Skip to main content

သတိလစ်ခြင်း

 သတိလစ်ခြင်း ( Unconscious ) 



သတိလစ်ခြင်းသည် အဆုတ်အတွင်းသို့ လေအပြည့်အဝမရ၍ အောက်ဆီဂျင် လုံလောက်စွာ မရရှိခြင်းကြောင့် ခန္ဓာကိုယ်အတွင်းရှိ ကလာပ်စည်းများသို့ မပေးပို့နိုင်၍ ဦးနှောက်၏ သာမန်လုပ်ငန်းစဥ်များ ယိုယွင်းသွားခြင်း ဖြစ်ပါသည်။ 


သတိလစ်သောလူနာအား အလျင်အမြန်ပြုစုခြင်း မပြုလုပ်နိုင်ပါက အခြေအနေ ပိုမိုဆိုးဝါးပြီး အသက်အန္တရာယ် ထိခိုက်နိုင်ပါသည်။


💠 ဖြစ်စေသည့် အကြောင်းအရင်းများ


🔵 သတိလစ်ခြင်းကို ဖြစ်စေသည့် အကြောင်းအရင်းများမှာ - 


🔹 ဦးခေါင်းဒဏ်ရာရရှိခြင်း 


🔹 ခန္ဓာကိုယ်တွင် ပြင်းထန်စွာ ဒဏ်ရာရခြင်း


🔹 သွေးယိုစီးခြင်း ၊ အဆိပ်မိခြင်း


🔹 ဝက်ရူးပြန်ခြင်း ၊ ဆီးချိုရောဂါ ၊ နှလုံးရောဂါ


🔹 ကိုယ်အပူချိန် အလွန်မြင့်မား၍ တက်ခြင်း 


🔹 ဦးနှောက်တွင်း သွေးယိုထွက်ခြင်း (သွေးတိုး)


🔹 ဦးနှောက်တွင်း အမြှေးပါးယောင်ခြင်း


🔹 ဦးနှောက်တွင်း အဖုအကြိတ်များ ဖြစ်ခြင်းတို့ကြောင့် ဖြစ်ပါသည်။


💠 ပြုစုခြင်း 


၁။ လူနာ၏ တုန့်ပြန်မှုအဆင့်ကို အောက်ပါအတိုင်း ဆန်းစစ်ပြီး မှတ်သားပါ။

A = Alert နိုးကြားမှုရှိ/မရှိကို စစ်ဆေးပါ။

V = Response to Voice အသံဖြင့် ခေါ်ကြည့်ပါ။

P = Response to Pain နာကျင်မှုဖြင့် တုန့်ပြန်မှုကို ရယူပါ။

U = Unresponsive time လုံးဝသတိမရှိခြင်းဟု သတ်မှတ်ပါ။


၂။ အသက်ရှူလမ်းကြောင်း ပိတ်ဆို့မှုမရှိစေရန် သွားတု ၊ ချွဲ ၊ အန်ဖတ် ၊ သွေးခဲ စသည်တို့ကို ဖယ်ရှားပါ။


၃။ အသက်ရှူ / မရှူ စစ်ဆေးပါ။ 


၄။ ခါး ၊ ရင်ဘတ် ၊ လည်ပင်းတို့ရှိ တင်းကျပ်သော အဝတ်အစားများ လျှော့ပေးပါ။


၅။ သွေးယိုထွက်မှု ရှိ / မရှိ စစ်ဆေးပါ။


၆။ ပြင်းထန်သော ဒဏ်ရာရရှိမှု ၊ အရိုးကျိုးခြင်း ရှိ / မရှိ စစ်ဆေးပါ။


၇။ အဆိပ်မိသော လက္ခဏာ ရှိ / မရှိ စစ်ဆေးပါ။


၈။ လူနာအန်နေပါက စိတ်ချရသော ဘေးစောင်းအနေအထားတွင် ထားပါ။


၉။ အသက်ရှင်ခြင်း၏ လက္ခဏာများဖြစ်သည့် သွေးခုန်နှုန်း ၊ အသက်ရှုနှုန်း ၊ ခန္ဓာကိုယ်အပူချိန်ကို မပြတ်စစ်ဆေးပါ။


