Skip to main content

မိုဟာမက်အလီ( Pasha of Egypt)

 မိုဟာမက်အလီ( Pasha of Egypt)



 မိုဟာမက်အလီလို့ ဆိုလိုက်တာနဲ့ လက်ဝှေ့ကျော် မိုဟာမက်ကိုပဲ ပြေးမြင်မိကြမယ်ထင်ပါသည် ။​​ သို့သော် အီဂျစ်ပြည်ကို ပြုပြင်​ပြောင်းလဲရေးတွေ လုပ်ခဲ့တဲ့သူ ၊ နိုင်ငံရေး နဲ့ စစ်ရေးကို ကျွမ်းကျင်တဲ့သူ ၊ အီဂျစ်နိုင်ငံရဲ့ အုပ်စိုးသူ Mohammad Ali ကိုတော့ မသိကြ လောက်ဘူးထင်ပါသည် ။ သူ၏​​အကြောင်းမပြောခင် ထိုခေတ်အခါက အီဂျစ်နိုင်ငံရဲ့ နိုင်ငံရေး အ​ခြေအနေကို နည်းနည်းလေး နားလည်ဖို့တော့ လိုပါလိမ့်မည် ။


   ၁၇၉၈ခု နှစ်မှာ ပြင်သစ်ဘုရင် နပိုလီယန်က အီဂျစ်ပြည်ကို စတင်ကျူးကျော်ပါသည် ။ ထိုစဥ်က အီဂျစ်ဟာ အော်တိုမန်တူရကီအင်ပါယာရဲ့ လက်အောက်ခံ ဖြစ်သည် ။ ပြင်သစ်တို့ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ အီဂျစ်နိုင်ငံဟာ အာရှတိုက် နဲ့ ဥရောပတိုက်ကို အထူးသဖြင့် အင်္ဂလန် နဲ့ ကုန်သွယ်ရေးလမ်းကြောင်း​ရဲ့ အဓိက အချက်အချာနေရာမှာ ရှိ​နေသည့်အတွက် သိမ်းပိုက်ရန်ဖြစ်သည် ။ သတိထားရမည့်အချက်မှာ ထိုစဥ်က စူးအက်တူးမြောင်းမရှိသေးပေ ။


 ဒါကြောင့် ပြင်သစ်တို့က ကုန်သွယ်ရေးလမ်းကိုလည်းရဖို့ အော်တိုမန်တူရကီကိုလည်း အင်အားချည့်နဲ့ စေဖို့ ရည်ရွယ်ပြီး အီဂျစ်ကို သိမ်းဖို့စတင်ကြိုးစားခဲ့သည် ။​အော်တိုမန်တို့က ပြင်သစ်တပ်ကို တိုက်ဖို့ လွှတ်လိုက်တဲ့အထဲမှာ မိုဟာမက်အလီလည်း ပါဝင်နေခဲ့သည် ။ သူဟာအဲ့အချိန်တုန်းကတော့ စစ်ဗိုလ်လေးသာသာပဲရှိပါသေးတယ် ။


