Skip to main content

လေဖြတ် ကာကွယ်ဆေး ထိုးကြမလား

 လေဖြတ် ကာကွယ်ဆေး ထိုးကြမလား



လေဖြတ် ရောဂါကို ကာကွယ်ဆေးထိုးပြီး ကာကွယ်လို့ရတယ်ဆိုတာ ကြားဖူးပါသလား။ ပတ်ဝန်းကျင်မှာရော သူများတွေသွားထိုးတာကို မြင်ဖူးပါသလား။ သွေးတိုးရောဂါရှိနေတာ လေမဖြတ်အောင် ကာကွယ်ဆေးသွားထိုးပါလားလို့ အပြောခံရဘူးလား။ တကယ်ပဲ ကာကွယ်လို့ရတယ်လို့ထင်ပါသလား။


တစ်ခါတစ်ခါ သိန်းချီပေးပြီးထိုးနေရတဲ့ ဒီကာကွယ်ဆေးတွေက တကယ်ပဲ မကာကွယ်နိုင်ဘူးဆိုရင် ဘယ်လိုလုပ်မလဲ။ ဘယ်လိုပဲဖြစ်ဖြစ် အဖြစ်များတဲ့၊ အသက်အန္တရာယ်ရှိတဲ့ လေဖြတ် ရောဂါကို ကာကွယ်ချင်တာ လူတိုင်းရဲ့ ဆန္ဒပါ။ ဒါပေမယ့် တကယ့်ကာကွယ်နည်းက သပ်သပ်ရှိနေပါတယ်။ ဒါဘာလဲဆိုတာ ဆက်ကြည့်ရအောင်။


💠 လေဖြတ် တယ်ဆိုတာဘာလဲ


လေဖြတ် တယ်ဆိုတာ ဦးနှောက်ကို သွေးကောင်းကောင်းမရောက်လို့ ဦးနှောက်သားပုပ်သွားတာပါ။ သွေးကြောပေါက်လို့ ဖြစ်နိုင်သလို၊ သွေးခဲပိတ်လို့လည်း ဖြစ်နိုင်ပါတယ်။ အသက်အန္တရာယ်မထိခိုက်ရင်တောင်မှ အားလုံးသိတဲ့အတိုင်း လူက အကောင်းအတိုင်းပြန်ဖြစ်ဖို့ တော်တော်အချိန်ယူရမှာပါ။


💠 ဘယ်သူတွေပိုဖြစ်နိုင်လဲ


▫ အဝလွန်တဲ့သူတွေ

▫ အရက်အလွန်အကျွံသောက်တဲ့သူတွေ

▫ ဆေးလိပ်သောက်တဲ့သူတွေ

▫ မူးယစ်ဆေးသုံးတဲ့သူတွေ

▫ သွေးတိုးတဲ့သူတွေ

▫ ကိုလက်စထရောများတဲ့သူတွေ

▫ ဆီးချိုရောဂါရှိသူတွေ

▫ အိပ်ဟောက်ရှူရပ်ရောဂါရှိတဲ့သူတွေ

▫ မျိုးရိုးရှိတဲ့သူတွေမှာ ပိုဖြစ်နိုင်ပါတယ်။


💠 လေဖြတ် ကာကွယ်ဆေး ဆိုတာဘာလဲ


ခုပတ်ဝန်းကျင်မှာ ထိုးထိုးနေကြတဲ့ လေဖြတ်ကာကွယ်ဆေးဆိုတာ တကယ်တော့ အလွယ်ပြောရရင် ဦးနှောက်အားဖြည့်ဆေးလို့ပြောလို့ရပါတယ်။ တချို့က အတက်ကျဆေးတွေ၊ မှတ်ဉာဏ်မေ့တာကို ကုသတဲ့ ဆေးတွေပါ။ အများဆုံးသုံးကြတာတော့  -


- Citicoline

- Piracetam

- Cerebrolysinစတဲ့ ဆေးတွေပဲဖြစ်ပါတယ်။ ဒီဆေးတွေမှာ ဘာအာနိသင်ရှိလို့ ဒီလိုသုံးရတာလဲဆိုတာ ဆက်ကြည့်ရအောင်။


