Skip to main content

နားတွေ အရမ်းယားနေတာ ဘာကြောင့်များလဲ!

 💠💠💠 နားတွေ အရမ်းယားနေတာ ဘာကြောင့်များလဲ! 💠💠💠



နားယားတာက အတော်လေး ကသိကအောက် ဖြစ်စရာ ကောင်းတဲ့ ကိစ္စပါ ။ ဒါပေမယ့် တော်တော်များများက နားယားတာကို ပုံစံအမျိုးမျိုး အကြောင်းရင်းခံ အဖုံဖုံ နဲ့ ကြုံဖူးကြမှာပါ ။ အခုတစ်ခေါက်တော့ နားတွေ အရမ်းယားနေတာ ဘာကြောင့်များလဲ ဆိုတာ နဲ့ ဘယ်လို သက်သာအောင် လုပ်ရမလဲ ဆိုတာကို ပြောပြပေးသွားပါမယ် ။


🔴 နားတွေ အရမ်းယားနေတာ ဘာကြောင့်များလဲ!


နားတွေ အရမ်းယားနေတာ ဘာကြောင့်များလဲ ဆိုတော့ အခုလို အကြောင်းအရင်းတွေကြောင့်ပါ ။


နားပိုးဝင်တာ


နားယားတယ်ဆိုတာက တစ်ခါတလေမှာ နားအတွင်းပိုင်းထဲကို ပိုးဝင် ကူးစက်တာကို ဖော်ပြနေတဲ့ လက္ခဏာ တစ်ခုပါ ။ ဒီလိုမျိုး ပိုးဝင်တာကြောင့် နားယားတာက အစပိုင်းမှာ သိပ်မပြင်းထန်ပေမယ့် နောက်ပိုင်းမှာ ပိုဆိုးလာနိုင်ပါတယ် ။ နားထဲကို ပိုးဝင်တာက နားယားတာနဲ့အတူ အဖျားဝင်တာမျိုးတွေလည်း ဖြစ်နိုင်ပါတယ် ။ နာတာရှည် နားပိုးဝင်တာက  ခဏခဏ ပြန်ဖြစ်တတ်ပြီး သေချာလေး ကုသဖို့ လိုပါမယ် ။


နားအတွင်း ခြောက်သွေ့တာ


နားက ပုံမှန်အားဖြင့် အဆီနဲ့ နားဖာချေးတွေကို ထုတ်လုပ်ပါတယ် ။ တကယ်လို့ နားဖာချေးတွေကို အလွန်အကျွံ သန့်စင်လိုက်မိမယ်ဆိုရင်တော့ နားက ပြောင်ရှင်းပြီး ခြောက်သွေ့မှုက နားယားတာ နဲ့ နားထဲမှာ ခိုးလိုးခုလု ဖြစ်တာမျိုး ဖြစ်စေနိုင်ပါတယ် ။


အစားအစာ ဓာတ်မတည့်တာ


အချို့သော အစားအစာတွေက ဓာတ်မတည့်မှုကို ဖြစ်စေပြီး နားယားတာကို ဖြစ်စေနိုင်ပါတယ် ။ ဘယ်လို အစားအစာတွေလဲဆိုတော့ အခွံမာသီးတွေ ၊ နို့ ၊ ငါး နဲ့ ပင်လယ်စာ ၊ ဂျုံ ၊ ပဲပိစပ် စတာတွေပါ ။ ဒီလို အစာဓာတ်မတည့်မှုက မျက်နှာနဲ့ နားအတွင်းတွေအပြင် ခန္ဓာကိုယ် အနှံ့ကို ယားယံစေနိုင်ပါတယ် ။ အင်ပြင် ထွက်တာမျိုးတွေလည်း ရှိနိုင်ပါတယ် ။


ဒီလို ဓာတ်မတည့်မှုနဲ့ အတူ အသက်ရှူရပါ ခက်လာမယ်ဆိုရင်တော့ ဆရာဝန် နဲ့ ချက်ချင်း ပြသကြည့်ဖို့ လိုပါမယ် ။


