Skip to main content

ကင်ဆာဖြစ်စေနိုင်သော အစားအစာများ

 ကင်ဆာဖြစ်စေနိုင်သော အစားအစာများ 


မင်္ဂလာပါ VAA  ပရိတ်သတ်ကြီးခင်ဗျာ 


အခုတစ်ခါမှာတော့ ကင်ဆာနဲ့ပတ်သက်ပြီး ဘယ်လိုအစားအစာတွေက ကင်ဆာကိုအားပေးလဲဆိုတာ နဲ့ ပေါများလှတဲ့ အသင့်စား အစားအစာတွေက လူတွေကို ဘယ်လောက်ဒုက္ခပေးလဲ ဆိုတာကို တင်ဆက်ပေးလိုက်ပါတယ်။


ကင်ဆာ ဖြစ်စေနိုင်သော အစားအစာများ


မီးဖိုချောင်ရှိ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံတွေကနေ အကောင်းဆုံးကျန်းမာရေးကို ရရှိနိုင်ကြောင်း သင်သိကောင်းသိပါလိမ့်မယ်။


အလားတူပဲ မီးဖိုချောင်ရှိ အစားအစာ

တချိူ့ကလည်း ကင်ဆာ ရောဂါများစွာရဲ့ အဓိကအကြောင်းရင်း ဖြစ်လာနိုင်တာကိုကော သိကြပါသလား။


တကယ်တော့ ကင်ဆာရောဂါရဲ့ ၇၀ ရာခိုင်နှုန်းအထိကို အစားအသောက်ကနေ ကာကွယ်နိုင်တယ်။ 

ကျန်တဲ့ ၃၀% က သင်မထိန်းချုပ်နိုင်တဲ့ မျိုးရိုးဗီဇနဲ့ သဘာဝပတ်ဝန်းကျင်အကြောင်းတွေကြောင့် ဖြစ်ပါတယ်။


 ကင်ဆာရောဂါဖြစ်စေနိုင်သည့် အလားအလာကို မြင့်တက်စေနိုင်တဲ့ အစားအစာများအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။


ကင်ဆာ ဖြစ်စေနိုင်သော အစားအစာများ


(၁) စည်သွပ်ဘူး


စည်သွပ်ဘူးတွင် ပါဝင်သော အစားအစာများသည် ဆားနှင့် သကြားများ မြင့်မားစွာ ပါဝင်သည်မှာ မှန်သော်လည်း ကင်ဆာဖြစ်စေသည့်အကြောင်းရင်းကတော့ စည်သွပ်ဘူးတွေမှာ အသုံးပြုတဲ့ ဘူးခွံတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဘူးခွံတွေမှာ ကင်ဆာဖြစ်စေတယ်လို့ လူသိများတဲ့ အန္တရာယ်ရှိသော BPA ဓာတုပစ္စည်းများ ပါဝင်နေပါတယ်။ အထူးသဖြင့် ခရမ်းချဉ်သီးကဲ့သို့သော သဘာဝအက်ဆစ် ဖြစ်သောအရာများအပြင် ဘူးထဲသို့ ထည့်သွင်းသော မည်သည့်အရာမှာမဆို BPAတွေ ပါဝင်နေတတ်ပါတယ်။ ဒါကို ကာကွယ်ဖို့အတွက် အသီးအနှံများကို လတ်လတ်ဆတ်ဆတ်စားပါ။ ကြာရှည်ခံစေဖို့အတွက် ရေခဲသေတ္တာကိုအသုံးပြုပါ။ ဒါမှမဟုတ် BPA-free အဖြစ်တံဆိပ်ကပ်ထားသောစည်သွပ်ဘူးများကိုသာဝယ်ယူစားသုံးပါ ။


(၂) Soda Pop


ဆိုဒါဟာ ကျန်းမာရေးအတွက် မကောင်းဘူးလို့ ဘာကြောင့် ဆရာဝန်တွေပြောလေ့ရှိကြတာလဲ။ ဆိုဒါမှာပါဝင်သော သကြားဓာတ်တွေဟာ ကင်ဆာဆဲလ်များရဲ့ အကြိုက်ဆုံးအစားအစာဖြစ်သည့်အပြင် မြင်းတစ်ကောင်ကို အသက်ရှူကျပ်စေနိုင်လောက်တဲ့ ဓာတ်ပစ္စည်းတွေဟာ ဆိုဒါမှာ ပါဝင်နေပါတယ်။


