Skip to main content

အစာအဆိပ်သင့်ခြင်း

 အစားအသောက်မှတစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေက သင်ထင်တာထက် ပိုဆိုးနေပြီလား???



WHO အဆိုအရတော့ အစားအသောက်တွေမှာပါတဲ့ ဘက်တီးရီးယားတွေ ၊ ဗိုင်းရပ်စ်တွေ ၊ ကပ်ပါးကောင်တွေ ၊ ဓာတုပစ္စည်းတွေကြောင့် ရောဂါပေါင်း ၂၀၀ လောက် ဖြစ်နိုင်ပါတယ်တဲ့။


အစားအသောက်ကတစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေဆိုတာ နဂိုအစားအသောက်မှာ ပါလာတဲ့ ပိုးတွေအပြင် အစားအသောက်ထုတ်လုပ်ချိန်ကစလို့ နောက်ဆုံးစားသောက်တဲ့အချိန်အထိ ကြားထဲက အဆင့်တွေမှာ ပိုးတွေပါလာတာကို ဆိုလိုပါတယ်။ ဒီရောဂါတွေက သင်ထင်တာထက် ပိုများသလို ပိုလည်းဆိုးပါတယ်။


ဥပမာ ပြောရရင် စစချင်း အစားအသောက်တွေကို ရတဲ့ မြေထု ၊ ရေထု ကစလို့ အစားအသောက်ကို သိုလှောင်သိမ်းဆည်းပုံ မမှန်လို့ ၊ ချက်ပြုတ်တဲ့နေရာမှာ သန့်ရှင်းမှု အားနည်းလို့ ပိုးတွေပါလာနိုင်ပါတယ်။ အစားအသောက်မှတစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေက ဝမ်းပျက်ဝမ်းလျှောအပါအဝင် ကင်ဆာအထိ ဖြစ်နိုင်ပါတယ်။ အစာအိမ် နဲ့ အူလမ်းကြောင်း လက္ခဏာတွေ မဟုတ်ဘဲ အာရုံကြောစနစ် ၊ မျိုးပွားစနစ် နဲ့ ခုခံအားကို ထိခိုက်တာမျိုးလည်း ရှိပါတယ်။


အထူးသဖြင့် ဝမ်းပျက်ဝမ်းလျှောကတော့ တိုးတက်ဆဲနိုင်ငံတွေမှာ ကျန်းမာရေး ဝန်ထုပ်ဝန်ပိုး ဖြစ်လောက်တဲ့အထိ အဖြစ်များပါတယ်။ မြန်မာနိုင်ငံမှာလည်း ဒီလိုပါပဲ။ အစားအသောက် မှတစ်ဆင့် ကူးစက်နိုင်တဲ့ရောဂါတွေက အဖြစ်များပါတယ်။


🔵 အဖြစ်များတဲ့ အစားအသောက် မှတစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေက ဘာတွေလဲ


🔷 ဘက်တီးရီးယားကနေ ကူးစက်တဲ့ ရောဂါများ


🔹 Bacillus cereus အစာအဆိပ်သင့်ခြင်း


Bacillus cereus လို့ခေါ်တဲ့ ဘက်တီးရီးယားကြောင့် ဖြစ်ပြီး ကျက်အောင် ချက်ပြုတ်မထားတဲ့ အသားတွေကနေ ဖြစ်တတ်ပါတယ်။ မြန်မာနိုင်ငံမှာဆိုရင်တော့ ထမင်းကြမ်းတွေကို ပြန်ကြော်တဲ့အခါ အပူရှိန် ပြင်းပြင်းနဲ့ သေချာမချက်ဘူးဆိုရင် ဖြစ်တတ်ပါတယ်။ စားပြီး ၁၀ နာရီ ကနေ ၁၆ နာရီလောက် ကြာရင် လက္ခဏာ ပြတတ်ပါတယ်။ ဝမ်းလျှောတာ ၊ ဗိုက်ရစ်တာ ၊ ပျို့တာ ဖြစ်တတ်ပါတယ်။