၁၀။ (၃) မိနစ်အတွင်း သတိမရလျှင် ဆေးအကူအညီ အမြန်ဆုံးရယူရန် စီစဥ်ပါ။


၁၁။ လူနာ သတိပြန်လည်ရရှိလာပါက စိုးရိမ်ကြောင့်ကြခြင်း မရှိစေရန်အတွက် အားပေးစကားပြောပါ။


💠 သတိပြုရမည့်အချက်များ


🔹 လူနာကို မည်သည့် အစားအစာ ၊ ရေ တို့ကိုမျှ တိုက်ကျွေးခြင်း မပြုရ။ လူနာ ရေငတ်ပါက အာသာပြေစေရန်အတွက် နှုတ်ခမ်းကို ရေဆွတ်ပေးပါ။


🔹 လူနာကို အားပေးစကားပြောဖို့ မမေ့ပါနှင့်။


🔹 ကျောရိုးတန်းမကြီး ဒဏ်ရာရရှိသည်ဟု သံသယရှိပါက မလိုအပ်ဘဲ မရွှေ့ပြောင်းရ။ လူနာ မငြိမ်မသက်ဖြစ်နေပါက မထိခိုက်မိစေရန် ထိန်းသိမ်းပေးပါ။


🔹 လူနာကို တစ်ဦးတည်း မထားရ။ လူနာအနားတွင် စောင့်ကြပ်ကြည့်ရှုပါ။


💠 စိတ်ချရသော ဘေးစောင်းအနေအထား ( Recovery Position ) ထားနည်း


၁။ စိတ်ချရသော ဘေးစောင်းအနေအထားကို မထားခင်နှင့် ထားပြီးတိုင်း လေပြွန်လမ်းကြောင်းကို ဖွင့်ထားပါ။


၂။ လူနာကို တစ်ဖြောင့်တည်းထားပါ။


၃။ လူနာ၏ ခန္ဓာကိုယ်ပေါ်မှ အန္တရာယ် ဖြစ်စေနိုင်သော ၊ ဒဏ်ရာရစေနိုင်သောအရာ ( မျက်မှန် ၊ ဘောပင် ၊ လက်ကိုင်ဖုန်း စသည် ) များကို ဖယ်ရှားပေးပါ။


၄။ မိမိနှင့် နီးသောလက်ကို ၉၀ ဒီဂရီ ထောင့်မှန်ထားပါ။


၅။ မိမိခန္ဓာကိုယ်နှင့် ဝေးသောဘက်မှ လက်ဖမိုးကို ဆွဲယူကာ လူနာ၏ပါးနှင့် ကပ်ထားပါ။ လူနာ၏ လက်ဖဝါးကို မိမိလက်ဖဝါးဖြင်ဘ ထိန်းထားပါ။


၆။ မိမိခန္ဓာကိုယ်နှင့် ဝေးသောဘက်မှ ဒူးကို ဒူးခေါက်ကွေးမှဆွဲယူ၍ ခြေဖဝါးကို ကြမ်းပြင်နှင့် တစ်သားတည်း ရှိသည်အထိ ထားပါ။


၇။ မိမိဘက်သို့ လူနာ၏ခန္ဓာကိုယ်တစ်ခုလုံးကို ဒူးနှင့် ပခုံးမှကိုင်ပြီး လှိမ့်ဆွဲယူပါ။


၈။ ပါးအောက်တွင် လျှိုထားသောလက်ကို ၉၀ ဒီဂရီ ပြင်ထားသောလက်၏ တံတောင်ဆစ်တွင် ထားပြီး လက်များကို လွတ်လပ်စွာ ရှိနေပါစေ။


