Skip to main content

လိုအပ်ချက်

 လိုအပ်ချက်



နေသူရိန် လူထုအစည်းအဝေး အပြီးတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးရေချိန်မှာ မြင့်တက်နေသည့် အချိန်ဖြစ်သည် ။ လွတ်လပ်ရေးကို အရယူရန်အတွက် လူထု ၊ ဖဆပလ ၊ CPB ၊ ပြည်သူ့ရဲဘော်ပါတီ နှင့် ဆိုရှယ်လစ်ပါတီတို့ရဲ့ တပ်ပေါင်းစုကြီးလည်း ရှိနေခဲ့သည် ။ လက်နက်ကိုင် အင်အားစုအနေ နှင့် စစ်တပ်မှာလည်း အဆင့်သင့် ရှိနေခဲ့ပေသည် ။ ၁၉၄၇ ဖေဖော်ဝါရီလတွင် ချုပ်ဆိုခဲ့သော ပင်လုံစာချုပ်အရ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ကိုပါ တည်ဆောက်နိုင်ခဲ့ရာ လွတ််လပ်ရေးမှာ လက်တစ်ကမ်းအလိုမဟုတ် မျက်တောင်တစ်ခတ် အချိန်အတွင်းမှာပင် ယူနိုင်တော့မည် ဖြစ်သည် ။ သို့သော်.....လိုအပ်ချက် တစ်ခုရှိနေသည် ။

        ၁၉၄၇ ခုနှစ် ၇လပိုင်း ၁၀ရက်နေ့တွင် ပုလိပ်လက်နက်တိုက်မှ ကပ္ပတိန်ဗီဗီယန်း၏ အကူအညီဖြင့် ဂဠုန်ဦးစော နှင့် သူ့၏အပေါင်းအပါများမှာ ဘရင်းဂန်းအလက်၂၀၀ နှင့် စတင်းဂန်းများ ကျည်များကို ပုလိပ်ယောင်ဆောင်ကာ ထုတ်ယူသွားခဲ့သည် ။ ဗိုလ်ချုပ်အောင်ဆန်းမှာလည်း ဗုဒ္ဓဟူးနေ့တိုင်း ကျင်းပနေကျ ကတ်ဘိနက်အစည်းအဝေး မှာ လွှတ်တော် နှင့် တိုက်နေသည့်အတွက် ရုံးပိတ်ရက်ဖြစ်သော စနေနေ့ကို ရွေးချယ်ခဲ့ခြင်းဖြစ်ရာ ကံကြမ္မာမှာ တည့်တည့်ကြီးကို ငင်ပါတော့သည် ။ ဦးစောမှာ ဖက်ဆစ်ဆန့်ကျင်ရေးကာလတွင် အာဖရိကတိုက်၏ တစ်နေရာတွင် ဗြိတိသျှအစိုးရ၏ ထောင်ချထားခြင်းကို ခံရပြီးမှ ပြန်လွတ်လာခြင်းဖြစ်သည် ။ ထိုကြောင့် ဦးစော၏နိုင်ငံရေးရေချိန်မှာ စစ်ကြီးမတိုင်မီက အတွေးအခေါ်သာ ရှိသည် ။ ဦးစောသည် မြန်မာပြည်သူတို့၏ လိုလားတောင်းတမှု နှင့် ဆန္ဒကို မသိချေ ။ သူ၏ အတွေးမှာ လုပ်ကြံမှုအောင်မြင်၍ ဗိုလ်ချုပ်မရှိတော့လျှင် နိုင်ံရေးအရ သူကိုယ်သူ အရေးပါသောကြောင့် နေရာယူနိုင်မည်ဟု ယူဆထားသူ ဖြစ်သည် ။