🔹 Campylobacteriosis အစာအဆိပ်သင့်ခြင်း


Campylobacter jejuni လို့ ခေါ်တဲ့ ဘက်တီးရီးယားကြောင့် ဖြစ်ပြီး ကျက်အောင် မချက်ထားတဲ့ အသားတွေ ၊ အသားစိမ်းတွေ ၊ ပိုးပါတဲ့ နို့တွေ ၊ ရေတွေကနေ ကူးစက်တတ်ပါတယ်။ ပိုးဝင်ပြီး ၂ ရက် ကနေ ၅ ရက်အတွင်းမှာ လက္ခဏာ ပြတတ်ပါတယ်။ ဖျားတာ ၊ ဗိုက်ရစ်ပြီး အန်တာ ၊ ဝမ်းလျှောတာ ဖြစ်တတ်ပါတယ်။ ဝမ်းထဲ သွေးပါတတ်ပါတယ်။


🔹 Botulism အစာအဆိပ်သင့်ခြင်း


ကြာရှည်ခံအောင် ထုတ်လုပ်ထားတဲ့ ဆီသွပ်ဘူး ( ဥပမာ ငါးသေတ္တာဘူး )တွေကနေ အဓိက ကူးစက်ပါတယ်။ ၁၂ နာရီ ကနေ ၇၂ နာရီအတွင်း လက္ခဏာ ပြတတ်ပြီး ပျို့အန််တာ ၊ အမြင်တွေဝါးလာတာ ၊ ကြွက်သားတွေ အားပျော့လာတာ ၊ အစာမျိုချရခက်တာ ဖြစ်နိုင်ပါတယ်။ သိပ်ပြင်းထန်တဲ့ အခြေအနေဆိုရင် အသက်ရှူစနစ်ထိခိုက်ပြီး အသက်အန္တရာယ်ရှိပါတယ်။


🔹 အီကိုလိုင် အစာအဆိပ်သင့်ခြင်း


အစာ နဲ့ ရေမှာ လူ့မစင်တွေ ပါနေလို့ ကူးစက်တာပါ။ မြင်ရလောက်တဲ့ ပမာဏ မဟုတ်ပေမယ့် အိမ်သာတက်ပြီး လက်ကို သေချာမဆေးဘဲ အစားအစာတွေ ပြင်ဆင်ချက်ပြုတ်တဲ့အခါ ပိုးတွေပါသွားပါတယ်။ နိုင်ငံခြားသားတွေ မြန်မာနိုင်ငံကိုလာပြီး ဝမ်းလျှောတယ်ဆိုရင် ဒါကြောင့် ဖြစ်တာများပါတယ်။ ဒါကြောင့် Traveller diarrhea လို့ခေါ်ကြပါတယ်။


E. coli O157:H7 အမျိုးအစားကတော့ ကျက်အောင် မချက်ထားတဲ့ အသားတွေ ၊ ပိုးမသတ်ထားတဲ့ နို့တွေ ၊ အသိးအရွက်အစိမ်းတွေ ( ဥပမာ ပဲပင်ပေါက် ) ကို သေချာစင်ကြယ်အောင် မဆေးဘဲ စားရာက ကူးစက်ပါတယ်။ ပိုပြင်းထန်တဲ့ အမျိုးအစားဖြစ်ပြီး ဝမ်းတွေ တရစပ်သွားတာ ၊ အန်တာ ၊ ဗိုက်အောင့်တာ ဖြစ်တတ်ပါတယ်။ ၄ နှစ်အောက် ကလေးတွေမှာ အဖြစ်များပါတယ်။ ကျောက်ကပ်ပျက်စီးတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့်လည်း အစားအသောက် မှတစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေ က ထင်ထားတာထက် ပိုဆိုးတယ်လို့ ဆိုရတာ ဖြစ်ပါတယ်။


