Skip to main content

အိပ်မပျော်တဲ့ရောဂါ (Insomnia)

 အိပ်မပျော်တဲ့ရောဂါ (Insomnia)




အိပ်မပျော်တဲ့ရောဂါ (Insomnia) ဟာ အိပ်ပျော်ရန်ခက်ခဲခြင်း ၊ အိပ်ပျော်ပြီးရင်လည်း နှစ်ခြိုက်စွာ အိပ်ပျော်ရန်ခက်ခဲပြီး မကြာခဏ ပြန်နိုးနေတတ်ခြင်းကို ဆိုလိုပါတယ် ။ နိုးထလာရင်လည်း ကြည်လင်လန်းဆန်းမှု မရှိဘဲ ပင်ပန်းနွမ်းနယ်နေတတ်ပါတယ် ။ ပညာရှင်များရဲ့ အဆိုအရ တစ်ပတ်မှာ အနည်းဆုံး ၃ ရက် နဲ့ ၃ လခန့် အိပ်မပျော်နိုင်ဖြစ်နေရင် ၊ ထိုအိပ်မပျော်ခြင်း ပြဿနာကြောင့် နေ့စဉ်ဘဝမှာ ထိခိုက်မှုတွေဖြစ်လာရင် အိပ်မပျော်ခြင်းရောဂါလို့ အမည်တပ်ပါတယ် ။ အိပ်မပျော်ခြင်းပြဿနာ (Insomnia) အကြောင်း ဝေမျှပေးပါမယ် ။


💠 အိပ်မပျော်ခြင်းပြဿနာ (Insomnia) အကြောင်း 


အိပ်မပျော်ခြင်းပြဿနာ (Insomnia) ဖြစ်စေတဲ့ အကြောင်းအရင်းများ -


🏵 ခဏတာဖြစ်တဲ့ အိပ်မပျော်ခြင်းပြဿနာကတော့ -


♦ စိတ်ဖိစီးခြင်း

♦ စိတ်ထိခိုက်ဖွယ်ရာကိစ္စကြုံကြိုက်ခြင်း

♦ အိပ်ရာပြောင်းခြင်း

♦ နာကျင်မှု ဝေဒနာ ခံစားရခြင်း

♦ လေယာဉ်ကို အချိန်ကြာမြင့်စွာ စီးပြီးချိန် ခရီးပန်းခြင်း

♦ ဆေးဝါးအချို့ သုံးစွဲနေရခြင်း စတာတွေကြောင့် ဖြစ်နိုင်ပါတယ် ။


🏵 သုံးလအထက်ကျော်ပြီး အိပ်မပျော်ဖြစ်နေရင်တော့ နာတာရှည်ပြဿနာလို့ သတ်မှတ်နိုင်ပါတယ် ။ ဖြစ်နိုင်ခြေ အကြောင်းအရင်းတွေကတော့ -


♦ ရောဂါဝေဒနာကြောင့် အိပ်မပျော်ခြင်း ဥပမာ အဆစ်အမြစ်ရောင်ခြင်း၊ ခါးနာခြင်း

♦ စိတ်ပိုင်းဆိုင်ရာ ပြဿနာများ၊ စိတ်ပူပန်ခြင်း၊ စိတ်ဓာတ်ကျခြင်း

♦ မူးယစ်ဆေးစွဲခြင်း

♦ အိပ်နေစဉ် ရုတ်တရက် အသက်ရှူရပ်သည့်ရောဂါဖြစ်ခြင်း

♦ ဆီးချိုရောဂါ စတာတွေဖြစ်ပါတယ်။


သုတေသနတွေအရ စိတ်ဖိစီးမှုများလွန်းသူတွေ ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရသူတွေ ၊ ဝင်ငွေနည်းသူတွေ ၊ စံတော်ချိန်မတူညီတဲ့ ဒေသများဆီ ခရီးသွားသူတွေ ၊ လှုပ်ရှားမှုနည်းသူတွေ ၊ အလုပ်ချိန် ပြောင်းလဲသူတွေမှာ ဖြစ်နိုင်ခြေပိုများပါတယ် ။


