Skip to main content

အင်ပျဉ်ထခြင်း

 အရေပြားမှာ အင်ပျဉ်ထခဲ့ရင် အသုံးဝင်မည့် နည်းလမ်းလေးများ



အရေပြားမှာ အင်ပျဉ်ထ တာက လူတော်တော်များများ ကြုံတွေ့ရနိုင်တဲ့ အရေပြား ပြဿနာ တစ်ခုပါ ။

အရေပြား အင်ပျဉ်ထတဲ့ အခြေအနေချင်းက တစ်ခုနဲ့တစ်ခု မတူညီတတ်ကြပါဘူး ။ ဒါပေမယ့် အရေပြားမှာ အင်ပျဉ်ထတဲ့အခါ ယားယံပြီး နေရခက်တာကတော့ အသေအချာပါပဲ ။ ဒီလိုမျိုးအရေပြားမှာ အင်ပျဉ်ထ တဲ့အခါ ဘယ်လိုလေးတွေလုပ်ရင် သက်သာစေမလဲ ဆိုတာကို ပြောပြပေးပါရစေ ။ 

အရေပြားမှာ အင်ပျဉ်ထခဲ့ရင် အသုံးဝင်မယ့်နည်းလမ်းလေးတွေ ကို အတူတူ ကြည့်လိုက်ရအောင်နော် ။


🔵 အရေပြားမှာ အင်ပျဉ်ထခဲ့ရင် အသုံးဝင်မယ့်နည်းလမ်းလေးများ


အရေပြားမှာ အင်ပျဉ်ထ တာက ခန္ဓာကိုယ်ရဲ့ နေရာတိုင်းမှာဖြစ်နိုင်ပါတယ် ။ အရေပြားမှာ အင်ပျဉ်ထတဲ့အခါ နီမြန်းတာ ၊ ယားယံတာတွေကတော့ တွေ့ရများတဲ့ အင်ပျဉ်ထတဲ့ လက္ခဏာတွေပါ ။ အရေပြားမှာ အင်ပျဉ်ထခဲ့ရင် အသုံးဝင်မယ့် နည်းလမ်းလေးတွေ ကတော့ -


🔹 အုတ်ဂျုံ 


အုတ်ဂျုံက အရေပြားမှာ ဓာတ်မတည့်မှုကြောင့်ဖြစ်တဲ့ ယားယံမှုတွေကို လျော့ပါး သက်သာစေနိုင်စွမ်း ရှိသလို ရောင်ရမ်းမှုကို လျော့ကျစေနိုင်တဲ့ အာနိသင်လည်း ရှိပါတယ် ။ ပျားလိုမျိုး အင်းဆက်ကိုက်ခံရတာကြောင့် အရေပြားမှာ အင်ပျဉ်ထတဲ့အခါ အုတ်ဂျုံက အသင့်တော်ဆုံးပါ ။ အုတ်ဂျုံကို ရေနွေးလေးနဲ့ ၁၅ မိနစ် – မိနစ် ၂၀ စိမ်ပြီး အင်ပျဉ်ပေါ်ကို လူးပေးရမှာပဲဖြစ်ပါတယ် ။


🔹 ရှားစောင်းလက်ပပ်


ရှားစောင်းလက်ပပ်က အရေပြား ပြဿနာ တော်တော်များများကို သက်သာစေနိုင်တယ် ဆိုတာကို တော်တော်များများ သိထားပြီးသား ဖြစ်မယ် ထင်ပါတယ် ။ အင်ပျဉ်ထတဲ့အခါမှာလည်း အင်ပျဉ်ဖြစ်နေတဲ့နေရာကို ရှားစောင်းလက်ပပ်အသား နဲ့ ပွတ်ပေးလို့ ရပါတယ် ။ ရှားစောင်းလက်ပပ်က အနာကိုလည်း ကျက်စေနိုင်ပါတယ် ။


🔹 ပန်းသီးဗီနီကာ


အရေပြား ပြဿနာ တော်တော်များများအတွက် ပန်းသီးဗီနီကာကို သုံးလို့ရပါတယ် ။ ဝက်ခြံထွက်တဲ့အခါမှာလည်း ပန်းသီးဗီနီကာကို အသုံးပြုပေးလို့ ရပါတယ် ။ ပန်းသီးဗီနီကာကို ရေ နဲ့ ဆတူရောပြီး ဂွမ်းစလေးမှာစွတ်ပြီး အင်ပျဉ်ဖြစ်တဲ့နေရာကို လူးပေးမယ်ဆိုရင် အင်ပျဉ်ကြောင့် ယားယံတာကို သက်သာစေမှာ သေချာပါတယ် ။


