Skip to main content

ကော်ဖီ၏ ကောင်းကျိုး ဆိုးကျိုး

 ကော်ဖီက ကောင်းတယ် ၊ မကောင်းဘူး ငြင်းနေတဲ့သူတွေ ဘယ်သူမှန်လဲ ????



ကော်ဖီဆိုတာ လူတိုင်းကြိုက်နှစ်သက်စွာ ၊ စွဲလမ်းစွာသောက်ကြတဲ့ သောက်စရာတစ်ခုပါ။ တချို့ တစ်နေ့ကို ကော်ဖီ တစ်ခွက်လောက်မှ မသောက်ရရင် တစ်ခုခုလိုနေသလိုမျိုး ကော်ဖီ စွဲနေကြတဲ့သူတွေရှိပါတယ်။ ကော်ဖီသောက်တာ ကျန်းမာရေးအတွက်ကောင်းတယ်၊ တစ်ချို့ကလည်း ကော်ဖီက ကျန်းမာရေးကိုထိခိုက်စေတယ်ဆိုပြီး အုပ်စု နှစ်ခြမ်းကွဲပြီး ငြင်းခုန်လာကြတာ ရာစုနှစ် တစ်ခုကိုချီနေပါပြီ။ ဒီအုပ်စုကြီးနှစ်ခုမှာ ဘယ်သူမှန်လဲ။ ဘယ်သူမှားလဲ။


☕ ကော်ဖီရဲ့ ကောင်းကျိုး ဆိုးကျိုးတွေ 


ကော်ဖီကကောင်းတယ်၊ ကော်ဖီက မကောင်းဘူးဆိုတဲ့ နှစ်ခြမ်းကွဲနေတဲ့ အုပ်စုနှစ်ခုမှာ အရမ်းကြီးမှန်တဲ့သူလည်း မရှိသလို လုံးဝ မှားနေတဲ့သူတွေ လည်း မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ ကော်ဖီသောက်တာဟာ ကျန်းမာရေးကို အထောက်အကူပြုသလို ကျန်းမာရေးကို လည်း ထိခိုက်စေပါတယ်။


☕ ကော်ဖီသောက်ခြင်းရဲ့ ကောင်းကျိုးများ 


ကော်ဖီမှာ ပါတဲ့ ကဖင်းဓာတ်က ဦးနှောက်မှာရှိတဲ့ မောပန်းစေတဲ့ အာရုံကြောအချက်ပြ စနစ်ကို ပိတ်လိုက်တာကြောင့် ကော်ဖီသောက်ရင် လန်းဆန်းတက်ကြွစေပြီး အားအင်ပြည့်ဝစေပါတယ်။


ကဖင်းဓာတ်ကြောင့်ဇီဝကမ္မဖြစ်စဉ် တွေလည်း မြန်လာလို့ အဆီတွေကို လောင်ကျွမ်းစေပါတယ်။ ကော်ဖီသောက်ရတာလည်းကြိုက် ကိုယ်အလေးချိန်လည်း မတက်ချင်တဲ့ သူတွေ အတွက် သတင်းကောင်းနော်။ ။

ကော်ဖီလေးသောက်လိုက်ရရင် စိတ်ပျော်သွားတယ် ၊ တက်ကြွလာတယ်ဆိုတာမျိုးကြားဖူးမှာပါ။ ဒါဟာ ကော်ဖီရဲ့ ဇာတ်လိုက်ဖြစ်တဲ့ ကဖင်းဓာတ်က adrenaline ဆိုတဲ့ ဟော်မုန်းထွက်အောင် လှုံ့ဆော်ပေးလို့ဖြစ်ပါတယ်။ ။


ကော်ဖီမှာ ဗီတာမင်B နဲ့ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်တို့လိုမျိုး သတ္တုဓာတ်တွေ လည်း ကြွယ်ဝစွာပါလို့ အာဟာရတွေ အများကြီးရစေပါတယ်။