နားဖာချေး ပိတ်ဆို့နေတာ


နားထဲမှာ နားဖာချေး ပိတ်နေတာကလည်း အသံသေချာ  မကြားရတာကို ဖြစ်စေနိုင်သလို နားအတွင်းပိုင်း ပိုးဝင်တာကိုလည်း ဖြစ်စေနိုင်ပါတယ် ။ နားဖာချေးဆိုတာက နားထဲက ဆဲလ်သေတွေ ၊ အညစ်အကြေးတွေကို နားပြင်ပကို ထွက်ရှိလာအောင် လုပ်ဆောင်ပေးတဲ့အရာပါ ။ နာဖားချေးတွေက ပုံမှန်ဆိုရင် သူ့အလိုလို ထွက်လာပြီး ရေချိုးလိုက်ရင် ထွက်လာတာကြောင့် သီးသန့်ကြီးနားက‌လော်စရာ မလိုပါဘူး ။ နားဖာချေးတွေ သန့်သွားအောင် ကလော်လိုက်မှ အတွင်းထဲကို ပိုဝင်သွားပြီး နားဖာချေးပိတ်ဆို့တာ ဖြစ်တတ်ပါတယ် ။ နားဖာချေးတွေက အချိန်ကြာလာချိန်မှာ ခြောက်သွေ့သွားပြီး နားယားတာကို ခံစားရနိုင်ပါတယ် ။


နားကြား ကိရိယာ


နားကြားကိရိယာ တပ်ဆင်ထားရတာကလည်း နားယားတာကို ဖြစ်စေနိုင်ပါတယ် ။ အကြောင်းကတော့ နားကြား ကိရိယာမှာ ပလပ်စတစ် အပေါ်စွပ်လေး ပါနေတာကြောင့်ပါ ။ ဓာတ်မတည့် ဖြစ်လွယ်တဲ့ သူတွေမှာဆိုရင် အသေးစား ဓာတ်မတည့်မှုလေးတွေ ဖြစ်ပြီး နားယားတာကို ခံစားရနိုင်ပါတယ် ။ တစ်ခါတလေမှာ နားကြားကိရိယာ နဲ့ နား နဲ့ ကြားမှာ ရေဝင်နေတာကြောင့်လည်း နားယားတတ်ပါတယ် ။


နားထဲ ရေဝင်တာ


နားထဲ ရေဝင်တာက နားပိုးဝင် ကူးစက်တာကို ဖြစ်စေနိုင်သလို နားယားတာကိုလည်း ဖြစ်စေနိုင်ပါတယ် ။ ရေဝင်နေတဲ့အတွက် နားထဲမှာ ဘက်တီးရီးယားတွေ ပေါက်ဖွားပြီး ပိုးဝင်လွယ်စေတာကြောင့်ပါ ။


အရေပြား ပြဿနာ


ဆိုရီရေးစစ်၊ အရေပြား ရောင်ရမ်းနာ၊ နှင်းခူ စတာလိုမျိုး အရေပြား ပြဿနာကို ခံစားနေရမယ်ဆိုရင်လည်း နားအရေပြားကိုပါ ထိခိုက်စေပြီး နားယားတာကို ခံစားရနိုင်ပါတယ် ။


🔴 နားယားတာကို ဘယ်လို သက်သာအောင် လုပ်မလဲ!


နားယားတာကို ပုံမှန်အားဖြင့် အိမ်တွင်းကုထုံးတွေနဲ့ သက်သာအောင် လုပ်ဆောင်လို့ ရပါတယ် ။


နားယားတာက အသားခြောက်တာကြောင့် ဖြစ်မယ်ဆိုရင် --- နားထဲကို အုန်းဆီ ၊ သံလွင်ဆီ ၊ baby oil စတာလေးတွေကို ၂ စက် ၃ စက်လောက် ထည့်ပေးလို့ ရပါတယ် ။


နားဖာချေးတွေကြောင့် ဖြစ်မယ်ဆိုရင် --- OTC နား အစက်ချ ဆေးတစ်မျိုးမျိုးနဲ့ အစက်ချပြီး သန့်စင်လို့ ရပါတယ် ။


