Skip to main content

ကျန်းမာရေးအတွက် သစ်သီးခွံများ

 🍒ကျန်းမာရေးအတွက် သစ်သီးခွံများ 🍒




ယနေ့ခေတ် လူအများစုသည် သစ်သီးစားခြင်းဖြင့် ကျန်းမာရေးကို အထောက်အကူပြုပြီး ရောဂါများကို ပျောက်ကင်းစေနိုင်ကြောင်း သိလာသဖြင့် သစ်သီးများကို ပိုမို၍ စားသုံးလာကြပြီဖြစ်ပါသည်။ 

သို့ပေမယ့် ထိုသစ်သီးများ စားသုံးသည့်အခါ အခွံများကို လွှင့်ပစ်နေကြသည်မှာ နှမြောဖို့အလွန်ကောင်းလှပါသည်။ 

အကြောင်းမှာ ထိုအခွံများတွင်လည်း ကျန်းမာရေးအတွက် အလွန်အထောက်အပံ့ဖြစ်စေသည့် အကျိုးရှိသည့် ဓာတ်များ ပါဝင်နေသည်ကို တရုတ်တိုင်းရင်းဆေးဆရာများက ရှာဖွေတွေ့ရှိ၍ ထို သစ်သီးအခွံများကို ကျန်းမာရေးအတွက် ဆေးဖော်ရာတွင်သာမက၊ အလှအပရေးရာများတွင်လည်း အသုံးပြုလာကြပြီ ဖြစ်ပါသည်။ 


ဥပမာ။ 


🍎ပန်းသီးအခွံ 🍎

🔸ပန်းသီးအခွံသည် အနာရာဂါများအား ယုတ်လျော့စေနိုင်သည့် သတ္တိရှိသည်။

🔸ပန်းသီးအခွံ ၁၅ ဂရမ်လောက် စားပေးခြင်း သို့ အခွံကို အရည်ဖြစ်အောင် ကျိုသောက်ပေးခြင်းလုပ်ပါက အစာအိမ် အချဉ်ပေါက်ခြင်း၊ သလိပ်ထခြင်းတို့ကို ပျောက်စေနိုင်သည်။

🔸ပန်းသီးခွံကို အခြောက်လှန်း၍ အမှုန့်ကြိတ်ပြီး နေ့စဉ် အစာမစားမီ တစ်နေ့ ၂ ကြိမ် ၁၅ ဂရမ်လောက်စားပေးပါက နာတာရှည် ဝမ်းလျှောရောဂါ၊ နာပ်ကြောဆိုင်ရာ အူမရောင်ရမ်းနာ၊ သွေးတိုးရောဂါ၊ အနာရောဂါများကို သက်သာစေနိုင်သည်။ 


🍉ဖရဲသီးအခွံ🍉

🔸ဖရဲသီးစားလျှင် ရေငတ်ပြေစေနိုင်ပြီး အပူကျစေနိုင်သည့်အပြင် အဆိပ်လည်းပြေစေနိုင်သည်။ 

🔸ဖရဲသီးအခွံသည် ပို၍ အပူကျစေနိုင်သည်။

🔸ဖရဲသီးအခွံ စားပေးခြင်းဖြင့် ကိုယ်တွင်းအပူဓာတ်လွန်ကဲခြင်း၊ အပူကန်ခြင်း၊ လည်ချောင်းခြောက်ခြင်း၊ နှုတ်ခမ်းကွဲခြင်း၊ ဆီးအိမ်ရောင်ခြင်း၊ ရင်ပူခြင်း၊ သွေးအားနည်းခြင်း၊ အသည်းရောင်၍ ရေဖျဉ်းစွဲနာ၊ ကျောက်ကပ်ရောင်ရမ်းခြင်းတို့ကို ပျောက်ကင်းသက်သာစေနိုင်သည်။ 


ကျွဲကောသီးအခွံ

🔸ကျွဲကာသီးအခွံသည် လေကြေ၊ သလိပ်ကြေ၊ ချောင်းဆိုးပြေ၊ ရင်ကြပ်ပြေစေနိုင်သည်။

🔸ကျွဲကောသီးအခွံအတွင်းရှိ အလွှာကိုနွှာ၍ နုပ်နုပ်စဉ်းပြီး ပျားရည် သို့ သကြားဖြင့် ရော၍ နူးအောင်ပေါင်းပြီး စားပေးလျှင် ချောင်းဆိုးခြင်း၊ အမောဆို့ခြင်းတို့ကို ပျောက်ကင်းစေနိုင်သည်။ 

🔸ကျွဲကောသီးအခွံ အခြောက်ကို အရည်ကျိုသောက်လျှင် သလိပ်ကြေ၊ အစာကြေ၊ အမောပြေစေနိုင်သည်။ 