💠 အိပ်မပျော်ခြင်း လက္ခဏာများ


အိပ်မပျော်ခြင်းပြဿနာ ကြုံလာသူတွေမှာ အောက်ပါ လက္ခဏာ သုံးခုထဲက အနည်းဆုံးတစ်ခု တွေ့နိုင်ပါတယ် ။


♦ မနက်ခင်းမှာ အစောကြီးနိုးနေခြင်း

♦ အိပ်ရေးမဝခြင်း

♦ အိပ်ပျော်ရန် ခက်ခဲခြင်း စတာတွေ ဖြစ်နိုင်ပါတယ် ။


အဆိုပါ ပြဿနာတွေကြောင့် ပင်ပန်းနွမ်းနယ်ခြင်း ၊ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲခြင်း ၊ သည်းမခံနိုင်ခြင်း စတာတွေ ဖြစ်လာနိုင်ပါတယ် ။


💠 အိပ်မပျော်ခြင်းပြဿနာကို ကုသခြင်း


အိပ်မပျော်ခြင်းပြဿနာဟာ အကြောင်းအရင်း မျိုးစုံကြောင့် ဖြစ်နိုင်ပြီး ကုသဖို့ နည်းလမ်းလည်း မျိုးစုံ ရှိပါတယ် ။ အိပ်မပျော်ခြင်းပြဿနာကို နှစ်ရှည်လများ ခံစားလာရသူတွေအတွက် စိတ်ပိုင်းဆိုင်ရာ ကုထုံးတွေလည်း ရှိပါတယ် ။


မိမိကိုယ်တိုင် လိုက်နာ ဆောင်ရွက်နိုင်တဲ့ နည်းလမ်းတွေလည်း ရှိပါတယ် ။ အဓိကအားဖြင့် နေထိုင်မှုပုံစံ ပြောင်းလဲခြင်း ဖြစ်ပါတယ် ။ အိပ်ချိန် မတိုင်မီ ကဖိန်းပါသော အရည်များ ( ကော်ဖီ ၊ လက်ဖက်ရည် ) သောက်ခြင်း ၊ အိပ်ခါနီး လေ့ကျင့်ခန်း ပြုလုပ်ခြင်း ၊ အိပ်ရာပေါ်မှာ မအိပ်ဘဲ ဖုန်းသုံးခြင်း ၊ တီဗီ ကြည့်ခြင်း စတာတွေကို ရှောင်ရှားပေးရပါမယ် ။


စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာရှိနေရင်လည်း ထိရောက်စွာ ကုသသင့်ပါတယ် ။ ရောဂါအခံကြောင့် အိပ်မပျော်ခြင်း ကြုံတွေ့နေရတာ ဖြစ်နိုင်ပါတယ် ။


အိပ်မပျော်တဲ့ ပြဿနာအတွက် ဆေးဝါးတွေလည်း သောက်သုံးရတတ်ပါတယ် ။ ဆရာဝန်ညွှန်ကြားချက် မပါဘဲ သုံးစွဲနိုင်တဲ့ Over-the-Counter ဆေးဝါးတွေလည်း ရှိပါတယ် ။ ဥပမာ - diphenhydramine ဖြစ်ပါတယ် ။ ဒါပေမယ့် ဘယ်ဆေးဝါးမဆို ဘေးထွက်ဆိုးကျိုး ရှိနိုင်တာမလို့ ရေရှည်သုံးစွဲရမယ်ဆိုရင် ဆရာဝန် နဲ့ တိုင်ပင်သင့်ပါတယ် ။


အိပ်ခန်း ပတ်ဝန်းကျင်မှာလည်း ရနံ့သင်းပျံ့တဲ့ အပင်ငယ်လေးတွေ ထားသို စိုက်ပျိုးနိုင်ပါတယ် ။ မွှေးရနံ့ ထွက်စေတဲ့ ပစ္စည်းကလေးတွေလည်း အိပ်ရာအနားမှာ ထားနိုင်ပါတယ် ။


