Skip to main content

Posts

Showing posts from July, 2023

ဗမာပြည် ကွန်မြူနစ်ပါတီ ( ဗ.က.ပ )

 မြန်မာပြည် အရှေ့မြောက်ပိုင်းဆီသို့ တိုးဝင်လာသော လေအေးများ အပိုင်း ( ၁ ) တစ်ချိန်က ဗမာပြည် ကွန်မြူနစ်ပါတီမှာ လက်ဝဲကူညီရေး တပ်သားတွေဆိုတာ ရှိခဲ့ပါတယ် ။ သူတို့ကို တရုတ်နိုင်ငံက ဗမာပြည် ကွန်မြူနစ်ပါတီ ( ဗ.က.ပ )ကို ကူညီဖို့ တရုတ်ပြည်ကနေ စေလွှတ်ခဲ့တာဖြစ်ပါတယ် ။ တရုတ်ဟာ လာအို ပြည်တွင်းစစ် ၊ ဗီယက်နမ် စစ်ပွဲတွေကို ဝင်ရောက်ကူညီဖို့ နိုင်ငံမှာရှိတဲ့ တိုင်းရင်းသား တပ်ဆွယ် ၁ နဲ့ ၂ ကိုအပြည်ပြည်ဆိုင်ရာ လက်ဝဲကူညီရေး တပ်အဖြစ် ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ် ။ ထိုအထဲကမှ တပ်သားတစ်ချို့ကို ဖွဲ့စည်းပြီး မြန်မာပြည်ထဲကို စေလွှတ်ခဲ့ကြပါတယ် ။ စုစုပေါင်း အယောက် ၃၀၀ နီးပါးရှိပြီး အယောက် ၆၀ ဟာ စစ်အစိုးရဲ့ တပ်တွေ နဲ့ တိုက်တဲ့ပွဲမှာ သေဆုံးခဲ့ကြရပါတယ် ။ လက်ဝဲ ကူညီရေးတပ်သားတွေဟာ မြန်မာမြေပေါ်မှာ ၁၈ နှစ် ကြာနေထိုင်ပြီး ဗမာပြည်ကွန်မြူနစ်ပါတီ ( ဗ.က.ပ )ရဲ့ လုပ်ငန်းတွေကို ထမ်းဆောင်ခဲ့ကြပါတယ် ။ ဒီအအကြောင်း မပြောခင် တရုတ်နိုင်ငံအကြောင်းကို အရင် ပြောကြရအောင် ။       ၁၉၄၉ ခုနှစ်မှာ တရုတ်ကွန်မြူနစ်ပါတီဟာ နိုင်ငံကို စတင်ထူထောင်ခဲ့ပါတယ် ။ စစ်အေးခေတ်တွေ အကြီးအကျယ် ဖြစ်နေတဲ့အချိန်မှာ တရုတ်နိုင်ငံဟာ စစ်အေးခေတ်ထဲမှာ ပါဝင...

မိုဟာမက်အလီ( Pasha of Egypt)

  မိုဟာမက်အလီ( Pasha of Egypt)  မိုဟာမက်အလီလို့ ဆိုလိုက်တာနဲ့ လက်ဝှေ့ကျော် မိုဟာမက်ကိုပဲ ပြေးမြင်မိကြမယ်ထင်ပါသည် ။​​ သို့သော် အီဂျစ်ပြည်ကို ပြုပြင်​ပြောင်းလဲရေးတွေ လုပ်ခဲ့တဲ့သူ ၊ နိုင်ငံရေး နဲ့ စစ်ရေးကို ကျွမ်းကျင်တဲ့သူ ၊ အီဂျစ်နိုင်ငံရဲ့ အုပ်စိုးသူ Mohammad Ali ကိုတော့ မသိကြ လောက်ဘူးထင်ပါသည် ။ သူ၏​​အကြောင်းမပြောခင် ထိုခေတ်အခါက အီဂျစ်နိုင်ငံရဲ့ နိုင်ငံရေး အ​ခြေအနေကို နည်းနည်းလေး နားလည်ဖို့တော့ လိုပါလိမ့်မည် ။    ၁၇၉၈ခု နှစ်မှာ ပြင်သစ်ဘုရင် နပိုလီယန်က အီဂျစ်ပြည်ကို စတင်ကျူးကျော်ပါသည် ။ ထိုစဥ်က အီဂျစ်ဟာ အော်တိုမန်တူရကီအင်ပါယာရဲ့ လက်အောက်ခံ ဖြစ်သည် ။ ပြင်သစ်တို့ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ အီဂျစ်နိုင်ငံဟာ အာရှတိုက် နဲ့ ဥရောပတိုက်ကို အထူးသဖြင့် အင်္ဂလန် နဲ့ ကုန်သွယ်ရေးလမ်းကြောင်း​ရဲ့ အဓိက အချက်အချာနေရာမှာ ရှိ​နေသည့်အတွက် သိမ်းပိုက်ရန်ဖြစ်သည် ။ သတိထားရမည့်အချက်မှာ ထိုစဥ်က စူးအက်တူးမြောင်းမရှိသေးပေ ။  ဒါကြောင့် ပြင်သစ်တို့က ကုန်သွယ်ရေးလမ်းကိုလည်းရဖို့ အော်တိုမန်တူရကီကိုလည်း အင်အားချည့်နဲ့ စေဖို့ ရည်ရွယ်ပြီး အီဂျစ်ကို သိမ်းဖို့စတင်ကြိုးစားခဲ့သည် ။​အော်တိုမန်တို့က ပြင်သစ်တ...