နောက်တော့ ပြင်သစ်တွေက အီဂျစ်ကို မသိမ်းနိုင်ပဲ တပ်ဆုတ်သွားရတဲ့အချိန်မှာ အင်္ဂလိပ်တွေရဲ့ စွတ်ဖက်မှုကိုလည်း ခံခဲ့ရသည် ။ အင်္ဂလိပ်တွေကတော့ သူတို့ကိုသစ္စာခံမယ့် ၊ သူတို့ဘက်ကို ပါမယ့် သူကို အီဂျစ်ရဲ့ အုပ်စိုးသူအဖြစ်လက်ခံဖို့ တူရကီတို့ကို တောင်းဆိုခဲ့ပါသည် ။( မှတ်ချက် အီဂျစ်သည် အော်တိုမန် တူရကီအင်ပါယာရဲ့ တစ်စိတ်တစ်ပိုင်းမျှသာရှိသေးသည် ။ ) သို့သော် တူရကီတို့က လက်မခံပေ ။ အင်္ဂလိပ်တို့ကလည်း ပြင်သစ်နှင့် သ​​ဘောတူညီထားသည့် စစ်ပြေငြိမ်းရေး စာချုပ်အရ အီဂျစ်ကို သိမ်းပိုက်လို့မရ​ပေ ။ သို့သော် တူရကီကို တော်လှန်သော အီဂျစ်လူမျိူးစုများကို လက်နက်ခဲယမ်းများပေးခဲ့သည် ။ ထိုအခါ အီဂျစ်တို့က တော်လှန်သောအခါ တူရကီတို့က အင်အားနည်းနေပြီဖြစ်သောကြောင့် ၎င်းတို့ကို မနှိမ်နင်းနိုင်တော့ပေ ။ အီဂျစ်တို့ကို နှိမ်နင်းရန် လူသူအင်အား စုဆောင်းပေးဖို့ မိုဟာမက်အလီအား တာဝန်​ပေးခဲ့သည် ။ ထိုအခါ မိုဟာမက်အလီက မိမိ ထူးချွန်သော အရည်အချင်းများနှင့် သာမန်စစ်ဗိုလ်ငယ်လေးလုပ်ရန် မသင့်တော်ဟုဆိုဟာ အီဂျစ်တို့နှင့် ပူးပေါင်း၍ တူရကီတို့အား ဆန့်ကျင်လေသည် ။ နိုင်လည်း နိုင်ခဲ့သည် ။ ထိုအခါ အင်္ဂလိပ်လိုလားသော အုပ်စုများက အာဏာရလာကြသည် ။ အစပိုင်းတော့ ယဥ်သလိုကို ရှိပေငြားသော်လည်း နောက်ပိုင်းတွင် ပြည်သူလူထုအား အခွန်ကောက်ခံမှုများသဖြင့် တော်လှန်အုံကြွမှုများဖြစ်ပေါ်ခဲ့သည် ။ ထို တော်လှန်မှုများတွင် မိုဟာမက်က ခေါင်းဆောင်၍ အင်္ဂလိပ်လိုလားသူများကို ဖြုတ်ချကာ ၎င်းတို့အုပ်စုက အာဏာကို ရယူလေသည် ။ ထို အုံကြွမှုကို ပြင်သစ်က ထောက်ခံပေးသည် ။ ထိုနောက် မိုဟာမက်အလီသည် အီဂျစ်၏ အုပ်စိုးသူတစ်ယောက်ဖြစ်လာခဲ့လေသည် ။ 


    ၎င်းက အီဂျစ်နိုင်ငံ၏စစ်တပ်ကို ပြန်လည်ဖွဲ့စည်းသည် ။ အရေအတွက်ကို ဂရုမစိုက်ဘဲ စစ်တပ်၏ အရည်အချင်းကိုသာ ဦးစားပေး၍ ဖွဲ့စည်းခဲ့ခြင်းဖြစ်သည် ။ မိုဟာမက်သည် သစ္စာဖောက်ခံရမည်ကို အလွန်ကြောက်လန့်သူဟု ကျွန်ုပ်သေချာပြောနိုင်ပေသည် ။ ပထမဆုံံး စစ်တပ်ဖွဲ့စည်းရာတွင် ကြေးစားစစ်သားများကိုသာခေါ်ယူခဲ့သည် ။ အီဂျစ် လူငယ်များကို တော့ မျိုးချစ်စိတ်ဓာတ်များကို အနည်ထိုင်အောင်လေ့ကျင့်ပြီးမှသာစစ်သားများဖြစ်စေသည် ။ ပြင်သစ်နိုင်ငံထုတ် အမြောက်ကြီးများ ၊ သင်္ဘောများကို ဝယ်ယူသည် ။ ထို့နောက် ကိုယ်တိုင်လက်နက်ထုတ်စက်ရုံများ ၊ သင်္ဘောကျင်းများကို တည်ဆောက်ခဲ့သည် ။ ပညာ​​ရေးစနစ်ကို ဖန်တီးရာမှာလည်း အင်မတန်မှ စနစ်ကျသည် ။ မူလတန်းအဆင့်တွင် ​အခြေခံ တူရကီဘာသာကို ရေးတတ် ဖတ်တတ်​အောင် သင်ကြားစေသည် ။ အထက်တန်းအဆင့်တွင် သင်္ချာ ၊သမိုင်း ၊ နိုင်ငံရေး နှင့် စစ်ရေးတို့ကို သင်ကြားပေသည် ။ အထက်တန်းအောင်သောအခါ မိမိ​ကြိုက်နှစ်သက်ရာ လက်မှုပညာကို လေးနှစ် သင်ကြားစေသည် ။ သို့မဟုတ် ဆေးကျေင်းနှင့် စစ်ကျောင်းများကို ရွေးချယ်ခွင့်ရှိသည် ။