🔹 Listeriosis အစာအဆိပ်သင့်ခြင်း


နို့ လို အစားအသောက် မှတစ်ဆင့် ကူးစက်တာများပါတယ်။ သာမန်လူတွေကတော့ ဖျားတာ ၊ ကိုယ်လက်ကိုက်တာ ၊ ပျို့တာ ၊ ဝမ်းသွားတာလောက်ပဲ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်တွေက တုပ်ကွေးလို လက္ခဏာ ခံစားရပါတယ်။ ဒါပေမယ့် ဗိုက်ထဲက ကလေးစောမွေးတာ ၊ အသေမွေးတာ ဖြစ်တတ်ပါတယ်။ သက်ကြီးရွယ်အိုတွေ ၊ ခုခံအားမကောင်းတဲ့ သူတွေမှာဆိုရင် သွေးထဲထိ ပိုးတွေ ပြန့်တာ ၊ ဦးနှောက်အမြှေးပါးရောင်တာတွေ ဖြစ်တတ်ပါတယ်။


🔹 Salmonellosis


ကြက်ဥတွေ ၊ အသားတွေ ၊ နို့တွေ နဲ့ အသီးအရွက်တွေမှာ တွေ့ရပါတယ်။ ဖျားတာ ၊ အန်တာ ၊ ဝမ်းလျှောတာ ၊ ဗိုက်ရစ်တာတွေ ဖြစ်တတ်ပါတယ်။ ကြက်တွေရဲ့ အူလမ်းကြောင်းမှာ အများကြီးတွေ့ရပြီး ပိုးကူးမခံရအောင် ပိုးသတ်ဆေးတွေ အစာထဲထည့်ကျွေးတာကြောင့် ဆေးယဉ်ပါး ဖြစ်တတ်ပါတယ်။


🔹 ဝမ်းကိုက်ပိုး


မသန့်စင်တဲ့ ရေတွေ ၊ ပိုးရှိတဲ့သူ ကိုင်တွယ်ထားတဲ့ အစားအစာတွေကို အပူရှိန်ပြင်းပြင်းပေးပြီး မချက်ပြုတ်တဲ့အခါ ဖြစ်တတ်ပါတယ်။ ဝမ်းကိုက်ပြီး ဝမ်းထဲမှာ သွေးတွေ ၊ အချွဲတွေ ပါတတ်ပါတယ်။


🔹 Staphylococcal အစာအဆိပ်သင့်ခြင်း


ဒါကလည်း အဖြစ်များတဲ့ အစားအသောက် မှတစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေ အထဲက တစ်ခုပါ။ အသားတွေကို သေသေချာချာ မသိမ်းဆည်းတဲ့အခါ ( ဥပမာ ရေခဲသေတ္တာထဲမှာ သင့်တော်တဲ့ အပူချိန် နဲ့ မသိမ်းဆည်းတဲ့အခါ ) ပိုးတွေ ပေါက်လာတတ်ပါတယ်။ ပြင်းပြင်းထန်ထန် ပျို့အန်တတ်ပါတယ်။ ဖျားတာ နဲ့ ဝမ်းလျှောတာလည်း ရှိနိုင်ပါတယ်။


🔹 ကာလဝမ်းရောဂါ


အသားတွေ နဲ့ ပင်လယ်စာတွေကို ကျက်အောင် မချက်ရာက ကူးစက်တတ်ပါတယ်။ အန်တာ ၊ ဆန်ဆေးရည်လို ဝမ်းဖြူဖြူကျဲကျဲတွေ သွားတာ ၊ သွေးထဲကိုပိုးတွေ ရောက်ကုန်တာ ၊ ကိုယ်မှာ အနာတွေ ပေါက်လာတာ စတာတွေ ဖြစ်တတ်ပါတယ်။ ရေဓာတ်အလွန်အကျွံဆုံးရှုံးတာကြောင့် အသက်အန္တရာယ်ရှိပါတယ်။ အသည်းမကောင်းတဲ့သူတွေ ၊ ခုခံအားကျနေတဲ့သူတွေ ပိုခံရပါတယ်။


