Skip to main content

လက်ပြင်ကြောနာနေတာကို သက်သာစေသော နည်းလမ်းများ

 လက်ပြင်ကြောနာနေတာကို သက်သာစေဖို့အတွက် နည်းလမ်းကောင်းများ



လက်ပြင်ကြောနာတာက အဖြစ်များတဲ့ အရိုးအကြောနာကျင်မှု တစ်ခုပါပဲ။ ဒီလိုနာကျင်တာက နေ့စဉ်ဘဝရဲ့ လှုပ်ရှားမှုတွေကို အတော်လေး ထိခိုက်စေနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ လက်ပြင်ကြောနာတာကို သက်သာစေဖို့ အထိရောက်ဆုံး နည်းလမ်းလေးတွေကို မျှဝေပေးချင်ပါတယ်။ ကဲ …. လက်ပြင်ကြောနာနေတာကို သက်သာစေဖို့အတွက် နည်းလမ်းကောင်းများကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။


🔴 လက်ပြင်ဆိုတာ ဘယ်နေရာမှာ ရှိတာလဲ


လက်ပြင်ဆိုတာက ပခုံးအောက်ဖက်နားက တြိဂံပုံစံ အရိုးပြားပါ။ ဘယ်ဘက်မှာ တစ်ခု ညာဘက်မှာ တစ်ခု ရှိပါတယ်။ လက်တွေကို လှုပ်ရှားမှု ကောင်းကောင်း လုပ်ဆောင်နိုင်စေဖို့ ထောက်ကူပေးပါတယ်။ ဒီလို အရေးပါတဲ့ အစိတ်အပိုင်းကို ကြွက်သား အုပ်စု ၃ ခုနဲ့ ဖွဲ့စည်းထားပါတယ်။ ဘယ်အချက်တွေက လက်ပြင်ကြောနာစေတာလဲဆိုတာနဲ့ လက်ပြင်ကြောနာတာ သက်သာအောင် ဘယ်လိုနည်းလမ်းလေးတွေ လုပ်ဆောင်ပေးလို့ ရမလဲဆိုတာကို ပြောပြပေးသွားပါမယ်။


🔴 ဘယ်လိုအချက်တွေက လက်ပြင်ကြော နာတာကို ဖြစ်စေတာလဲ


ကြွက်သားမှာ ဒါမှမဟုတ် အရွတ်မှာ ထိခိုက်ဒဏ်ရာရတာက လက်ပြင်ကြော နာတာကို ဖြစ်စေတဲ့ အဓိက ကျတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုပါ။ ဒီအချက်တွေအပြင် -


♦ ကိုယ်နေဟန်ထား မမှန်တာ

♦ အလေးအပင် မတာ

♦ ကွန်ပျူတာရှေ့မှာ အချိန်ကြာမြင့်စွာ အနေအထား မမှန်ဘဲ ထိုင် အလုပ်လုပ်မိတာ

♦ လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လုပ်မိတာ

♦ ထိခိုက်တာ၊ ချော်ကျတာတွေကြောင့် ဒဏ်ဖြစ်နေတာမျိုးတွေကြောင့် လက်ပြင်ကြော နာနိုင်ပါတယ်။


🔴 လက်ပြင်ကြောနာနေတာကို သက်သာစေဖို့အတွက် နည်းလမ်းကောင်းများ


လက်ပြင်ကြောနာနေတာကို သက်သာစေဖို့အတွက် နည်းလမ်းကောင်းများ ကတော့ -


💠 ရေခဲဝတ် ကပ်ပါ


ရေခဲဝတ်ကပ်တာက အရောင်ကျစေပြီး နာကျင်မှုကို သက်သာစေပါတယ်။ ရေခဲကပ်တာကို စနာနာချင်းမှာ လုပ်ပေးတာက ထိရောက်မှုကောင်းပါတယ်။ တစ်ခါကပ်ရင် ၁၅ မိနစ် ကနေ မိနစ် ၂၀ လောက် တစ်နေ့ကို ၅ ကြိမ်လောက်အထိ ကပ်လို့ ရပါတယ်။ ရေခဲကို အသားကို တိုက်ရိုက်ကပ်တာမျိုး မလုပ်ဘဲ ရေခဲတုံးလေးတွေကို အဝတ်စ သန့်သန့်လေးထဲကို ထည့်ပြီး ကပ်ပေးပါ။