🔹 မုန့်ဖုတ်ဆော်ဒါ


မုန့်ဖုတ်ဆော်ဒါကို အရေပြားပြဿနာတော်တော်များများအတွက် အသုံးပြုလို့ ရပါတယ် ။ မုန့်ဖုတ်ဆော်ဒါက အရေပြား ပြဿနာ ဖြစ်တဲ့နေရာတွေကို ခြောက်သွေ့အောင် လုပ်ဆောင်ပေးနိုင်တဲ့ အာနိသင် ရှိပါတယ် ။ အင်ပျဉ်ထတဲ့နေရာတွေကို မုန့်ဖုတ်ဆော်ဒါ ရေဖျော်ကာ လူးပေးပြီး ခြောက်အောင်ထားလိုက်ပါ ၊ ပြီးရင်တော့ ရေဆေးချလိုက်ပါ ။ အရေပြားယားယံတာကို သက်သာစေပါလိမ့်မယ် ။


🔹 သံလွင်ဆီ


သံလွင်ဆီက အရေပြားကို အစိုဓာတ်ထိန်းပေးသလို အနာကျက်စေနိုင်တဲ့အပြင် အရေပြားကိုလည်း အသစ်ဖြစ်ပေါ်စေနိုင်ပါတယ် ။ အရေပြားကို ချောမွေ့စေပြီး ယားယံမှုကို လျော့ပါးသက်သာ စေနိုင် ပါတယ် ။


🔹 ရေခဲကပ်ပေးပါ


ရေခဲကပ်ပေးတာကလည်း အင်ပျဉ်ကို တော်တော် သက်သာစေတဲ့ နည်းတစ်ခုပါ ။ ရေခဲမရှိခဲ့ရင်လည်း ရေအေးဝတ် ကပ်ပေးလို့ ရပါတယ် ။ အအေးဓာတ်က အရေပြား ယားယံတာကို လျော့ပါးသက်သာ စေနိုင် ပါတယ် ။


🔹 အုန်းဆီ နဲ့ လက်ဖက်ဆီ


အရေပြားမှာ ပွေးတို့ ညှင်းတို့ ပေါက်တဲ့အခါမှာလည်း အရေပြား ယားယံတာကို ဖြစ်စေနိုင်ပါတယ် ။ ဒီလိုမျိုး အရေပြား ပြဿနာတွေကြောင့် အရေပြား နီမြန်းယားယံတာမျိုး ဖြစ်မယ်ဆိုရင် မှိုပိုးတွေကို သေစေနိုင်စွမ်းရှိတဲ့ လက်ဖက်ဆီတွေ နဲ့ အုန်းဆီကို ရောစပ်ပေးပြီး လူးပေးလို့ ရပါတယ် ။


🔹 တမာရွက်


တမာရွက်က အရေပြား ပြဿနာတွေကို တော်တော်လေး သက်သာစေနိုင်တဲ့ အာနိသင်ရှိပါတယ် ။ အရေပြားမှာ အင်ပျဉ်ထတဲ့အခါ တမာရွက်ကို ကြိတ်ခြေပြီး လူးပေးလို့ ရပါတယ် ။ ဒါကလည်း အင်ပျဉ်သက်သာစေမယ့် နည်းလမ်း တစ်ခုပါ ။ ဝက်ခြံဖြစ်တဲ့သူတွေ အနေနဲ့လည်း တမာရွက်ကို ကြိတ်ခြေပြီး ဝက်ခြံဖြစ်တဲ့နေရာမှာ လူးပေးလို့ရပါတယ် ။ တမာရွက်က အရေပြားမှာ ဓာတ်မတည့်မှု ဖြစ်စေတဲ့ အရာတွေကို ဖယ်ရှားပေးနိုင်တဲ့ အာနိသင် ရှိပါတယ် ။


