Skip to main content

ယာယီလေဖြတ်ခြင်းအကြောင်း သိသားသင့်သမျှ

 ယာယီလေဖြတ်ခြင်း အကြောင်း သိထားသင့်သမျှ



မပေါ့ဆသင့်တဲ့ ကျန်းမာရေးပြဿနာတွေထဲမှာ ယာယီလေဖြတ်ခြင်း (Transient Ischemic Attack) ဟာလည်း တစ်ခုအပါအဝင်ပါ။ ယာယီလေဖြတ်ခြင်းဟာ များသောအားဖြင့် လေဖြတ်တော့မယ်ဆိုတဲ့ နိမိတ်လက္ခဏာတစ်ခုဖြစ်ပြီး ဂရုမစိုက်ဘူးဆိုရင် သိပ်မကြာခင်ကာလမှာ လေဖြတ်ဝေဒနာခံစားရနိုင်ခြေ မြင့်မားလှပါတယ်။


ပုံမှန်အားဖြင့် Ministroke လို့လည်းခေါ်ဆိုကြတဲ့ ယာယီလေဖြတ်ခြင်း ဟာ လေဖြတ်ဝေဒနာနဲ့ လက္ခဏာအားလုံး တူညီနေတတ်ပါတယ်။ အဓိက ကွဲပြားချက်ကတော့ အချိန်ကာလဖြစ်ပြီးတော့ ယာယီလေဖြတ်တယ်ဆိုရင် အချိန်ကာလ အနည်းငယ်သာဖြစ်လေ့ဖြစ်ထရှိပါတယ်။


ယာယီလေဖြတ်တာဟာ မိနစ် အနည်းငယ်ကနေ နာရီပိုင်း၊ တစ်ခါတစ်ရံ ၂၄ နာရီဝန်းကျင်အထိ ကြာမြင့်တတ်ပါတယ်။ များသောအားဖြင့် ယာယီလေဖြတ်တာဖြစ်ပြီး ၄၈နာရီဝန်းကျင်မှာ လေဖြတ်ဝေဒနာကို ကြုံရတတ်ပါတယ်။


🔴 ဘာကြောင့် ယာယီလေဖြတ်ခြင်း ဖြစ်ရတာလဲ


ယာယီလေဖြတ်ခြင်းဟာ လေဖြတ်ဝေဒနာအမျိုးအစားတစ်မျိုးဖြစ်တဲ့ Ischemic Stroke နဲ့ မူလဇစ်မြစ်ခြင်းတူညီပါတယ်။ Ischemic Stroke ဖြစ်ရတဲ့အကြောင်းအရင်းက ဦးနှောက်ကို သွေးစီးဆင်းမှု နည်းပါးပြီး အောက်ဆီဂျင်လုံလောက်စွာမရရှိတာကြောင့် သွေးမရတော့တဲ့ အာရုံကြောက ထိန်းချုပ်ထားတဲ့ အစိတ်အပိုင်းတွေ မလှုပ်မရှားနိုင်ဖြစ်သွားတာပါ။


ယာယီလေဖြတ်တာနဲ့ Ischemic Stroke နဲ့ အကြားက ကွာဟချက်က ယာယီလေဖြတ်ခြင်းဟာ အချိန်ကာလတိုတစ်ခုအတွင်းမှာသာ ဖြစ်ပွားပြီး ရုတ်တရက်ပြန်လည်သက်သာလာတတ်တာပါပဲ။


Ministroke ကိုဖြစ်စေတဲ့ နောက်ထပ် အဓိက အကြောင်းအရင်းတစ်ချက်ကတော့ သွေးကြောတွေထဲမှာ ကိုလက်စထရောတွေစုဝေးမှုပိုများလာတာပါ။ ဒီအချက်ကလည်း ဦးနှောက်ဆီကို အောက်ဆီဂျင်လုံလုံလောက်လောက်ပေးပို့မှုကို ဟန့်တားလေ့ရှိပါတယ်။


🔴 ရောဂါ လက္ခဏာများ


ယာယီလေဖြတ်တဲ့အခါမှာ ရောဂါလက္ခဏာတချို့ ခဏတာ ပြသပြီး ပြန်လည်သက်သာသွားတတ်ပါတယ်။ မိနစ်အနည်းငယ် ဒါမှမဟုတ် နာရီအနည်းငယ်လောက် ခန္ဓာကိုယ် အစိတ်အပိုင်းတချို့ လှုပ်မရတာ၊ ဆိုင်းသွားတာတွေဖြစ်ပြီး သိပ်မကြာခင်မှာပဲ ပြန်ကောင်းသွားတတ်ပါတယ်။ ၂၄ နာရီထက်ပိုကြာတဲ့ ယာယီလေဖြတ်ခြင်းမျိုးက သိပ်ကိုရှားပါးတယ်လို့ လေ့လာချက်တွေကဆိုပါတယ်။