နားတွေ အရမ်းယားနေတာ ဘာကြောင့်များလဲ!

 💠💠💠 နားတွေ အရမ်းယားနေတာ ဘာကြောင့်များလဲ! 💠💠💠 နားယားတာက အတော်လေး ကသိကအောက် ဖြစ်စရာ ကောင်းတဲ့ ကိစ္စပါ ။ ဒါပေမယ့် တော်တော်များများက နားယားတာကို ပုံစံအမျိုးမျိုး အကြောင်းရင်းခံ အဖုံဖုံ နဲ့ ကြုံဖူးကြမှာပါ ။ အခုတစ်ခေါက်တော့ နားတွေ အရမ်းယားနေတာ ဘာကြောင့်များလဲ ဆိုတာ နဲ့ ဘယ်လို သက်သာအောင် လုပ်ရမလဲ ဆိုတာကို ပြောပြပေးသွားပါမယ် ။ 🔴 နားတွေ အရမ်းယားနေတာ ဘာကြောင့်များလဲ! နားတွေ အရမ်းယားနေတာ ဘာကြောင့်များလဲ ဆိုတော့ အခုလို အကြောင်းအရင်းတွေကြောင့်ပါ ။ ♦ နားပိုးဝင်တာ နားယားတယ်ဆိုတာက တစ်ခါတလေမှာ နားအတွင်းပိုင်းထဲကို ပိုးဝင် ကူးစက်တာကို ဖော်ပြနေတဲ့ လက္ခဏာ တစ်ခုပါ ။ ဒီလိုမျိုး ပိုးဝင်တာကြောင့် နားယားတာက အစပိုင်းမှာ သိပ်မပြင်းထန်ပေမယ့် နောက်ပိုင်းမှာ ပိုဆိုးလာနိုင်ပါတယ် ။ နားထဲကို ပိုးဝင်တာက နားယားတာနဲ့အတူ အဖျားဝင်တာမျိုးတွေလည်း ဖြစ်နိုင်ပါတယ် ။ နာတာရှည် နားပိုးဝင်တာက  ခဏခဏ ပြန်ဖြစ်တတ်ပြီး သေချာလေး ကုသဖို့ လိုပါမယ် ။ ♦ နားအတွင်း ခြောက်သွေ့တာ နားက ပုံမှန်အားဖြင့် အဆီနဲ့ နားဖာချေးတွေကို ထုတ်လုပ်ပါတယ် ။ တကယ်လို့ နားဖာချေးတွေကို အလွန်အကျွံ သန့်စင်လိုက်မိမယ်ဆိုရင်တော့ နားက ပြောင်ရှင်းပြီး ခြောက်...

ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်ဖြစ်တတ်သူတိုင်း သတိထားသင့်တဲ့ အချက်များ

