Skip to main content

Hepatitis B Vaccine

 အသည်းရောင် အသားဝါ  B ပိုး ကာကွယ်ဆေးအကြောင်း (Hepatitis B Vaccine💉💉)



        မင်္ဂလာပါ ဒီတစ်ခါမှာတော့  စာဖတ်ပရိတ်သတ်တွေရဲ့ တောင်းဆိုချက်အရ အသည်းရောင်အသားဝါ  B ပိုးကာကွယ်ဆေးအကြောင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ် ။ 


 ♦ဘာကြောင့် B ပိုးကာကွယ်ဆေးထိုးသင့်လဲ? 

 ♦ဘယ်သူတွေရော ကြိုပြီးထိုးထားသင့်သလဲ? 

 ♦ ကာကွယ်ဆေးကရော ဘယ်နှစ်ကြိမ်ထိုးရတာလဲ? ။........  စသဖြင့် ပြည့်ပြည့်စုံစုံ တင်ဆက်ပေးထားတာမို့ စာကို အဆုံးထိဖတ်ရှုဖို့ အကြံပြုလိုက်ရပါတယ် ။


🔴 ဘာကြောင့် ကာကွယ်ဆေးထိုးဖို့ လိုသလဲ ။


အသည်းရောင်အသားဝါ  B ပိုးဟာ ကူးစက်ခံရဖို့ အင်မတန်မှ လွယ်ကူပြီး ကူးစက်ခံထားရရင်လည်း ရောဂါလက္ခဏာ သေသေချာချာ မသိနိုင်ဘဲ ရောဂါ တော်တော်ကျွမ်းမှ သိနိုင်တဲ့အပြင် ပိုးကို အသေသတ်နိုင်တဲ့ ဆေးနည်းတွေလည်း မပေါ်သေးတာကြောင့် B ပိုးကာကွယ်ဆေးက ထိုးကိုထိုးထားဖို့ လိုအပ်တဲ့ ကာကွယ်ဆေးတစ်ခုပါ ။


🔴 ဘယ်သူတွေက ကာကွယ်ဆေး ကြိုထိုးထားသင့်လဲ ။


လူတိုင်း ထိုးထားသင့်တဲ့ ကာကွယ်ဆေး တစ်ခု ဖြစ်ပေမယ့် ခုပြောပြမယ့်သူတွေက ပိုထိုးထားသင့်ပါတယ် ။


♦ အိမ်သားထဲက တစ်ယောက်ယောက်မှာ အသည်းရောင်အသားဝါ B ပိုး ရှိတဲ့ သူတွေ


♦ အသည်းရောင် အသားဝါ B ပိုး ရှိသော ရောဂါသည်တွေများတဲ့ ဆေးရုံလိုနေရာမျိုးမှာ အလုပ်လုပ်နေရတဲ့သူတွေ


♦ အသည်းရောင်အသားဝါ B ပိုးရှိတဲ့ မိခင်ကနေ မွေးဖွားလာတဲ့ ရင်သွေးလေးတွေက ကာကွယ်ဆေး အထိုးသင့်ဆုံး သူတွေပါ ။


ခုနောက်ပိုင်း တိုးတက်လာတော့ မွေးကင်းစကလေးတွေထိုးရတဲ့ ငါးမျိုးစပ် ကာကွယ်ဆေးမှာ B ပိုး ကာကွယ်ဆေးက ပါပြီးသားပါ ။


🔴 ကာကွယ်ဆေးထိုးချင်တာနဲ့ တန်းထိုးလိုက်ရုံပဲလား ။


ကာကွယ်ဆေးမထိုးခင် ကိုယ့်မှာ အသည်းရောင်အသားဝါ  B ပိုး ရှိနေလားဆိုတာ အရင်သွေးစစ်ဖို့လိုပါတယ် ။ အသည်းရောင်အသားဝါ  B ပိုးမရှိတော့မှ ကာကွယ်ဆေးထိုးတာက ပိုသင့်တော်ပါတယ် ။