မိုဟာမက်အလီသည် မင်းကောင်းမင်းမြတ်လောဟု မေးလျှင် ဖြေရခက်သည် ။ စစ်သားဘဝမှ လာသူဖြစ်သောကြောင့် စစ်သား စစ်သည်တို့၏ ဘဝတွေကို စာနာနားလည်နိုင်သည် ဆိုသော်လည်း လက်တွေ့ ပြည်သူတို့၏ဘဝကို ထဲထဲဝင်ဝင်လေ့လာရန် ပျက်ကွက်ခဲ့သည် ။ ၎င်း၏လက်ထက်တွင် စားနပ်ရိက္ခာ မလုံလောက်မှု စိုက်ပျိူး​မြေ မလုံလောက်မှုများရှိခဲ့သည် ။ လယ်သမားများအချို့သည်လည်း လယ်မစိုက်နိုင်ဘဲ မြို့ပြများကို ဝင်ရောက်လာကြ​သောကြောင့် လူဦး​ရေများထူထပ်ကာ အလုပ်လက်မဲ့များ များပြားခဲ့သည် ။ သို့သော် လက်နက်များက ဆက်လက်ထုတ်လုပ်နေဆဲ ၊ အ​​မြောက်များကို ဆက်လက်ထုတ်လုပ်ဆဲ ဖြစ်သည် ။ နိုင်ငံတကာ ဆက်ဆံရေးတွင် အင်္ဂလိပ်က လွဲရင် ဥရောပနိုင်ငံများနှင့် ဆက်ဆံရေးပြေပြစ်ခဲ့သည် ။ အထူးသဖြင့် ပြင်သစ် နှင့် ဆက်ဆံရေးကောင်းသည် ။ ပြင်သစ်ပြည်သို့ အင်ဂျင်နီယာများ ပညာတော်သင် စေလွှတ်နိုင်ခဲ့သည် ။ ထိုကဲ့သို့ အင်အားခိုင်မာလာသော မိုမက်အလီကို


အော်တိုမန်တူရကီကမူ အီဂျစ်နိုင်ငံ၏ အုပ်စိုးသူအဖြစ် တရားဝင်ကြေညာပေးခဲ့သည် ။


သို့သော်အီဂျစ်မှာ အော်တိုမန်အင်ပါယာထဲတွင် ရှိနေဆဲဖြစ်ပေသည် ။


မိုဟာမက်အလီ၏ တိုင်းရေးပြည်ရာ အုပ်စိုးမှုသည် လက်တွေ့ကျသည် ။ ကားမာခ်စကားနှင့် ပြောရလျှင် အီဂျစ်ပြည်ကို စက်မှုနိုင်ငံအဖြစ် တွန်းတင်နိုင်ခဲ့သည် ။ သို့သော် ၁၉ရာစုအစ ဆိုသည်မှာ ဒီမိုကရေစီအတွေးအခေါ်များ ရှင်သန်နေသည့် အချိန်မဟုတ် ၊ အင်ပါယာအတွေးအခေါ်များ ပြည့်နှက်နေသည့်အချိန်ဖြစ်ရာ ပြည်သူလူထုဘဝမှာတော့ ဒုံရင်းက ဒုံရင်းပင် တိုးတက်လာမှု ရှိလာမည်မှာ မဟုတ်ပေ ။ 