ဆိုဒါမှာ အာဟာရဓာတ်များ မပါဝင်သည့်အပြင် အသုံးပြုထားသော ဓာတုပစ္စည်းများနှင့် အရောင်များကြောင့် ကင်ဆာဖြစ်နိုင်ခြေကိုပိုမိုမြင့်မားစေပါတယ်။ တကယ်လို့ သင့်အနေနှင့် ကဖိန်းဓာတ်လိုအပ်နေပြီဆိုပါက ဆိုဒါအစား အချိူဓာတ်အနည်းငယ်သာ ပါဝင်တဲ့ လက်ဖက်ရည် သို့မဟုတ် ကော်ဖီကို ရွေးချယ်သင့်ပါတယ်။ ထိုနှစ်ခုစလုံးမှာ ကင်ဆာကို တွန်းလှန်နိုင်သော အစွမ်းတွေ ပါရှိလို့ဖြစ်ပါတယ်။


၃) အာလူးကြော်


အာလူးကြော်များမှာ ကျန်းမာရေးအတွက် ဆိုးကျိူးများဖြစ်စေနိုင်တဲ့ ဆားနှင့် ပြည့်ဝအဆီများစွာ ပါဝင်ပါတယ်။ ကင်ဆာရောဂါဖြစ်နိုင်ခြေကို မြင့်တက်စေတဲ့ အကြောင်းရင်းတစ်ခုကတော့ ဘယ်အစားအစာကိုမဆို အပူချိန်မြင့်မားစွာ ချက်ပြုတ်ထားရင် တွေ့ရတတ်တဲ့ Acrylamide လို့ခေါ်တဲ့ ဓာတုပစ္စည်းဟာ အာလူးကြော်တွေမှာ ပါဝင်နေတာကြောင့်ဖြစ်ပါတယ်။ အာလူးကြော်မှာတွေ့ရတဲ့ acrylamide ကို စီးကရက်တွင်လည်း တွေ့နိုင်ပြီး သေစေနိုင်တဲ့အထိ ပြင်းထန်သော ဓာတုပစ္စည်းတစ်မျိူးဖြစ်ပါတယ်။


၄) ကျပ်တိုက်ထားသော၊ ပြုပြင်ထားသောအစားအစာများ


ယေဘုယျအားဖြင့် အနီရောင်အသားများကို အဆီများသော အစာများအဖြစ် သတ်မှတ်ထားပါတယ်။ ကျွန်မတို့အနေနှင့် နေ့စဉ်စားသုံးနေတဲ့ အရသာရှိလှသော ဘေကွန်၊ နေ့လည်စာအသား၊ ဝက်အူချောင်း၊ မီးကင်ထားတဲ့ ဘာဘီကျူးစတာတွေကို ရှောင်ဖို့ မလွယ်ကူကြပါဘူ


သို့သော် ဒီအစားအစာတွေဟာ ပြုပြင်ထားတဲ့ Processed foodများ ဖြစ်တဲ့အတွက် ကင်ဆာနှင့် ဆက်နွယ်သော နိုက်ထရိတ်နှင့် နိုက်ထရိုက်များ ပါဝင်နေပါတယ်။ ကျပ်တိုက်ခြင်းသည် အစားအစာများကို ကြာရှည်စွာ ထိန်းသိမ်းသော နည်းစနစ်ဖြစ်သော်လည်း အသားများကို ကတ္တရာစေးကဲ့သို့ဖြစ်စေပြီး စီးကရက်ကဲ့သို့ အန္တရာယ်ရှိသော အရာအဖြစ် ပြောင်းလဲသွားစေပါတယ်။


