Skip to main content

အဝေးမှုန်စေနိုင်တဲ့ အရာများ

 



🔎 အဝေးမှုန်စေနိုင်တဲ့ အရာများ 🔍


အနီးဆိုရင် ကောင်းကောင်း မြင်ရတယ် နည်းနည်း လှမ်းသွားရင် စာလုံး အကြီးကြီးတွေဆို မြင်ရပေမယ့် စာလုံး ဆိုဒ်သေးရင် မမြင်ရတော့ဘူး ဆိုပြီး ဖြစ်နေပြီလား! ဒါဆိုရင်တော့ အဝေးမှုန်နေတာ ဖြစ်နိုင်ပါတယ်။ ဒီလို အဝေးမှုန်ရတာက ဘာတွေကြောင့်လဲဆိုတာကို သိရှိပြီး ဆင်ခြင်လို့ရမယ့် အရာတွေရှိရင် ဆင်ခြင်နိုင်စေဖို့အတွက် အဝေးမှုန်စေနိုင်တဲ့ အရာများ အကြောင်း ပြောပြပေးလိုက်ရပါတယ် ....... 


🔎🔎 အဝေးမှုန် ဆိုတာ -


အဝေးမှုန်တယ်ဆိုတာက အမြင်အာရုံ ပြဿနာ တစ်ခုပါ။ အနီးအနားမှာ ရှိတာတွေကို ကောင်းကောင်းမွန်မွန် သဲသဲကွဲကွဲ မြင်ရပေမယ့် အဝေးက အရာတွေကိုတော့ မျက်လုံးရဲ့ ရောင်ပြန်ဟပ်မှု မှားယွင်းတာကြောင့် တိကျပြတ်သားစွာ မမြင်ရတာ ဝါးတားတား ဖြစ်တာမျိုးတွေကို ခံစားရနိုင်တဲ့ အခြေအနေပါ။


♦ အဝေးမှုန်တာ အဖြစ်များသလား !


အဝေးမှုန်တာက တော်တော်လေး အဖြစ်များပါတယ်။ အယောက် ၁၀၀ မှာ ၃၀% လောက် ခံစားကြရတဲ့ အမြင်အာရုံဆိုင်ရာ ပြဿနာပါ။ မျက်စိစမ်းသပ် စစ်ဆေးမှုတွေ လုပ်ပြီး အဖြေရှာလို့ ရပါတယ်။


♦ အဝေးမှုန်ရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ !


အဝေးမှုန်ပြီဆိုရင် ကားမောင်းနေတုန်းမှာ လမ်းဘေးဝဲယာက ဆိုင်းဘုတ်တွေကို သဲသဲကွဲကွဲ မမြင်ရတာမျိုး ခံစားရနိုင်သလို၊ စာသင်အရွယ် ကလေးတွေမှာဆိုရင် ကျောက်သင်ပုန်းက စာတွေကို မမြင်ရတာမျိုး ခံစားရနိုင်ပါတယ်။ အချို့မှာဆိုရင် ရုပ်သံတွေကို ကြည့်ရှုရာမှာတောင် အခက်အခဲ ဖြစ်တာမျိုးတွေ ခံစားရနိုင်ပါတယ်။


💠 လက္ခဏာတွေ အနေနဲ့ကတော့ -

ခပ်ဝေးဝေးက အရာတွေကို သဲသဲကွဲကွဲ မမြင်ရတာ ၊ မျက်လုံးတွေ ညောင်းတာ ၊ ပင်ပန်းတာ ၊ အဝေးက အရာကို မျက်မှောင်ကြုံ့ပြီး ကြည့်ရတာ ၊ ခေါင်းကိုက်တာမျိုးတွေ ခံစားရနိုင်ပါတယ်။


🏵 အဝေးမှုန်တာက အရမ်းမပြင်းထန်တဲ့အခါ လက္ခဏာ သိသိသာသာ မပြတာမျိုးတွေလည်း ရှိနိုင်ပါတယ်။