💠 ရေနွေးအိတ် ကပ်ပါ


၂ရက်ကြာတာတောင် အနာမသက်သာသေးဘူးဆိုရင် ရေနွေးဝတ်ပြောင်းကပ်ပါ။ နာကျင်နေတဲ့ လက်ပြင်နေရာကို ရေနွေးဝတ် ကပ်ပေးတာက သွေးစီးဆင်းရောက်ရှိမှု ကောင်းစေပြီး နာကျင်တဲ့နေရာတဝိုက်ကို နာကျင်မှုကို မြန်မြန်သက်သာစေဖို့ လိုအပ်တဲ့အောက်ဆီဂျင် နဲ့ အာဟာရဓာတ်တွေ ရရှိစေမှာပါ။ ရေနွေးဝတ် ကပ်ပေးလို့ ရသလို ရေနွေးနွေးလေး ချိုးပေးတာလည်း နည်းလမ်းကောင်း တစ်ရပ်ပါ။ ရေနွေးဝတ်ကပ်တဲ့အခါမှာလည်း အသားလောင်တာကို မဖြစ်စေဖို့ တစ်ခါကပ်ရင် ၁၅ မိနစ် ကနေ မိနစ် ၂၀ လောက် တစ်နေ့ကို ၅ ကြိမ်လောက်အထိ ကပ်လို့ ရပါတယ်။


💠 ဆေးသောက်ပေးပါ


အကိုက်အခဲပျောက်ဆေး သောက်ပေးတာကလည်း လက်ပြင်ကြောနာတာကို သက်သာစေမယ့် နည်းလမ်းပါ။ စတီးရွိုက်မပါတဲ့ အရောင်ကျဆေးတွေကို သောက်ပေးလို့ ရပါတယ်။ ဆေးထိရောက်မှု ကောင်းစေဖို့ ဆေးညွှန်းအတိုင်း မှန်မှန်လေး သောက်ပေးပါ။ ဒီလို သောက်ပေးတာက လက်ပြင်ကြောနာတာကို သက်သာစေဖို့ ထောက်ကူပေးနိုင်မှာပါ။


💠 လှုပ်ရှားမှုကို သတိထားပါ


လက်ပြင်ကြောနာတာက လှုပ်ရှားမှု လုပ်ရင် ပိုဆိုးသွားနိုင်ပါတယ်။ ဒါကြောင့် လက်ပြင်ကြော နာနေချိန်မှာ အားစိုက်ရတဲ့ အလုပ်တွေ၊ အလေးအပင်မရတာတွေကို တတ်နိုင်သမျှ မလုပ်ပါနဲ့။ လှုပ်ရှားမှုတွေကို တတ်နိုင်သမျှ လျှော့ထားပါ။


💠 အိပ်စက်မှုပုံစံကို ဂရုစိုက်ပါ


အိပ်စက်တဲ့အခါမှာလည်း လက်ပြင်ကြောကို ဝန်ပိစေမယ့် ပုံစံမျိုးနဲ့ မအိပ်စက်ဘဲ သက်သောင့်သက်သာဖြစ်စေမယ့် အနေအထားမျိုးနဲ့ အိပ်စက်ပေးပါ။ ဒီလို လုပ်ပေးတာကလည်း လက်ပြင်ကြောနာတာကို သက်သာစေမှာပါ။


💠 နှိပ်နယ်ပေးပါ


လက်ပြင်ကြွက်သားတွေကို ခပ်ဖွဖွလေး နှိပ်နယ်ပေးတာက တင်းအားတွေကို ပြေလျော့စေပြီး သွေးစီးဆင်းမှု ကောင်းစေတာကြောင့် အရောင်ကျစေမှာ ဖြစ်သလို နာကျင်တာကိုလည်း သက်သာစေနိုင်မှာပါ။