♦ Citicoline


Citicolineဆိုတာ ဦးနှောက်မှာ ပုံမှန်လည်း ရှိနေတဲ့ ဓာတ်တစ်မျိုးပါ။ စားဆေးရော၊ ထိုးဆေးရောလာပါတယ်။ သူက မှတ်ဉာဏ်ချို့တဲ့တာ၊ ပါကင်ဆန်ရောဂါ၊ အယ်ဇိုင်းမားရောဂါ၊ မျက်စိတိမ်စွဲတာတွေမှာသုံးပါတယ်။ သူ့ကို dietary supplement (ဖြည့်စွက်စာ)အနေနဲ့ သုံးပါတယ်။ အလွယ်ပြောရရင် ဦးနှောက်အားဆေးပေါ့။ အသက်ကြီးတဲ့သူတွေမှာ ဒီဓာတ်နည်းတယ်လို့ ယူဆတဲ့အတွက် ဖြည့်စွက်စာအနေနဲ့ ပေးကြတာပါ။ လေဖြတ်တဲ့နေရာမှာ မသုံးဘူးလားဆိုတော့ လေဖြတ်ပြီးလို့ မြန်မြန်သက်သာလာစေဖို့အတွက်တော့ သုံးကြပါတယ်။ ဒါပေမယ့် သူက လေဖြတ်တာကို ကုသတဲ့နေရာမှာ အဓိကဆေးမဟုတ်သလို လေဖြတ်တာကိုလည်း မကာကွယ်နိုင်ပါဘူး။


♦ Piracetam


Piracetamဆိုတာ အလွယ်ပြောရရင် အာရုံကြောဆေးပါပဲ။ ဘယ်မှာသုံးလဲဆိုတော့ ဦးနှောက်ရဲ့လုပ်ငန်းဆောင်တာတွေကောင်းဖို့၊ ဆဲလ်တွေကောင်းကောင်းအလုပ်လုပ်နိုင်ဖို့ သုံးတာပါ။နောက်ပြီး စာရေးစာဖတ်ခက်ခဲတဲ့ရောဂါ၊ အတက်ရောဂါတွေ၊ မှတ်ဉာဏ်ချို့တဲ့တဲ့ရောဂါနဲ့ အယ်လ်ဇိုင်းမားရောဂါတွေမှာလည်းသုံးပါတယ်။ ဒါကိုကြည့်မယ်ဆိုရင် လေဖြတ်ရောဂါအတွက် ဒီဆေးက ဘာမှမလုပ်ပေးနိုင်ဘူးဆိုတာတွေ့ရမှာပါ။


♦ Cerebrolysin


Cerebrolysinဆိုတာလည် အလွယ်ပြောရရင်ဦးနှောက်အားတိုးဆေးပဲဖြစ်ပြီး အမိုင်နိုအက်စစ်နဲ့ ပရိုတင်းတွေပါဝင်ပါတယ်။ သူက ဦးခေါင်းဒဏ်ရာရပြီးတဲ့ နောက်မှာ မြန်မြန်နာလန်ထူအောင်၊ မှတ်ဉာဏ်ချို့တဲ့တာသက်သာအောင် (ဒါကလည်း သေချာသက်သေမပြရသေးပါဘူး)၊ အယ်လ်ဇိုင်းမားရောဂါသက်သာအောင်ဆိုပြီး သုံးကြတာပါ။ နောက်ပြီး လေဖြတ်ပြီးတဲ့သူတွေမှာ မြန်မြန်နာလန်ထူအောင် ထောက်ပံ့တဲ့အနေနဲ့ သုံးကြတာပါ။ ကုသတဲ့နေရာမှာရော၊ ကာကွယ်တဲ့နေရာမှာရော သုံးလို့မရပါဘူး။


🔴 ဒါဆိုရင် လေဖြတ် တာကို တကယ်ကာကွယ်နိုင်တဲ့ နည်းတွေက ဘာတွေလဲ။

အောက်ကနည်းလမ်းတွေက လေဖြတ်တာကို လုံးဝကြီးမဟုတ်တောင် တော်တော်ကြီးကာကွယ်နိုင်ပါတယ်။ အဲ့တာတွေကတော့  -


