီဝက်အတွင်း အစာစားရပါမယ်။


                 *


☘ (၂) ခန္ဓာကိုယ်ထဲ မှာ အင်ဆူလင် အာနိသင် ကြာကြာခံတဲ့ အမျိုးအစား Long Action Insulin 


☘ Long Action Insulin ကတော့...

ပုလင်းကို ထောင်ကြည့်လိုက်လျှင် အင်ဆူလင် အရည်က မှိုင်းထိုင်းထိုင်းနဲ့ အနောက်ရည် ဖြစ်ပါတယ်။ 


☘ သူရဲ့ အာနိသင်ကတော့ အနည်းဆုံး (24) နာရီ ကနေ (36) နာရီအထိ အာနိသင်ရှိပါတယ်။ 


☘ အာနိသင် စ ရတာကတော့ Soluble Insulin လို နာရီ၀က်အတွင်းမှာ မရဘူး 

ဆေးထိုးပြီး (၂) နာရီ အကြာမှာမှ စ ရပါတယ်။ 


☘ အဲဒီ အနောက်ရည်ကို ထိုးမယ်ဆိုရင်ထမင်းစားပြီး ချက်ချင်း တက်လာမယ့် သကြားဓာတ်ကို ချက်ချင်း ထိန်းမပေးနိုင်ဘူး။ 


☘ ထိုးပြီး (၂) နာရီ ကြာမှ အာနိသင်ရမှာဖြစ်တဲ့အတွက် ထမင်းစားပြီး နာရီ၀က် အတွင်းတက် လာမည့် သွေးထဲက သကြားဓာတ်ကိုတော့ ထိန်းလို့မရပါဘူး။ 


☘ ဒါပေမဲ့ ......

စားထားတဲ့ သကြားဓာတ်တွေကတော့ ဒီ အင်ဆူလင် ထိုးမှ ရပါမယ်။ (24) နာရီ ခံတဲ့အတွက်ကြောင့် သာမန်အားဖြင့် တစ်နေ့ကို တစ်ကြိမ် ထိုးရုံဖြင့် လုံလောက်ပါတယ်။ 


☘ ပုံမှန်အားဖြင့်...... 

လူနာအခြေအနေပေါ် မူတည်ပြီး မနက် နဲ့ ည (၂) ကြိမ် ခွဲထိုးကြပါတယ်။


☘ Long Action Insulin ကို 

☑️အရေပြားအောက် မှာပဲ ထိုးရပါတယ်။ 

❎အသားထဲ၊ အကြောထဲ လုံး၀ လုံးဝ ထိုးလို့မရပါဘူး။


☘ Soluble Insulin နဲ့ လည်း တွဲထိုးလို့ ရပါတယ်။ 


☘ အင်ဆူလင် နဲ့ လူနာကို (၂၄) နာရီ သွေးချိုမတက်အောင် ထိန်းမယ်ဆိုရင် အစာ စားပြီး ချက်ချင်း တက်လာမယ့် သွေးချိုဓာတ်ကို ထိန်းဖို့အတွက် Soluble Insulin ကို အစာ မ စားခင် ထိုးဖို့ လိုအပ်ပါတယ်။ 


☘ နောက်ပြီးတော့ နာရီ၀က် နောက်ပိုင်းမှာ တဖြည်းဖြည်း တက်လာမယ့် သွေးချို ဓာတ်တွေ ၊ ညပိုင်းမှာ အသည်းက ထုတ်ပေးတဲ့ သကြားဓာတ်တွေနဲ့ ကိုယ်ထဲမှာ တက်နေ တဲ့ သွေးချိုဓာတ်တွေကို ထိန်းဖို့ဆိုရင် အနောက်ရည် အင်ဆူလင်ကိုလည်း ထိုးပေးရမှာ ဖြစ်ပါတယ်။ 


☘ သွေးချိုဓာတ် (၂၄) နာရီ ကောင်းနေဖို့ဆိုရင် အင်ဆူလင် အကြည် နဲ့ အနောက် (၂) မျိုးပေါင်းထိုးမှ သာလျှင် သွေးထဲမှာ ရှိတဲ့ သကြားဓာတ်ကို ထိန်းပေးနိုင်ပါတယ်။ 


☘ ခုနောက်ပိုင်းမှာ .....