ဒီလို နည်းလမ်းပေါင်းစုံ နဲ့ အိပ်မပျော်တဲ့ ပြဿနာကို မဖြေရှင်းနိုင်ရင်တော့ ဆရာဝန် နဲ့ သေချာ ပြသသင့်ပါတယ် ။ အထူးသဖြင့် စိတ်ကျန်းမာရေး ဆရာဝန်ဆီမှာ ကုသမှုပုံမှန် ခံယူသင့်ပါတယ် ။

Comments

Popular posts from this blog

Otomycosis ( နားမှိုစွဲခြင်းရောဂါ )

 Otomycosis ( နားမှိုစွဲခြင်းရောဂါ )      🙋  အားလုံးပဲ   မင်္ဂလာပါ 🙋 VAA ရဲ့စာဖတ်ပရိတ်သတ်တွေအတွက်အခုတစ်ခါမှာတော့ ပရိတ်သတ်တွေရဲ့တောင်းဆိုချက်အရ နားမှိုစွဲခြင်းရောဂါ နဲ့ပတ်သက်ပြီး ဖော်ပြပေးမှာဖြစ်ပါတယ် ။  နားမှိုစွဲခြင်းရောဂါ နဲ့ပတ်သက်ပြီး ဖြစ်ရတဲ့အကြောင်းရင်းတွေ ၊ လက္ခဏာတွေ ၊ ဘယ်လိုဆေးဝါးတွေကို အသုံးပြုနိုင်မလဲ ၊ ဆောင်ရန် ၊ ရှောင်ရန် ၊နောက်ဆက်တွဲ ပြဿနာတွေ နှင့် ကာကွယ်နည်းများကို ပြည့်ပြည့်စုံစုံ တင်ဆက်ပေးလိုက်ပါတယ် ။ နားမှိုစွဲရောဂါ ကို ဆေးပညာအရ Otomycosis လို့ ခေါ်ပါတယ်။ မြန်မာနိုင်ငံလိုမျိုး ပူနွေးစိုစွတ်တဲ့ နိုင်ငံတွေမှာ အတွေ့ရများပါတယ်။ နွေရာသီလို ပူပြင်းတဲ့အချိန်မှာ ပိုဖြစ်တတ်ပါတယ်။ နားမှိုစွဲရောဂါက များသောအားဖြင့် နားအပြင်ပိုင်းမှာ ဖြစ်တာ များပါတယ်။ နားအလယ်ပိုင်းမှာ ဖြစ်တာလည်း ရှိပါတယ်။ တစ်ဖက်တည်း ဖြစ်တာများပါတယ်။ 🔴 နားမှိုစွဲရောဂါ ဖြစ်ရတဲ့ အကြောင်းရင်း နားမှိုစွဲရောဂါက နာမည်အတိုင်းပဲ မှိုပိုးကြောင့် ဖြစ်တာပါ ။ မှိုပိုးတွေ အများကြီးရှိတဲ့အထဲကမှ နားမှိုစွဲစေတဲ့ ပိုးတွေကတော့ Candida နဲ့ Aspergillus လို့ခေါ်တဲ့ မှို နှစ်မျိုးပဲ ဖြစ်ပါတယ် ။ အဲ...