 မိုဟာမက်အလီသည် ၁၈၂၀မှ ၁၈၄၀ အတွင်းဖြစ်ပွားခဲ့သော ဝါဟာဘီ ပုန်ကုန်မှုများကိုလည်း တူရကီ ဘုရင် ၏ အမိန့်ဖြင့် နှိမ်နင်းခဲ့ရသေးသည် ။ ဝါဟာဘီ ဆိုသည်မှာ အာရေဗျနယ်မြေတစ်ဝိုက် သိမ်းပိုက်ထားသော သူများဖြစ်သည် ။ ၎င်းတို့သည် ဝါဟာဘီဝါဒီများဖြစ်သည် ။ မူစလင်အယူအဆမှ ပေါက်ဖွားလာသည်ဆိုသော်ငြားလည်း ဝါဟာဘီဝါဒီများကို မူဆလင်များက အသိအမှတ်မပြုပေ ။ ၎င်းတို့သည် တစ်ဖက်စွန်းရောက်သော ၊ ကြမ်းကြုတ်သော ၊ စည်းကမ်းတင်းကြပ်သော လူများ ဖြစ်လေသည် ။ယဥ်ကျေးမှု အဆင့်အတန်းများသည်လည်း ထင်သလောက် မြင့်မားမှုမရှိပေ ။ ၁၉ရာစုတွင် အလယ်ခေတ်နေထိုင်မှုဖြင့် ရှိနေကြသူများဖြစ်ကာ လူမျိုးရေ ပြင်းထန်သောစိတ်ရှိကြသည် ။ ထိုသို့ လူမှုအဖွဲ့အစည်း အဆင့်နိမ့်ကျခြင်းမှာ အော်တိုမန်တို့၏ ပယောလည်း မကင်းနိုင်ပေ ။ ၎င်းကို နောက်အ​ကြောင်းအရာများ၌ ဆက်ပြောကြပါအံ့ ။


မိုဟာမက်အလီ သည် အင်အားကြီးမားလာသောအခါ အော်တိုမန်တူရကီကို စိန်ခေါ်၍ မူစလင် နိုင်ငံများပေါင်းစည်းတည်ထောင်မည်ဟု စိတ်ကူးရှိသူဖြစ်သည် ။ ပထမဆုံးအနေဖြင့် မိမိအားတော်လှန်ပုန်ကန်၍ ထွက်ပြေးသွားသော လယ်သမား သူပုန်​ခါင်းဆောင်ကို ခိုလှုံခွင့်ပေးထားသော အက္ကပရပ်ရှားကိုစတင်သိမ်းပိုက်သည် ။ အီဂျစ်သည် အောတိုမန်၏ သြဇာခံ ဖြစ်သလို အက္ကသရပ်ရှားသည်လည်း အော်တိုမန်တူရကီ၏ လက်အောက်ခံဖြစ်သည် ။ ထိုကြောင့် အက္ကပရပ်ရှားကို ကျူးကျော်ခြင်းသည် အော်တိုမန်အား တည့်စိန်ခေါ်လိုက်ခြင်းပင်ဖြစ်ပေသည်ဘ။ ၁၈၃၂ ဇူလိုင်လတွင် အော်တိုမန်တို့နှင့် အီဂျစ်တို့ အပြင်းအထန် တိုက်ခိုက်ကြသည် ။ အီဂျစ်တို့က ပြင်သစ်တို့ဆီမှာ အမြောက်များ ၊ လက်နက်ကြီးများ ဝယ်ယူ၍ တိုက်ပွဲတိုင်းကို အောင်နိုင်ခဲ့ကြသည် ။ တူရကီတို့ ဘက်မှလည်း ရှရှားသည် စစ်သည်အင်အားများနှင့် စစ်နည်းဗျူဟာများကို သင်ကြားပေး ထောက်ပံ့ပေးခဲ့သည် ။ သို့သော် အီဂျစ်တို့၏ ဥရောပထုတ် လက်နက်ကြီးများကိုတော့ အနိုင်မယူ နိုင်ခဲ့ပေ ။ ထိုစစ်ပွဲ ကြီးသည် ၁၈၃၃ ဧပြီလတွင် စစ်ပြေငြိမ်းရေးစာချုပ်ဖြင့် ပြီးဆုံးခဲ့သည် ။ တူရကီဘက်မှ ရုရှားက အသိသက်သေ အဖြစ်လက်မှတ်ထိုး၍ အီဂျစ်ဘက်မှ ပြင်သစ်နှင့် အင်္ဂလိပ်က သက်သေအဖြစ် လက်မှတ်ထိုးခဲ့သည်။ ထိုစာချုပ်အရ မိုဟာမက်အလီသည် အီဂျစ် ၊ ဂရိ ၊ အာရေးဗီးယား ၊ ဆူဒန် နှင့် ပါလက်စတိုင်းကို ရရှိခဲ့သည် ။ သို့သော် အန်နာတိုလီးယားမှ တပ်များကို ဆုတ်ခွာပေးခဲ့ရသည်ဘ။ အော်တိုမန်အင်ပါယာ၏ တောင်ပိုင်းအခြမ်းသည် မိုဟာမက်အလီအပိုင်ဖြစ်သွားခဲ့လေပြီ ။