ကဖင်းဓာတ်ဟာ နာကျင်ရောင်ရမ်းတာကို လျှော့ချပေးနိုင်တဲ့ နေရာမှာ ဆရာတစ်ဆူပါ။

ဆီးချို အမျိုးအစား ၂ ဖြစ်ပွားနှုန်းကိုလည်း ကော်ဖီက လျှော့ချပေးနိုင်ပါသေးတယ်။


ကဖင်းဓာတ်က ဦးနှောက်မှာရှိတဲ့ မှတ်ဉာဏ်ထိန်းသိမ်းရာနေရာကိုလည်း တိုက်ရိုက်သက်ရောက်မှုရှိပြီး မှတ်ဉာဏ်အားကောင်းစေအောင် လှုံ့ဆော်ပေးလို့ အသက်ကြီးလာရင်ဖြစ်တဲ့ အတိတ်မေ့ရောဂါနဲ့ မေ့လွယ်တဲ့ရောဂါ ဖြစ်ပွားနှုန်းကိုလည်း လျှော့ချပေးပါတယ်။


ကော်ဖီမှာ ဓာတ်တိုးဆန့်ကျင်တဲ့ ပစ္စည်းတွေ ကြွယ်ဝစွာ ပါတဲ့အတွက် ကင်ဆာရောဂါတွေ ဖြစ်ပွားမှု ကိုလည်း လျှော့ချပေးပါတယ်။

ကဖင်းဓာတ်က ဒိုပါမင်းဓာတ်ထွက်အောင်လည်း လှုံ့ဆော်ပေးလို့ စိတ်ကို ပျော်စေပါတယ်။ ဒါကြောင့် စိတ်ဓာတ်ကျနေတဲ့သူတွေ၊ စိတ်ရှုပ်နေတဲ့သူတွေ အတွက်တော့ ကော်ဖီသောက်လိုက်ရင် စိတ်ကို ပျော်ရွှင်စေမှာ အသေအချာပါနော်။


☕ ကော်ဖီသောက်ခြင်းရဲ့ ဆိုးကျိုးများ


အပေါ်မှာ ပြောခဲ့တာတွေ အားလုံးက ကော်ဖီရဲ့ ကောင်းကျိုးတွေပဲဖြစ်လို့ ကော်ဖီသောက်တိုင်း ကောင်းတယ်လို့ထင်နေကြပါဦးမယ်။ လောက ကြီးမှာ အရာရာတိုင်းက အကောင်းနဲ့ အဆိုးဒွန်တွဲနေတာကြောင့် ကော်ဖီသောက်ခြင်းရဲ့ ဆိုးကျိုးတွေလည်းရှိပါတယ်။


ကိုယ်ခန္ဓာက ကော်ဖီကို လက်ခံနိုင်တဲ့ ပမာဏက တစ်ဦးနဲ့ တစ်ဦးမှာ မတူကြပါဘူး။ ဒီတော့ လက်ခံနိုင်တဲ့ ပမာဏထက်ကျော်သွားတဲ့အခါ ရင်တုန်တာမျိုးတွေ၊ အားမရှိသလိုဖြစ်တာမျိုးတွေဖြစ်တတ်ကြပါတယ်။


ကော်ဖီမှာပါတဲ့ ကဖင်းဓာတ်က သင့်ရဲ့ အိပ်စက်ခြင်း စက်ဝန်းကို နှောင့်ယှက်တတ်လို့ ညဘက်အိပ်မပျော်တာမျိုးတွေကို ဖြစ်စေတတ်ပါတယ်။


ကော်ဖီသောက်တာကြာလာတဲ့အခါ ကော်ဖီကြောင့် ခံတွင်းနံ့ဆိုးတာ၊ သွားဝါတာတွေကို ဖြစ်စေတတ်ပါတယ်။

ကော်ဖီက လူကို စွဲလမ်းစေတတ်တယ်။ မူးယစ်ဆေးလိုပဲ ကော်ဖီဟာလည်း သောက်တဲ့သူတိုင်းကို စွဲလမ်းစေတတ်တဲ့ အရာတစ်ခုပါ။