၉။ ခြေထောက်များကို ၉၀ ဒီဂရီ နေသားတကျ ဖြစ်အောင် ပြုလုပ်ပါ။


၁၀။ လူနာ၏ ခေါင်းလှန်မေးမ လေလမ်းကြောင်း ဖွင့်လျက် အနေအထားကို ပါးတွင် ကပ်ထားသောလက်ဖြင့် ထိန်းထားပေးပါ။


🔴 အသက်ရှင်ခြင်း လက္ခဏာများကို ပြန်လည် စစ်ဆေးပါ။

Comments

Popular posts from this blog

Otomycosis ( နားမှိုစွဲခြင်းရောဂါ )

 Otomycosis ( နားမှိုစွဲခြင်းရောဂါ )      🙋  အားလုံးပဲ   မင်္ဂလာပါ 🙋 VAA ရဲ့စာဖတ်ပရိတ်သတ်တွေအတွက်အခုတစ်ခါမှာတော့ ပရိတ်သတ်တွေရဲ့တောင်းဆိုချက်အရ နားမှိုစွဲခြင်းရောဂါ နဲ့ပတ်သက်ပြီး ဖော်ပြပေးမှာဖြစ်ပါတယ် ။  နားမှိုစွဲခြင်းရောဂါ နဲ့ပတ်သက်ပြီး ဖြစ်ရတဲ့အကြောင်းရင်းတွေ ၊ လက္ခဏာတွေ ၊ ဘယ်လိုဆေးဝါးတွေကို အသုံးပြုနိုင်မလဲ ၊ ဆောင်ရန် ၊ ရှောင်ရန် ၊နောက်ဆက်တွဲ ပြဿနာတွေ နှင့် ကာကွယ်နည်းများကို ပြည့်ပြည့်စုံစုံ တင်ဆက်ပေးလိုက်ပါတယ် ။ နားမှိုစွဲရောဂါ ကို ဆေးပညာအရ Otomycosis လို့ ခေါ်ပါတယ်။ မြန်မာနိုင်ငံလိုမျိုး ပူနွေးစိုစွတ်တဲ့ နိုင်ငံတွေမှာ အတွေ့ရများပါတယ်။ နွေရာသီလို ပူပြင်းတဲ့အချိန်မှာ ပိုဖြစ်တတ်ပါတယ်။ နားမှိုစွဲရောဂါက များသောအားဖြင့် နားအပြင်ပိုင်းမှာ ဖြစ်တာ များပါတယ်။ နားအလယ်ပိုင်းမှာ ဖြစ်တာလည်း ရှိပါတယ်။ တစ်ဖက်တည်း ဖြစ်တာများပါတယ်။ 🔴 နားမှိုစွဲရောဂါ ဖြစ်ရတဲ့ အကြောင်းရင်း နားမှိုစွဲရောဂါက နာမည်အတိုင်းပဲ မှိုပိုးကြောင့် ဖြစ်တာပါ ။ မှိုပိုးတွေ အများကြီးရှိတဲ့အထဲကမှ နားမှိုစွဲစေတဲ့ ပိုးတွေကတော့ Candida နဲ့ Aspergillus လို့ခေါ်တဲ့ မှို နှစ်မျိုးပဲ ဖြစ်ပါတယ် ။ အဲ...

