Skip to main content

ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်ဖြစ်တတ်သူတိုင်း သတိထားသင့်တဲ့ အချက်များ

 


နှစ်တစ်နှစ်တာရဲ့ အချိန်တစ်ခုကို ရောက်လာပြီဆိုရင် နှာချေတာ ၊ ချောင်းဆိုးတာ ၊ နှာရည်ယိုတာတွေကို ခံစားရပြီဆိုရင် သေချာတာက ရာသီအကူးအပြောင်းကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှုကို ခံစားနေရတာပါ ။ ရာသီဥတုကြောင့် ဓာတ်မတည့်မှု ခံစားရသူတွေဟာ ဆောင်းဦးကာလ နွေဦးကာလတွေကို ရောက်လာပြီဆိုရင် လေထုထဲမှာ ဝတ်မှုန်တွေ မှိုတွေ များလာတာကြောင့် ဓာတ်မတည့်မှုကို ခံစားရပါတယ် ။


ဒီလိုမျိုး ရာသီအပြောင်းအလဲမှာ ဖြစ်တတ်တဲ့ ဓာတ်မတည့်မှု ခံစားရနိုင်ခြေကို မခံစားချင်ဘူးဆိုတဲ့ သူလေးတွေ ရှိပါသလား ။ 


ဒါဆိုရင်တော့ ဒီဆောင်းပါးလေးထဲမှာ ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်ဖြစ်တတ်သူတိုင်း သတိထားသင့်တဲ့ အချက်တွေ ပြောပြပေးမှာမို့ အတူတူ ဖတ်ကြည့်လိုက်ရအောင်နော် ။


🔴 ရာသီဥတုကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှု ဆိုတာ -


ရာသီအကူးအပြောင်း ဖြစ်ချိန်မှာ သစ်ပင်တွေကနေ ကျတဲ့ ဝတ်မှုန်တွေ ၊ မြက်တွေကနေ ထွက်တဲ့ ဝတ်မှုန်တွေကြောင့် ဓာတ်မတည့်မှုကို ခံစားရနိုင်ပါတယ် ။ ဒါကြောင့် ပန်းတွေ ပွင့်တတ်တဲ့ နွေဦး နဲ့ ဆောင်းဦးကာလတွေမှာ ရာသီဥတုကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှုတွေကို ခံစားရနိုင်ပါတယ် ။


🔴 ဘယ်အချက်တွေက ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်တာကို ဖြစ်စေနိုင်တာလဲ


ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်တာကို ဖြစ်စေနိုင်တဲ့ အရာတွေကတော့ အများကြီးပါပဲ ။


♦မှိုတွေ ပေါက်ဖွားတာ 


♦ အပင်တွေက ဝတ်မှုန်တွေ ထုတ်လွှတ်တာ 


♦ ဝတ်မှုန်ကူးတာ


♦မြက်ပင်တွေ စတာတွေက ဓာတ်မတည့်မှုကို ဖြစ်စေနိုင်ပါတယ်။


🔴 ဓာတ်မတည့်မှု ဖြစ်ရင် ဘယ်လိုတွေ ထိခိုက်နိုင်သလဲ


ဓာတ်မတည့်မှု ဖြစ်ရင် -


♦  ကောင်းကောင်း အိပ်မပျော်တာ

♦  နေ့စဉ် လုပ်ဆောင်မှုတွေကို အနှောင့်အယှက်ဖြစ်တာ

♦  စွမ်းဆောင်ရည် ကျဆင်းတာ

♦  ရေရှည်မှာ ထိပ်ကပ်နာရောဂါ စတာတွေကို ခံစားရနိုင်ပါတယ် ။ 

ဒီလက္ခဏာတွေက ၄ ရက် မှ တစ်ပတ်ကျော် ကြာတဲ့အထိ ခံစားရနိုင်ပါတယ် ။


🔴 ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်ဖြစ်တတ်သူတိုင်း သတိထားသင့်တဲ့ အချက်တွေ -


ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်ဖြစ်တတ်သူတိုင်း သတိထားသင့်တဲ့ အချက်တွေ က ဘာတွေများဖြစ်မလဲ ဆိုတာ အတူတူ ဆက်ကြည့်လိုက်ရအောင်နော် ။


