Skip to main content

အိပ်ရေးပျက်ရင် ဝက်ခြံထွက်မှာလား

 အိပ်ရေးပျက်ရင် ဝက်ခြံထွက်မှာလား



ဝက်ခြံလို့ဆိုလိုက်ရင် လူတိုင်းလိုလို ကြုံဖူးမယ်ဆိုတာ သေချာသလာက်ပဲနော် ။ အခုချိန်မှာ ဝက်ခြံ မရှိတော့ဘူးဆိုရင်တောင် အရင်က ဖြစ်ဖူးတယ်ဆိုတဲ့သူရယ် ၊ အရင်ကတည်းက ပေါက်တာ အခုထိကို မပျောက်ဘူးဆိုတဲ့ သူရယ် ၊ တစ်ခုခုလေး မှားလိုက်တာနဲ့ ဝက်ခြံက ထွက်လာတော့တာပဲ ဆိုတဲ့သူရယ် ပါ ။ ဝက်ခြံက အဖြစ်အများဆုံး အရေပြား ပြဿနာ တစ်ခုဖြစ်ပြီး အသက်အရွယ်မရွေး အချိန်ရာသီမရွေး ခန္ဓာကိုယ်ရဲ့နေရာအနှံ့မှာ ဖြစ်နိုင်ပါတယ် ။


အိပ်ရေးပျက်တဲ့အခါ ဝက်ခြံ ပိုထွက်လာတာကို ကြုံဖူးမှာပေါ့ ။ ဒါက တိုက်ဆိုင်မှု သက်သက် မဟုတ်ပါဘူး ။ အိပ်ရေးပျက်တာကြောင့် ထွက်လာတဲ့ ဝက်ခြံတွေပါ ။ အိပ်ရေးပျက်ရင် ဝက်ခြံထွက်မှာလား …. ဘာကြောင့် ထွက်ရတာလဲဆိုတာကို ဆောင်းပါးလေးထဲ ဖတ်ကြည့်လိုက်နော် ။


💮 ဝက်ခြံ ပေါက်လာခြင်း ဖြစ်စဉ်


အရေပြားပေါ်မှာ ချွေးပေါက်လေးတွေရှိနေပြီး ဒီချွေးပေါက်လေးတွေမှာ အဆီ ၊ ဘက်တီးရီးယား နဲ့ အရေပြားပေါ်က ဆဲလ်သေတွေ ၊ ပတ်ဝန်းကျင်က ညစ်ညမ်းတဲ့အရာတွေ ၊ ဖုန်မှုန့်တွေ ပိတ်ဆို့သွားတဲ့အခါ ဝက်ခြံလေးတွေဖြစ်လာကြတာပါ ။


ဒါကိုမှ ညှစ်မယ် ၊ ကုတ်မယ် ၊ ဖဲ့မယ်ဆိုရင် အမာရွတ်တွေ ကျန်တာ ၊ ဝက်ခြံတွေ ပိုးဝင်တာမျိုးတွေ ဖြစ်နိုင်ပါတယ် ။


💮 အိပ်ရေးပျက်ရင် ဝက်ခြံထွက်မှာလား


အိပ်ရေးပျက်ရင် ဝက်ခြံထွက်မှာလား ….. ဆိုတော့ ထွက်မှာပါ ။ ဘာကြောင့် ဒီလို ပြောရတာလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော် ။


အိပ်ရေးပျက်တာက စိတ်ဖိစီးတဲ့အခါ ခန္ဓာကိုယ်မှာ ထွက်လာတဲ့ ကော်တီစော ဟော်မုန်းပမာဏကို တိုးစေနိုင်ပါတယ် ။ ဒီလို ကော်တီစော ပမာဏတိုးလာတာက အရေပြားမှာ အဆီတွေကို ဖြစ်စေပြီး အရေပြားပေါ်က ချွေးပေါက်လေးတွေ ရောင်ရမ်းလာပါတယ် ။ ဒီလိုကနေ အရေပြားကို ပိုးဝင်ကူးစက်ပါတော့တယ် ။


ဒီလို ပိုးဝင်ကူးစက်တာက ပြည်ဖုလေးတွေ ဖြစ်စေပြီး ဝက်ခြံ ဖြစ်လာတာပါ ။ ဝက်ခြံကို ဖြစ်စေတဲ့ အခြား အကြောင်းအရင်းတွေလည်း ရှိပေမယ့် ဝက်ခြံဖြစ်စေတဲ့ အဓိက အကြောင်းအရင်းတွေထဲက တစ်ခုက အိပ်ရေးပျက်တာပါ ။