သလဲသီးအခွံ

🔸သလဲသီးအခွံထဲတွင် Tannic acid ပါရှိသောကြောင့် အရသာမှာတော့ အလွန်ဖန်သည်။ 

🔸သို့သော် သလဲသီး အခွံကို စားပေးလျှင် ဝမ်းကိုက်ရောဂါ၊ သွေးဝမ်းသွားခြင်း၊ စအိုကျွံခြင်း စသည့် ရောဂါများကို ကုသနိုင်သည်။


🍌သီးမွှေးငှက်ပျောသီးအခွံ🍌

🔸သီးမွှေးငှက်ပျောသီးအခွံထဲတွင် ဖန်းဂပ်(စ်)မှိုနှင့် ရောဂါပိုးများကို နှိမ်နှင်းနိုင်သော ဓာတ်များပါသဖြင့် ထိုမှိုကြောင့် ကူးစက်၍ ဖြစ်ပေါ်လာသော အရေပြားယားနာများကို ပျောက်ကင်းစေနိုင်ပါသည်။ 

ယားနာများ ပျောက်ကင်းစေရန် ငှက်ပျောခွံဖြင့် ပွတ်ပေးနိုင်ပါသည်။

🔸ငှက်ပျောခွံကို အခြောက်လှန်း၍ အမှုန့်ကြိတ်ပြီး ရေဖြင့်ဖျော်၍ လိမ်းပါက အသားအရေ စိုပြေလာမည်။

🔸ငှက်ပျောခွံကို ညက်အောင်ထောင်းပြီး ဂျင်းစိမ်းရည်ဖြင့်ရော၍ အနာပေါ်လူးပေးလျှင် ရောင်ခြင်း၊ နာခြင်းကိုသက်သာစေနိုင်သည်။

🔸ငှက်ပျောခွံကိုစားပေးလျှင် အဆုတ်နှင့် အူများကို ကောင်းစေ၏။

🔸အားတိုးပြီး သွေးလည်ပတ်မှု့ ကောင်းစေနိုင်၏။

🔸အာခြောက်ခြင်းကို ပျောက်စေနိုင်၏။

🔸နှင်းကျ၍ ရေခဲနေသော ဒေသများတွင် နေထိုင်သူများသည် သီးမွှေးငှက်ပျောခွံဖြင့် ခြေ၊လက်များကို ပွတ်ပေးလျှင် နှင်းကိုက်ရောဂါကို ကုသနိုင်သည်။

🔸တရုတ်ပြည်တွင် ငှက်ပျောခွံကို ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုပြီး ထို‌ဆေးဖြင့် သွေးတိုးရောဂါကို ပျောက်အောင်ကုသနိုင်ပြီး ဦးနှောက်သွေးလျှံခြင်းကိုလည်း ကြိုတင်ကာကွယ်နိုင်သည်ဟု China Magazine တစ်ခုတွင် ဖော်ပြထားသည်။ 


#credit from Health For All Magazine

Comments

Popular posts from this blog

Otomycosis ( နားမှိုစွဲခြင်းရောဂါ )

 Otomycosis ( နားမှိုစွဲခြင်းရောဂါ )      🙋  အားလုံးပဲ   မင်္ဂလာပါ 🙋 VAA ရဲ့စာဖတ်ပရိတ်သတ်တွေအတွက်အခုတစ်ခါမှာတော့ ပရိတ်သတ်တွေရဲ့တောင်းဆိုချက်အရ နားမှိုစွဲခြင်းရောဂါ နဲ့ပတ်သက်ပြီး ဖော်ပြပေးမှာဖြစ်ပါတယ် ။  နားမှိုစွဲခြင်းရောဂါ နဲ့ပတ်သက်ပြီး ဖြစ်ရတဲ့အကြောင်းရင်းတွေ ၊ လက္ခဏာတွေ ၊ ဘယ်လိုဆေးဝါးတွေကို အသုံးပြုနိုင်မလဲ ၊ ဆောင်ရန် ၊ ရှောင်ရန် ၊နောက်ဆက်တွဲ ပြဿနာတွေ နှင့် ကာကွယ်နည်းများကို ပြည့်ပြည့်စုံစုံ တင်ဆက်ပေးလိုက်ပါတယ် ။ နားမှိုစွဲရောဂါ ကို ဆေးပညာအရ Otomycosis လို့ ခေါ်ပါတယ်။ မြန်မာနိုင်ငံလိုမျိုး ပူနွေးစိုစွတ်တဲ့ နိုင်ငံတွေမှာ အတွေ့ရများပါတယ်။ နွေရာသီလို ပူပြင်းတဲ့အချိန်မှာ ပိုဖြစ်တတ်ပါတယ်။ နားမှိုစွဲရောဂါက များသောအားဖြင့် နားအပြင်ပိုင်းမှာ ဖြစ်တာ များပါတယ်။ နားအလယ်ပိုင်းမှာ ဖြစ်တာလည်း ရှိပါတယ်။ တစ်ဖက်တည်း ဖြစ်တာများပါတယ်။ 🔴 နားမှိုစွဲရောဂါ ဖြစ်ရတဲ့ အကြောင်းရင်း နားမှိုစွဲရောဂါက နာမည်အတိုင်းပဲ မှိုပိုးကြောင့် ဖြစ်တာပါ ။ မှိုပိုးတွေ အများကြီးရှိတဲ့အထဲကမှ နားမှိုစွဲစေတဲ့ ပိုးတွေကတော့ Candida နဲ့ Aspergillus လို့ခေါ်တဲ့ မှို နှစ်မျိုးပဲ ဖြစ်ပါတယ် ။ အဲ...