  နှစ်တစ်နှစ်တာရဲ့ အချိန်တစ်ခုကို ရောက်လာပြီဆိုရင် နှာချေတာ ၊ ချောင်းဆိုးတာ ၊ နှာရည်ယိုတာတွေကို ခံစားရပြီဆိုရင် သေချာတာက ရာသီအကူးအပြောင်းကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှုကို ခံစားနေရတာပါ ။ ရာသီဥတုကြောင့် ဓာတ်မတည့်မှု ခံစားရသူတွေဟာ ဆောင်းဦးကာလ နွေဦးကာလတွေကို ရောက်လာပြီဆိုရင် လေထုထဲမှာ ဝတ်မှုန်တွေ မှိုတွေ များလာတာကြောင့် ဓာတ်မတည့်မှုကို ခံစားရပါတယ် ။ ဒီလိုမျိုး ရာသီအပြောင်းအလဲမှာ ဖြစ်တတ်တဲ့ ဓာတ်မတည့်မှု ခံစားရနိုင်ခြေကို မခံစားချင်ဘူးဆိုတဲ့ သူလေးတွေ ရှိပါသလား ။  ဒါဆိုရင်တော့ ဒီဆောင်းပါးလေးထဲမှာ ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်ဖြစ်တတ်သူတိုင်း သတိထားသင့်တဲ့ အချက်တွေ ပြောပြပေးမှာမို့ အတူတူ ဖတ်ကြည့်လိုက်ရအောင်နော် ။ 🔴 ရာသီဥတုကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှု ဆိုတာ - ရာသီအကူးအပြောင်း ဖြစ်ချိန်မှာ သစ်ပင်တွေကနေ ကျတဲ့ ဝတ်မှုန်တွေ ၊ မြက်တွေကနေ ထွက်တဲ့ ဝတ်မှုန်တွေကြောင့် ဓာတ်မတည့်မှုကို ခံစားရနိုင်ပါတယ် ။ ဒါကြောင့် ပန်းတွေ ပွင့်တတ်တဲ့ နွေဦး နဲ့ ဆောင်းဦးကာလတွေမှာ ရာသီဥတုကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှုတွေကို ခံစားရနိုင်ပါတယ် ။ 🔴 ဘယ်အချက်တွေက ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်တာကို ဖြစ်စေနိုင်တာလဲ ရာသီအပြောင်းအလဲမှ...

Hepatitis C Virus

  Hepatitis C viral infection ခေါ် အသည်းရောင်အသားဝါ C ပိုးအကြောင်း သိကောင်းစရာ အသည်းရောင်အသားဝါဖြစ်စေတဲ့ virus ပိုးတွေ အများကြီးရှိတဲ့ အထဲကမှ အဖြစ်အများဆုံး virus အုပ်စု အမျိုးအစားဖြစ်တဲ့ Viral Hepatitis A , B , C , D နှင့် E တို့အနက် ဒီနေ့မှာတော့  VAA မှ စာဖတ်ပရိတ်သတ်တွေရဲ့ တောင်းဆိုချက်အရ Hepatitis C virus လို့ခေါ်တဲ့ အသည်းရောင်အသားဝါ C ပိုးအကြောင်း ကိုပြောပြပေးသွားမှာ ဖြစ်ပါတယ်။ 🔴 Hepatitis C virus ခေါ် အသည်းရောင်အသားဝါ C ပိုး ဘယ်လိုကူးစက်သလဲ ? အသည်းရောင်အသားဝါ C ပိုးသည် သွေးမှတဆင့် အဓိက ကူးစက်ပါတယ် …. အသည်းရောင်အသားဝါ C ပိုးပါသော သွေးသွင်းမိခြင်း ၊ အသည်းရောင်အသားဝါ C ပိုးပါသော အပ်ဖြင့် ဆေးထိုးခြင်း ၊ ဆေးမှင်ကြောင်ထိုးခြင်း ၊  နားဖောက်ခြင်း ၊ အပ်စိုက်ခြင်း ၊  အသည်းရောင်အသားဝါ C ပိုးရှိသောသူနှင့် ဘလိတ်ဓား မုတ်ဆိတ်ရိတ်ဓား သွားတိုက်တံ အစရှိသည်တို့ကို အတူတကွသုံးစွဲခြင်း တို့အပြင် အသည်းရောင်အသားဝါ C ပိုးရှိသောသူနှင့် အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း တို့မှလည်း ကူးစက်နိုင်ပါတယ်… ထို့အပြင် အသည်းရောင်အသားဝါ C ပိုးရှိသော ကိုယ်ဝန်ဆောင်မိခင် ထံမှ ကလေးကိုလဲ ကူးစက်နိုင်ပါတယ်။ 🔴 ဘယ...