💮 အိပ်ရေးပျက်ရင် ဘာကြောင့်ဝက်ခြံထွက်ရတာလဲဆိုတော့


🔆 ကော်တီစော ဟော်မုန်းများတာ


ခန္ဓာကိုယ်ထဲမှာ ကော်တီစော ဟော်မုန်း များတာက ကိုယ်ခံအားကို ထိခိုက်စေနိုင်သလို ခန္ဓာကိုယ်မှာ ရောင်ရမ်းတာတွေကို ဖြစ်စေပါတယ် ။ ဒီလိုကနေ အရေပြားရောင်ရမ်း ပိုးဝင်ပြီး ဝက်ခြံတွေ ဖြစ်လာတာပါ ။


အိပ်ရေးပျက်တာက ခန္ဓာကိုယ် တစ်ခုလုံးကို ထိခိုက်စေတာ မှန်ပေမယ့် အထိခိုက်ဆုံး အပိုင်းက အသားအရေပါ ။ အိပ်ရေးပျက်ပါ များလာတဲ့အခါ အရေပြားက နီမြန်းတာ ၊ အဆီပြန်တာ ၊ ရောင်ရမ်းတာတွေ ဖြစ်လာနိုင်ပါတယ် ။ ရင်ဘတ်တွေ ကျောကုန်းတွေမှာရောပေါ့ ။ အိပ်စက်မှုက အရေပြားအတွက် အတော်လေး အရေးပါပါတယ် ။ ဒီလို ပြောရတာက အိပ်စက်ချိန်မှာ ကိုယ်တွင်းက ကော်တီစော ဟော်မုန်းပမာဏ ကျဆင်းပြီး ခန္ဓာကိုယ်ရော အရေပြားပါ အနားရတာပါ ။ ဒီလို အနားရမှ အနာကျက်တာ ၊ ဆဲလ်အသစ်ဖြစ်တာတွေကို ဖြစ်ပေါ်စေတာပါ ။


ကော်တီစော ဟော်မုန်းက အရေပြားပေါ်က အဆီဂလင်းတွေကို အဆီထုတ်လုပ်မှု များစေပြီး အရေပြားအဆီပြန်တာကြောင့် ချွေးပေါက်တွေ ပိတ်တာကနေတစ်ဆင့် ဝက်ခြံတွေ ဖြစ်လာစေတာပါ ။


🔆 စိတ်ဖိစီးတာ ၊ စိုးရိမ်စိတ် များတာ


အိပ်ရေးပျက်တာက ကိုယ်တွင်းဟော်မုန်းတွေကို ဟန်ချက်ပျက်စေရုံတင် မဟုတ်ပါဘူး ။ ဦးနှောက်ထဲက chemicals တွေကိုလည်း ကမောက်ကမ ဖြစ်စေပါတယ် ။ အိပ်ရေးပျက်တဲ့အခါ စိတ်ဖိစီးတာ ၊ စိုးရိမ်စိတ် များတာတွေ ဖြစ်လာပြီး ခန္ဓာကိုယ်မှာ ရောင်ရမ်းမှုတွေ ဖြစ်လာတာကြောင့် အရေပြားပေါ်က ပြင်ပက အရာတွေကို ကာကွယ်ပေးတဲ့ အရေပြားပေါ်က အရံအတား စနစ်ကို ပျက်စီးစေပြီး ချွေးပေါက်တွေထဲကို ပြင်ပက အညစ်အကြေးတွေ ၊ ဘက်တီးရီးယားတွေ ဝင်ရောက်တာကြောင့် ဝက်ခြံတွေ ဖြစ်လာတာပါ ။


🔆 ကိုယ်ခံအား နည်းတာ


ကိုယ်ခံအား စနစ်က ကိုယ်တွင်းကို ရောဂါတွေ မဝင်လာနိုင်အောင် တားဆီးပေးသလို အရေပြားကိုလည်း ထိခိုက်စေနိုင်တဲ့ ဘက်တီးရီးယားတွေ နဲ့ ပိုးမွှားတွေ အန္တရာယ်ကနေ တားဆီးပေးပါတယ် ။