Circulation of Blood

 Circulation Of Blood           မင်္ဂလာပါ VAA Facebook  Page  မှ ပရိတ်သတ်ကြီးများခင်ဗျာ   အခု​ဖော်ပြပေးမယ့် အကြောင်းအရာလေးကတော့ ခန္ဓာကိုယ်အတွင်းမှာလှည့်ပတ်နေတဲ့ သွေးအကြောင်းပဲဖြစ်ပါတယ် ။ သွေးထဲမှာဆိုရင် သွေးရည်ကြည်၊သွေးနီဥ ၊ သွေးဖြူဥ ၊ သွေးဥမွှားတွေပါရှိပြီး သူတို့လေးတွေကရော ဘာလုပ်ငန်းတွေလုပ်ဆောင်တာလဲ?  ဒါ့အပြင် နှလုံးရဲ့ လုပ်ငန်းဆောင်တာတွေ ၊ သွေးလွှတ်ကြော ၊ သွေးပြန်ကြောတွေကရော ဘာတွေလဲ? စသဖြင့် ဗဟုသုတ ရစေရန် ရည်ရွယ်၍ တင်ဆက်ပေးလိုက်ပါသည်။  ခန္ဓာကိုယ်တွင်း သွေးလှည့်ပတ်သွားလာခြင်း  ( Circulation of Blood )  ခန္ဓာကိုယ် သွေးလှည့်ပတ်ခြင်းစနစ်တွင်        (၁) သွေး       (၂) နှလုံး နှင့်       (၃) သွေးကြောများ စသည်တို့ ပါဝင်ပါသည် ။ (၁)   သွေးအကြောင်း          သွေးသည် သွေးကြောများ အတွင်းတွင် အရည်အဖြစ် လှည့်ပတ်လျက်ရှိသည် ။ ခန္ဓာကိုယ် အသက်ရှင်ရန်အတွက် အရေးကြီးသည် ။ သွေးသည် အသက် ဖြစ်သည် ။ မည်သည့်နေရာမှမဆို သွေးယိုထွက်ခြင်း လွန်ကဲပါက အသက်ဆုံးရှုံးန...

ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်ဖြစ်တတ်သူတိုင်း သတိထားသင့်တဲ့ အချက်များ

  နှစ်တစ်နှစ်တာရဲ့ အချိန်တစ်ခုကို ရောက်လာပြီဆိုရင် နှာချေတာ ၊ ချောင်းဆိုးတာ ၊ နှာရည်ယိုတာတွေကို ခံစားရပြီဆိုရင် သေချာတာက ရာသီအကူးအပြောင်းကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှုကို ခံစားနေရတာပါ ။ ရာသီဥတုကြောင့် ဓာတ်မတည့်မှု ခံစားရသူတွေဟာ ဆောင်းဦးကာလ နွေဦးကာလတွေကို ရောက်လာပြီဆိုရင် လေထုထဲမှာ ဝတ်မှုန်တွေ မှိုတွေ များလာတာကြောင့် ဓာတ်မတည့်မှုကို ခံစားရပါတယ် ။ ဒီလိုမျိုး ရာသီအပြောင်းအလဲမှာ ဖြစ်တတ်တဲ့ ဓာတ်မတည့်မှု ခံစားရနိုင်ခြေကို မခံစားချင်ဘူးဆိုတဲ့ သူလေးတွေ ရှိပါသလား ။  ဒါဆိုရင်တော့ ဒီဆောင်းပါးလေးထဲမှာ ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်ဖြစ်တတ်သူတိုင်း သတိထားသင့်တဲ့ အချက်တွေ ပြောပြပေးမှာမို့ အတူတူ ဖတ်ကြည့်လိုက်ရအောင်နော် ။ 🔴 ရာသီဥတုကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှု ဆိုတာ - ရာသီအကူးအပြောင်း ဖြစ်ချိန်မှာ သစ်ပင်တွေကနေ ကျတဲ့ ဝတ်မှုန်တွေ ၊ မြက်တွေကနေ ထွက်တဲ့ ဝတ်မှုန်တွေကြောင့် ဓာတ်မတည့်မှုကို ခံစားရနိုင်ပါတယ် ။ ဒါကြောင့် ပန်းတွေ ပွင့်တတ်တဲ့ နွေဦး နဲ့ ဆောင်းဦးကာလတွေမှာ ရာသီဥတုကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှုတွေကို ခံစားရနိုင်ပါတယ် ။ 🔴 ဘယ်အချက်တွေက ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်တာကို ဖြစ်စေနိုင်တာလဲ ရာသီအပြောင်းအလဲမှ...