Circulation of Blood

 Circulation Of Blood           မင်္ဂလာပါ VAA Facebook  Page  မှ ပရိတ်သတ်ကြီးများခင်ဗျာ   အခု​ဖော်ပြပေးမယ့် အကြောင်းအရာလေးကတော့ ခန္ဓာကိုယ်အတွင်းမှာလှည့်ပတ်နေတဲ့ သွေးအကြောင်းပဲဖြစ်ပါတယ် ။ သွေးထဲမှာဆိုရင် သွေးရည်ကြည်၊သွေးနီဥ ၊ သွေးဖြူဥ ၊ သွေးဥမွှားတွေပါရှိပြီး သူတို့လေးတွေကရော ဘာလုပ်ငန်းတွေလုပ်ဆောင်တာလဲ?  ဒါ့အပြင် နှလုံးရဲ့ လုပ်ငန်းဆောင်တာတွေ ၊ သွေးလွှတ်ကြော ၊ သွေးပြန်ကြောတွေကရော ဘာတွေလဲ? စသဖြင့် ဗဟုသုတ ရစေရန် ရည်ရွယ်၍ တင်ဆက်ပေးလိုက်ပါသည်။  ခန္ဓာကိုယ်တွင်း သွေးလှည့်ပတ်သွားလာခြင်း  ( Circulation of Blood )  ခန္ဓာကိုယ် သွေးလှည့်ပတ်ခြင်းစနစ်တွင်        (၁) သွေး       (၂) နှလုံး နှင့်       (၃) သွေးကြောများ စသည်တို့ ပါဝင်ပါသည် ။ (၁)   သွေးအကြောင်း          သွေးသည် သွေးကြောများ အတွင်းတွင် အရည်အဖြစ် လှည့်ပတ်လျက်ရှိသည် ။ ခန္ဓာကိုယ် အသက်ရှင်ရန်အတွက် အရေးကြီးသည် ။ သွေးသည် အသက် ဖြစ်သည် ။ မည်သည့်နေရာမှမဆို သွေးယိုထွက်ခြင်း လွန်ကဲပါက အသက်ဆုံးရှုံးန...

ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်ဖြစ်တတ်သူတိုင်း သတိထားသင့်တဲ့ အချက်များ

  နှစ်တစ်နှစ်တာရဲ့ အချိန်တစ်ခုကို ရောက်လာပြီဆိုရင် နှာချေတာ ၊ ချောင်းဆိုးတာ ၊ နှာရည်ယိုတာတွေကို ခံစားရပြီဆိုရင် သေချာတာက ရာသီအကူးအပြောင်းကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှုကို ခံစားနေရတာပါ ။ ရာသီဥတုကြောင့် ဓာတ်မတည့်မှု ခံစားရသူတွေဟာ ဆောင်းဦးကာလ နွေဦးကာလတွေကို ရောက်လာပြီဆိုရင် လေထုထဲမှာ ဝတ်မှုန်တွေ မှိုတွေ များလာတာကြောင့် ဓာတ်မတည့်မှုကို ခံစားရပါတယ် ။ ဒီလိုမျိုး ရာသီအပြောင်းအလဲမှာ ဖြစ်တတ်တဲ့ ဓာတ်မတည့်မှု ခံစားရနိုင်ခြေကို မခံစားချင်ဘူးဆိုတဲ့ သူလေးတွေ ရှိပါသလား ။  ဒါဆိုရင်တော့ ဒီဆောင်းပါးလေးထဲမှာ ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်ဖြစ်တတ်သူတိုင်း သတိထားသင့်တဲ့ အချက်တွေ ပြောပြပေးမှာမို့ အတူတူ ဖတ်ကြည့်လိုက်ရအောင်နော် ။ 🔴 ရာသီဥတုကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှု ဆိုတာ - ရာသီအကူးအပြောင်း ဖြစ်ချိန်မှာ သစ်ပင်တွေကနေ ကျတဲ့ ဝတ်မှုန်တွေ ၊ မြက်တွေကနေ ထွက်တဲ့ ဝတ်မှုန်တွေကြောင့် ဓာတ်မတည့်မှုကို ခံစားရနိုင်ပါတယ် ။ ဒါကြောင့် ပန်းတွေ ပွင့်တတ်တဲ့ နွေဦး နဲ့ ဆောင်းဦးကာလတွေမှာ ရာသီဥတုကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှုတွေကို ခံစားရနိုင်ပါတယ် ။ 🔴 ဘယ်အချက်တွေက ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်တာကို ဖြစ်စေနိုင်တာလဲ ရာသီအပြောင်းအလဲမှ...