၅) မွေးမြူထားသောဆယ်လ်မွန်ငါးများ


ငါးတွေဟာ ကျန်းမာရေးနဲ့ပတ်သတ်ပြီး အလွန်ကောင်းမွန်တဲ့ ရွေးချယ်မှုတစ်ခုပါပဲ။ သဘာဝအတိုင်းဆိုရင် ငါးတွေမှာ သင့်အတွက် လိုအပ်တဲ့ အိုမီဂါ 3 ဖက်တီးအက်ဆစ်ဓာတ် မြင့်မားစွာပါဝင်ပါတယ်။ ကံမကောင်းစွာပဲ မွေးမြူထားသော ဆယ်လ်မွန်ငါးများဟာ ပဋိဇီဝဆေးများနှင့် ကင်ဆာဖြစ်စေသည့် ဓာတုပစ္စည်းများဖြင့် ပြည့်နှက်နေတဲ့ သဘာဝမဟုတ်သော အစားအစာများကိုစားသုံးကြသည်။


ရလဒ်အနေနှင့် သူတို့၏အသားများတွင် PCBs, Dioxinsနှင့် ပြဒါးများပါဝင်သည့်အတွက် လူသားများစားသုံးရန်အတွက် အန္တရာယ်ရှိလာသည်။ ဒါပေမယ့် ဆန့်ကျင်ဘက်အနေနှင့်ကတော့ သဘာဝဆယ်လ်မွန်ငါးများတွေမှာ ကိုယ်ခန္ဓာကို အလွန်အကျိူးပြုတဲ့ အာဟာရဓာတ်တွေ ပြည့်ဝစွာပါဝင်နေပြီး ကျန်းမာစေဖို့အတွက် လတ်ဆတ်သော ဆယ်မွန်ငါးတွေကသာ အကောင်းဆုံးရွေးချယ်မှုဖြစ်ပါတယ်။


၆) ပေါက်ပေါက်ဆုပ်


စည်သွတ်ဘူးများကဲ့သို့ပဲ မိုက်ကရိုဝေ့(ဗ်) ပေါက်ပေါက်တွေရဲ့ ပြဿနာဟာ ၎င်းကို သိမ်းဆည်းထားသည့် နည်းလမ်းဖြစ်သည်။ မိုက်ကရိုဝေ့(ဗ်)အိတ်အများစုဟာ ပန်ကရိယ၊ ကျောက်ကပ်၊ အသည်း၊ ဆီးအိမ်၊ ဝှေးစေ့ကင်ဆာများဖြစ်စေနိုင်သော PFOA လို့ခေါ်တဲ့ပစ္စည်းနဲ့ထုတ်ထားတာပါ။


သင်ကပြောင်းဖူးကို မိုက်ကရိုဝေ့ဖ်ထဲမှာ ထည့်လိုက်တဲ့အခါ PFOA က အချောသတ်ကို artificial ထောပတ်နဲ့အတူဖုံးအုပ်လိုက်ပါတယ်သည်။


အကယ်၍ သင်သည် လေပူဖြင့် ကြက်သွန်ဖြူထည့်ထားသော သံလွင်ဆီအရသာ သို့မဟုတ် ခြောက်သွေ့သော ဆေးဖက်ဝင်အပင်များဖြင့်ဖောက်လိုက်လျှင် ပေါက်ပေါက်ဆုပ်ကို ကျန်းမာစွာစားသုံးနိုင်သည်။


၇) အဖြူရောင်ဂျုံမှုန့်


ဂျုံစေ့လုံးများသည် ကျန်းမာရေးအတွက် အလွန်ကောင်းမွန်သော်လည်း သန့်စင်သော အဖြူရောင်ဂျုံမှုန့်အဆင့်သို့ ရောက်ရှိတဲ့အထိ ပြုပြင်ထုတ်လုပ်ခြင်းဟာ ကောင်းမွန်သော ဓာတ်များကို ဖယ်ရှားလိုက်သလို ဖြစ်စေပါတယ်။ အဖြူရောင်ဂျုံမှုန့်တွေဟာ glycemic အညွှန်းကိန်း မြင့်မားသော အစားအစာတစ်ခုဖြစ်ပါတယ်။ဆိုလိုတာကတော့ ဂျူံမှန့်အဖြူများဟာ သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေပြီး ကင်ဆာဆဲလ်တွေကြီးထွားစေဖို့ အလားအလာပိုများစေပါတယ်။