🔷 ဗိုင်းရပ်စ်ကနေ ကူးစက်တဲ့ ရောဂါများ


🔹 အထက်လှန်အောက်လျှော


Noroviruses ကြောင့် အဖြစ်များပါတယ်။ မသန့်ရှင်းတဲ့ အစားအသောက်တွေ ၊ ကျက်အောင်မချက်ထားတဲ့ အစားအသောက်တွေကနေ ကူးစက်တတ်ပါတယ်။ လူကြီးတွေမှာ ဝမ်းလျှောတာ များပါတယ်။ ကလေးတွေမှာ အန်တာ ပိုဖြစ်ပါတယ်။


🔹 အသည်းရောင် အသားဝါ အေ


ရေစိမ်းတွေ ၊ ကျက်အောင်မချက်ထားတဲ့ အစားအစာတွေကနေ ကူးစက်တတ်ပါတယ်။ တခြားအသည်းရောင် ရောဂါတွေလိုပဲ အသားတွေဝါပြီး ဆီးအရောင်ရင့်တတ်ပါတယ်။ တုပ်ကွေးလို လက္ခဏာလည်း ပြတတ်ပါတယ်။


🔷 ကပ်ပါးပိုးကနေ ကူးစက်တဲ့ ရောဂါများ


အစားအသောက် မှတစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေ မှာ ကပ်ပါးပိုးကြောင့် ဖြစ်တဲ့ ရောဂါတွေကလည်း အဓိကပါဝင်ပါတယ်။


ဒါလည်း မြန်မာနိုင်ငံမှာ အဖြစ်များပါတယ်။ ကျက်အောင် မချက်ထားတဲ့ အသားတွေကနေ သန်လုံးကောင်တို့၊ သန်ပြားကောင်တို့ ကူးစက်တတ်ပါတယ်။ ဘာလက္ခဏာမှ သေသေချာချာ မပြဘဲ ကိုယ်ထဲမှာ နှစ်တွေ အကြာကြီးနေနိုင်ပါတယ်။ နောက်ပိုင်းမှ ဗိုက်ဖောင်းတာ ၊ သန်ထိုးတာ ၊ သွေးအားနည်းတာ ၊ အသားတွေ ယားတာ ခံစားရနိုင်ပါတယ်။ ဒါကြောင့် ၆ လတစ်ကြိမ် ပုံမှန်သန်ချဖို့ လိုပါတယ်။


🔵 အစားအသောက်မှတစ်ဆင့် ကူးစက်နိုင်တဲ့ရောဂါတွေ မဖြစ်အောင် ဘယ်လိုကာကွယ်ကြမလဲ


- လက် နဲ့ ချက်ပြုတ်တဲ့ နေရာကို သန့်ရှင်းအောင်ထားပါ။


- အစားအသောက်ကနေ ကပ်ပါလာတဲ့ ရောဂါပိုးတွေက မီးဖိုချောင် နေရာအနှံ့မှာ ရှိနေနိုင်ပါတယ်။


- အစားအစာ မချက်ခင် ၊ ချက်နေတုန်း ၊ ချက်ပြီး နဲ့ မစားခင်မှာ လက်ကို သေချာဆေးပါ။


- အသားစိမ်း ငါးစိမ်း ခုတ်ထစ်တဲ့ ဓားတွေ ၊ စဉ်းတီတုံးတွေ ၊ မျက်နှာပြင်တွေကို ရေနွေး နဲ့ ဆပ်ပြာ သုံးပြီးဆေးပါ။