🔹 ငှက်ပျောခွံ


အရေပြား အင်ပျဉ် ထတဲ့ နေရာတွေကို ငှက်ပျောခွံ နဲ့ ပွတ်ပေးတာကလည်း အရေပြားပေါ်က ဓာတ်မတည့်မှုတွေကို လျော့ပါးသက်သာစေနိုင်ပါတယ် ။ အရေပြား ပြဿနာတွေဖြစ်တဲ့ အရေပြားယားယံတာ ၊ နှင်းခူဖြစ်တာ နဲ့ ဝက်ခြံတွေ သက်သာစေဖို့ အတွက်လည်း ငှက်ပျောခွံ နဲ့ ပွတ်ပေးလို့ရပါတယ် ။


အထက်မှာ ဖော်ပြခဲ့တာတွေကတော့ အရေပြားမှာ အင်ပျဉ်ထခဲ့ရင် အသုံးပြုလို့ ရနိုင်မယ့် နည်းလမ်းလေးတွေပဲ ဖြစ်ပါတယ် ။ 


ဒါပေမယ့် ထိုနည်းလမ်းလေးတွေကို အသုံးပြုသော်လည်း နှစ်ရက်အတွင်း သက်သာလာခြင်း မရှိဘဲ ပိုမိုပြင်းထန်လာကာ နေ့စဉ် လုပ်ငန်းဆောင်တာများကို အနှောင့်အယှက် ဖြစ်လာခဲ့လျှင် ဆရာဝန်ထံသို့ သွားရောက်ကာ ဆေးကုသမှု ခံယူသင့်ပါတယ် ။ ။


#vaa

#အင်ပျဉ်ထခြင်း

Comments

Popular posts from this blog

Otomycosis ( နားမှိုစွဲခြင်းရောဂါ )

 Otomycosis ( နားမှိုစွဲခြင်းရောဂါ )      🙋  အားလုံးပဲ   မင်္ဂလာပါ 🙋 VAA ရဲ့စာဖတ်ပရိတ်သတ်တွေအတွက်အခုတစ်ခါမှာတော့ ပရိတ်သတ်တွေရဲ့တောင်းဆိုချက်အရ နားမှိုစွဲခြင်းရောဂါ နဲ့ပတ်သက်ပြီး ဖော်ပြပေးမှာဖြစ်ပါတယ် ။  နားမှိုစွဲခြင်းရောဂါ နဲ့ပတ်သက်ပြီး ဖြစ်ရတဲ့အကြောင်းရင်းတွေ ၊ လက္ခဏာတွေ ၊ ဘယ်လိုဆေးဝါးတွေကို အသုံးပြုနိုင်မလဲ ၊ ဆောင်ရန် ၊ ရှောင်ရန် ၊နောက်ဆက်တွဲ ပြဿနာတွေ နှင့် ကာကွယ်နည်းများကို ပြည့်ပြည့်စုံစုံ တင်ဆက်ပေးလိုက်ပါတယ် ။ နားမှိုစွဲရောဂါ ကို ဆေးပညာအရ Otomycosis လို့ ခေါ်ပါတယ်။ မြန်မာနိုင်ငံလိုမျိုး ပူနွေးစိုစွတ်တဲ့ နိုင်ငံတွေမှာ အတွေ့ရများပါတယ်။ နွေရာသီလို ပူပြင်းတဲ့အချိန်မှာ ပိုဖြစ်တတ်ပါတယ်။ နားမှိုစွဲရောဂါက များသောအားဖြင့် နားအပြင်ပိုင်းမှာ ဖြစ်တာ များပါတယ်။ နားအလယ်ပိုင်းမှာ ဖြစ်တာလည်း ရှိပါတယ်။ တစ်ဖက်တည်း ဖြစ်တာများပါတယ်။ 🔴 နားမှိုစွဲရောဂါ ဖြစ်ရတဲ့ အကြောင်းရင်း နားမှိုစွဲရောဂါက နာမည်အတိုင်းပဲ မှိုပိုးကြောင့် ဖြစ်တာပါ ။ မှိုပိုးတွေ အများကြီးရှိတဲ့အထဲကမှ နားမှိုစွဲစေတဲ့ ပိုးတွေကတော့ Candida နဲ့ Aspergillus လို့ခေါ်တဲ့ မှို နှစ်မျိုးပဲ ဖြစ်ပါတယ် ။ အဲ...