🔵 အဝေးမှုန်စေနိုင်တဲ့ အရာများ


အဝေးမှုန်တာက အရွယ်မရွေး ဖြစ်နိုင်ပါတယ်။ အဝေးမှုန်တာက ကလေးအရွယ်မှာကတည်းက စဖြစ်နိုင်ပါတယ်။ တစ်ခါတလေမှာ အဝေးမှုန်တာက အကြောင်းအရင်းမရှိဘဲ မျိုးဗီဇကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဥပမာ မိဘနှစ်ပါးက အ‌‌ဝေးမှုန်လို့ ကလေးမှာပါ အဝေးမှုန်ဖြစ်တာမျိုးပေါ့။


🔴 အဝေးမှုန်စေနိုင်တဲ့ အရာများ ကတော့ -


♦ အသက်အရွယ်

အဝေးမှုန်တာက အသက် ၆ နှစ် နဲ့ ၁၄ နှစ်ကြား အရွယ်မှာ စဖြစ်နိုင်ပြီး အသက် ၂၀ အစောပိုင်း ကာလတွေမှာ ပိုပြင်းထန်လာနိုင်ပါတယ်။ အသက်အရွယ် ရလာတာနဲ့အမျှ မျက်လုံးအရွယ်အစားပြောင်းလဲလာတာကြောင့် မျက်စိမှန်ဘီလူးကနေ ပုံရိပ်ကို ဖမ်းတာ ပုံမှန်မဟုတ်တော့ကြောင့်ပါ။


♦ အာရုံ အရမ်းစိုက်ရတာ

မျက်လုံးကို အာရုံစိုက်ပြီး အနီးကပ် အနုစိတ် လုပ်ရတဲ့ အလုပ်တွေက အချိန် ကြာလာတာနဲ့ အမျှ အမြင်အာရုံကို ဝန်ပိစေပြီး အဝေးမှုန်တာမျိုး ဖြစ်စေနိုင်ပါတယ်။


♦ အနီးကပ်ကြည့်တာ 

ဘယ်လိုအရာမျိုးတွေ ပါလဲဆိုတော့ ကွန်ပျူတာကို အနီးကပ်ကြည့်တာ ၊ စာအုပ်နဲ့ မျက်လုံးနဲ့ ကပ်ဖတ်တာ ၊ ‌အလင်းရောင်ကောင်းကောင်း မရတဲ့ နေရာမှာ စာဖတ်တာ ၊ Screentime များတာ စတာတွေပါ။


ကွန်ပျူတာနဲ့ အလုပ်လုပ်တဲ့အခါ အားပါပြီး ကျွန်ပျူတာနဲ့ မျက်လုံးနဲ့ နီးနီးလာတတ်ပါတယ်။ သတိထားမိပြီဆိုတာနဲ့ ခွာလိုက်ပါ။


စာဖတ်ရင်လည်း အဲ့လိုပါပဲ။ ‌အလင်းရောင် ‌ကောင်းကောင်း မရတဲ့နေရာမှာ ဖတ်ရင် ပိုမြင်ရအောင် မျက်လုံးကို အားစိုက်ပြီးကြည့်တာ ၊ စာအုပ်နားကို ကပ်ပြီး ဖတ်တာတွေ လုပ်မိတတ်ပါတယ်။ ဒါကြောင့် အလင်းရောင် သေချာရတဲ့နေရာမှာ စာဖတ်ပါ။


တစ်နေ့တာရဲ့ အချိန် တော်တော်များများကို ဖုန်းကြည့်ရင်း ကွန်ပျူတာ ကြည့်ရင်း ကုန်ဆုံးနေမယ်ဆိုရင်တော့ Screen time များနေတာဖြစ်ပြီး ရေရှည်မှာ အဝေးမှုန်တာကို ဖြစ်စေနိုင်ပါတယ်။ များသောအားဖြင့် လူတွေက ဖုန်းကြည့်တယ်ဆိုရင် Screen နဲ့ နီးနီးကြည့်မိတာ ၊ မနားတမ်းကြည့်မိတာကြောင့် မျက်လုံးကို ဖိအားပေးသလို ဖြစ်စေလို့ပါ။


♦ မျိုးရိုး ရှိတာ

အဝေးမှုန်ခြင်းက တစ်ခါတလေမှာ အမွေဆက်ခံ ရရှိခြင်းပါ။ မိဘဘိုးဘွားတွေမှာ အဝေးမှုန်ဖူးမယ်ဆိုရင် ကိုယ်တိုင်မှာလည်း အဝေးမှုန်နိုင်ပါတယ်။