များသောအားဖြင့် ယာယီလေဖြတ်တဲ့အခါ အောက်ပါ လက္ခဏာတွေပြသတတ်ပါတယ်။


♦ မျက်နှာ၊ လက်၊ ခြေထောက်နဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတချို့ အကြောဆွဲတာ၊ 

♦ အားလျော့သွားတာ၊

♦ စကားပြောရာမှာ ဗလုံးဗထွေး ဖြစ်နေတာ၊

♦ ရုတ်တရက် အမြင်အာရုံဆုံးရှုံးတာ၊ အမြင်နှစ်ထပ်ဖြစ်နေတာ၊

♦ ချာချာလည်အောင်မူးနေတာ၊

♦ ခန္ဓာကိုယ်က ဟန်ချက်မညီဖြစ်နေတာစတာတွေပါပဲ။


🔴 ကာကွယ်နိုင်သော အန္တရာယ်နှင့် မကာကွယ်နိုင်သော အန္တရာယ်


ယာယီလေဖြတ်ခြင်း ဖြစ်ပြီဆိုရင် တစ်နှစ်အတွင်း လေဖြတ်နိုင်ခြေများနေပြီဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ ဒါကြောင့် လေဖြတ်ခြင်းကို ကာကွယ်နိုင်ဖို့ Ministroke မဖြစ်အောင်ကြိုတင်ကာကွယ်နိုင်ဖို့ လိုအပ်ပါတယ်။


ယာယီလေဖြတ်ခြင်းကို မကြုံရဘူးဆိုရင် လေဖြတ်နိုင်ခြေလည်း လျော့ကျသွားမယ်ဆိုပေမယ့် တစ်ခါတစ်လေမှာတော့ ရုတ်တရက်ကြီး အပြီးလေဖြတ်တာမျိုးကလည်း ဖြစ်နိုင်ခြေရှိတဲ့ ကိစ္စဖြစ်ပါတယ်။


ဘယ်လိုပဲဖြစ်ဖြစ် ယာယီလေဖြတ်တာကို ကာကွယ်နိုင်မယ်ဆိုရင် လေဖြတ်ဝေဒနာခံစားရနိုင်ခြေကို အများကြီး လျှော့ချပေးနိုင်မယ်ဆိုတာကတော့ အမှန်တရားပါ။ ယာယီလေဖြတ်ခြင်း ကို ကာကွယ်မယ်ဆိုရင် ကာကွယ်နိုင်သော အန္တရာယ်နဲ့ မကာကွယ်နိုင်သော အန္တရာယ်တွေကို ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။


တချို့ပြဿနာတွေကို အောက်ပါနည်းလမ်းတွေနဲ့ ကိုယ်တိုင် ကာကွယ်နိုင်ပါတယ်။


◻ သွေးတိုးမဖြစ်အောင်၊ ဖြစ်လာရင်လည်း တည်ငြိမ်အောင် နေထိုင်တာ၊

◻ ကိုယ်လက်စထရော မှီဝဲမှုကို နည်းပါးအောင် ဂရုစိုက်တာ၊

◻ နှလုံးရောဂါမဖြစ်အောင် နေထိုင်တာ၊

◻ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေမဖြစ်အောင် ဂရုစိုက်နေထိုင်တာ၊