ကိုယ်ဝန်ရှိချိန် ကော်ဖီကို တစ်ခွက် ထက်ပိုသောက်သုံးမယ်ဆိုရင် ကလေးဆီကို ကဖင်းဓာတ်ရောက်သွားပြီး အဆိပ်သင့်စေလို့ ကလေးပေါင်မပြည့်တာမျိုးတွေကို ဖြစ်စေတတ်ပါတယ်။


ကော်ဖီဟာ အစာရေမျိုပြွန်ရဲ့ ကြွက်သားတွေကို ပြေလျော့စေလို့ အစာအိမ်ထဲက အက်ဆစ်တွေ ပြန်ဆန်တက်စေပြီး ရင်ပူတာတွေကို ဖြစ်စေပါတယ်။ ။


ကဲ ဒီလောက်ဆို ကော်ဖီသောက်ခြင်းမှာ ကောင်းကျိုးတွေလည်း ရှိသလို ဆိုးကျိုးတွေလည်း မရှားဘူးဆိုတာ သိလောက်ပြီလို့ထင်ပါတယ်။ ။

Comments

Popular posts from this blog

Otomycosis ( နားမှိုစွဲခြင်းရောဂါ )

 Otomycosis ( နားမှိုစွဲခြင်းရောဂါ )      🙋  အားလုံးပဲ   မင်္ဂလာပါ 🙋 VAA ရဲ့စာဖတ်ပရိတ်သတ်တွေအတွက်အခုတစ်ခါမှာတော့ ပရိတ်သတ်တွေရဲ့တောင်းဆိုချက်အရ နားမှိုစွဲခြင်းရောဂါ နဲ့ပတ်သက်ပြီး ဖော်ပြပေးမှာဖြစ်ပါတယ် ။  နားမှိုစွဲခြင်းရောဂါ နဲ့ပတ်သက်ပြီး ဖြစ်ရတဲ့အကြောင်းရင်းတွေ ၊ လက္ခဏာတွေ ၊ ဘယ်လိုဆေးဝါးတွေကို အသုံးပြုနိုင်မလဲ ၊ ဆောင်ရန် ၊ ရှောင်ရန် ၊နောက်ဆက်တွဲ ပြဿနာတွေ နှင့် ကာကွယ်နည်းများကို ပြည့်ပြည့်စုံစုံ တင်ဆက်ပေးလိုက်ပါတယ် ။ နားမှိုစွဲရောဂါ ကို ဆေးပညာအရ Otomycosis လို့ ခေါ်ပါတယ်။ မြန်မာနိုင်ငံလိုမျိုး ပူနွေးစိုစွတ်တဲ့ နိုင်ငံတွေမှာ အတွေ့ရများပါတယ်။ နွေရာသီလို ပူပြင်းတဲ့အချိန်မှာ ပိုဖြစ်တတ်ပါတယ်။ နားမှိုစွဲရောဂါက များသောအားဖြင့် နားအပြင်ပိုင်းမှာ ဖြစ်တာ များပါတယ်။ နားအလယ်ပိုင်းမှာ ဖြစ်တာလည်း ရှိပါတယ်။ တစ်ဖက်တည်း ဖြစ်တာများပါတယ်။ 🔴 နားမှိုစွဲရောဂါ ဖြစ်ရတဲ့ အကြောင်းရင်း နားမှိုစွဲရောဂါက နာမည်အတိုင်းပဲ မှိုပိုးကြောင့် ဖြစ်တာပါ ။ မှိုပိုးတွေ အများကြီးရှိတဲ့အထဲကမှ နားမှိုစွဲစေတဲ့ ပိုးတွေကတော့ Candida နဲ့ Aspergillus လို့ခေါ်တဲ့ မှို နှစ်မျိုးပဲ ဖြစ်ပါတယ် ။ အဲ...