- အသီးအရွက်တွေကို ရေနိုင်နိုင်ဆေးပါ။


- သီးခြားခွဲထားပါ။

အသားစိမ်းတွေ ၊ ငါးတွေ ၊ ဥတွေ နဲ့ ဒီတိုင်းစားလို့ရတဲ့ သစ်သီးတွေကြားမှာ ပိုးကူးတာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် သူတို့ကို ခွဲထားရပါမယ်။


- အသားသပ်သပ် ၊ အသီးအရွက်သပ်သပ် လှီးဖို့ စဉ်းတီတုံးတွေ ခွဲထားရပါမယ်။


- စျေးခြင်းထဲမှာလည်း အသားစိမ်းတွေနဲ့ အသီးအရွက်တွေကို တစ်အိတ်တည်းပေါင်းမထည့်ပါနဲ့။ ခွဲပြီးမှ ထည့်ပါ။


- ရေခဲသေတ္တာထဲမှာ သိမ်းရင်လည်း သီးသန့်ခွဲပြီး သိမ်းဆည်းပါ။


- သင့်တော်တဲ့ အပူချိန် နဲ့ ချက်ပြုတ်ပါ။

- အစားအစာတွေကို ကျက်အောင် မချက်ဘူးဆိုရင် အထဲက ပိုးတွေ မသေဘဲ အစာအဆိပ်သင့်စေပါလိမ့်မယ်။ 


ဥပမာ -

- အသာတုံးတွေဆိုရင် ( အမဲသား ၊ ဝက်သား ) ၁၄၅ ဒီဂရီဖာရင်ဟိုက်လောက်နဲ့ ချက်ရပါမယ်။ 

- ကြိတ်ထားတယ်ဆိုရင် ၁၆၀ - ၁၄၅ ဒီဂရီဖာရင်ဟိုက်လောက်နဲ့ ချက်ပေးပါ။


- ကြက်သားတို့ မနေ့ကကျန်တာကို ဒီနေ့ ပြန်စားမယ်ဆိုရင် ၁၆၅ ဒီဂရီဖာရင်ဟိုက်လောက်နဲ့ ချက်ရပါမယ်။


- ငါးဆိုရင်တော့ ၁၄၅ ဒီဂရီဖာရင်ဟိုက်လောက် အပူပေးရပါမယ်။


- သင့်တော်တဲ့ ရေခဲသေတ္တာအပူချိန်မှာ သိမ်းပါ။

ရေခဲသေတ္တာအပူချိန်ကို ၄၀ ဒီဂရီဖာရင်အောက်မှာ ချိန်ထားပါ။ သိမ်းထားတဲ့ အစားအစာတွေ မလတ်ရင် ဆက်မထားပါနဲ့။ လွှင့်ပစ်လိုက်ပါ။


- ပုပ်သိုးလွယ်တဲ့အရာတွေကို မစားဖြစ်သေးဘူးဆိုရင် ၂ နာရီအတွင်း ရေခဲသေတ္တာထဲ သိမ်းပါ။ အပြင်မှာ ပူလွန်းရင် ၁ နာရီအတွင်း သိမ်းပါ။


- အေးခဲထားတဲ့ အသားတွေကို ပြန်ပျော်ချင်တယ်ဆိုရင် ရေခဲသေတ္တာသိပ်မအေးတဲ့ အကန့်မှာထားပါ။ ဒါမှမဟုတ် ရေအေး ၊ မိုက်ခရိုဝေ့ထဲ ထည့်ပြီး ဖျော်ပါ။ အပြင်မှာ ဒီတိုင်းထားတာက ပိုးတွေကိုမြန်မြန်ပေါက်စေပါတယ်။