♦ ဓာတ်မတည့်ဖြစ်စေတဲ့အရာတွေကို ရှောင်ပါ ။

♦  အိမ်ထဲမှာ တတ်နိုင်သမျှ ဓာတ်မတည့်မှု ဖြစ်စေတဲ့ အရာတွေ မရှိနေအောင် ဂရုစိုက်ပါ ။ 

♦ ပြင်ပက ဓာတ်မတည့်မှုကို ဖြစ်စေနိုင်တဲ့ ဝတ်မှုန်တွေ အိမ်ထဲရောက်မလာအောင် ပြတင်းပေါက်တွေကို ပိတ်ထားပါ ။ 

♦  လေထုထဲမှာ ဝတ်မှုန်တွေ အရမ်းများတဲ့ မနက်ခင်းအချိန်တွေမှာ အိမ်ထဲမှာပဲ နေပါ ။ 

♦  အပြင်က ပြန်လာတိုင်း အဝတ်အစားတွေကို ဖိနပ်တွေကို သန့်ရှင်းရေး လုပ်ပေးပါ ။

♦  အိမ်ခန်းကိုလည်း ပုံမှန် ဖုန်သုတ်တာ သန့်ရှင်းရေး လုပ်တာမျိုး လုပ်ပေးပါ ။

♦ အိပ်ရာမဝင်ခင်မှာ ရေချိုးတာမျိုး လုပ်ပေးပါ ။ 

♦  ဆံပင်တွေမှာ ရှိနေနိုင်တဲ့ ဝတ်မှုန်တွေကိုလည်း ဖယ်ရှားဖို့ မမေ့ပါနဲ့ ။


♦  အဲကွန်းကို သန့်ရှင်းရေး လုပ်ပါ ။

အဲကွန်းထဲက ဇကာတွေကို သေချာလေး ပုံမှန် သန့်ရှင်းပေးပါ။ ဒီလို သန့်ရှင်းပေးတာက ဓာတ်မတည့်မှုကို ကာကွယ်ရာ ရောက်ပါတယ်။ နောက်ပြီး လေစစ်ဇကာတွေကို အနည်းဆုံး ၃ လ တစ်ကြိမ် လဲလှယ်ပေးပါ။ ဒါကြောင့် အဲကွန်းကို ပုံမှန်လေး သန့်ရှင်းရေး လုပ်ပေးပါ။


♦  လေ့ကျင့်ခန်း လုပ်ပါ ။

လေ့ကျင့်ခန်း လုပ်ပေးတာက ရာသီအကူးအပြောင်းကြောင့် ဖြစ်တဲ့ ဓာတ်မတည့်မှုကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် ဓာတ်မတည့်မှုကို သက်သာစေဖို့ဆိုရင် တစ်နေ့ကို မိနစ် ၃၀ လောက် ပုံမှန်လေး လေ့ကျင့်ခန်း လုပ်ပေးပါ။ လေ့ကျင့်ခန်း လုပ်တာက ဓာတ်မတည့်မှုကြောင့် ရောင်ရမ်းမှုကို သက်သာစေနိုင်ပါတယ်။


♦  အပြင်ထွက်တိုင်း ပါးစပ်နဲ့နှာခေါင်းစည်း တပ်ဆင်ပါ ။

လေထုထဲမှာ ပြည့်နှက်နေတဲ့ ဝတ်မှုန်တွေကြောင့် ဓာတ်မတည့်တာမျိုး မဖြစ်စေဖို့ဆိုရင်တော့ အိမ်ပြင်ကို ထွက်တိုင်း ပါးစပ်နဲ့နှာခေါင်းစည်းကို သေချာလေး တပ်ဆင်ပေးပါ။ 

အိမ်ပြန်ရောက်ရင်တော့ Mask ကို ချွတ်ပြီး သေချာလေး စွန့်ပစ်ပါ။


🔴 ရာသီအကူးအပြောင်းမှာ ဓာတ်မတည့်ဖြစ်တာ သက်သာစေဖို့


ဓာတ်မတည့်မှုဖြစ်တာက အရမ်းပြင်းထန်လာပြီဆိုရင်တော့ ဓာတ်မတည့်မှု သက်သာစေနိုင်တဲ့ဆေးတွေကို သောက်ပေးတာကလည်း နည်းလမ်းကောင်း တစ်ခုပါ ။

Comments

Popular posts from this blog

Otomycosis ( နားမှိုစွဲခြင်းရောဂါ )