 🔹သွေးတိုးထိန်းပါ။

🔹 သွေးတွင်းအဆီနည်းအောင်နေပါ။

ဆေးလိပ်ဖြတ်ပါ။

🔹 ဆီးချိုထိန်းပါ။ 

🔹  ကိုယ်အလေးချိန်ထိန်းပါ။

🔹  လတ်ဆတ်တဲ့ အသီးအရွက်တွေ၊ အသီးအနှံတွေစားပါ။

🔹  လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။

🔹  အရက်လျှော့သောက်ပါ။

🔹  အိပ်ဟောက်ရှူရပ်ရောဂါရှိရင်ကုသပါ။

🔹  မူးယစ်ဆေးမသုံးပါနဲ့။


💠 လေဖြတ်ကာကွယ်ဆေး တကယ်ရှိသလား


လေဖြတ်ကာကွယ်ဆေးဆိုတာ ခုထက်ထိတော့ မရှိသေးပါဘူး။ အပြင်မှာ စျေးကြီးပေးပြီးထိုးနေကြတဲ့ ကာကွယ်ဆေးဆိုတာ တကယ်တော့ ဦးနှောက်အားတိုးဆေးလို့ပဲ ပြောရမှာပါ။ ဦးနှောက်ဆဲလ်တွေအလုပ်ကောင်းကောင်းနိုင်အောင် ကူညီပေးတာပါ။


ဦးနှောက်ဆဲလ်တွေ ကောင်းကောင်းအလုပ်နေရုံနဲ့ လေမဖြတ်တော့တာမဟုတ်ပါဘူး။ လေဖြတ်စေတဲ့ အချက်တွေကို လျှော့ချနိုင်မှသာ ကာကွယ်နိုင်မှာပါ။ ဒါကြောင့် နည်းလမ်းအမှားတွေကို ရှောင်ကြဉ်ပြီး တကယ်ကာကွယ်နိုင်တဲ့နည်းလမ်းတွေကို လိုက်နာသင့်ပါတယ်။           ။

Comments

Popular posts from this blog

Otomycosis ( နားမှိုစွဲခြင်းရောဂါ )

 Otomycosis ( နားမှိုစွဲခြင်းရောဂါ )      🙋  အားလုံးပဲ   မင်္ဂလာပါ 🙋 VAA ရဲ့စာဖတ်ပရိတ်သတ်တွေအတွက်အခုတစ်ခါမှာတော့ ပရိတ်သတ်တွေရဲ့တောင်းဆိုချက်အရ နားမှိုစွဲခြင်းရောဂါ နဲ့ပတ်သက်ပြီး ဖော်ပြပေးမှာဖြစ်ပါတယ် ။  နားမှိုစွဲခြင်းရောဂါ နဲ့ပတ်သက်ပြီး ဖြစ်ရတဲ့အကြောင်းရင်းတွေ ၊ လက္ခဏာတွေ ၊ ဘယ်လိုဆေးဝါးတွေကို အသုံးပြုနိုင်မလဲ ၊ ဆောင်ရန် ၊ ရှောင်ရန် ၊နောက်ဆက်တွဲ ပြဿနာတွေ နှင့် ကာကွယ်နည်းများကို ပြည့်ပြည့်စုံစုံ တင်ဆက်ပေးလိုက်ပါတယ် ။ နားမှိုစွဲရောဂါ ကို ဆေးပညာအရ Otomycosis လို့ ခေါ်ပါတယ်။ မြန်မာနိုင်ငံလိုမျိုး ပူနွေးစိုစွတ်တဲ့ နိုင်ငံတွေမှာ အတွေ့ရများပါတယ်။ နွေရာသီလို ပူပြင်းတဲ့အချိန်မှာ ပိုဖြစ်တတ်ပါတယ်။ နားမှိုစွဲရောဂါက များသောအားဖြင့် နားအပြင်ပိုင်းမှာ ဖြစ်တာ များပါတယ်။ နားအလယ်ပိုင်းမှာ ဖြစ်တာလည်း ရှိပါတယ်။ တစ်ဖက်တည်း ဖြစ်တာများပါတယ်။ 🔴 နားမှိုစွဲရောဂါ ဖြစ်ရတဲ့ အကြောင်းရင်း နားမှိုစွဲရောဂါက နာမည်အတိုင်းပဲ မှိုပိုးကြောင့် ဖြစ်တာပါ ။ မှိုပိုးတွေ အများကြီးရှိတဲ့အထဲကမှ နားမှိုစွဲစေတဲ့ ပိုးတွေကတော့ Candida နဲ့ Aspergillus လို့ခေါ်တဲ့ မှို နှစ်မျိုးပဲ ဖြစ်ပါတယ် ။ အဲ...