Circulation of Blood

 Circulation Of Blood           မင်္ဂလာပါ VAA Facebook  Page  မှ ပရိတ်သတ်ကြီးများခင်ဗျာ   အခု​ဖော်ပြပေးမယ့် အကြောင်းအရာလေးကတော့ ခန္ဓာကိုယ်အတွင်းမှာလှည့်ပတ်နေတဲ့ သွေးအကြောင်းပဲဖြစ်ပါတယ် ။ သွေးထဲမှာဆိုရင် သွေးရည်ကြည်၊သွေးနီဥ ၊ သွေးဖြူဥ ၊ သွေးဥမွှားတွေပါရှိပြီး သူတို့လေးတွေကရော ဘာလုပ်ငန်းတွေလုပ်ဆောင်တာလဲ?  ဒါ့အပြင် နှလုံးရဲ့ လုပ်ငန်းဆောင်တာတွေ ၊ သွေးလွှတ်ကြော ၊ သွေးပြန်ကြောတွေကရော ဘာတွေလဲ? စသဖြင့် ဗဟုသုတ ရစေရန် ရည်ရွယ်၍ တင်ဆက်ပေးလိုက်ပါသည်။  ခန္ဓာကိုယ်တွင်း သွေးလှည့်ပတ်သွားလာခြင်း  ( Circulation of Blood )  ခန္ဓာကိုယ် သွေးလှည့်ပတ်ခြင်းစနစ်တွင်        (၁) သွေး       (၂) နှလုံး နှင့်       (၃) သွေးကြောများ စသည်တို့ ပါဝင်ပါသည် ။ (၁)   သွေးအကြောင်း          သွေးသည် သွေးကြောများ အတွင်းတွင် အရည်အဖြစ် လှည့်ပတ်လျက်ရှိသည် ။ ခန္ဓာကိုယ် အသက်ရှင်ရန်အတွက် အရေးကြီးသည် ။ သွေးသည် အသက် ဖြစ်သည် ။ မည်သည့်နေရာမှမဆို သွေးယိုထွက်ခြင်း လွန်ကဲပါက အသက်ဆုံးရှုံးန...

ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်ဖြစ်တတ်သူတိုင်း သတိထားသင့်တဲ့ အချက်များ

  နှစ်တစ်နှစ်တာရဲ့ အချိန်တစ်ခုကို ရောက်လာပြီဆိုရင် နှာချေတာ ၊ ချောင်းဆိုးတာ ၊ နှာရည်ယိုတာတွေကို ခံစားရပြီဆိုရင် သေချာတာက ရာသီအကူးအပြောင်းကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှုကို ခံစားနေရတာပါ ။ ရာသီဥတုကြောင့် ဓာတ်မတည့်မှု ခံစားရသူတွေဟာ ဆောင်းဦးကာလ နွေဦးကာလတွေကို ရောက်လာပြီဆိုရင် လေထုထဲမှာ ဝတ်မှုန်တွေ မှိုတွေ များလာတာကြောင့် ဓာတ်မတည့်မှုကို ခံစားရပါတယ် ။ ဒီလိုမျိုး ရာသီအပြောင်းအလဲမှာ ဖြစ်တတ်တဲ့ ဓာတ်မတည့်မှု ခံစားရနိုင်ခြေကို မခံစားချင်ဘူးဆိုတဲ့ သူလေးတွေ ရှိပါသလား ။  ဒါဆိုရင်တော့ ဒီဆောင်းပါးလေးထဲမှာ ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်ဖြစ်တတ်သူတိုင်း သတိထားသင့်တဲ့ အချက်တွေ ပြောပြပေးမှာမို့ အတူတူ ဖတ်ကြည့်လိုက်ရအောင်နော် ။ 🔴 ရာသီဥတုကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှု ဆိုတာ - ရာသီအကူးအပြောင်း ဖြစ်ချိန်မှာ သစ်ပင်တွေကနေ ကျတဲ့ ဝတ်မှုန်တွေ ၊ မြက်တွေကနေ ထွက်တဲ့ ဝတ်မှုန်တွေကြောင့် ဓာတ်မတည့်မှုကို ခံစားရနိုင်ပါတယ် ။ ဒါကြောင့် ပန်းတွေ ပွင့်တတ်တဲ့ နွေဦး နဲ့ ဆောင်းဦးကာလတွေမှာ ရာသီဥတုကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှုတွေကို ခံစားရနိုင်ပါတယ် ။ 🔴 ဘယ်အချက်တွေက ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်တာကို ဖြစ်စေနိုင်တာလဲ ရာသီအပြောင်းအလဲမှ...