ဒီနေရာတွင် သတိထားစရာ တစ်ခုရှိ၏ ။ ဦးစောသည် ဗိုလ်ချုပ်အား ပုဂ္ဂိုလ်ရေးအရ မုန်းတီးမှုကြောင့် လုပ်ကြံခြင်းမှာ လုံးဝမဖြစ်နိုင်ပေ။ အဘယ့်ကြောင့်ဆိုသော် ပုဂ္ဂိုလ်ရေး လုပ်ကြံမှုသာမှန်လျှင် ဗိုလ်ချုပ်အား တစ်ဦးတည်း လွယ်ကူစွာ လုပ်ကြံရန် အခြေအနေများစွာ ရှိပါသည် ။ ယခုအခြေအနေသည် ကတ်ဘိနတ်ဝန်ကြီးများ တစ်နည်းပြောရလျှင် အစိုးရအဖွဲ့အားလုံးကို လုပ်ကြံရေး အစီအစဥ်ဖြစ်သည် ဆိုသည်မှာ သခင်နုကိုပါ လုပ်ကြံရန် ကြိုးစားမှုက အထင်အရှားဖြစ်သည် ။

လွတ်မြောက်သွားသူထဲတွင် ပျော်ဘွယ်ဦးမြ နှင့် ဦးဘဂျမ်းတို့က ခုံအောက်ကို ဝပ်နေလိုက်၍ လွတ်မြောက်သွားသည် ။ သခင်နု ( နောင် ဝန်ကြီးချုပ် ) က ရုံးမတက်ဖြစ်၍ လွတ်မြောက်သွားလေသည် ။

ဗိုလ်ချုပ်အောင်ဆန်းသာ ရှိနေလျှင် တိုင်းပြည်မှာ ဒီထက်မကောင်းရင်တောင် ဒီလောက်ဆိုးစရာအခြေအနေမရှိဟု ယူဆရသည် ။ အဘယ်ကြောင့်ဆိုသော် ဗိုလ်ချုပ်သည် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး နှင့် ကိုယ့်ပိုင်ပြဌာန်းခွင့်များကို လေးစားတန်ဖိုးထားသူ ဖြစ်သလို နိုင်ငံရေးပါတီများ ( ဖဆပလ ၊ ပြည်သူ့ရဲဘော် ၊ ဗမာပြည်ကွန်မြူနစ်ပါတီ နှင့် ဆိုရှယ်လစ်ပါတီ ) ၏ အားထားမှုကို ပုဂ္ဂိုလ် ရေးအရ ရရှိခဲ့သည် ။ ထို့ကြောင့် ဖဆပလ နှင့် ကွန်မြူနစ်တို့၏ အကွဲအပြဲများကိုလည်း နိုင်ငံခေါင်းဆောင်တစ်ယောက်အနေ ဖြင့် ဖြေရှင်းပေးနိုင်မည် ။ ပင်လုံကတိကဝတ်ကိုလည်း တည်ပေးန်ိုင်မည် ( တစ်နည်း ) တည်နိုင်အောင်ကြိုးစားလိမ့်မည် ။ ထို့ကြောင့် ပြည်တွင်းစစ်ကိုအထိုက်အလျောက် တားနိုင်မည်မှာ မလွဲမသေပင် ဖြစ်ပါလိမ့်မည် ။ စစ်တပ်ကြီးစိုး၍ လွှတ်တော်အနေ နှင့် လုပ်ပိုင်ခွင့်မရှိသော နိုင်ငံရေးအခြေအနေကို မကြိုက်ဟု ပွင့်ပွင့်လင်လင်း ပြောကြားခဲ့ဖူး၍ အာဏာသိမ်းမှုများကို ဆန့်ကျင်မည်မှာ အမှန်ပင်ဖြစ်ပေသည် ။