၁၈၄၉ ဧပြီလတွင် တူရကီတို့က ယူဖရေးတီးမြစ်ကို​ကျော်၍ မကျေပွဲ နွှဲကြရာ အီဂျစ် တူရကီ စစ်ပွဲ ဒုတိယ အကြိမ်ပြန်ဖြစ်သည် ။ စစ်ပွဲတွင် အီဂျစ်တို့က အသာစီး ရနေသော်လည်း ၁၈၄၀ မေလတွင် ရုရှား ၊ သြစတြီးယား ၊ ​အင်္ဂလန် ၊ ပရပ်ရှားတို့က စစ်ကိုရပ်စဲရန် အီဂျစ်အား ကြေညာချက်ထုတ်ပြန်ခဲ့သည် ။


ထို ကြေညာချက်တွင် အီဂျစ်၏ တိုက်စစ်များမရပ်ပါက မိမိတို့သည် အော်တိုမန်ဘက်မှ ဝင်ရောက် တိုက်ခိုက်ရန်သာဖြစ်သည် ။ သို့သော် မိုဟာမက်အလီသည် ၎င်းကြေညာချက်အား လျစ်လျူရှု၏ ။ စစ်ပွဲကို ဆက်လက်ဆင်နွှဲရာ မကြာမီမှာပင် ဗြိတိသျှ နှင့် သြစတီးယားမှ ကမ်းတက်တပ်များ နှင့် ရင်ဆိုင်ရတော့သည် ။ ပြင်သစ်သည်လည်း ကြီးလေးကြီး၏ ရန်ကိုကြောက်၍ အီဂျစ်ကို မကူညီရဲတော့ပေ ။ ၎င်းမှာ ဒိုမီနီယံ အဖက်(ဖ်) ရှိနေလို့ပင်ဖြစ်သည် ။ အီဂျစ်တို့သည် ရှုံးပွဲများကို တောက်လျှောက် ရင်ဆိုင်လာခဲ့ရသည် ။ ဗြိတိသျှတို့ကလည်း အီဂျစ်တို့သည် ပါလက်စတိုင်းကိုသာ အုပ်စိုးပြီး ကျန်နယ်​မြေများကို တူရကီတို့အား ပြန်ပေးလျှင် စစ်ပွဲကို ရပ်တန့်ပေးမည်ဟုဆိုသည် ။ သို့သော်အီဂျစ်တို့က လက်မခံရာ စစ်ပွဲသည် ၁၉၄၀ အောက်တိုဘာလထဲ သို့ ဝင်လာခဲ့ပြီ ။ သို့သော် မိုဟာမက်အလီသည် မိုက်ရူးရဲဆန်ကာ ကြီးလေးကြီးကို ရင်ဆိုင်တိုက်ပွဲဝင်လျှင် အချည်းအနှီးသာဖြစ်၍ နောက်ဆုံးတွင် အလုံးစုံံပျက်စီးသွားနိုင်သည် ။ ထို့ကြောင့် ကြီးလေးကြီးတို့အား စစ်ပြေငြိမ်းရေး စာချုပ်ချုပ်ရန် တောင်းဆိုခဲ့ရာ ၁၈၄၀ နိုဝင်ဘာလတွင် စာချုပ်ချုပ်ဆိုနိုင်ခဲ့သည် ။ ထိုစာချုပ်အရ သိမ်းပိုက်ထားသော နယ်မြေအားလုံးကို တူရကီတို့အားပြန်လည်ပေးအပ်ရမည် ။ ဆူဒန်ကိုတော့ ဆက်လက် အုပ်စိုးခွင့် ရစေမည် ။ အီဂျစ်စစ်တပ်ကို ​ဖျက်သိမ်းလိုက်ရ၍ အင်းအားရှစ်ထောင်သာရှိသော တပ်ကိုသာ ပြန်လည်ဖွဲ့စည်းခဲ့ရသည် ။ စစ်ရှုံးသောကြောင့်လည်း တူရကီတို့အား စစ်လျော်ကြေးငွေများ ပေးအပ်လိုက်ရလေသည် ။