Premixed Insulin လို့ ခေါ်တဲ့ ကြိုတင်ရောပြီးသား အင်ဆူလင်တွေ ပေါ် လာပါတယ်။ အင်ဆူလင် အကြည်ရည် နဲ့ အနောက်ရည် ကို တစ်ခု ချင်းစုပ်ပြီး ထိုးစရာမလိုဘဲ၊ ရောပြီးသားလာ တဲ့အတွက် ထိုးမည့်အချိန်ရောက်ရင် တိုက်ရိုက်တစ်ခါထဲ အသုံးပြုနိုင်ပါတယ်။ 


☘ မည်သည့်ဆေးကို အသုံးပြုပြု အရင်ဆုံး မိမိကိုယ်တွင်းမှာ ရှိနေတဲ့ သွေးချို ပမာဏကို တိုင်းတာဖို့လိုအပ်ပြီး တတ်ကျွမ်းသည့် ဆရာ၀န် များ၏ လမ်းညွှန်မှု့အတိုင်း လိုက်နာဆောင်ရွက်သင့်ပါတယ်။


#vaa

#vhcaalumniassociation

#insulin

Comments

  1. ဆီးချို ဆိုကြောက်လွန်းလို့ မဝင်အောင်ကြိုးစားနေရတယ်

    ReplyDelete
  2. ❤️❤️❤️

    ReplyDelete

Post a Comment

Popular posts from this blog

Otomycosis ( နားမှိုစွဲခြင်းရောဂါ )

 Otomycosis ( နားမှိုစွဲခြင်းရောဂါ )      🙋  အားလုံးပဲ   မင်္ဂလာပါ 🙋 VAA ရဲ့စာဖတ်ပရိတ်သတ်တွေအတွက်အခုတစ်ခါမှာတော့ ပရိတ်သတ်တွေရဲ့တောင်းဆိုချက်အရ နားမှိုစွဲခြင်းရောဂါ နဲ့ပတ်သက်ပြီး ဖော်ပြပေးမှာဖြစ်ပါတယ် ။  နားမှိုစွဲခြင်းရောဂါ နဲ့ပတ်သက်ပြီး ဖြစ်ရတဲ့အကြောင်းရင်းတွေ ၊ လက္ခဏာတွေ ၊ ဘယ်လိုဆေးဝါးတွေကို အသုံးပြုနိုင်မလဲ ၊ ဆောင်ရန် ၊ ရှောင်ရန် ၊နောက်ဆက်တွဲ ပြဿနာတွေ နှင့် ကာကွယ်နည်းများကို ပြည့်ပြည့်စုံစုံ တင်ဆက်ပေးလိုက်ပါတယ် ။ နားမှိုစွဲရောဂါ ကို ဆေးပညာအရ Otomycosis လို့ ခေါ်ပါတယ်။ မြန်မာနိုင်ငံလိုမျိုး ပူနွေးစိုစွတ်တဲ့ နိုင်ငံတွေမှာ အတွေ့ရများပါတယ်။ နွေရာသီလို ပူပြင်းတဲ့အချိန်မှာ ပိုဖြစ်တတ်ပါတယ်။ နားမှိုစွဲရောဂါက များသောအားဖြင့် နားအပြင်ပိုင်းမှာ ဖြစ်တာ များပါတယ်။ နားအလယ်ပိုင်းမှာ ဖြစ်တာလည်း ရှိပါတယ်။ တစ်ဖက်တည်း ဖြစ်တာများပါတယ်။ 🔴 နားမှိုစွဲရောဂါ ဖြစ်ရတဲ့ အကြောင်းရင်း နားမှိုစွဲရောဂါက နာမည်အတိုင်းပဲ မှိုပိုးကြောင့် ဖြစ်တာပါ ။ မှိုပိုးတွေ အများကြီးရှိတဲ့အထဲကမှ နားမှိုစွဲစေတဲ့ ပိုးတွေကတော့ Candida နဲ့ Aspergillus လို့ခေါ်တဲ့ မှို နှစ်မျိုးပဲ ဖြစ်ပါတယ် ။ အဲ...