◻ ဆီးချိုရောဂါ မရှိအောင် နေထိုင်တာ၊

◻ Homocysteine ပမာဏ မမြင့်တက်အောင် ဂရုစိုက်ဖို့လိုတာ၊

◻ ကိုယ်အလေးချိန် မမြင့်မားအောင် ဂရုစိုက်နေထိုင်တာ မျိုးတွေဖြစ်ပါတယ်။


🔵 ကိုယ်တိုင်ကာကွယ်လို့မရနိုင်တဲ့ အခြေအနေတွေကတော့ -


⚪ လေဖြတ်ဖူးတဲ့ မျိုးရိုးရှိတာ၊

⚪ အသက်အရွယ်က ၅၅ နှစ်ကိုကျော်လွန်လာတာ၊

⚪ လိင်အမျိုးအစားအရ အမျိုးသားဖြစ်နေတာကြောင့် လေဖြတ်နိုင်ခြေမြင့်မားတာ၊

⚪ ယာယီလေဖြတ်မှု တစ်ကြိမ်ထက်မနည်းဖြစ်ခဲ့ဖူးတာ၊

⚪ Sickle cell disease ဝေဒနာရှိနေတာတွေပါ။


💠 ယာယီလေဖြတ်တာကို ကာကွယ်ဖို့ဆိုရင် လူနေမှုပုံစံကို ပြောင်းလဲနိုင်ဖို့ လိုအပ်ပါတယ်။ အဆီအဆိမ့်တွေ၊ အချိုတွေ၊ အငံတွေကို လျှော့ချစားသောက်ရမှာဖြစ်ပြီးတော့ ကျန်းမာပြီးတက်ကြွတဲ့ လူနေမှုပုံစံမျိုးနဲ့ ပြောင်းလဲနေထိုင်ဖို့လိုအပ်ပါတယ်။


🔹 ဆေးလိပ်သောက်သုံးမှုကို ရှောင်ကျဉ်တာ၊

🔹 ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာ၊

🔹 အာဟာရပြည့်ဝအောင်စားတာ၊

🔹 အရက်သေစာ သောက်စားမှုကို လျှော့ချတာ၊

🔹 မူးယစ်ဆေးဝါး အသုံးပြုမှုကို ရှောင်ကျဉ်တာ၊

🔹 ဆီးချိုကို ထိန်းချုပ်တာ စတဲ့ လူနေမှုပုံစံပြောင်းလဲမှုတွေကလည်း ယာယီလေဖြတ်ခြင်းမဖြစ်အောင် ကူညီကာကွယ်ပေးနိုင်မယ့် နည်းလမ်းတွေဖြစ်ပါတယ်။         ။

Comments

Popular posts from this blog

Otomycosis ( နားမှိုစွဲခြင်းရောဂါ )

 Otomycosis ( နားမှိုစွဲခြင်းရောဂါ )      🙋  အားလုံးပဲ   မင်္ဂလာပါ 🙋 VAA ရဲ့စာဖတ်ပရိတ်သတ်တွေအတွက်အခုတစ်ခါမှာတော့ ပရိတ်သတ်တွေရဲ့တောင်းဆိုချက်အရ နားမှိုစွဲခြင်းရောဂါ နဲ့ပတ်သက်ပြီး ဖော်ပြပေးမှာဖြစ်ပါတယ် ။  နားမှိုစွဲခြင်းရောဂါ နဲ့ပတ်သက်ပြီး ဖြစ်ရတဲ့အကြောင်းရင်းတွေ ၊ လက္ခဏာတွေ ၊ ဘယ်လိုဆေးဝါးတွေကို အသုံးပြုနိုင်မလဲ ၊ ဆောင်ရန် ၊ ရှောင်ရန် ၊နောက်ဆက်တွဲ ပြဿနာတွေ နှင့် ကာကွယ်နည်းများကို ပြည့်ပြည့်စုံစုံ တင်ဆက်ပေးလိုက်ပါတယ် ။ နားမှိုစွဲရောဂါ ကို ဆေးပညာအရ Otomycosis လို့ ခေါ်ပါတယ်။ မြန်မာနိုင်ငံလိုမျိုး ပူနွေးစိုစွတ်တဲ့ နိုင်ငံတွေမှာ အတွေ့ရများပါတယ်။ နွေရာသီလို ပူပြင်းတဲ့အချိန်မှာ ပိုဖြစ်တတ်ပါတယ်။ နားမှိုစွဲရောဂါက များသောအားဖြင့် နားအပြင်ပိုင်းမှာ ဖြစ်တာ များပါတယ်။ နားအလယ်ပိုင်းမှာ ဖြစ်တာလည်း ရှိပါတယ်။ တစ်ဖက်တည်း ဖြစ်တာများပါတယ်။ 🔴 နားမှိုစွဲရောဂါ ဖြစ်ရတဲ့ အကြောင်းရင်း နားမှိုစွဲရောဂါက နာမည်အတိုင်းပဲ မှိုပိုးကြောင့် ဖြစ်တာပါ ။ မှိုပိုးတွေ အများကြီးရှိတဲ့အထဲကမှ နားမှိုစွဲစေတဲ့ ပိုးတွေကတော့ Candida နဲ့ Aspergillus လို့ခေါ်တဲ့ မှို နှစ်မျိုးပဲ ဖြစ်ပါတယ် ။ အဲ...