နေရောင်ဖြာကျလျက်ရှိသော အာရုံံဦးနှင့်အတူ အသည်းအသန်  မိုဟာမက်အလီသည် မိမိ၏လက်နှစ်ဖက်ဖြင့် ဖြစ်တည်အောင် တည်ဆောက်လာခဲ့သော အီဂျစ်ပြည်မှာ ယခုအခါ တူရကီ၏အုပ်ချုပ်မှုကျွန်ဘဝသို့ ပြန်ရောက်ခဲ့ရလေပြီ ။ တူရကီသည်လည်း ၁၈၄၁ လန်ဒန်ကွန်ဗန်းရှင်းအရ အင်္ဂလိပ်၏ လက်အောက်သို့ရောက်ခဲ့ရာ အီဂျစ်မှာ ကျွန်သားပေါက်ပင်ဖြစ်ခဲ့ရသည် ။ 


 ဥရောပနှင့် ရုရှားပြည်တို့သည် အီဂျစ်ပြည် တိုးတက်လာမှာကို မလိုလားသလို တူရကီကြီးပွားလာမှာကိုလည်း မလိုလားပေ ။ ထို့ကြောင့် ပထမအကြိမ်တွင် တူရကီတို့ နလံမထူနိုင်အောင် အီဂျစ်ကို တိုက်စေသည် ။ ဒုတိယအကြိမ်တွင် နလံမထူနိုင်သော တူရကီဘက်မှ ဝင်ရောက်တိုက်ခိုက်လိုက်ရာ အီဂျစ်သည်လည်း နလံမထူလာနိုင်တော့ပေ ။ ၎င်းမှာ နယ်ချဲ့ တို့၏ ပေါ်လစီသာဖြစ်သည် ။ ၎င်းပေါ်လစီကို လွတ်ကင်းခဲ့သော နိုင်ငံဟူ၍ ကမ္ဘာ့သမိုင်းတွင်မရှိသလောက်ရှားလေသည် ။ မည်သို့ပင်ဆိုစေကာမူ အီဂျစ်မှာ အိပ်မက်ကောင်းကို မက်ခဲ့ရသေးသည် ။ သို့သော် အိပ်မက် မက်ကောင်းနေဆဲမှာပင် မတရား လှုပ်နိုးခံရ၍ အကျဥ်းစခန်းသို့ ထည့်သွင်း ခံလိုက်ရလေတော့သည် ။


