Skip to main content

ဓာတ်ဆားရည်တွေက ဝမ်းချုပ်စေတတ်သလား

 ဓာတ်ဆားရည်တွေက ဝမ်းချုပ်စေတတ်သလား



ဝမ်းလျှောလို့ ဓာတ်ဆားရည်သောက်လိုက်တာ ခုတော့ ဝမ်းပိတ်ရုံတင်မကဘူး။ ဝမ်းပါချုပ်သွားပြီလို့ ပြောတာ ကြားဖူးမှာပါ။ ဝမ်းချုပ်တာကို ဓာတ်ချုပ်တယ်လို့လည်း ပြောကြတော့ ဓာတ်ဆားရည်တွေ သောက်လိုက်လို့ ဝမ်းချုပ်သွားတာများလားလို့ တွေးတတ်ကြပါတယ်။ တကယ်ပဲ ဓာတ်ဆားရည်တွေက ဝမ်းချုပ်စေတတ်သလား။


🌀 ဓာတ်ဆားရည်တွေမှာ ဘာတွေပါဝင်သလဲ

ဓာတ်ဆားရည်မှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဆားဓာတ်တွေ ဖြစ်တဲ့ ဆိုဒီယမ်၊ ပိုတက်ဆီယမ်၊ ကလိုရိုက်၊ ဂလူးကို့စ်၊ ရေ စတာတွေ ပါဝင်ပြီး ဒါတွေက နဂိုကလည်း ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ ဓာတ်တွေပဲ ဖြစ်ပါတယ်။ ဒီဓာတ်တွေက ဝမ်းချုပ်တာနဲ့ မသက်ဆိုင်ပါဘူး။


🌀 ဓာတ်ဆားရည်တွေက ဝမ်းချုပ်စေတတ်သလား

ဓာတ်ဆားရည်က ဝမ်းချုပ်စေဖို့ မပြောနဲ့။ ဝမ်းပိတ်စေတဲ့ အာနိသင်တောင် မရှိပါဘူး။


ဟုတ်ပါတယ်။ ဝမ်းလျှောတဲ့အခါ ဓာတ်ဆားရည်သောက်တာက ဆုံးရှုံးသွားတဲ့ ရေနဲ့ ဓာတ်ဆားဓာတ်ကို ဖြည့်ပေးတာပဲ ဖြစ်ပါတယ်။ ဝမ်းရပ်ဖို့ ဆိုတာက ကုသမှု တစ်ခုခု ခံယူလိုက်တာ ဒါမှမဟုတ် အူထဲက ပိုးတွေ ကုန်မှ ရပ်မှာပါ။ ပိုးတွေမကုန်ခင် ဓာတ်ဆားတွေ နည်းပြီး ရေဓာတ်ဆုံးရှုံးသွားရင် အန္တရာယ်ဖြစ်မှာဆိုးလို့ ဓာတ်ဆားရည်နဲ့ ထောက်ကူပေးထားတာ ဖြစ်ပါတယ်။


ဝမ်းတောင်မရပ်မှတော့ ဓာတ်ဆားရည်က ဝမ်းလည်း မချုပ်စေပါဘူး။ ဒါကြောင့် စိတ်ချလက်ချ သောက်လို့ ရပါတယ်။


ဒါပေမယ့် ဝမ်းလျှောလို့ ဓာတ်ဆားရည်သောက်ပြီးရင် ဝမ်းချုပ်သွားတယ်။

ဒီလို ဝမ်းလျှောပြီးရင် ဝမ်းချုပ်တာက ဖြစ်တတ်ပါတယ်။ အကြောင်းရင်းတွေကတော့ -


◻ အူညောင်းသွားတာ

ဝမ်းလျှောတဲ့ ရက်တွေမှာ အူက ညှစ်ပြီး ဝမ်းသွားရပါတယ်။ ခုဝမ်းရပ်သွားတဲ့အချိန်မှာ အူက ညောင်းနေပါပြီ။ ဒါကြောင့် အရင်ကလောက် မလှုပ်ရှားနိုင်တော့ပါဘူး။ ဒီလိုနဲ့ ဝမ်းလည်း မသွားဘဲ ချူပ်ချင်သလို ဖြစ်သွားပါတယ်။