🔴 အသည်းရောင်အသားဝါ  B ပိုး ကာကွယ်ဆေးက တစ်ကြိမ်တည်း ထိုးရုံနဲ့ ရလား။


အသည်းရောင်အသားဝါ  B ပိုးကာကွယ်ဆေးက တစ်ကြိမ်တည်းထိုးရုံနဲ့ မပြီးပါဘူး ။ သုံးကြိမ်ထိုးရမယ့် ကာကွယ်ဆေးတစ်မျိုးပါ ။ အသုံးအများဆုံး အကြိမ်ကတော့ 0-1-6 ဖြစ်ပါတယ် ။ သဘောက ပထမဆုံးအကြိမ်ထိုးပြီး နောက်တစ်လအကြာ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးရမှာ ဖြစ်ပြီး ပထမအကြိမ်ပြီး ၆ လအကြာမှာ တတိယအကြိမ် ကာကွယ်ဆေးထိုးရမှာ ဖြစ်ပါတယ် ။ ကိုယ့်ထိုးရမယ့်ရက်ကို သေချာမှတ်ထားပြီး အကြိမ်ရေပြည့်အောင်ထိုးပါမှ ကာကွယ်ဆေးအောင်မှာ ဖြစ်ပါတယ် ။


🔴 ကာကွယ်ဆေး သုံးကြိမ်ထိုးပြီးရင် ဘာတွေလုပ်ရဦးမှာလဲ ။


ကာကွယ်ဆေး သုံးကြိမ်ထိုးပြီးပြီ ဆိုတာနဲ့ ဆေးအောင်မအောင် ပြန်စစ်ဖို့လိုပါတယ် ။ ကာကွယ်ဆေးအောင်ပြီဆိုတော့မှ စိတ်ချရမှာဖြစ်ပြီး ဆေးမအောင်ရင်တော့ ပြန်ထိုးဖို့လိုပါတယ် ။


🔴  တစ်ခါ ကာကွယ်ဆေး အောင်သွားပြီးရင် အသည်းရောင်အသားဝါ   B ပိုးကာကွယ်ဆေး က တစ်သက်လုံးခံလား ။


အသည်းရောင်အသားဝါ  B ပိုး ကာကွယ်ဆေးက တစ်ကြိမ်အောင်ပြီးရင် စိတ်ချရသွားပြီဆိုပေမယ့် ပိုပြီး စိတ်ချရအောင် ၅ နှစ်တစ်ကြိမ် ဒါမှမဟုတ် လိုအပ်ရင် ပဋိဇီဝပစ္စည်းကို ပြန်စစ်ပြီး ပြန်ထိုးပေးဖို့လည်း လိုအပ်ပါတယ် ။


🔴 အသည်းရောင်အသားဝါ  B ပိုးကာကွယ်ဆေး ကို ဘယ်မှာထိုးလို့ရသလဲ ။


ဆေးရုံဆေးခန်းတွေမှာ ထိုးလို့ရပါတယ် ။ အပြင်ဆေးရုံဆေးခန်းတွေမှာ ဝယ်ထိုးလို့ရသလို မွေးစကလေးတွေအတွက် ကာကွယ်ဆေးထိုးအစီအစဉ်မှာ ပါဝင်ပြီး ဖြစ်ပါတယ် ။


🔴 ကိုယ်ခန္ဓာရဲ့ ဘယ်နေရာမှာ ကာကွယ်ဆေးထိုးတတ်ကြလဲ ။


အသည်းရောင်အသားဝါ  B ပိုးကာကွယ်ဆေး အထိုးအများဆုံးနေရာကတော့ လက်မောင်းမှာ ဖြစ်ပြီး ထိုးပြီးတာနဲ့ ဆေးထိုးထားတဲ့ နေရာကို မချေဖို့ လိုအပ်ပါတယ် ။ တချို့လူတွေမှာ ကာကွယ်ဆေး ထိုးထားတဲ့နေရာ အောင့်ကျန်တာမျိုး တစ်ပတ်လောက် အထိ ခံစားရ တတ်ပါတယ် ။ မွေးကင်းစ ကလေးတွေ ဆိုရင်တော့ အသားများတဲ့ ပေါင်လိုနေရာမျိုး မှာ ကာကွယ်ဆေးထိုးပေးပါတယ် ။