( စာကြွင်း - ယခုအကြောင်းအား  မှတ်မိသမျှရေးခြင်းဖြစ်သည် ။ အဖြစ်အပျက်များကို များများစားစားပြောလျှင်လည်း စာဖတ်သူများ ပျင်းသွားနိုင်သည် ဖြစ်သောကြောင့် တချို့အရာများကို ထိန်ချန်ထားခဲ့သည်။

အချက်အလက် များမှားယွင်းခဲ့သည်ရှိသော် သည်းခံ၍ ဖတ်ပေးကြပါရန် )


#ကောင်းဆက်ဟိန်း

Comments

Popular posts from this blog

Otomycosis ( နားမှိုစွဲခြင်းရောဂါ )

 Otomycosis ( နားမှိုစွဲခြင်းရောဂါ )      🙋  အားလုံးပဲ   မင်္ဂလာပါ 🙋 VAA ရဲ့စာဖတ်ပရိတ်သတ်တွေအတွက်အခုတစ်ခါမှာတော့ ပရိတ်သတ်တွေရဲ့တောင်းဆိုချက်အရ နားမှိုစွဲခြင်းရောဂါ နဲ့ပတ်သက်ပြီး ဖော်ပြပေးမှာဖြစ်ပါတယ် ။  နားမှိုစွဲခြင်းရောဂါ နဲ့ပတ်သက်ပြီး ဖြစ်ရတဲ့အကြောင်းရင်းတွေ ၊ လက္ခဏာတွေ ၊ ဘယ်လိုဆေးဝါးတွေကို အသုံးပြုနိုင်မလဲ ၊ ဆောင်ရန် ၊ ရှောင်ရန် ၊နောက်ဆက်တွဲ ပြဿနာတွေ နှင့် ကာကွယ်နည်းများကို ပြည့်ပြည့်စုံစုံ တင်ဆက်ပေးလိုက်ပါတယ် ။ နားမှိုစွဲရောဂါ ကို ဆေးပညာအရ Otomycosis လို့ ခေါ်ပါတယ်။ မြန်မာနိုင်ငံလိုမျိုး ပူနွေးစိုစွတ်တဲ့ နိုင်ငံတွေမှာ အတွေ့ရများပါတယ်။ နွေရာသီလို ပူပြင်းတဲ့အချိန်မှာ ပိုဖြစ်တတ်ပါတယ်။ နားမှိုစွဲရောဂါက များသောအားဖြင့် နားအပြင်ပိုင်းမှာ ဖြစ်တာ များပါတယ်။ နားအလယ်ပိုင်းမှာ ဖြစ်တာလည်း ရှိပါတယ်။ တစ်ဖက်တည်း ဖြစ်တာများပါတယ်။ 🔴 နားမှိုစွဲရောဂါ ဖြစ်ရတဲ့ အကြောင်းရင်း နားမှိုစွဲရောဂါက နာမည်အတိုင်းပဲ မှိုပိုးကြောင့် ဖြစ်တာပါ ။ မှိုပိုးတွေ အများကြီးရှိတဲ့အထဲကမှ နားမှိုစွဲစေတဲ့ ပိုးတွေကတော့ Candida နဲ့ Aspergillus လို့ခေါ်တဲ့ မှို နှစ်မျိုးပဲ ဖြစ်ပါတယ် ။ အဲ...