နောက်ပြီး ဝမ်းလျှောတဲ့ ရက်တွေမှာ အများစုက အစားမဝင်ကြတဲ့အတွက် ဝမ်းသွားရလောက်အောင် အစာဟောင်းတွေ လုံလုံလောက်လောက် ရှိမနေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။


◻ အူလမ်းကြောင်း ရောဂါတွေ ရှိနေတာ

အူလမ်းကြောင်း ရောင်ရမ်းတဲ့ Inflammatory Bowel Diseases (IBD)တို့၊ အူလမ်းကြောင်းလှုပ်ရှားမှု မမှန်တဲ့ရောဂါ Irritable Bowel Syndrome (IBS) တို့မှာဆိုရင် ဝမ်းသွားပုံ မမှန်ပါဘူး။ ရောဂါသဘာဝအရ ဝမ်းလျှောလိုက်၊ ဝမ်းချုပ်လိုက်၊ ဗိုက်ရစ်လိုက်နဲ့ သံသရာ လည်နေတတ်ပါတယ်။ ရောဂါကြွတဲ့အချိန်ဆို ဝမ်းလျှောတာနဲ့ ဝမ်းချုပ်တာနဲ့ တစ်လှည့်စီဖြစ်တတ်တဲ့ လူနာတွေလည်း ရှိပါတယ်။ သူတို့ဆိုရင်လည်း ဝမ်းလျှောပြီး ဝမ်းချုပ်တာကို ကြုံရမှာပါ။


🌀 ဒါဆို ဝမ်းလျှောရင် ဓာတ်ဆားရည်သောက်လို့ ရလား

ဝမ်းလျှောရင် ဓာတ်ဆားရည်လောက် ကောင်းတဲ့ အာဟာရမရှိပါ။ ရေရော၊ ဓာတ်ဆားပါ ဆုံးရှုံးတဲ့အချိန် ဖြစ်တာကြောင့် ရေပဲသောက်တာထက်စာရင် ဓာတ်ဆားရည်သောက်တာက ပိုပြီးသင့်တော်ပါတယ်။ ဓာတ်ဆားရည်မှာ ဂလူးကို့စ်လည်း ပါဝင်တာကြောင့် အစားလည်း ကောင်းကောင်းမဝင်တဲ့အချိန်မှာ သွေးတွင်းသကြားဓာတ် ထိုးကျမသွားအောင် ထိန်းပေးနိုင်ပါတယ်။ အူကနေ ရေနဲ့ ဆားဓာတ် ပြန်လည်စုပ်ယူမှုကိုလည်း ကောင်းစေပါတယ်။


🌀 ဝမ်းချုပ်မှာကြောက်လို့ဆိုတဲ့ အစွဲနဲ့ ဓာတ်ဆားရည်မသောက်ဘဲ နေလိုက်ရင် -


♦ ရေဓာတ်ခမ်းခြောက်တာ

♦ ဓာတ်ဆားမမျှတတာ

♦ တက်တာ

♦ ကျောက်ကပ်ထိခိုက်တာ

♦ သွေးလန့်ပြီး ရှော့ဖြစ်တာကြောင့် အသက်အန္တရာယ် ဖြစ်လာနိုင်ပါတယ်။


🌀 ဝမ်းလျှောပြီး ဝမ်းချုပ်တာ မဖြစ်အောင် ဘာလုပ်နိုင်သလဲ

ဝမ်းလျှောပြီး ဝမ်းချုပ်တာ မဖြစ်စေဖို့ -


🔹 နေ့စဉ် ရေလုံလုံလောက်လောက် သောက်ပါ။ ဝမ်းလျှောတာ အပြီးမပျောက်သေးရင် ဓာတ်ဆားရည် ဆက်သောက်နိုင်ပါတယ်။