Circulation of Blood

 Circulation Of Blood           မင်္ဂလာပါ VAA Facebook  Page  မှ ပရိတ်သတ်ကြီးများခင်ဗျာ   အခု​ဖော်ပြပေးမယ့် အကြောင်းအရာလေးကတော့ ခန္ဓာကိုယ်အတွင်းမှာလှည့်ပတ်နေတဲ့ သွေးအကြောင်းပဲဖြစ်ပါတယ် ။ သွေးထဲမှာဆိုရင် သွေးရည်ကြည်၊သွေးနီဥ ၊ သွေးဖြူဥ ၊ သွေးဥမွှားတွေပါရှိပြီး သူတို့လေးတွေကရော ဘာလုပ်ငန်းတွေလုပ်ဆောင်တာလဲ?  ဒါ့အပြင် နှလုံးရဲ့ လုပ်ငန်းဆောင်တာတွေ ၊ သွေးလွှတ်ကြော ၊ သွေးပြန်ကြောတွေကရော ဘာတွေလဲ? စသဖြင့် ဗဟုသုတ ရစေရန် ရည်ရွယ်၍ တင်ဆက်ပေးလိုက်ပါသည်။  ခန္ဓာကိုယ်တွင်း သွေးလှည့်ပတ်သွားလာခြင်း  ( Circulation of Blood )  ခန္ဓာကိုယ် သွေးလှည့်ပတ်ခြင်းစနစ်တွင်        (၁) သွေး       (၂) နှလုံး နှင့်       (၃) သွေးကြောများ စသည်တို့ ပါဝင်ပါသည် ။ (၁)   သွေးအကြောင်း          သွေးသည် သွေးကြောများ အတွင်းတွင် အရည်အဖြစ် လှည့်ပတ်လျက်ရှိသည် ။ ခန္ဓာကိုယ် အသက်ရှင်ရန်အတွက် အရေးကြီးသည် ။ သွေးသည် အသက် ဖြစ်သည် ။ မည်သည့်နေရာမှမဆို သွေးယိုထွက်ခြင်း လွန်ကဲပါက အသက်ဆုံးရှုံးန...

ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်ဖြစ်တတ်သူတိုင်း သတိထားသင့်တဲ့ အချက်များ

  နှစ်တစ်နှစ်တာရဲ့ အချိန်တစ်ခုကို ရောက်လာပြီဆိုရင် နှာချေတာ ၊ ချောင်းဆိုးတာ ၊ နှာရည်ယိုတာတွေကို ခံစားရပြီဆိုရင် သေချာတာက ရာသီအကူးအပြောင်းကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှုကို ခံစားနေရတာပါ ။ ရာသီဥတုကြောင့် ဓာတ်မတည့်မှု ခံစားရသူတွေဟာ ဆောင်းဦးကာလ နွေဦးကာလတွေကို ရောက်လာပြီဆိုရင် လေထုထဲမှာ ဝတ်မှုန်တွေ မှိုတွေ များလာတာကြောင့် ဓာတ်မတည့်မှုကို ခံစားရပါတယ် ။ ဒီလိုမျိုး ရာသီအပြောင်းအလဲမှာ ဖြစ်တတ်တဲ့ ဓာတ်မတည့်မှု ခံစားရနိုင်ခြေကို မခံစားချင်ဘူးဆိုတဲ့ သူလေးတွေ ရှိပါသလား ။  ဒါဆိုရင်တော့ ဒီဆောင်းပါးလေးထဲမှာ ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်ဖြစ်တတ်သူတိုင်း သတိထားသင့်တဲ့ အချက်တွေ ပြောပြပေးမှာမို့ အတူတူ ဖတ်ကြည့်လိုက်ရအောင်နော် ။ 🔴 ရာသီဥတုကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှု ဆိုတာ - ရာသီအကူးအပြောင်း ဖြစ်ချိန်မှာ သစ်ပင်တွေကနေ ကျတဲ့ ဝတ်မှုန်တွေ ၊ မြက်တွေကနေ ထွက်တဲ့ ဝတ်မှုန်တွေကြောင့် ဓာတ်မတည့်မှုကို ခံစားရနိုင်ပါတယ် ။ ဒါကြောင့် ပန်းတွေ ပွင့်တတ်တဲ့ နွေဦး နဲ့ ဆောင်းဦးကာလတွေမှာ ရာသီဥတုကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှုတွေကို ခံစားရနိုင်ပါတယ် ။ 🔴 ဘယ်အချက်တွေက ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်တာကို ဖြစ်စေနိုင်တာလဲ ရာသီအပြောင်းအလဲမှ...