ဒါတွေကတော့ အသည်းရောင်အသားဝါ   B ပိုးကာကွယ်ဆေး မထိုးခင်သိထားသင့်တဲ့ အကြောင်းအရာတွေပါ ။ အသည်းရောင်အသားဝါ B ပိုး ကာကွယ်ဆေးထိုးတဲ့ နေရာမှာ အရေးအကြီးဆုံးကတော့ ရက်ချိန်းမှန်အောင် ၊ အကြိမ်ရေပြည့်အောင် ဆေးထိုးရမှာ ဖြစ်ပြီး ဆေးအောင်မအောင် ပြန်စစ်ဖို့လည်း မမေ့သင့်ပါ ။ ဒါလေးတွေသိထားတော့ ကိုယ်ကာကွယ်ဆေးထိုးတဲ့အခါ အူတူတူ ဖြစ်မနေတော့ဘဲ ဆရာဝန်တွေနဲ့ သေချာ ဆွေးနွေးလို့ရသွားပြီပေါ့ ။


စာဖတ်ပရိတ်သတ်တွေလည်း အသည်းရောင်အသားဝါ  B ပိုး ကာကွယ်ဆေးအကြောင်းကို သိသွားပြီဆိုတော့ အကျိုးရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ် ။ 


စာဖတ်ပရိတ်သတ်များအားလုံး အသည်းရောင်အသားဝါ  B ပိုး ရောဂါဘေးမှ ကင်းဝေးကြပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ရပါတယ် ။


 VAA ( VHCA Alumni Association ) 

            

             ပြည်သူမှ ပြည်သူသို့

Comments

  1. ပြည့်ပြည့်စုံစုံ​လေးတင်ပြ​ပေးလို့​ကျေးဇူးပါVAA​ရေ

    ReplyDelete

Post a Comment

Popular posts from this blog

Otomycosis ( နားမှိုစွဲခြင်းရောဂါ )

 Otomycosis ( နားမှိုစွဲခြင်းရောဂါ )      🙋  အားလုံးပဲ   မင်္ဂလာပါ 🙋 VAA ရဲ့စာဖတ်ပရိတ်သတ်တွေအတွက်အခုတစ်ခါမှာတော့ ပရိတ်သတ်တွေရဲ့တောင်းဆိုချက်အရ နားမှိုစွဲခြင်းရောဂါ နဲ့ပတ်သက်ပြီး ဖော်ပြပေးမှာဖြစ်ပါတယ် ။  နားမှိုစွဲခြင်းရောဂါ နဲ့ပတ်သက်ပြီး ဖြစ်ရတဲ့အကြောင်းရင်းတွေ ၊ လက္ခဏာတွေ ၊ ဘယ်လိုဆေးဝါးတွေကို အသုံးပြုနိုင်မလဲ ၊ ဆောင်ရန် ၊ ရှောင်ရန် ၊နောက်ဆက်တွဲ ပြဿနာတွေ နှင့် ကာကွယ်နည်းများကို ပြည့်ပြည့်စုံစုံ တင်ဆက်ပေးလိုက်ပါတယ် ။ နားမှိုစွဲရောဂါ ကို ဆေးပညာအရ Otomycosis လို့ ခေါ်ပါတယ်။ မြန်မာနိုင်ငံလိုမျိုး ပူနွေးစိုစွတ်တဲ့ နိုင်ငံတွေမှာ အတွေ့ရများပါတယ်။ နွေရာသီလို ပူပြင်းတဲ့အချိန်မှာ ပိုဖြစ်တတ်ပါတယ်။ နားမှိုစွဲရောဂါက များသောအားဖြင့် နားအပြင်ပိုင်းမှာ ဖြစ်တာ များပါတယ်။ နားအလယ်ပိုင်းမှာ ဖြစ်တာလည်း ရှိပါတယ်။ တစ်ဖက်တည်း ဖြစ်တာများပါတယ်။ 🔴 နားမှိုစွဲရောဂါ ဖြစ်ရတဲ့ အကြောင်းရင်း နားမှိုစွဲရောဂါက နာမည်အတိုင်းပဲ မှိုပိုးကြောင့် ဖြစ်တာပါ ။ မှိုပိုးတွေ အများကြီးရှိတဲ့အထဲကမှ နားမှိုစွဲစေတဲ့ ပိုးတွေကတော့ Candida နဲ့ Aspergillus လို့ခေါ်တဲ့ မှို နှစ်မျိုးပဲ ဖြစ်ပါတယ် ။ အဲ...