🔹 နေပြန်ကောင်းပြီဆိုရင် အပေါ့စား လှုပ်ရှားမှုတွေ လုပ်ပေးပါ။

🔹 အမျှင်ဓာတ်ပါတဲ့ အစားအစာတွေ စားပါ။

🔹 အစားကို နည်းနည်းနဲ့ ခဏခဏ စားပေးပါ။

🔹 စိတ်ဖိစီးမှု လျှော့ချပါ။

🔹 ဝမ်းလျှောတာ သက်သာစမှာ အရက်၊ ဆေးလိပ်သောက်တာကို ရှောင်ပါ။


💠 ဝမ်းလျှောနေချိန်မှာ ဓာတ်ဆားရည်က ဆုံးရှုံးသွားတဲ့ ရေနဲ့ ဓာတ်ဆားကို ပြန်ဖြည့်ပေးနိုင်တာကြောင့် ဆေးလို သဘောထားပြီး မဖြစ်မနေသောက်ဖို့ လိုပါတယ်။ ဓာတ်ဆားရည်က ရေနဲ့ ဓာတ်ဆားကိုပဲ ဖြည့်ပေးပြီး ဝမ်းချုပ်စေတဲ့ အာနိသင်မရှိပါဘူး။ ဒါကြောင့် ဝမ်းလျှောချိန်မှာ ဓာတ်ဆားရည်ကို စိတ်ချလက်ချ သောက်လို့ ရပါတယ်။ ။


#vaa

#ဓာတ်ဆားရည်

Comments

Popular posts from this blog

Otomycosis ( နားမှိုစွဲခြင်းရောဂါ )

 Otomycosis ( နားမှိုစွဲခြင်းရောဂါ )      🙋  အားလုံးပဲ   မင်္ဂလာပါ 🙋 VAA ရဲ့စာဖတ်ပရိတ်သတ်တွေအတွက်အခုတစ်ခါမှာတော့ ပရိတ်သတ်တွေရဲ့တောင်းဆိုချက်အရ နားမှိုစွဲခြင်းရောဂါ နဲ့ပတ်သက်ပြီး ဖော်ပြပေးမှာဖြစ်ပါတယ် ။  နားမှိုစွဲခြင်းရောဂါ နဲ့ပတ်သက်ပြီး ဖြစ်ရတဲ့အကြောင်းရင်းတွေ ၊ လက္ခဏာတွေ ၊ ဘယ်လိုဆေးဝါးတွေကို အသုံးပြုနိုင်မလဲ ၊ ဆောင်ရန် ၊ ရှောင်ရန် ၊နောက်ဆက်တွဲ ပြဿနာတွေ နှင့် ကာကွယ်နည်းများကို ပြည့်ပြည့်စုံစုံ တင်ဆက်ပေးလိုက်ပါတယ် ။ နားမှိုစွဲရောဂါ ကို ဆေးပညာအရ Otomycosis လို့ ခေါ်ပါတယ်။ မြန်မာနိုင်ငံလိုမျိုး ပူနွေးစိုစွတ်တဲ့ နိုင်ငံတွေမှာ အတွေ့ရများပါတယ်။ နွေရာသီလို ပူပြင်းတဲ့အချိန်မှာ ပိုဖြစ်တတ်ပါတယ်။ နားမှိုစွဲရောဂါက များသောအားဖြင့် နားအပြင်ပိုင်းမှာ ဖြစ်တာ များပါတယ်။ နားအလယ်ပိုင်းမှာ ဖြစ်တာလည်း ရှိပါတယ်။ တစ်ဖက်တည်း ဖြစ်တာများပါတယ်။ 🔴 နားမှိုစွဲရောဂါ ဖြစ်ရတဲ့ အကြောင်းရင်း နားမှိုစွဲရောဂါက နာမည်အတိုင်းပဲ မှိုပိုးကြောင့် ဖြစ်တာပါ ။ မှိုပိုးတွေ အများကြီးရှိတဲ့အထဲကမှ နားမှိုစွဲစေတဲ့ ပိုးတွေကတော့ Candida နဲ့ Aspergillus လို့ခေါ်တဲ့ မှို နှစ်မျိုးပဲ ဖြစ်ပါတယ် ။ အဲ...