♦ ပြင်ပ အလင်းရောင်နဲ့ ထိတွေ့မှု နည်းတာ

ပြင်ပ အလင်းရောင်နဲ့ ထိတွေ့ချိန် နည်းပြီး တစ်ချိန်လုံး အိမ်တွင်းအောင်းနေတာ ၊ အလင်းရောင် မဝင်တဲ့ အခန်းအောင်း နေထိုင်ခြင်းတွေကလည်း အဝေးမှုန်စေနိုင်ပါတယ်။ ဒါက ကလေးတွေအတွက် ပိုပြီးအရေးကြီးပါတယ်။ ကလေးတွေကို ဖုန်းသုံးတာလျှော့ ၊ အိမ်ပြင်ထွက်ပြီး ‌ပေးဆော့ပါ ။ ဒါက အဝေးမှုန်ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။


ကိုယ်တိုင်ရော ဒီအချက်တွေထဲက ဘယ်အရာတွေနဲ့များ ကိုက်ညီနေလဲဆိုတာကို ကိုယ်တိုင်ဆန်းစစ်လို့ ပြင်လို့ ရတာမျိုးလေးတွေကို ပြုပြင်လိုက်တော့နော်။ ။


#vaa

#အဝေးမှုန်စေနိုင်သောအရာများ

Comments

Popular posts from this blog

Otomycosis ( နားမှိုစွဲခြင်းရောဂါ )

 Otomycosis ( နားမှိုစွဲခြင်းရောဂါ )      🙋  အားလုံးပဲ   မင်္ဂလာပါ 🙋 VAA ရဲ့စာဖတ်ပရိတ်သတ်တွေအတွက်အခုတစ်ခါမှာတော့ ပရိတ်သတ်တွေရဲ့တောင်းဆိုချက်အရ နားမှိုစွဲခြင်းရောဂါ နဲ့ပတ်သက်ပြီး ဖော်ပြပေးမှာဖြစ်ပါတယ် ။  နားမှိုစွဲခြင်းရောဂါ နဲ့ပတ်သက်ပြီး ဖြစ်ရတဲ့အကြောင်းရင်းတွေ ၊ လက္ခဏာတွေ ၊ ဘယ်လိုဆေးဝါးတွေကို အသုံးပြုနိုင်မလဲ ၊ ဆောင်ရန် ၊ ရှောင်ရန် ၊နောက်ဆက်တွဲ ပြဿနာတွေ နှင့် ကာကွယ်နည်းများကို ပြည့်ပြည့်စုံစုံ တင်ဆက်ပေးလိုက်ပါတယ် ။ နားမှိုစွဲရောဂါ ကို ဆေးပညာအရ Otomycosis လို့ ခေါ်ပါတယ်။ မြန်မာနိုင်ငံလိုမျိုး ပူနွေးစိုစွတ်တဲ့ နိုင်ငံတွေမှာ အတွေ့ရများပါတယ်။ နွေရာသီလို ပူပြင်းတဲ့အချိန်မှာ ပိုဖြစ်တတ်ပါတယ်။ နားမှိုစွဲရောဂါက များသောအားဖြင့် နားအပြင်ပိုင်းမှာ ဖြစ်တာ များပါတယ်။ နားအလယ်ပိုင်းမှာ ဖြစ်တာလည်း ရှိပါတယ်။ တစ်ဖက်တည်း ဖြစ်တာများပါတယ်။ 🔴 နားမှိုစွဲရောဂါ ဖြစ်ရတဲ့ အကြောင်းရင်း နားမှိုစွဲရောဂါက နာမည်အတိုင်းပဲ မှိုပိုးကြောင့် ဖြစ်တာပါ ။ မှိုပိုးတွေ အများကြီးရှိတဲ့အထဲကမှ နားမှိုစွဲစေတဲ့ ပိုးတွေကတော့ Candida နဲ့ Aspergillus လို့ခေါ်တဲ့ မှို နှစ်မျိုးပဲ ဖြစ်ပါတယ် ။ အဲ...