Takeaways


အစားအသောက်ကတစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေ .. အစာအဆိပ်သင့်တာတွေက အဖြစ်များပါတယ်။ ဝယ်ယူတဲ့ အစားအစာကစပြီး ချက်ပြုတ်ပြင်ဆင်တာအလယ် နောက်ဆုံးစားတာအထိ သန့်သန့်ရှင်းရှင်း လုပ်သွားမယ် ၊ ကျက်အောင် ချက်စားမယ်ဆိုရင်တော့ ပိုးကူးစက်မှုကို လျှော့ချနိုင်မှာပါ။ ။


#vaa

#အစာအဆိပ်သင့်ခြင်း

Comments

Popular posts from this blog

Otomycosis ( နားမှိုစွဲခြင်းရောဂါ )

 Otomycosis ( နားမှိုစွဲခြင်းရောဂါ )      🙋  အားလုံးပဲ   မင်္ဂလာပါ 🙋 VAA ရဲ့စာဖတ်ပရိတ်သတ်တွေအတွက်အခုတစ်ခါမှာတော့ ပရိတ်သတ်တွေရဲ့တောင်းဆိုချက်အရ နားမှိုစွဲခြင်းရောဂါ နဲ့ပတ်သက်ပြီး ဖော်ပြပေးမှာဖြစ်ပါတယ် ။  နားမှိုစွဲခြင်းရောဂါ နဲ့ပတ်သက်ပြီး ဖြစ်ရတဲ့အကြောင်းရင်းတွေ ၊ လက္ခဏာတွေ ၊ ဘယ်လိုဆေးဝါးတွေကို အသုံးပြုနိုင်မလဲ ၊ ဆောင်ရန် ၊ ရှောင်ရန် ၊နောက်ဆက်တွဲ ပြဿနာတွေ နှင့် ကာကွယ်နည်းများကို ပြည့်ပြည့်စုံစုံ တင်ဆက်ပေးလိုက်ပါတယ် ။ နားမှိုစွဲရောဂါ ကို ဆေးပညာအရ Otomycosis လို့ ခေါ်ပါတယ်။ မြန်မာနိုင်ငံလိုမျိုး ပူနွေးစိုစွတ်တဲ့ နိုင်ငံတွေမှာ အတွေ့ရများပါတယ်။ နွေရာသီလို ပူပြင်းတဲ့အချိန်မှာ ပိုဖြစ်တတ်ပါတယ်။ နားမှိုစွဲရောဂါက များသောအားဖြင့် နားအပြင်ပိုင်းမှာ ဖြစ်တာ များပါတယ်။ နားအလယ်ပိုင်းမှာ ဖြစ်တာလည်း ရှိပါတယ်။ တစ်ဖက်တည်း ဖြစ်တာများပါတယ်။ 🔴 နားမှိုစွဲရောဂါ ဖြစ်ရတဲ့ အကြောင်းရင်း နားမှိုစွဲရောဂါက နာမည်အတိုင်းပဲ မှိုပိုးကြောင့် ဖြစ်တာပါ ။ မှိုပိုးတွေ အများကြီးရှိတဲ့အထဲကမှ နားမှိုစွဲစေတဲ့ ပိုးတွေကတော့ Candida နဲ့ Aspergillus လို့ခေါ်တဲ့ မှို နှစ်မျိုးပဲ ဖြစ်ပါတယ် ။ အဲ...