    လွတ်လပ်ရေးတော့ရသည် ။ လွတ်တော့မလွတ်သေးသော အခြေအနေများကို ကြုံခဲ့ရသည်မှာ လွတ်လပ်ရေးနှစ်ပတ်လည်နေ့များ ကျင်းပသည့် နှစ်များ နှင့် တစ်ထပ်တည်းဖြစ်သည် ။ လွတ်လပ်ရေးကို အရယူနိုင်သည့် ရုပ်ပိုင်းဆိုင်ရာအရ ပြည့်စုံမှုတွေရှိသော်လည်း လိုအပ်ချက်မှာ ဂဠုန်ဦးစောလို နိုင်ငံရေးရေချိန်မမြင့်ဘဲ အတ္တကြီးသော သူများ များပြားနေခြင်းကြောင့် တိုင်းပြည်မှာ နစ်သထက်နစ် မွန်းသထက်မွန်းနေခဲ့သည်မှာ ၁၉၄၇ ဇူလိုင်လကတည်းဖြစ်ပါတော့သည် ။


              ကောင်းဆက်ဟိန်း                       ၁၂.၇.၂၀၂၃

Comments

Popular posts from this blog

Otomycosis ( နားမှိုစွဲခြင်းရောဂါ )

 Otomycosis ( နားမှိုစွဲခြင်းရောဂါ )      🙋  အားလုံးပဲ   မင်္ဂလာပါ 🙋 VAA ရဲ့စာဖတ်ပရိတ်သတ်တွေအတွက်အခုတစ်ခါမှာတော့ ပရိတ်သတ်တွေရဲ့တောင်းဆိုချက်အရ နားမှိုစွဲခြင်းရောဂါ နဲ့ပတ်သက်ပြီး ဖော်ပြပေးမှာဖြစ်ပါတယ် ။  နားမှိုစွဲခြင်းရောဂါ နဲ့ပတ်သက်ပြီး ဖြစ်ရတဲ့အကြောင်းရင်းတွေ ၊ လက္ခဏာတွေ ၊ ဘယ်လိုဆေးဝါးတွေကို အသုံးပြုနိုင်မလဲ ၊ ဆောင်ရန် ၊ ရှောင်ရန် ၊နောက်ဆက်တွဲ ပြဿနာတွေ နှင့် ကာကွယ်နည်းများကို ပြည့်ပြည့်စုံစုံ တင်ဆက်ပေးလိုက်ပါတယ် ။ နားမှိုစွဲရောဂါ ကို ဆေးပညာအရ Otomycosis လို့ ခေါ်ပါတယ်။ မြန်မာနိုင်ငံလိုမျိုး ပူနွေးစိုစွတ်တဲ့ နိုင်ငံတွေမှာ အတွေ့ရများပါတယ်။ နွေရာသီလို ပူပြင်းတဲ့အချိန်မှာ ပိုဖြစ်တတ်ပါတယ်။ နားမှိုစွဲရောဂါက များသောအားဖြင့် နားအပြင်ပိုင်းမှာ ဖြစ်တာ များပါတယ်။ နားအလယ်ပိုင်းမှာ ဖြစ်တာလည်း ရှိပါတယ်။ တစ်ဖက်တည်း ဖြစ်တာများပါတယ်။ 🔴 နားမှိုစွဲရောဂါ ဖြစ်ရတဲ့ အကြောင်းရင်း နားမှိုစွဲရောဂါက နာမည်အတိုင်းပဲ မှိုပိုးကြောင့် ဖြစ်တာပါ ။ မှိုပိုးတွေ အများကြီးရှိတဲ့အထဲကမှ နားမှိုစွဲစေတဲ့ ပိုးတွေကတော့ Candida နဲ့ Aspergillus လို့ခေါ်တဲ့ မှို နှစ်မျိုးပဲ ဖြစ်ပါတယ် ။ အဲ...