၈) အယ်ကိုဟော


အရက် အလွန်အကျွံသောက်ခြင်းသည် ကျန်းမာရေးအတွက် အဘက်ဘက်က ဆိုးကျိူးများဖြစ်စေတယ်ဆိုတာ အားလုံးသိကြပါလိမ့်မယ်။ အသည်းနှင့် ကျောက်ကပ်ကို ထိခိုက်ပျက်စီးစေရုံသာမက အရက်အလွန်အကျွံသောက်ခြင်းကြောင့် ပါးစပ်၊ အစာပြွန်၊ အသည်း၊အူမကြီးနှင့် စအိုကင်ဆာများ ဖြစ်စေကြောင်း လေ့လာချက်များစွာအရ သိရှိရပါတယ်။

အလွန်အကျွံဆိုတာ ဘယ်လောက်များများလဲ သိချင်ကြပါလိမ့်မယ်။ ယေဘုယျအားဖြင့် အမျိုးသမီးများအတွက် တစ်နေ့လျှင် အရက်တစ်ပက်နှင့် အမျိုးသားများအတွက် နှစ်ပက်ကိုအန္တရာယ်ကင်းသည်ဟု ယူဆကြပါတယ်။ အရက်ထက်စာရင် စပျစ်ဝိုင်အနီတွင် နှလုံးကျန်းမာသန်စွမ်းစေပြီး ကင်ဆာဖြစ်ခြင်းကိုကာကွယ်ပေးနိုင်တဲ့ Reversterolလို့ခေါ်တဲ့ antioxidant ပါဝင်တဲ့အတွက် အရက်အစား ဝိုင်အနီကို ပိုမိုသောက်သုံးသင့်ပါတယ်။


၉) ဆားရည်စိမ်ထားသော အစားအစာများ


Pickling ခေါ် အချဉ်တည်ခြင်းသည် နိုက်ထရိတ်၊ ဆားနှင့် အစားအစာ အတုများကို အရောင်တင်စေသော ထပ်ဆင့်ပြုပြင်ခြင်းပုံစံတစ်မျိုးဖြစ်ပါတယ်။ အရက်အလွန်အကျွံသောက်ခြင်းသည် တိုက်ရိုက်ထိမိသည့် ကိုယ်ခန္ဓာအစိတ်အပိုင်းများတွင် ကင်ဆာဖြစ်စေနိုင်သည့်နည်းတူပင် အချဉ်ဖောက်ထားသော အစားအစာများသည် အစာခြေလမ်းကြောင်းကင်ဆာ အထူးသဖြင့် အစာအိမ်နှင့် အူမကြီးကင်ဆာများနှင့် ဆက်စပ်နေပါတယ်။


သင့်အနေနှင့် ဆားစိမ်ထားသော ၊ အချဉ်တည်ထားသော အစားအစာများကို နှစ်သက်ပါက ဆားပမာဏကို ထိန်းချုပ်နိုင်ပြီး အချဉ်အတုများကို ရှောင်ရှားနိုင်အောင် မိမိဘာသာ အိမ်တွင် သန့်ရှင်းလတ်ဆတ်သောနည်းဖြင့် ပြုလုပ်နိုင်ပါတယ်။


(၁၀) Hydrogenated ဆီများ


ဟင်းသီးဟင်းရွက်ဆီများဟာ ကျန်းမာရေးနှင့်ညီညွတ်တယ်လို့ သင်ထင်ကောင်း ထင်ပါလိမ့်မယ်။ သို့သော် ဟင်းသီးဟင်းရွက်များမှ ဆီကိုသဘာဝအရ ထုတ်ယူ၍မရပါ။ ထို့ကြောင့် ၎င်းတို့သည် ဓာတုဗေဒနည်းဖြင့် ထုတ်ယူခြင်းလုပ်ငန်းစဉ်ကို ပြုလုပ်ကြရပါတယ်။ နောက်တစ်ဆင့်အဖြစ် အဆီကို အရောင်ထည့်ပြီး သဘာဝရနံ့ကို ဖယ်ရှား၍ အချောထုတ်ကုန်အဖြစ် ပြောင်းလဲကာ အမြင်ကိုဆွဲဆောင်စေပါသည်။ ဤဓာတုဖြစ်စဉ်ကို Hydrogenerated processလို့ ခေါ်ပါတယ်။ ဒီနည်းကို ပြုပြင်ထားသော အစားအစာများစွာတွင် တွေ့ရလေ့ရှိပါတယ်။ ဟိုက်ဒရိုဂျင်အဆီများသည် ဆဲလ်များ၏ ဖွဲ့စည်းတည်ဆောက်ပုံနှင့် ပြောင်းလွယ်ပြင်လွယ်မှုကို အကျိုးသက်ရောက်စေပြီး ကင်ဆာဖြစ်စေမှုကို မြင့်တက်စေပါတယ်။


