💠 အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ💠
လူတိုင်းဟာ သူတို့ရဲ့ ဘဝသက်တမ်းတလျှောက်မှာ အနည်းဆုံး တစ်ကြိမ်လောက်တော့ အရေပြားမှိုပိုး ကူးစက်တာကို ခံစားရဖူးမှာပါ ။ တစ်ကိုယ်ရေသန့်ရှင်းရေး အားနည်းတာ ၊ စိုထိုင်းဆ များတာ ၊ ရာသီဥတုပူနွေးတာတွေက မှိုပိုးကူးစက်တတ်တဲ့ အကြောင်းရင်းခံတွေပါ ။ ကလေးလေးတွေမှာဆိုရင် မှက္ခရု ၊ လူကြီးတွေမှာဆိုရင် ပေါင်ခြံမှာ ပွေးပေါက်တာ ၊ သဲဝဲစားတာတွေက အဖြစ်များတဲ့ အရေပြားမှိုရောဂါတွေ ပါ ။
🔶 အဖြစ်များတဲ့ မှိုပိုးကြောင့် ဖြစ်တဲ့ အရေပြားပြဿနာများ
မှိုပိုးအများစုက လူသားတွေကို မထိခိုက်စေပေမယ့် အချို့သော မှိုပိုးတွေကတော့ ထိခိုက်စေနိုင်ပါတယ် ။ မှိုပိုး ကူးစက်မှုက များသောအားဖြင့် အရေပြား ၊ ခြေသည်းလက်သည်း နဲ့ အဆုတ်မှာ အဖြစ်များပါတယ် ။ အသက်ရှူလမ်းကြောင်းကတဆင့် ရှူသွင်းမိတာ ၊ တိုက်ရိုက် ထိတွေ့မိတာတွေကြောင့် ကူးစက်ပါတယ် ။ မှိုပိုးက အရေပြားကို ထိုးဖောက်ဝင်ရောက်ပြီး ကိုယ်တွင်းအင်္ဂါတွေ နဲ့ ခန္ဓာကိုယ်ရဲ့စနစ်တွေထဲကို ဝင်ရောက် ကူးစက်နိုင်ပါတယ် ။
🔸 အဖြစ်များတဲ့ မှိုပိုးကြောင့် ဖြစ်တဲ့ အရေပြားပြဿနာတွေကတော့ -
မှိုပိုးတွေကြောင့် ဖြစ်တဲ့ အရေပြား ပြဿနာတွေက ကူးစက်နိုင်ပါတယ် ။ ဘယ်လိုအခြေအနေတွေနဲ့ ဘယ်ကနေ အရေပြားမှိုရောဂါတွေ ကူးစက်နိုင်လဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော် ။
🔹 အိမ်မွေးတိရိစ္ဆာန်လေးတွေ ဆီကနေ
အိမ်မှာ အနီးကပ် ထိတွေ့နေတဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေကိုလည်း အရေပြားကျန်းမာအောင် ဂရုစိုက်ပေးဖို့ လိုပါမယ် ။ သူတို့လေးတွေရဲ့ အမွေးတွေနဲ့ အရေပြားမှာ မှိုပိုးအပါအဝင် အရေပြားပြဿနာ ဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတွေ ကပ်နေတတ်ပြီး သူတို့လေးတွေနဲ့ အနီးကပ် ထိတွေ့တာကနေလည်း အရေပြားမှိုပိုးဝင်တာလိုမျိုး အရေပြား ပြဿနာကို ခံစားရစေနိုင်တဲ့ အခြေအနေတစ်ရပ်ပါ ။
အထူးသဖြင့် ခွေးတွေ ၊ ကြောင်တွေမှာ ပွေးကွက်လေးတွေ ဖြစ်နေတယ်ဆိုရင် အရင်ကုသပြီးမှ ပြန်လည်ထိတွေ့ပါ ။ ကြောင်လေးတွေမှာဆိုရင် လက္ခဏာမပြဘဲနဲ့ မှိုပိုးတွေ ရှိနေနိုင်တာကြောင့် သတိထားပြီး ကိုင်တွယ်ပါ ။ ကိုင်ပြီးတိုင်းမှာ လက်ဆေးပါ ။
🔹 ပတ်ဝန်းကျင်ကနေ
အရေပြားပြဿနာ ဖြစ်စေနိုင်တဲ့ မှိုပိုးတွေက နေ့စဉ် ထိတွေ့နေတဲ့ မျက်နှာပြင်တွေမှာ ကပ်တွယ်နေနိုင်ပါတယ် ။ မှောင်ပြီး စိုထိုင်းဆ များတဲ့ နေရာတွေမှာဆို ပိုလို့တောင် များနိုင်ပါသေးတယ် ။ ဥပမာ – locker တွေ ၊ အများသုံး ရေချိုးခန်း ၊ အိမ်သာလို နေရာတွေပါ ။
🔹 မြေကြီး မြေဆီလွှာ
နောက်တစ်ချက်က ဖြစ်ခဲပေမယ့် အရေပြားပြဿနာ ရှိနေတဲ့ မှိုပိုးက မြေဆီလွှာထဲမှာ ရှိနေပြီး ကိုယ်က တိုက်တိုက်ဆိုင်ဆိုင်နဲ့ အဲ့နေရာကိုမှ ခြေဗလာနဲ့ နင်းမိမယ်ဆိုရင်လည်း အရေပြားက မှိုစွဲနိုင်ပါသေးတယ် ။
ဒါတွေအပြင် အဖြစ်များတဲ့ မှိုပိုးကူးစက်ခံရနိုင်တဲ့ အခြေအနေတွေရှိပါသေးတယ် ။
#vaa

Comments
Post a Comment