Circulation of Blood

 Circulation Of Blood           မင်္ဂလာပါ VAA Facebook  Page  မှ ပရိတ်သတ်ကြီးများခင်ဗျာ   အခု​ဖော်ပြပေးမယ့် အကြောင်းအရာလေးကတော့ ခန္ဓာကိုယ်အတွင်းမှာလှည့်ပတ်နေတဲ့ သွေးအကြောင်းပဲဖြစ်ပါတယ် ။ သွေးထဲမှာဆိုရင် သွေးရည်ကြည်၊သွေးနီဥ ၊ သွေးဖြူဥ ၊ သွေးဥမွှားတွေပါရှိပြီး သူတို့လေးတွေကရော ဘာလုပ်ငန်းတွေလုပ်ဆောင်တာလဲ?  ဒါ့အပြင် နှလုံးရဲ့ လုပ်ငန်းဆောင်တာတွေ ၊ သွေးလွှတ်ကြော ၊ သွေးပြန်ကြောတွေကရော ဘာတွေလဲ? စသဖြင့် ဗဟုသုတ ရစေရန် ရည်ရွယ်၍ တင်ဆက်ပေးလိုက်ပါသည်။  ခန္ဓာကိုယ်တွင်း သွေးလှည့်ပတ်သွားလာခြင်း  ( Circulation of Blood )  ခန္ဓာကိုယ် သွေးလှည့်ပတ်ခြင်းစနစ်တွင်        (၁) သွေး       (၂) နှလုံး နှင့်       (၃) သွေးကြောများ စသည်တို့ ပါဝင်ပါသည် ။ (၁)   သွေးအကြောင်း          သွေးသည် သွေးကြောများ အတွင်းတွင် အရည်အဖြစ် လှည့်ပတ်လျက်ရှိသည် ။ ခန္ဓာကိုယ် အသက်ရှင်ရန်အတွက် အရေးကြီးသည် ။ သွေးသည် အသက် ဖြစ်သည် ။ မည်သည့်နေရာမှမဆို သွေးယိုထွက်ခြင်း လွန်ကဲပါက အသက်ဆုံးရှုံးန...

ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်ဖြစ်တတ်သူတိုင်း သတိထားသင့်တဲ့ အချက်များ

  နှစ်တစ်နှစ်တာရဲ့ အချိန်တစ်ခုကို ရောက်လာပြီဆိုရင် နှာချေတာ ၊ ချောင်းဆိုးတာ ၊ နှာရည်ယိုတာတွေကို ခံစားရပြီဆိုရင် သေချာတာက ရာသီအကူးအပြောင်းကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှုကို ခံစားနေရတာပါ ။ ရာသီဥတုကြောင့် ဓာတ်မတည့်မှု ခံစားရသူတွေဟာ ဆောင်းဦးကာလ နွေဦးကာလတွေကို ရောက်လာပြီဆိုရင် လေထုထဲမှာ ဝတ်မှုန်တွေ မှိုတွေ များလာတာကြောင့် ဓာတ်မတည့်မှုကို ခံစားရပါတယ် ။ ဒီလိုမျိုး ရာသီအပြောင်းအလဲမှာ ဖြစ်တတ်တဲ့ ဓာတ်မတည့်မှု ခံစားရနိုင်ခြေကို မခံစားချင်ဘူးဆိုတဲ့ သူလေးတွေ ရှိပါသလား ။  ဒါဆိုရင်တော့ ဒီဆောင်းပါးလေးထဲမှာ ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်ဖြစ်တတ်သူတိုင်း သတိထားသင့်တဲ့ အချက်တွေ ပြောပြပေးမှာမို့ အတူတူ ဖတ်ကြည့်လိုက်ရအောင်နော် ။ 🔴 ရာသီဥတုကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှု ဆိုတာ - ရာသီအကူးအပြောင်း ဖြစ်ချိန်မှာ သစ်ပင်တွေကနေ ကျတဲ့ ဝတ်မှုန်တွေ ၊ မြက်တွေကနေ ထွက်တဲ့ ဝတ်မှုန်တွေကြောင့် ဓာတ်မတည့်မှုကို ခံစားရနိုင်ပါတယ် ။ ဒါကြောင့် ပန်းတွေ ပွင့်တတ်တဲ့ နွေဦး နဲ့ ဆောင်းဦးကာလတွေမှာ ရာသီဥတုကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှုတွေကို ခံစားရနိုင်ပါတယ် ။ 🔴 ဘယ်အချက်တွေက ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်တာကို ဖြစ်စေနိုင်တာလဲ ရာသီအပြောင်းအလဲမှ...