💠 လေ့ကျင့်ခန်း လုပ်ပါ


လက်ပြင်ကြောနာတာကို သက်သာစေဖို့ လုပ်ဆောင်ပေးလို့ ရတဲ့ နောက်ထပ် နည်းလမ်း တစ်ခုကတော့ လေ့ကျင့်ခန်း လုပ်တာပါ။ ပခုံးကို ဝိုက်ရတဲ့ လေ့ကျင့်ခန်း၊ လက်တစ်ဖက်ကို အပေါ်ကိုဆန့်ထုတ်ပြီး နားရွက်နဲ့ ကပ်လို့ ခန္ဓာကိုယ်ကို ကိုင်းပေးတာမျိုးတွေ လုပ်ပေးတာ၊ အကြောလျှော့ပေးတာတွေ လုပ်ပေးလို့ ရပါတယ်။ လေ့ကျင့်ခန်း တစ်ခုကို ၃ ကြိမ် ကနေ ၅ ကြိမ်လောက် လုပ်ပေးပါ။

Comments

Popular posts from this blog

Otomycosis ( နားမှိုစွဲခြင်းရောဂါ )

 Otomycosis ( နားမှိုစွဲခြင်းရောဂါ )      🙋  အားလုံးပဲ   မင်္ဂလာပါ 🙋 VAA ရဲ့စာဖတ်ပရိတ်သတ်တွေအတွက်အခုတစ်ခါမှာတော့ ပရိတ်သတ်တွေရဲ့တောင်းဆိုချက်အရ နားမှိုစွဲခြင်းရောဂါ နဲ့ပတ်သက်ပြီး ဖော်ပြပေးမှာဖြစ်ပါတယ် ။  နားမှိုစွဲခြင်းရောဂါ နဲ့ပတ်သက်ပြီး ဖြစ်ရတဲ့အကြောင်းရင်းတွေ ၊ လက္ခဏာတွေ ၊ ဘယ်လိုဆေးဝါးတွေကို အသုံးပြုနိုင်မလဲ ၊ ဆောင်ရန် ၊ ရှောင်ရန် ၊နောက်ဆက်တွဲ ပြဿနာတွေ နှင့် ကာကွယ်နည်းများကို ပြည့်ပြည့်စုံစုံ တင်ဆက်ပေးလိုက်ပါတယ် ။ နားမှိုစွဲရောဂါ ကို ဆေးပညာအရ Otomycosis လို့ ခေါ်ပါတယ်။ မြန်မာနိုင်ငံလိုမျိုး ပူနွေးစိုစွတ်တဲ့ နိုင်ငံတွေမှာ အတွေ့ရများပါတယ်။ နွေရာသီလို ပူပြင်းတဲ့အချိန်မှာ ပိုဖြစ်တတ်ပါတယ်။ နားမှိုစွဲရောဂါက များသောအားဖြင့် နားအပြင်ပိုင်းမှာ ဖြစ်တာ များပါတယ်။ နားအလယ်ပိုင်းမှာ ဖြစ်တာလည်း ရှိပါတယ်။ တစ်ဖက်တည်း ဖြစ်တာများပါတယ်။ 🔴 နားမှိုစွဲရောဂါ ဖြစ်ရတဲ့ အကြောင်းရင်း နားမှိုစွဲရောဂါက နာမည်အတိုင်းပဲ မှိုပိုးကြောင့် ဖြစ်တာပါ ။ မှိုပိုးတွေ အများကြီးရှိတဲ့အထဲကမှ နားမှိုစွဲစေတဲ့ ပိုးတွေကတော့ Candida နဲ့ Aspergillus လို့ခေါ်တဲ့ မှို နှစ်မျိုးပဲ ဖြစ်ပါတယ် ။ အဲ...