အိပ်ရေးပျက်တာကကြောင့် ကိုယ်ခံအားနည်းသွားတဲ့အခါ ပိုးမွှားတွေကို ကာကွယ်နိုင်စွမ်း ကျသွားတာကြောင့် အရေပြားပေါ်က မွေးညှင်းပေါက်လေးတွေထဲမှာ ဖုန်မှုန့်တွေ ၊ ဘက်တီးရီးယားတွေ ဝင်ရောက်ပိတ်ဆို့ပြီး ဝက်ခြံတွေ ဖြစ်လာရတာပါ ။ အရေပြားကို ပိုးဝင်ကူးစက်တာတွေကိုလည်း ကာကွယ်နိုင်စွမ်း ကျသွားပါတယ် ။


🔆 ကျန်းမာရေးနဲ့မညီညွတ်တာတွေကို စားမိတာ


အိပ်ရေးပျက်တဲ့အခါ ကျန်းမာရေး နဲ့ မညီညွတ်တဲ့ အသင့်စား ၊ အမြန်စား အစားအစာတွေကို စားတာ ၊ အချိုကဲတာတွေကို စားမိတာတွေကြောင့် အရေပြားမှာ အဆီတွေပြန်ပြီး ဝက်ခြံ ဖြစ်လာတာပါ ။


💮💮 အကြံပြုချင်တာကတော့ ဝက်ခြံဖြစ်တတ်သူတွေအတွက်


“ အိပ်ရေးဝဝ အိပ်ခြင်းက ကိုယ်ခံအားကောင်းစေပြီး ရောဂါတွေ ကင်းစေဖို့ ထောက်ကူပေးသလို ဝက်ခြံတွေ မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ် ။ ”

Comments

Popular posts from this blog

Otomycosis ( နားမှိုစွဲခြင်းရောဂါ )

 Otomycosis ( နားမှိုစွဲခြင်းရောဂါ )      🙋  အားလုံးပဲ   မင်္ဂလာပါ 🙋 VAA ရဲ့စာဖတ်ပရိတ်သတ်တွေအတွက်အခုတစ်ခါမှာတော့ ပရိတ်သတ်တွေရဲ့တောင်းဆိုချက်အရ နားမှိုစွဲခြင်းရောဂါ နဲ့ပတ်သက်ပြီး ဖော်ပြပေးမှာဖြစ်ပါတယ် ။  နားမှိုစွဲခြင်းရောဂါ နဲ့ပတ်သက်ပြီး ဖြစ်ရတဲ့အကြောင်းရင်းတွေ ၊ လက္ခဏာတွေ ၊ ဘယ်လိုဆေးဝါးတွေကို အသုံးပြုနိုင်မလဲ ၊ ဆောင်ရန် ၊ ရှောင်ရန် ၊နောက်ဆက်တွဲ ပြဿနာတွေ နှင့် ကာကွယ်နည်းများကို ပြည့်ပြည့်စုံစုံ တင်ဆက်ပေးလိုက်ပါတယ် ။ နားမှိုစွဲရောဂါ ကို ဆေးပညာအရ Otomycosis လို့ ခေါ်ပါတယ်။ မြန်မာနိုင်ငံလိုမျိုး ပူနွေးစိုစွတ်တဲ့ နိုင်ငံတွေမှာ အတွေ့ရများပါတယ်။ နွေရာသီလို ပူပြင်းတဲ့အချိန်မှာ ပိုဖြစ်တတ်ပါတယ်။ နားမှိုစွဲရောဂါက များသောအားဖြင့် နားအပြင်ပိုင်းမှာ ဖြစ်တာ များပါတယ်။ နားအလယ်ပိုင်းမှာ ဖြစ်တာလည်း ရှိပါတယ်။ တစ်ဖက်တည်း ဖြစ်တာများပါတယ်။ 🔴 နားမှိုစွဲရောဂါ ဖြစ်ရတဲ့ အကြောင်းရင်း နားမှိုစွဲရောဂါက နာမည်အတိုင်းပဲ မှိုပိုးကြောင့် ဖြစ်တာပါ ။ မှိုပိုးတွေ အများကြီးရှိတဲ့အထဲကမှ နားမှိုစွဲစေတဲ့ ပိုးတွေကတော့ Candida နဲ့ Aspergillus လို့ခေါ်တဲ့ မှို နှစ်မျိုးပဲ ဖြစ်ပါတယ် ။ အဲ...