 Otomycosis ( နားမှိုစွဲခြင်းရောဂါ )      🙋  အားလုံးပဲ   မင်္ဂလာပါ 🙋 VAA ရဲ့စာဖတ်ပရိတ်သတ်တွေအတွက်အခုတစ်ခါမှာတော့ ပရိတ်သတ်တွေရဲ့တောင်းဆိုချက်အရ နားမှိုစွဲခြင်းရောဂါ နဲ့ပတ်သက်ပြီး ဖော်ပြပေးမှာဖြစ်ပါတယ် ။  နားမှိုစွဲခြင်းရောဂါ နဲ့ပတ်သက်ပြီး ဖြစ်ရတဲ့အကြောင်းရင်းတွေ ၊ လက္ခဏာတွေ ၊ ဘယ်လိုဆေးဝါးတွေကို အသုံးပြုနိုင်မလဲ ၊ ဆောင်ရန် ၊ ရှောင်ရန် ၊နောက်ဆက်တွဲ ပြဿနာတွေ နှင့် ကာကွယ်နည်းများကို ပြည့်ပြည့်စုံစုံ တင်ဆက်ပေးလိုက်ပါတယ် ။ နားမှိုစွဲရောဂါ ကို ဆေးပညာအရ Otomycosis လို့ ခေါ်ပါတယ်။ မြန်မာနိုင်ငံလိုမျိုး ပူနွေးစိုစွတ်တဲ့ နိုင်ငံတွေမှာ အတွေ့ရများပါတယ်။ နွေရာသီလို ပူပြင်းတဲ့အချိန်မှာ ပိုဖြစ်တတ်ပါတယ်။ နားမှိုစွဲရောဂါက များသောအားဖြင့် နားအပြင်ပိုင်းမှာ ဖြစ်တာ များပါတယ်။ နားအလယ်ပိုင်းမှာ ဖြစ်တာလည်း ရှိပါတယ်။ တစ်ဖက်တည်း ဖြစ်တာများပါတယ်။ 🔴 နားမှိုစွဲရောဂါ ဖြစ်ရတဲ့ အကြောင်းရင်း နားမှိုစွဲရောဂါက နာမည်အတိုင်းပဲ မှိုပိုးကြောင့် ဖြစ်တာပါ ။ မှိုပိုးတွေ အများကြီးရှိတဲ့အထဲကမှ နားမှိုစွဲစေတဲ့ ပိုးတွေကတော့ Candida နဲ့ Aspergillus လို့ခေါ်တဲ့ မှို နှစ်မျိုးပဲ ဖြစ်ပါတယ် ။ အဲ...

Circulation of Blood

 Circulation Of Blood           မင်္ဂလာပါ VAA Facebook  Page  မှ ပရိတ်သတ်ကြီးများခင်ဗျာ   အခု​ဖော်ပြပေးမယ့် အကြောင်းအရာလေးကတော့ ခန္ဓာကိုယ်အတွင်းမှာလှည့်ပတ်နေတဲ့ သွေးအကြောင်းပဲဖြစ်ပါတယ် ။ သွေးထဲမှာဆိုရင် သွေးရည်ကြည်၊သွေးနီဥ ၊ သွေးဖြူဥ ၊ သွေးဥမွှားတွေပါရှိပြီး သူတို့လေးတွေကရော ဘာလုပ်ငန်းတွေလုပ်ဆောင်တာလဲ?  ဒါ့အပြင် နှလုံးရဲ့ လုပ်ငန်းဆောင်တာတွေ ၊ သွေးလွှတ်ကြော ၊ သွေးပြန်ကြောတွေကရော ဘာတွေလဲ? စသဖြင့် ဗဟုသုတ ရစေရန် ရည်ရွယ်၍ တင်ဆက်ပေးလိုက်ပါသည်။  ခန္ဓာကိုယ်တွင်း သွေးလှည့်ပတ်သွားလာခြင်း  ( Circulation of Blood )  ခန္ဓာကိုယ် သွေးလှည့်ပတ်ခြင်းစနစ်တွင်        (၁) သွေး       (၂) နှလုံး နှင့်       (၃) သွေးကြောများ စသည်တို့ ပါဝင်ပါသည် ။ (၁)   သွေးအကြောင်း          သွေးသည် သွေးကြောများ အတွင်းတွင် အရည်အဖြစ် လှည့်ပတ်လျက်ရှိသည် ။ ခန္ဓာကိုယ် အသက်ရှင်ရန်အတွက် အရေးကြီးသည် ။ သွေးသည် အသက် ဖြစ်သည် ။ မည်သည့်နေရာမှမဆို သွေးယိုထွက်ခြင်း လွန်ကဲပါက အသက်ဆုံးရှုံးန...