Circulation of Blood

 Circulation Of Blood           မင်္ဂလာပါ VAA Facebook  Page  မှ ပရိတ်သတ်ကြီးများခင်ဗျာ   အခု​ဖော်ပြပေးမယ့် အကြောင်းအရာလေးကတော့ ခန္ဓာကိုယ်အတွင်းမှာလှည့်ပတ်နေတဲ့ သွေးအကြောင်းပဲဖြစ်ပါတယ် ။ သွေးထဲမှာဆိုရင် သွေးရည်ကြည်၊သွေးနီဥ ၊ သွေးဖြူဥ ၊ သွေးဥမွှားတွေပါရှိပြီး သူတို့လေးတွေကရော ဘာလုပ်ငန်းတွေလုပ်ဆောင်တာလဲ?  ဒါ့အပြင် နှလုံးရဲ့ လုပ်ငန်းဆောင်တာတွေ ၊ သွေးလွှတ်ကြော ၊ သွေးပြန်ကြောတွေကရော ဘာတွေလဲ? စသဖြင့် ဗဟုသုတ ရစေရန် ရည်ရွယ်၍ တင်ဆက်ပေးလိုက်ပါသည်။  ခန္ဓာကိုယ်တွင်း သွေးလှည့်ပတ်သွားလာခြင်း  ( Circulation of Blood )  ခန္ဓာကိုယ် သွေးလှည့်ပတ်ခြင်းစနစ်တွင်        (၁) သွေး       (၂) နှလုံး နှင့်       (၃) သွေးကြောများ စသည်တို့ ပါဝင်ပါသည် ။ (၁)   သွေးအကြောင်း          သွေးသည် သွေးကြောများ အတွင်းတွင် အရည်အဖြစ် လှည့်ပတ်လျက်ရှိသည် ။ ခန္ဓာကိုယ် အသက်ရှင်ရန်အတွက် အရေးကြီးသည် ။ သွေးသည် အသက် ဖြစ်သည် ။ မည်သည့်နေရာမှမဆို သွေးယိုထွက်ခြင်း လွန်ကဲပါက အသက်ဆုံးရှုံးန...

ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်ဖြစ်တတ်သူတိုင်း သတိထားသင့်တဲ့ အချက်များ

  နှစ်တစ်နှစ်တာရဲ့ အချိန်တစ်ခုကို ရောက်လာပြီဆိုရင် နှာချေတာ ၊ ချောင်းဆိုးတာ ၊ နှာရည်ယိုတာတွေကို ခံစားရပြီဆိုရင် သေချာတာက ရာသီအကူးအပြောင်းကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှုကို ခံစားနေရတာပါ ။ ရာသီဥတုကြောင့် ဓာတ်မတည့်မှု ခံစားရသူတွေဟာ ဆောင်းဦးကာလ နွေဦးကာလတွေကို ရောက်လာပြီဆိုရင် လေထုထဲမှာ ဝတ်မှုန်တွေ မှိုတွေ များလာတာကြောင့် ဓာတ်မတည့်မှုကို ခံစားရပါတယ် ။ ဒီလိုမျိုး ရာသီအပြောင်းအလဲမှာ ဖြစ်တတ်တဲ့ ဓာတ်မတည့်မှု ခံစားရနိုင်ခြေကို မခံစားချင်ဘူးဆိုတဲ့ သူလေးတွေ ရှိပါသလား ။  ဒါဆိုရင်တော့ ဒီဆောင်းပါးလေးထဲမှာ ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်ဖြစ်တတ်သူတိုင်း သတိထားသင့်တဲ့ အချက်တွေ ပြောပြပေးမှာမို့ အတူတူ ဖတ်ကြည့်လိုက်ရအောင်နော် ။ 🔴 ရာသီဥတုကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှု ဆိုတာ - ရာသီအကူးအပြောင်း ဖြစ်ချိန်မှာ သစ်ပင်တွေကနေ ကျတဲ့ ဝတ်မှုန်တွေ ၊ မြက်တွေကနေ ထွက်တဲ့ ဝတ်မှုန်တွေကြောင့် ဓာတ်မတည့်မှုကို ခံစားရနိုင်ပါတယ် ။ ဒါကြောင့် ပန်းတွေ ပွင့်တတ်တဲ့ နွေဦး နဲ့ ဆောင်းဦးကာလတွေမှာ ရာသီဥတုကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှုတွေကို ခံစားရနိုင်ပါတယ် ။ 🔴 ဘယ်အချက်တွေက ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်တာကို ဖြစ်စေနိုင်တာလဲ ရာသီအပြောင်းအလဲမှ...