Circulation of Blood

 Circulation Of Blood           မင်္ဂလာပါ VAA Facebook  Page  မှ ပရိတ်သတ်ကြီးများခင်ဗျာ   အခု​ဖော်ပြပေးမယ့် အကြောင်းအရာလေးကတော့ ခန္ဓာကိုယ်အတွင်းမှာလှည့်ပတ်နေတဲ့ သွေးအကြောင်းပဲဖြစ်ပါတယ် ။ သွေးထဲမှာဆိုရင် သွေးရည်ကြည်၊သွေးနီဥ ၊ သွေးဖြူဥ ၊ သွေးဥမွှားတွေပါရှိပြီး သူတို့လေးတွေကရော ဘာလုပ်ငန်းတွေလုပ်ဆောင်တာလဲ?  ဒါ့အပြင် နှလုံးရဲ့ လုပ်ငန်းဆောင်တာတွေ ၊ သွေးလွှတ်ကြော ၊ သွေးပြန်ကြောတွေကရော ဘာတွေလဲ? စသဖြင့် ဗဟုသုတ ရစေရန် ရည်ရွယ်၍ တင်ဆက်ပေးလိုက်ပါသည်။  ခန္ဓာကိုယ်တွင်း သွေးလှည့်ပတ်သွားလာခြင်း  ( Circulation of Blood )  ခန္ဓာကိုယ် သွေးလှည့်ပတ်ခြင်းစနစ်တွင်        (၁) သွေး       (၂) နှလုံး နှင့်       (၃) သွေးကြောများ စသည်တို့ ပါဝင်ပါသည် ။ (၁)   သွေးအကြောင်း          သွေးသည် သွေးကြောများ အတွင်းတွင် အရည်အဖြစ် လှည့်ပတ်လျက်ရှိသည် ။ ခန္ဓာကိုယ် အသက်ရှင်ရန်အတွက် အရေးကြီးသည် ။ သွေးသည် အသက် ဖြစ်သည် ။ မည်သည့်နေရာမှမဆို သွေးယိုထွက်ခြင်း လွန်ကဲပါက အသက်ဆုံးရှုံးန...

ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်ဖြစ်တတ်သူတိုင်း သတိထားသင့်တဲ့ အချက်များ

  နှစ်တစ်နှစ်တာရဲ့ အချိန်တစ်ခုကို ရောက်လာပြီဆိုရင် နှာချေတာ ၊ ချောင်းဆိုးတာ ၊ နှာရည်ယိုတာတွေကို ခံစားရပြီဆိုရင် သေချာတာက ရာသီအကူးအပြောင်းကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှုကို ခံစားနေရတာပါ ။ ရာသီဥတုကြောင့် ဓာတ်မတည့်မှု ခံစားရသူတွေဟာ ဆောင်းဦးကာလ နွေဦးကာလတွေကို ရောက်လာပြီဆိုရင် လေထုထဲမှာ ဝတ်မှုန်တွေ မှိုတွေ များလာတာကြောင့် ဓာတ်မတည့်မှုကို ခံစားရပါတယ် ။ ဒီလိုမျိုး ရာသီအပြောင်းအလဲမှာ ဖြစ်တတ်တဲ့ ဓာတ်မတည့်မှု ခံစားရနိုင်ခြေကို မခံစားချင်ဘူးဆိုတဲ့ သူလေးတွေ ရှိပါသလား ။  ဒါဆိုရင်တော့ ဒီဆောင်းပါးလေးထဲမှာ ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်ဖြစ်တတ်သူတိုင်း သတိထားသင့်တဲ့ အချက်တွေ ပြောပြပေးမှာမို့ အတူတူ ဖတ်ကြည့်လိုက်ရအောင်နော် ။ 🔴 ရာသီဥတုကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှု ဆိုတာ - ရာသီအကူးအပြောင်း ဖြစ်ချိန်မှာ သစ်ပင်တွေကနေ ကျတဲ့ ဝတ်မှုန်တွေ ၊ မြက်တွေကနေ ထွက်တဲ့ ဝတ်မှုန်တွေကြောင့် ဓာတ်မတည့်မှုကို ခံစားရနိုင်ပါတယ် ။ ဒါကြောင့် ပန်းတွေ ပွင့်တတ်တဲ့ နွေဦး နဲ့ ဆောင်းဦးကာလတွေမှာ ရာသီဥတုကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှုတွေကို ခံစားရနိုင်ပါတယ် ။ 🔴 ဘယ်အချက်တွေက ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်တာကို ဖြစ်စေနိုင်တာလဲ ရာသီအပြောင်းအလဲမှ...