နားကြားကိရိယာကြောင့် ဖြစ်မယ်ဆိုရင် --- နားကြားကိရိယာကို သေချာ သန့်စင်ပြီးမှ တပ်ဆင်တာမျိုး လုပ်ဆောင်ပေးပါ ။ 


ဓာတ်မတည့်တာမျိုးကြောင့် ဖြစ်မယ်ဆိုရင် --- ဆရာဝန်နဲ့ တိုင်ပင်ပါ ။


တကယ်လို့ ဒီနည်းလမ်းတွေနဲ့ လုပ်ဆောင်ပေမယ့် နားယားတာက မသက်သာဘူး ။ ပိုဆိုးလာမယ် ။ အကြာားအာရုံကို ထိခိုက်တာမျိုးအထိ ဖြစ်လာမယ်ဆိုရင်တော့ ဆရာဝန်နဲ့ သေချာလေး ပြသလို့ လိုအပ်တဲ့ စစ်ဆေးမှုကို ခံယူဖို့ တိုက်တွန်းပါရစေ ။

Comments

Popular posts from this blog

Otomycosis ( နားမှိုစွဲခြင်းရောဂါ )

 Otomycosis ( နားမှိုစွဲခြင်းရောဂါ )      🙋  အားလုံးပဲ   မင်္ဂလာပါ 🙋 VAA ရဲ့စာဖတ်ပရိတ်သတ်တွေအတွက်အခုတစ်ခါမှာတော့ ပရိတ်သတ်တွေရဲ့တောင်းဆိုချက်အရ နားမှိုစွဲခြင်းရောဂါ နဲ့ပတ်သက်ပြီး ဖော်ပြပေးမှာဖြစ်ပါတယ် ။  နားမှိုစွဲခြင်းရောဂါ နဲ့ပတ်သက်ပြီး ဖြစ်ရတဲ့အကြောင်းရင်းတွေ ၊ လက္ခဏာတွေ ၊ ဘယ်လိုဆေးဝါးတွေကို အသုံးပြုနိုင်မလဲ ၊ ဆောင်ရန် ၊ ရှောင်ရန် ၊နောက်ဆက်တွဲ ပြဿနာတွေ နှင့် ကာကွယ်နည်းများကို ပြည့်ပြည့်စုံစုံ တင်ဆက်ပေးလိုက်ပါတယ် ။ နားမှိုစွဲရောဂါ ကို ဆေးပညာအရ Otomycosis လို့ ခေါ်ပါတယ်။ မြန်မာနိုင်ငံလိုမျိုး ပူနွေးစိုစွတ်တဲ့ နိုင်ငံတွေမှာ အတွေ့ရများပါတယ်။ နွေရာသီလို ပူပြင်းတဲ့အချိန်မှာ ပိုဖြစ်တတ်ပါတယ်။ နားမှိုစွဲရောဂါက များသောအားဖြင့် နားအပြင်ပိုင်းမှာ ဖြစ်တာ များပါတယ်။ နားအလယ်ပိုင်းမှာ ဖြစ်တာလည်း ရှိပါတယ်။ တစ်ဖက်တည်း ဖြစ်တာများပါတယ်။ 🔴 နားမှိုစွဲရောဂါ ဖြစ်ရတဲ့ အကြောင်းရင်း နားမှိုစွဲရောဂါက နာမည်အတိုင်းပဲ မှိုပိုးကြောင့် ဖြစ်တာပါ ။ မှိုပိုးတွေ အများကြီးရှိတဲ့အထဲကမှ နားမှိုစွဲစေတဲ့ ပိုးတွေကတော့ Candida နဲ့ Aspergillus လို့ခေါ်တဲ့ မှို နှစ်မျိုးပဲ ဖြစ်ပါတယ် ။ အဲ...