Hepatitis B Vaccine

  အသည်းရောင် အသားဝါ  B ပိုး ကာကွယ်ဆေးအကြောင်း (Hepatitis B Vaccine💉💉)         မင်္ဂလာပါ ဒီတစ်ခါမှာတော့  စာဖတ်ပရိတ်သတ်တွေရဲ့ တောင်းဆိုချက်အရ အသည်းရောင်အသားဝါ  B ပိုးကာကွယ်ဆေးအကြောင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ် ။   ♦ဘာကြောင့် B ပိုးကာကွယ်ဆေးထိုးသင့်လဲ?   ♦ဘယ်သူတွေရော ကြိုပြီးထိုးထားသင့်သလဲ?   ♦ ကာကွယ်ဆေးကရော ဘယ်နှစ်ကြိမ်ထိုးရတာလဲ? ။........  စသဖြင့် ပြည့်ပြည့်စုံစုံ တင်ဆက်ပေးထားတာမို့ စာကို အဆုံးထိဖတ်ရှုဖို့ အကြံပြုလိုက်ရပါတယ် ။ 🔴 ဘာကြောင့် ကာကွယ်ဆေးထိုးဖို့ လိုသလဲ ။ အသည်းရောင်အသားဝါ  B ပိုးဟာ ကူးစက်ခံရဖို့ အင်မတန်မှ လွယ်ကူပြီး ကူးစက်ခံထားရရင်လည်း ရောဂါလက္ခဏာ သေသေချာချာ မသိနိုင်ဘဲ ရောဂါ တော်တော်ကျွမ်းမှ သိနိုင်တဲ့အပြင် ပိုးကို အသေသတ်နိုင်တဲ့ ဆေးနည်းတွေလည်း မပေါ်သေးတာကြောင့် B ပိုးကာကွယ်ဆေးက ထိုးကိုထိုးထားဖို့ လိုအပ်တဲ့ ကာကွယ်ဆေးတစ်ခုပါ ။ 🔴 ဘယ်သူတွေက ကာကွယ်ဆေး ကြိုထိုးထားသင့်လဲ ။ လူတိုင်း ထိုးထားသင့်တဲ့ ကာကွယ်ဆေး တစ်ခု ဖြစ်ပေမယ့် ခုပြောပြမယ့်သူတွေက ပိုထိုးထားသင့်ပါတယ် ။ ♦ အိမ်သားထဲက တစ်ယောက်ယောက်မှာ အသည်းရောင်...

အသည်းရောင် အသားဝါ B ပိုး (Hepatitis B)

 💠 အသည်းရောင် အသားဝါ B ပိုး (Hepatitis B) 💠 အသည်းရောင် အသားဝါ B ပိုး ဆိုတာ အသံတိတ် လူသတ်သမား အုပ်စုမှာပါတဲ့ အဖွဲ့ဝင်တစ်ယောက်ပါ။ သူရှိကြောင်း လက္ခဏာတွေ သိပ်မပြတာကြောင့် သွေးစစ်ကြည့်မှ ရှိနေမှန်းသိသလို ၊ တချို့ ကံမကောင်းရင်တော့ ရောဂါတော်တော်ကျွမ်းမှပဲ B ပိုး ရှိနေကြောင်း သိကြတာများပါတယ်။ ဖြစ်ချိန်တန်ရင် ဖြစ်ကိုဖြစ်လာတဲ့ ရှောင်လွဲလို့ မရတဲ့ ကံတရားကလည်း ရှိနေတော့ မတော်တဆ ကိုယ့်မှာ အသည်းရောင် အသားဝါ B ပိုးရှိနေပြီဆိုပါတေ့ာ။ ရှေ့လျှောက် ပိုဆိုးမလာအောင် ထိန်းဖို့ ၊ B ပိုးကို အနိုင်တိုက်ဖို့ အခြေအနေ ရောက်သွားပြီဆိုရင်တော့ ဒါတွေ သိထားဖို့ လိုလာပါပြီ ။ 🔴 အသည်းရောင် အသားဝါ B ပိုး ရှိသူတိုင်း သိထားသင့်တဲ့ အချက်တွေ -  ၁ – ကိုယ့်ရဲ့ ပိုးကောင်ရေ များလာ လား ၊ နည်းသွား လားဆိုတာကိုပုံမှန် သွေးစစ်ပါ ။ ဘယ်သူမှတော့ ကိုယ့်အသားကို အပ်နဲ့ထိုးပြီး သွေးထုတ်တဲ့ ကိစ္စကို မနှစ်မြို့ကြပါဘူး။ ဒါပေမယ့် B ပိုးရှိသူတွေ အနေနဲ့ကျတော့ ရှိနေတဲ့ ပိုးကောင်ရေ ပမာဏကိုသိဖို့နဲ့ အသည်းကို ထိခိုက်နေပြီလား သိဖို့အတွက် နှစ်စဉ် ဒါမှမဟုတ် ၆ လ တစ်ခါ သွေးစစ်ပေးဖို့ လိုပါတယ်။ ဒါမှ ကိုယ့်ရဲ့ သွေးအဖြေပေါ်မူတည်ပြီး သင့်တော်တဲ့ က...