သင့်နေ့စဉ် အစားအစာတွေမှာ အထက်ပါအစာအုပ်စုတွေ ပါဝင်နေပြီလား။ ဒါဆိုရင်တော့ တတ်နိုင်သမျှ ရှောင်ရှားပြီး ပိုမိုလတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်နှင့် အသီးအနှံတွေကို နေ့စဉ်စားသုံးပါ။ ကိုယ်လက်လှုပ်ရှားမှု နေ့စဉ်ပြုလုပ်ပါ။ အာဟာရဓာတ်များ ပြည့်ဝအောင်စားသောက်နေထိုင်ပါ။ ဒီနည်းလမ်းတွေကို အသုံးပြုပြီး ကင်ဆာဖြစ်ခြင်းကို ကြိုတင်ကာကွယ်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။


#vaa

#cancerနှင့်အစားအစာ

Comments

Popular posts from this blog

Otomycosis ( နားမှိုစွဲခြင်းရောဂါ )

 Otomycosis ( နားမှိုစွဲခြင်းရောဂါ )      🙋  အားလုံးပဲ   မင်္ဂလာပါ 🙋 VAA ရဲ့စာဖတ်ပရိတ်သတ်တွေအတွက်အခုတစ်ခါမှာတော့ ပရိတ်သတ်တွေရဲ့တောင်းဆိုချက်အရ နားမှိုစွဲခြင်းရောဂါ နဲ့ပတ်သက်ပြီး ဖော်ပြပေးမှာဖြစ်ပါတယ် ။  နားမှိုစွဲခြင်းရောဂါ နဲ့ပတ်သက်ပြီး ဖြစ်ရတဲ့အကြောင်းရင်းတွေ ၊ လက္ခဏာတွေ ၊ ဘယ်လိုဆေးဝါးတွေကို အသုံးပြုနိုင်မလဲ ၊ ဆောင်ရန် ၊ ရှောင်ရန် ၊နောက်ဆက်တွဲ ပြဿနာတွေ နှင့် ကာကွယ်နည်းများကို ပြည့်ပြည့်စုံစုံ တင်ဆက်ပေးလိုက်ပါတယ် ။ နားမှိုစွဲရောဂါ ကို ဆေးပညာအရ Otomycosis လို့ ခေါ်ပါတယ်။ မြန်မာနိုင်ငံလိုမျိုး ပူနွေးစိုစွတ်တဲ့ နိုင်ငံတွေမှာ အတွေ့ရများပါတယ်။ နွေရာသီလို ပူပြင်းတဲ့အချိန်မှာ ပိုဖြစ်တတ်ပါတယ်။ နားမှိုစွဲရောဂါက များသောအားဖြင့် နားအပြင်ပိုင်းမှာ ဖြစ်တာ များပါတယ်။ နားအလယ်ပိုင်းမှာ ဖြစ်တာလည်း ရှိပါတယ်။ တစ်ဖက်တည်း ဖြစ်တာများပါတယ်။ 🔴 နားမှိုစွဲရောဂါ ဖြစ်ရတဲ့ အကြောင်းရင်း နားမှိုစွဲရောဂါက နာမည်အတိုင်းပဲ မှိုပိုးကြောင့် ဖြစ်တာပါ ။ မှိုပိုးတွေ အများကြီးရှိတဲ့အထဲကမှ နားမှိုစွဲစေတဲ့ ပိုးတွေကတော့ Candida နဲ့ Aspergillus လို့ခေါ်တဲ့ မှို နှစ်မျိုးပဲ ဖြစ်ပါတယ် ။ အဲ...