Circulation of Blood

 Circulation Of Blood           မင်္ဂလာပါ VAA Facebook  Page  မှ ပရိတ်သတ်ကြီးများခင်ဗျာ   အခု​ဖော်ပြပေးမယ့် အကြောင်းအရာလေးကတော့ ခန္ဓာကိုယ်အတွင်းမှာလှည့်ပတ်နေတဲ့ သွေးအကြောင်းပဲဖြစ်ပါတယ် ။ သွေးထဲမှာဆိုရင် သွေးရည်ကြည်၊သွေးနီဥ ၊ သွေးဖြူဥ ၊ သွေးဥမွှားတွေပါရှိပြီး သူတို့လေးတွေကရော ဘာလုပ်ငန်းတွေလုပ်ဆောင်တာလဲ?  ဒါ့အပြင် နှလုံးရဲ့ လုပ်ငန်းဆောင်တာတွေ ၊ သွေးလွှတ်ကြော ၊ သွေးပြန်ကြောတွေကရော ဘာတွေလဲ? စသဖြင့် ဗဟုသုတ ရစေရန် ရည်ရွယ်၍ တင်ဆက်ပေးလိုက်ပါသည်။  ခန္ဓာကိုယ်တွင်း သွေးလှည့်ပတ်သွားလာခြင်း  ( Circulation of Blood )  ခန္ဓာကိုယ် သွေးလှည့်ပတ်ခြင်းစနစ်တွင်        (၁) သွေး       (၂) နှလုံး နှင့်       (၃) သွေးကြောများ စသည်တို့ ပါဝင်ပါသည် ။ (၁)   သွေးအကြောင်း          သွေးသည် သွေးကြောများ အတွင်းတွင် အရည်အဖြစ် လှည့်ပတ်လျက်ရှိသည် ။ ခန္ဓာကိုယ် အသက်ရှင်ရန်အတွက် အရေးကြီးသည် ။ သွေးသည် အသက် ဖြစ်သည် ။ မည်သည့်နေရာမှမဆို သွေးယိုထွက်ခြင်း လွန်ကဲပါက အသက်ဆုံးရှုံးန...

ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်ဖြစ်တတ်သူတိုင်း သတိထားသင့်တဲ့ အချက်များ

  နှစ်တစ်နှစ်တာရဲ့ အချိန်တစ်ခုကို ရောက်လာပြီဆိုရင် နှာချေတာ ၊ ချောင်းဆိုးတာ ၊ နှာရည်ယိုတာတွေကို ခံစားရပြီဆိုရင် သေချာတာက ရာသီအကူးအပြောင်းကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှုကို ခံစားနေရတာပါ ။ ရာသီဥတုကြောင့် ဓာတ်မတည့်မှု ခံစားရသူတွေဟာ ဆောင်းဦးကာလ နွေဦးကာလတွေကို ရောက်လာပြီဆိုရင် လေထုထဲမှာ ဝတ်မှုန်တွေ မှိုတွေ များလာတာကြောင့် ဓာတ်မတည့်မှုကို ခံစားရပါတယ် ။ ဒီလိုမျိုး ရာသီအပြောင်းအလဲမှာ ဖြစ်တတ်တဲ့ ဓာတ်မတည့်မှု ခံစားရနိုင်ခြေကို မခံစားချင်ဘူးဆိုတဲ့ သူလေးတွေ ရှိပါသလား ။  ဒါဆိုရင်တော့ ဒီဆောင်းပါးလေးထဲမှာ ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်ဖြစ်တတ်သူတိုင်း သတိထားသင့်တဲ့ အချက်တွေ ပြောပြပေးမှာမို့ အတူတူ ဖတ်ကြည့်လိုက်ရအောင်နော် ။ 🔴 ရာသီဥတုကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှု ဆိုတာ - ရာသီအကူးအပြောင်း ဖြစ်ချိန်မှာ သစ်ပင်တွေကနေ ကျတဲ့ ဝတ်မှုန်တွေ ၊ မြက်တွေကနေ ထွက်တဲ့ ဝတ်မှုန်တွေကြောင့် ဓာတ်မတည့်မှုကို ခံစားရနိုင်ပါတယ် ။ ဒါကြောင့် ပန်းတွေ ပွင့်တတ်တဲ့ နွေဦး နဲ့ ဆောင်းဦးကာလတွေမှာ ရာသီဥတုကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှုတွေကို ခံစားရနိုင်ပါတယ် ။ 🔴 ဘယ်အချက်တွေက ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်တာကို ဖြစ်စေနိုင်တာလဲ ရာသီအပြောင်းအလဲမှ...