Circulation of Blood

 Circulation Of Blood           မင်္ဂလာပါ VAA Facebook  Page  မှ ပရိတ်သတ်ကြီးများခင်ဗျာ   အခု​ဖော်ပြပေးမယ့် အကြောင်းအရာလေးကတော့ ခန္ဓာကိုယ်အတွင်းမှာလှည့်ပတ်နေတဲ့ သွေးအကြောင်းပဲဖြစ်ပါတယ် ။ သွေးထဲမှာဆိုရင် သွေးရည်ကြည်၊သွေးနီဥ ၊ သွေးဖြူဥ ၊ သွေးဥမွှားတွေပါရှိပြီး သူတို့လေးတွေကရော ဘာလုပ်ငန်းတွေလုပ်ဆောင်တာလဲ?  ဒါ့အပြင် နှလုံးရဲ့ လုပ်ငန်းဆောင်တာတွေ ၊ သွေးလွှတ်ကြော ၊ သွေးပြန်ကြောတွေကရော ဘာတွေလဲ? စသဖြင့် ဗဟုသုတ ရစေရန် ရည်ရွယ်၍ တင်ဆက်ပေးလိုက်ပါသည်။  ခန္ဓာကိုယ်တွင်း သွေးလှည့်ပတ်သွားလာခြင်း  ( Circulation of Blood )  ခန္ဓာကိုယ် သွေးလှည့်ပတ်ခြင်းစနစ်တွင်        (၁) သွေး       (၂) နှလုံး နှင့်       (၃) သွေးကြောများ စသည်တို့ ပါဝင်ပါသည် ။ (၁)   သွေးအကြောင်း          သွေးသည် သွေးကြောများ အတွင်းတွင် အရည်အဖြစ် လှည့်ပတ်လျက်ရှိသည် ။ ခန္ဓာကိုယ် အသက်ရှင်ရန်အတွက် အရေးကြီးသည် ။ သွေးသည် အသက် ဖြစ်သည် ။ မည်သည့်နေရာမှမဆို သွေးယိုထွက်ခြင်း လွန်ကဲပါက အသက်ဆုံးရှုံးန...

ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်ဖြစ်တတ်သူတိုင်း သတိထားသင့်တဲ့ အချက်များ

  နှစ်တစ်နှစ်တာရဲ့ အချိန်တစ်ခုကို ရောက်လာပြီဆိုရင် နှာချေတာ ၊ ချောင်းဆိုးတာ ၊ နှာရည်ယိုတာတွေကို ခံစားရပြီဆိုရင် သေချာတာက ရာသီအကူးအပြောင်းကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှုကို ခံစားနေရတာပါ ။ ရာသီဥတုကြောင့် ဓာတ်မတည့်မှု ခံစားရသူတွေဟာ ဆောင်းဦးကာလ နွေဦးကာလတွေကို ရောက်လာပြီဆိုရင် လေထုထဲမှာ ဝတ်မှုန်တွေ မှိုတွေ များလာတာကြောင့် ဓာတ်မတည့်မှုကို ခံစားရပါတယ် ။ ဒီလိုမျိုး ရာသီအပြောင်းအလဲမှာ ဖြစ်တတ်တဲ့ ဓာတ်မတည့်မှု ခံစားရနိုင်ခြေကို မခံစားချင်ဘူးဆိုတဲ့ သူလေးတွေ ရှိပါသလား ။  ဒါဆိုရင်တော့ ဒီဆောင်းပါးလေးထဲမှာ ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်ဖြစ်တတ်သူတိုင်း သတိထားသင့်တဲ့ အချက်တွေ ပြောပြပေးမှာမို့ အတူတူ ဖတ်ကြည့်လိုက်ရအောင်နော် ။ 🔴 ရာသီဥတုကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှု ဆိုတာ - ရာသီအကူးအပြောင်း ဖြစ်ချိန်မှာ သစ်ပင်တွေကနေ ကျတဲ့ ဝတ်မှုန်တွေ ၊ မြက်တွေကနေ ထွက်တဲ့ ဝတ်မှုန်တွေကြောင့် ဓာတ်မတည့်မှုကို ခံစားရနိုင်ပါတယ် ။ ဒါကြောင့် ပန်းတွေ ပွင့်တတ်တဲ့ နွေဦး နဲ့ ဆောင်းဦးကာလတွေမှာ ရာသီဥတုကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှုတွေကို ခံစားရနိုင်ပါတယ် ။ 🔴 ဘယ်အချက်တွေက ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်တာကို ဖြစ်စေနိုင်တာလဲ ရာသီအပြောင်းအလဲမှ...