Circulation of Blood

 Circulation Of Blood           မင်္ဂလာပါ VAA Facebook  Page  မှ ပရိတ်သတ်ကြီးများခင်ဗျာ   အခု​ဖော်ပြပေးမယ့် အကြောင်းအရာလေးကတော့ ခန္ဓာကိုယ်အတွင်းမှာလှည့်ပတ်နေတဲ့ သွေးအကြောင်းပဲဖြစ်ပါတယ် ။ သွေးထဲမှာဆိုရင် သွေးရည်ကြည်၊သွေးနီဥ ၊ သွေးဖြူဥ ၊ သွေးဥမွှားတွေပါရှိပြီး သူတို့လေးတွေကရော ဘာလုပ်ငန်းတွေလုပ်ဆောင်တာလဲ?  ဒါ့အပြင် နှလုံးရဲ့ လုပ်ငန်းဆောင်တာတွေ ၊ သွေးလွှတ်ကြော ၊ သွေးပြန်ကြောတွေကရော ဘာတွေလဲ? စသဖြင့် ဗဟုသုတ ရစေရန် ရည်ရွယ်၍ တင်ဆက်ပေးလိုက်ပါသည်။  ခန္ဓာကိုယ်တွင်း သွေးလှည့်ပတ်သွားလာခြင်း  ( Circulation of Blood )  ခန္ဓာကိုယ် သွေးလှည့်ပတ်ခြင်းစနစ်တွင်        (၁) သွေး       (၂) နှလုံး နှင့်       (၃) သွေးကြောများ စသည်တို့ ပါဝင်ပါသည် ။ (၁)   သွေးအကြောင်း          သွေးသည် သွေးကြောများ အတွင်းတွင် အရည်အဖြစ် လှည့်ပတ်လျက်ရှိသည် ။ ခန္ဓာကိုယ် အသက်ရှင်ရန်အတွက် အရေးကြီးသည် ။ သွေးသည် အသက် ဖြစ်သည် ။ မည်သည့်နေရာမှမဆို သွေးယိုထွက်ခြင်း လွန်ကဲပါက အသက်ဆုံးရှုံးန...

ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်ဖြစ်တတ်သူတိုင်း သတိထားသင့်တဲ့ အချက်များ

  နှစ်တစ်နှစ်တာရဲ့ အချိန်တစ်ခုကို ရောက်လာပြီဆိုရင် နှာချေတာ ၊ ချောင်းဆိုးတာ ၊ နှာရည်ယိုတာတွေကို ခံစားရပြီဆိုရင် သေချာတာက ရာသီအကူးအပြောင်းကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှုကို ခံစားနေရတာပါ ။ ရာသီဥတုကြောင့် ဓာတ်မတည့်မှု ခံစားရသူတွေဟာ ဆောင်းဦးကာလ နွေဦးကာလတွေကို ရောက်လာပြီဆိုရင် လေထုထဲမှာ ဝတ်မှုန်တွေ မှိုတွေ များလာတာကြောင့် ဓာတ်မတည့်မှုကို ခံစားရပါတယ် ။ ဒီလိုမျိုး ရာသီအပြောင်းအလဲမှာ ဖြစ်တတ်တဲ့ ဓာတ်မတည့်မှု ခံစားရနိုင်ခြေကို မခံစားချင်ဘူးဆိုတဲ့ သူလေးတွေ ရှိပါသလား ။  ဒါဆိုရင်တော့ ဒီဆောင်းပါးလေးထဲမှာ ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်ဖြစ်တတ်သူတိုင်း သတိထားသင့်တဲ့ အချက်တွေ ပြောပြပေးမှာမို့ အတူတူ ဖတ်ကြည့်လိုက်ရအောင်နော် ။ 🔴 ရာသီဥတုကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှု ဆိုတာ - ရာသီအကူးအပြောင်း ဖြစ်ချိန်မှာ သစ်ပင်တွေကနေ ကျတဲ့ ဝတ်မှုန်တွေ ၊ မြက်တွေကနေ ထွက်တဲ့ ဝတ်မှုန်တွေကြောင့် ဓာတ်မတည့်မှုကို ခံစားရနိုင်ပါတယ် ။ ဒါကြောင့် ပန်းတွေ ပွင့်တတ်တဲ့ နွေဦး နဲ့ ဆောင်းဦးကာလတွေမှာ ရာသီဥတုကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှုတွေကို ခံစားရနိုင်ပါတယ် ။ 🔴 ဘယ်အချက်တွေက ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်တာကို ဖြစ်စေနိုင်တာလဲ ရာသီအပြောင်းအလဲမှ...