Circulation of Blood

 Circulation Of Blood           မင်္ဂလာပါ VAA Facebook  Page  မှ ပရိတ်သတ်ကြီးများခင်ဗျာ   အခု​ဖော်ပြပေးမယ့် အကြောင်းအရာလေးကတော့ ခန္ဓာကိုယ်အတွင်းမှာလှည့်ပတ်နေတဲ့ သွေးအကြောင်းပဲဖြစ်ပါတယ် ။ သွေးထဲမှာဆိုရင် သွေးရည်ကြည်၊သွေးနီဥ ၊ သွေးဖြူဥ ၊ သွေးဥမွှားတွေပါရှိပြီး သူတို့လေးတွေကရော ဘာလုပ်ငန်းတွေလုပ်ဆောင်တာလဲ?  ဒါ့အပြင် နှလုံးရဲ့ လုပ်ငန်းဆောင်တာတွေ ၊ သွေးလွှတ်ကြော ၊ သွေးပြန်ကြောတွေကရော ဘာတွေလဲ? စသဖြင့် ဗဟုသုတ ရစေရန် ရည်ရွယ်၍ တင်ဆက်ပေးလိုက်ပါသည်။  ခန္ဓာကိုယ်တွင်း သွေးလှည့်ပတ်သွားလာခြင်း  ( Circulation of Blood )  ခန္ဓာကိုယ် သွေးလှည့်ပတ်ခြင်းစနစ်တွင်        (၁) သွေး       (၂) နှလုံး နှင့်       (၃) သွေးကြောများ စသည်တို့ ပါဝင်ပါသည် ။ (၁)   သွေးအကြောင်း          သွေးသည် သွေးကြောများ အတွင်းတွင် အရည်အဖြစ် လှည့်ပတ်လျက်ရှိသည် ။ ခန္ဓာကိုယ် အသက်ရှင်ရန်အတွက် အရေးကြီးသည် ။ သွေးသည် အသက် ဖြစ်သည် ။ မည်သည့်နေရာမှမဆို သွေးယိုထွက်ခြင်း လွန်ကဲပါက အသက်ဆုံးရှုံးန...

ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်ဖြစ်တတ်သူတိုင်း သတိထားသင့်တဲ့ အချက်များ

  နှစ်တစ်နှစ်တာရဲ့ အချိန်တစ်ခုကို ရောက်လာပြီဆိုရင် နှာချေတာ ၊ ချောင်းဆိုးတာ ၊ နှာရည်ယိုတာတွေကို ခံစားရပြီဆိုရင် သေချာတာက ရာသီအကူးအပြောင်းကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှုကို ခံစားနေရတာပါ ။ ရာသီဥတုကြောင့် ဓာတ်မတည့်မှု ခံစားရသူတွေဟာ ဆောင်းဦးကာလ နွေဦးကာလတွေကို ရောက်လာပြီဆိုရင် လေထုထဲမှာ ဝတ်မှုန်တွေ မှိုတွေ များလာတာကြောင့် ဓာတ်မတည့်မှုကို ခံစားရပါတယ် ။ ဒီလိုမျိုး ရာသီအပြောင်းအလဲမှာ ဖြစ်တတ်တဲ့ ဓာတ်မတည့်မှု ခံစားရနိုင်ခြေကို မခံစားချင်ဘူးဆိုတဲ့ သူလေးတွေ ရှိပါသလား ။  ဒါဆိုရင်တော့ ဒီဆောင်းပါးလေးထဲမှာ ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်ဖြစ်တတ်သူတိုင်း သတိထားသင့်တဲ့ အချက်တွေ ပြောပြပေးမှာမို့ အတူတူ ဖတ်ကြည့်လိုက်ရအောင်နော် ။ 🔴 ရာသီဥတုကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှု ဆိုတာ - ရာသီအကူးအပြောင်း ဖြစ်ချိန်မှာ သစ်ပင်တွေကနေ ကျတဲ့ ဝတ်မှုန်တွေ ၊ မြက်တွေကနေ ထွက်တဲ့ ဝတ်မှုန်တွေကြောင့် ဓာတ်မတည့်မှုကို ခံစားရနိုင်ပါတယ် ။ ဒါကြောင့် ပန်းတွေ ပွင့်တတ်တဲ့ နွေဦး နဲ့ ဆောင်းဦးကာလတွေမှာ ရာသီဥတုကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှုတွေကို ခံစားရနိုင်ပါတယ် ။ 🔴 ဘယ်အချက်တွေက ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်တာကို ဖြစ်စေနိုင်တာလဲ ရာသီအပြောင်းအလဲမှ...