Circulation of Blood

 Circulation Of Blood           မင်္ဂလာပါ VAA Facebook  Page  မှ ပရိတ်သတ်ကြီးများခင်ဗျာ   အခု​ဖော်ပြပေးမယ့် အကြောင်းအရာလေးကတော့ ခန္ဓာကိုယ်အတွင်းမှာလှည့်ပတ်နေတဲ့ သွေးအကြောင်းပဲဖြစ်ပါတယ် ။ သွေးထဲမှာဆိုရင် သွေးရည်ကြည်၊သွေးနီဥ ၊ သွေးဖြူဥ ၊ သွေးဥမွှားတွေပါရှိပြီး သူတို့လေးတွေကရော ဘာလုပ်ငန်းတွေလုပ်ဆောင်တာလဲ?  ဒါ့အပြင် နှလုံးရဲ့ လုပ်ငန်းဆောင်တာတွေ ၊ သွေးလွှတ်ကြော ၊ သွေးပြန်ကြောတွေကရော ဘာတွေလဲ? စသဖြင့် ဗဟုသုတ ရစေရန် ရည်ရွယ်၍ တင်ဆက်ပေးလိုက်ပါသည်။  ခန္ဓာကိုယ်တွင်း သွေးလှည့်ပတ်သွားလာခြင်း  ( Circulation of Blood )  ခန္ဓာကိုယ် သွေးလှည့်ပတ်ခြင်းစနစ်တွင်        (၁) သွေး       (၂) နှလုံး နှင့်       (၃) သွေးကြောများ စသည်တို့ ပါဝင်ပါသည် ။ (၁)   သွေးအကြောင်း          သွေးသည် သွေးကြောများ အတွင်းတွင် အရည်အဖြစ် လှည့်ပတ်လျက်ရှိသည် ။ ခန္ဓာကိုယ် အသက်ရှင်ရန်အတွက် အရေးကြီးသည် ။ သွေးသည် အသက် ဖြစ်သည် ။ မည်သည့်နေရာမှမဆို သွေးယိုထွက်ခြင်း လွန်ကဲပါက အသက်ဆုံးရှုံးန...

ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်ဖြစ်တတ်သူတိုင်း သတိထားသင့်တဲ့ အချက်များ

  နှစ်တစ်နှစ်တာရဲ့ အချိန်တစ်ခုကို ရောက်လာပြီဆိုရင် နှာချေတာ ၊ ချောင်းဆိုးတာ ၊ နှာရည်ယိုတာတွေကို ခံစားရပြီဆိုရင် သေချာတာက ရာသီအကူးအပြောင်းကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှုကို ခံစားနေရတာပါ ။ ရာသီဥတုကြောင့် ဓာတ်မတည့်မှု ခံစားရသူတွေဟာ ဆောင်းဦးကာလ နွေဦးကာလတွေကို ရောက်လာပြီဆိုရင် လေထုထဲမှာ ဝတ်မှုန်တွေ မှိုတွေ များလာတာကြောင့် ဓာတ်မတည့်မှုကို ခံစားရပါတယ် ။ ဒီလိုမျိုး ရာသီအပြောင်းအလဲမှာ ဖြစ်တတ်တဲ့ ဓာတ်မတည့်မှု ခံစားရနိုင်ခြေကို မခံစားချင်ဘူးဆိုတဲ့ သူလေးတွေ ရှိပါသလား ။  ဒါဆိုရင်တော့ ဒီဆောင်းပါးလေးထဲမှာ ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်ဖြစ်တတ်သူတိုင်း သတိထားသင့်တဲ့ အချက်တွေ ပြောပြပေးမှာမို့ အတူတူ ဖတ်ကြည့်လိုက်ရအောင်နော် ။ 🔴 ရာသီဥတုကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှု ဆိုတာ - ရာသီအကူးအပြောင်း ဖြစ်ချိန်မှာ သစ်ပင်တွေကနေ ကျတဲ့ ဝတ်မှုန်တွေ ၊ မြက်တွေကနေ ထွက်တဲ့ ဝတ်မှုန်တွေကြောင့် ဓာတ်မတည့်မှုကို ခံစားရနိုင်ပါတယ် ။ ဒါကြောင့် ပန်းတွေ ပွင့်တတ်တဲ့ နွေဦး နဲ့ ဆောင်းဦးကာလတွေမှာ ရာသီဥတုကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှုတွေကို ခံစားရနိုင်ပါတယ် ။ 🔴 ဘယ်အချက်တွေက ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်တာကို ဖြစ်စေနိုင်တာလဲ ရာသီအပြောင်းအလဲမှ...