Circulation of Blood

 Circulation Of Blood           မင်္ဂလာပါ VAA Facebook  Page  မှ ပရိတ်သတ်ကြီးများခင်ဗျာ   အခု​ဖော်ပြပေးမယ့် အကြောင်းအရာလေးကတော့ ခန္ဓာကိုယ်အတွင်းမှာလှည့်ပတ်နေတဲ့ သွေးအကြောင်းပဲဖြစ်ပါတယ် ။ သွေးထဲမှာဆိုရင် သွေးရည်ကြည်၊သွေးနီဥ ၊ သွေးဖြူဥ ၊ သွေးဥမွှားတွေပါရှိပြီး သူတို့လေးတွေကရော ဘာလုပ်ငန်းတွေလုပ်ဆောင်တာလဲ?  ဒါ့အပြင် နှလုံးရဲ့ လုပ်ငန်းဆောင်တာတွေ ၊ သွေးလွှတ်ကြော ၊ သွေးပြန်ကြောတွေကရော ဘာတွေလဲ? စသဖြင့် ဗဟုသုတ ရစေရန် ရည်ရွယ်၍ တင်ဆက်ပေးလိုက်ပါသည်။  ခန္ဓာကိုယ်တွင်း သွေးလှည့်ပတ်သွားလာခြင်း  ( Circulation of Blood )  ခန္ဓာကိုယ် သွေးလှည့်ပတ်ခြင်းစနစ်တွင်        (၁) သွေး       (၂) နှလုံး နှင့်       (၃) သွေးကြောများ စသည်တို့ ပါဝင်ပါသည် ။ (၁)   သွေးအကြောင်း          သွေးသည် သွေးကြောများ အတွင်းတွင် အရည်အဖြစ် လှည့်ပတ်လျက်ရှိသည် ။ ခန္ဓာကိုယ် အသက်ရှင်ရန်အတွက် အရေးကြီးသည် ။ သွေးသည် အသက် ဖြစ်သည် ။ မည်သည့်နေရာမှမဆို သွေးယိုထွက်ခြင်း လွန်ကဲပါက အသက်ဆုံးရှုံးန...

ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်ဖြစ်တတ်သူတိုင်း သတိထားသင့်တဲ့ အချက်များ

  နှစ်တစ်နှစ်တာရဲ့ အချိန်တစ်ခုကို ရောက်လာပြီဆိုရင် နှာချေတာ ၊ ချောင်းဆိုးတာ ၊ နှာရည်ယိုတာတွေကို ခံစားရပြီဆိုရင် သေချာတာက ရာသီအကူးအပြောင်းကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှုကို ခံစားနေရတာပါ ။ ရာသီဥတုကြောင့် ဓာတ်မတည့်မှု ခံစားရသူတွေဟာ ဆောင်းဦးကာလ နွေဦးကာလတွေကို ရောက်လာပြီဆိုရင် လေထုထဲမှာ ဝတ်မှုန်တွေ မှိုတွေ များလာတာကြောင့် ဓာတ်မတည့်မှုကို ခံစားရပါတယ် ။ ဒီလိုမျိုး ရာသီအပြောင်းအလဲမှာ ဖြစ်တတ်တဲ့ ဓာတ်မတည့်မှု ခံစားရနိုင်ခြေကို မခံစားချင်ဘူးဆိုတဲ့ သူလေးတွေ ရှိပါသလား ။  ဒါဆိုရင်တော့ ဒီဆောင်းပါးလေးထဲမှာ ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်ဖြစ်တတ်သူတိုင်း သတိထားသင့်တဲ့ အချက်တွေ ပြောပြပေးမှာမို့ အတူတူ ဖတ်ကြည့်လိုက်ရအောင်နော် ။ 🔴 ရာသီဥတုကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှု ဆိုတာ - ရာသီအကူးအပြောင်း ဖြစ်ချိန်မှာ သစ်ပင်တွေကနေ ကျတဲ့ ဝတ်မှုန်တွေ ၊ မြက်တွေကနေ ထွက်တဲ့ ဝတ်မှုန်တွေကြောင့် ဓာတ်မတည့်မှုကို ခံစားရနိုင်ပါတယ် ။ ဒါကြောင့် ပန်းတွေ ပွင့်တတ်တဲ့ နွေဦး နဲ့ ဆောင်းဦးကာလတွေမှာ ရာသီဥတုကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှုတွေကို ခံစားရနိုင်ပါတယ် ။ 🔴 ဘယ်အချက်တွေက ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်တာကို ဖြစ်စေနိုင်တာလဲ ရာသီအပြောင်းအလဲမှ...