Circulation of Blood

 Circulation Of Blood           မင်္ဂလာပါ VAA Facebook  Page  မှ ပရိတ်သတ်ကြီးများခင်ဗျာ   အခု​ဖော်ပြပေးမယ့် အကြောင်းအရာလေးကတော့ ခန္ဓာကိုယ်အတွင်းမှာလှည့်ပတ်နေတဲ့ သွေးအကြောင်းပဲဖြစ်ပါတယ် ။ သွေးထဲမှာဆိုရင် သွေးရည်ကြည်၊သွေးနီဥ ၊ သွေးဖြူဥ ၊ သွေးဥမွှားတွေပါရှိပြီး သူတို့လေးတွေကရော ဘာလုပ်ငန်းတွေလုပ်ဆောင်တာလဲ?  ဒါ့အပြင် နှလုံးရဲ့ လုပ်ငန်းဆောင်တာတွေ ၊ သွေးလွှတ်ကြော ၊ သွေးပြန်ကြောတွေကရော ဘာတွေလဲ? စသဖြင့် ဗဟုသုတ ရစေရန် ရည်ရွယ်၍ တင်ဆက်ပေးလိုက်ပါသည်။  ခန္ဓာကိုယ်တွင်း သွေးလှည့်ပတ်သွားလာခြင်း  ( Circulation of Blood )  ခန္ဓာကိုယ် သွေးလှည့်ပတ်ခြင်းစနစ်တွင်        (၁) သွေး       (၂) နှလုံး နှင့်       (၃) သွေးကြောများ စသည်တို့ ပါဝင်ပါသည် ။ (၁)   သွေးအကြောင်း          သွေးသည် သွေးကြောများ အတွင်းတွင် အရည်အဖြစ် လှည့်ပတ်လျက်ရှိသည် ။ ခန္ဓာကိုယ် အသက်ရှင်ရန်အတွက် အရေးကြီးသည် ။ သွေးသည် အသက် ဖြစ်သည် ။ မည်သည့်နေရာမှမဆို သွေးယိုထွက်ခြင်း လွန်ကဲပါက အသက်ဆုံးရှုံးန...

ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်ဖြစ်တတ်သူတိုင်း သတိထားသင့်တဲ့ အချက်များ

  နှစ်တစ်နှစ်တာရဲ့ အချိန်တစ်ခုကို ရောက်လာပြီဆိုရင် နှာချေတာ ၊ ချောင်းဆိုးတာ ၊ နှာရည်ယိုတာတွေကို ခံစားရပြီဆိုရင် သေချာတာက ရာသီအကူးအပြောင်းကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှုကို ခံစားနေရတာပါ ။ ရာသီဥတုကြောင့် ဓာတ်မတည့်မှု ခံစားရသူတွေဟာ ဆောင်းဦးကာလ နွေဦးကာလတွေကို ရောက်လာပြီဆိုရင် လေထုထဲမှာ ဝတ်မှုန်တွေ မှိုတွေ များလာတာကြောင့် ဓာတ်မတည့်မှုကို ခံစားရပါတယ် ။ ဒီလိုမျိုး ရာသီအပြောင်းအလဲမှာ ဖြစ်တတ်တဲ့ ဓာတ်မတည့်မှု ခံစားရနိုင်ခြေကို မခံစားချင်ဘူးဆိုတဲ့ သူလေးတွေ ရှိပါသလား ။  ဒါဆိုရင်တော့ ဒီဆောင်းပါးလေးထဲမှာ ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်ဖြစ်တတ်သူတိုင်း သတိထားသင့်တဲ့ အချက်တွေ ပြောပြပေးမှာမို့ အတူတူ ဖတ်ကြည့်လိုက်ရအောင်နော် ။ 🔴 ရာသီဥတုကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှု ဆိုတာ - ရာသီအကူးအပြောင်း ဖြစ်ချိန်မှာ သစ်ပင်တွေကနေ ကျတဲ့ ဝတ်မှုန်တွေ ၊ မြက်တွေကနေ ထွက်တဲ့ ဝတ်မှုန်တွေကြောင့် ဓာတ်မတည့်မှုကို ခံစားရနိုင်ပါတယ် ။ ဒါကြောင့် ပန်းတွေ ပွင့်တတ်တဲ့ နွေဦး နဲ့ ဆောင်းဦးကာလတွေမှာ ရာသီဥတုကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှုတွေကို ခံစားရနိုင်ပါတယ် ။ 🔴 ဘယ်အချက်တွေက ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်တာကို ဖြစ်စေနိုင်တာလဲ ရာသီအပြောင်းအလဲမှ...