Circulation of Blood

 Circulation Of Blood           မင်္ဂလာပါ VAA Facebook  Page  မှ ပရိတ်သတ်ကြီးများခင်ဗျာ   အခု​ဖော်ပြပေးမယ့် အကြောင်းအရာလေးကတော့ ခန္ဓာကိုယ်အတွင်းမှာလှည့်ပတ်နေတဲ့ သွေးအကြောင်းပဲဖြစ်ပါတယ် ။ သွေးထဲမှာဆိုရင် သွေးရည်ကြည်၊သွေးနီဥ ၊ သွေးဖြူဥ ၊ သွေးဥမွှားတွေပါရှိပြီး သူတို့လေးတွေကရော ဘာလုပ်ငန်းတွေလုပ်ဆောင်တာလဲ?  ဒါ့အပြင် နှလုံးရဲ့ လုပ်ငန်းဆောင်တာတွေ ၊ သွေးလွှတ်ကြော ၊ သွေးပြန်ကြောတွေကရော ဘာတွေလဲ? စသဖြင့် ဗဟုသုတ ရစေရန် ရည်ရွယ်၍ တင်ဆက်ပေးလိုက်ပါသည်။  ခန္ဓာကိုယ်တွင်း သွေးလှည့်ပတ်သွားလာခြင်း  ( Circulation of Blood )  ခန္ဓာကိုယ် သွေးလှည့်ပတ်ခြင်းစနစ်တွင်        (၁) သွေး       (၂) နှလုံး နှင့်       (၃) သွေးကြောများ စသည်တို့ ပါဝင်ပါသည် ။ (၁)   သွေးအကြောင်း          သွေးသည် သွေးကြောများ အတွင်းတွင် အရည်အဖြစ် လှည့်ပတ်လျက်ရှိသည် ။ ခန္ဓာကိုယ် အသက်ရှင်ရန်အတွက် အရေးကြီးသည် ။ သွေးသည် အသက် ဖြစ်သည် ။ မည်သည့်နေရာမှမဆို သွေးယိုထွက်ခြင်း လွန်ကဲပါက အသက်ဆုံးရှုံးန...

ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်ဖြစ်တတ်သူတိုင်း သတိထားသင့်တဲ့ အချက်များ

  နှစ်တစ်နှစ်တာရဲ့ အချိန်တစ်ခုကို ရောက်လာပြီဆိုရင် နှာချေတာ ၊ ချောင်းဆိုးတာ ၊ နှာရည်ယိုတာတွေကို ခံစားရပြီဆိုရင် သေချာတာက ရာသီအကူးအပြောင်းကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှုကို ခံစားနေရတာပါ ။ ရာသီဥတုကြောင့် ဓာတ်မတည့်မှု ခံစားရသူတွေဟာ ဆောင်းဦးကာလ နွေဦးကာလတွေကို ရောက်လာပြီဆိုရင် လေထုထဲမှာ ဝတ်မှုန်တွေ မှိုတွေ များလာတာကြောင့် ဓာတ်မတည့်မှုကို ခံစားရပါတယ် ။ ဒီလိုမျိုး ရာသီအပြောင်းအလဲမှာ ဖြစ်တတ်တဲ့ ဓာတ်မတည့်မှု ခံစားရနိုင်ခြေကို မခံစားချင်ဘူးဆိုတဲ့ သူလေးတွေ ရှိပါသလား ။  ဒါဆိုရင်တော့ ဒီဆောင်းပါးလေးထဲမှာ ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်ဖြစ်တတ်သူတိုင်း သတိထားသင့်တဲ့ အချက်တွေ ပြောပြပေးမှာမို့ အတူတူ ဖတ်ကြည့်လိုက်ရအောင်နော် ။ 🔴 ရာသီဥတုကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှု ဆိုတာ - ရာသီအကူးအပြောင်း ဖြစ်ချိန်မှာ သစ်ပင်တွေကနေ ကျတဲ့ ဝတ်မှုန်တွေ ၊ မြက်တွေကနေ ထွက်တဲ့ ဝတ်မှုန်တွေကြောင့် ဓာတ်မတည့်မှုကို ခံစားရနိုင်ပါတယ် ။ ဒါကြောင့် ပန်းတွေ ပွင့်တတ်တဲ့ နွေဦး နဲ့ ဆောင်းဦးကာလတွေမှာ ရာသီဥတုကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှုတွေကို ခံစားရနိုင်ပါတယ် ။ 🔴 ဘယ်အချက်တွေက ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်တာကို ဖြစ်စေနိုင်တာလဲ ရာသီအပြောင်းအလဲမှ...