Circulation of Blood

 Circulation Of Blood           မင်္ဂလာပါ VAA Facebook  Page  မှ ပရိတ်သတ်ကြီးများခင်ဗျာ   အခု​ဖော်ပြပေးမယ့် အကြောင်းအရာလေးကတော့ ခန္ဓာကိုယ်အတွင်းမှာလှည့်ပတ်နေတဲ့ သွေးအကြောင်းပဲဖြစ်ပါတယ် ။ သွေးထဲမှာဆိုရင် သွေးရည်ကြည်၊သွေးနီဥ ၊ သွေးဖြူဥ ၊ သွေးဥမွှားတွေပါရှိပြီး သူတို့လေးတွေကရော ဘာလုပ်ငန်းတွေလုပ်ဆောင်တာလဲ?  ဒါ့အပြင် နှလုံးရဲ့ လုပ်ငန်းဆောင်တာတွေ ၊ သွေးလွှတ်ကြော ၊ သွေးပြန်ကြောတွေကရော ဘာတွေလဲ? စသဖြင့် ဗဟုသုတ ရစေရန် ရည်ရွယ်၍ တင်ဆက်ပေးလိုက်ပါသည်။  ခန္ဓာကိုယ်တွင်း သွေးလှည့်ပတ်သွားလာခြင်း  ( Circulation of Blood )  ခန္ဓာကိုယ် သွေးလှည့်ပတ်ခြင်းစနစ်တွင်        (၁) သွေး       (၂) နှလုံး နှင့်       (၃) သွေးကြောများ စသည်တို့ ပါဝင်ပါသည် ။ (၁)   သွေးအကြောင်း          သွေးသည် သွေးကြောများ အတွင်းတွင် အရည်အဖြစ် လှည့်ပတ်လျက်ရှိသည် ။ ခန္ဓာကိုယ် အသက်ရှင်ရန်အတွက် အရေးကြီးသည် ။ သွေးသည် အသက် ဖြစ်သည် ။ မည်သည့်နေရာမှမဆို သွေးယိုထွက်ခြင်း လွန်ကဲပါက အသက်ဆုံးရှုံးန...

ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်ဖြစ်တတ်သူတိုင်း သတိထားသင့်တဲ့ အချက်များ

  နှစ်တစ်နှစ်တာရဲ့ အချိန်တစ်ခုကို ရောက်လာပြီဆိုရင် နှာချေတာ ၊ ချောင်းဆိုးတာ ၊ နှာရည်ယိုတာတွေကို ခံစားရပြီဆိုရင် သေချာတာက ရာသီအကူးအပြောင်းကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှုကို ခံစားနေရတာပါ ။ ရာသီဥတုကြောင့် ဓာတ်မတည့်မှု ခံစားရသူတွေဟာ ဆောင်းဦးကာလ နွေဦးကာလတွေကို ရောက်လာပြီဆိုရင် လေထုထဲမှာ ဝတ်မှုန်တွေ မှိုတွေ များလာတာကြောင့် ဓာတ်မတည့်မှုကို ခံစားရပါတယ် ။ ဒီလိုမျိုး ရာသီအပြောင်းအလဲမှာ ဖြစ်တတ်တဲ့ ဓာတ်မတည့်မှု ခံစားရနိုင်ခြေကို မခံစားချင်ဘူးဆိုတဲ့ သူလေးတွေ ရှိပါသလား ။  ဒါဆိုရင်တော့ ဒီဆောင်းပါးလေးထဲမှာ ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်ဖြစ်တတ်သူတိုင်း သတိထားသင့်တဲ့ အချက်တွေ ပြောပြပေးမှာမို့ အတူတူ ဖတ်ကြည့်လိုက်ရအောင်နော် ။ 🔴 ရာသီဥတုကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှု ဆိုတာ - ရာသီအကူးအပြောင်း ဖြစ်ချိန်မှာ သစ်ပင်တွေကနေ ကျတဲ့ ဝတ်မှုန်တွေ ၊ မြက်တွေကနေ ထွက်တဲ့ ဝတ်မှုန်တွေကြောင့် ဓာတ်မတည့်မှုကို ခံစားရနိုင်ပါတယ် ။ ဒါကြောင့် ပန်းတွေ ပွင့်တတ်တဲ့ နွေဦး နဲ့ ဆောင်းဦးကာလတွေမှာ ရာသီဥတုကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှုတွေကို ခံစားရနိုင်ပါတယ် ။ 🔴 ဘယ်အချက်တွေက ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်တာကို ဖြစ်စေနိုင်တာလဲ ရာသီအပြောင်းအလဲမှ...