Circulation of Blood

 Circulation Of Blood           မင်္ဂလာပါ VAA Facebook  Page  မှ ပရိတ်သတ်ကြီးများခင်ဗျာ   အခု​ဖော်ပြပေးမယ့် အကြောင်းအရာလေးကတော့ ခန္ဓာကိုယ်အတွင်းမှာလှည့်ပတ်နေတဲ့ သွေးအကြောင်းပဲဖြစ်ပါတယ် ။ သွေးထဲမှာဆိုရင် သွေးရည်ကြည်၊သွေးနီဥ ၊ သွေးဖြူဥ ၊ သွေးဥမွှားတွေပါရှိပြီး သူတို့လေးတွေကရော ဘာလုပ်ငန်းတွေလုပ်ဆောင်တာလဲ?  ဒါ့အပြင် နှလုံးရဲ့ လုပ်ငန်းဆောင်တာတွေ ၊ သွေးလွှတ်ကြော ၊ သွေးပြန်ကြောတွေကရော ဘာတွေလဲ? စသဖြင့် ဗဟုသုတ ရစေရန် ရည်ရွယ်၍ တင်ဆက်ပေးလိုက်ပါသည်။  ခန္ဓာကိုယ်တွင်း သွေးလှည့်ပတ်သွားလာခြင်း  ( Circulation of Blood )  ခန္ဓာကိုယ် သွေးလှည့်ပတ်ခြင်းစနစ်တွင်        (၁) သွေး       (၂) နှလုံး နှင့်       (၃) သွေးကြောများ စသည်တို့ ပါဝင်ပါသည် ။ (၁)   သွေးအကြောင်း          သွေးသည် သွေးကြောများ အတွင်းတွင် အရည်အဖြစ် လှည့်ပတ်လျက်ရှိသည် ။ ခန္ဓာကိုယ် အသက်ရှင်ရန်အတွက် အရေးကြီးသည် ။ သွေးသည် အသက် ဖြစ်သည် ။ မည်သည့်နေရာမှမဆို သွေးယိုထွက်ခြင်း လွန်ကဲပါက အသက်ဆုံးရှုံးန...

ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်ဖြစ်တတ်သူတိုင်း သတိထားသင့်တဲ့ အချက်များ

  နှစ်တစ်နှစ်တာရဲ့ အချိန်တစ်ခုကို ရောက်လာပြီဆိုရင် နှာချေတာ ၊ ချောင်းဆိုးတာ ၊ နှာရည်ယိုတာတွေကို ခံစားရပြီဆိုရင် သေချာတာက ရာသီအကူးအပြောင်းကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှုကို ခံစားနေရတာပါ ။ ရာသီဥတုကြောင့် ဓာတ်မတည့်မှု ခံစားရသူတွေဟာ ဆောင်းဦးကာလ နွေဦးကာလတွေကို ရောက်လာပြီဆိုရင် လေထုထဲမှာ ဝတ်မှုန်တွေ မှိုတွေ များလာတာကြောင့် ဓာတ်မတည့်မှုကို ခံစားရပါတယ် ။ ဒီလိုမျိုး ရာသီအပြောင်းအလဲမှာ ဖြစ်တတ်တဲ့ ဓာတ်မတည့်မှု ခံစားရနိုင်ခြေကို မခံစားချင်ဘူးဆိုတဲ့ သူလေးတွေ ရှိပါသလား ။  ဒါဆိုရင်တော့ ဒီဆောင်းပါးလေးထဲမှာ ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်ဖြစ်တတ်သူတိုင်း သတိထားသင့်တဲ့ အချက်တွေ ပြောပြပေးမှာမို့ အတူတူ ဖတ်ကြည့်လိုက်ရအောင်နော် ။ 🔴 ရာသီဥတုကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှု ဆိုတာ - ရာသီအကူးအပြောင်း ဖြစ်ချိန်မှာ သစ်ပင်တွေကနေ ကျတဲ့ ဝတ်မှုန်တွေ ၊ မြက်တွေကနေ ထွက်တဲ့ ဝတ်မှုန်တွေကြောင့် ဓာတ်မတည့်မှုကို ခံစားရနိုင်ပါတယ် ။ ဒါကြောင့် ပန်းတွေ ပွင့်တတ်တဲ့ နွေဦး နဲ့ ဆောင်းဦးကာလတွေမှာ ရာသီဥတုကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှုတွေကို ခံစားရနိုင်ပါတယ် ။ 🔴 ဘယ်အချက်တွေက ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်တာကို ဖြစ်စေနိုင်တာလဲ ရာသီအပြောင်းအလဲမှ...