Circulation of Blood

 Circulation Of Blood           မင်္ဂလာပါ VAA Facebook  Page  မှ ပရိတ်သတ်ကြီးများခင်ဗျာ   အခု​ဖော်ပြပေးမယ့် အကြောင်းအရာလေးကတော့ ခန္ဓာကိုယ်အတွင်းမှာလှည့်ပတ်နေတဲ့ သွေးအကြောင်းပဲဖြစ်ပါတယ် ။ သွေးထဲမှာဆိုရင် သွေးရည်ကြည်၊သွေးနီဥ ၊ သွေးဖြူဥ ၊ သွေးဥမွှားတွေပါရှိပြီး သူတို့လေးတွေကရော ဘာလုပ်ငန်းတွေလုပ်ဆောင်တာလဲ?  ဒါ့အပြင် နှလုံးရဲ့ လုပ်ငန်းဆောင်တာတွေ ၊ သွေးလွှတ်ကြော ၊ သွေးပြန်ကြောတွေကရော ဘာတွေလဲ? စသဖြင့် ဗဟုသုတ ရစေရန် ရည်ရွယ်၍ တင်ဆက်ပေးလိုက်ပါသည်။  ခန္ဓာကိုယ်တွင်း သွေးလှည့်ပတ်သွားလာခြင်း  ( Circulation of Blood )  ခန္ဓာကိုယ် သွေးလှည့်ပတ်ခြင်းစနစ်တွင်        (၁) သွေး       (၂) နှလုံး နှင့်       (၃) သွေးကြောများ စသည်တို့ ပါဝင်ပါသည် ။ (၁)   သွေးအကြောင်း          သွေးသည် သွေးကြောများ အတွင်းတွင် အရည်အဖြစ် လှည့်ပတ်လျက်ရှိသည် ။ ခန္ဓာကိုယ် အသက်ရှင်ရန်အတွက် အရေးကြီးသည် ။ သွေးသည် အသက် ဖြစ်သည် ။ မည်သည့်နေရာမှမဆို သွေးယိုထွက်ခြင်း လွန်ကဲပါက အသက်ဆုံးရှုံးန...

ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်ဖြစ်တတ်သူတိုင်း သတိထားသင့်တဲ့ အချက်များ

  နှစ်တစ်နှစ်တာရဲ့ အချိန်တစ်ခုကို ရောက်လာပြီဆိုရင် နှာချေတာ ၊ ချောင်းဆိုးတာ ၊ နှာရည်ယိုတာတွေကို ခံစားရပြီဆိုရင် သေချာတာက ရာသီအကူးအပြောင်းကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှုကို ခံစားနေရတာပါ ။ ရာသီဥတုကြောင့် ဓာတ်မတည့်မှု ခံစားရသူတွေဟာ ဆောင်းဦးကာလ နွေဦးကာလတွေကို ရောက်လာပြီဆိုရင် လေထုထဲမှာ ဝတ်မှုန်တွေ မှိုတွေ များလာတာကြောင့် ဓာတ်မတည့်မှုကို ခံစားရပါတယ် ။ ဒီလိုမျိုး ရာသီအပြောင်းအလဲမှာ ဖြစ်တတ်တဲ့ ဓာတ်မတည့်မှု ခံစားရနိုင်ခြေကို မခံစားချင်ဘူးဆိုတဲ့ သူလေးတွေ ရှိပါသလား ။  ဒါဆိုရင်တော့ ဒီဆောင်းပါးလေးထဲမှာ ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်ဖြစ်တတ်သူတိုင်း သတိထားသင့်တဲ့ အချက်တွေ ပြောပြပေးမှာမို့ အတူတူ ဖတ်ကြည့်လိုက်ရအောင်နော် ။ 🔴 ရာသီဥတုကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှု ဆိုတာ - ရာသီအကူးအပြောင်း ဖြစ်ချိန်မှာ သစ်ပင်တွေကနေ ကျတဲ့ ဝတ်မှုန်တွေ ၊ မြက်တွေကနေ ထွက်တဲ့ ဝတ်မှုန်တွေကြောင့် ဓာတ်မတည့်မှုကို ခံစားရနိုင်ပါတယ် ။ ဒါကြောင့် ပန်းတွေ ပွင့်တတ်တဲ့ နွေဦး နဲ့ ဆောင်းဦးကာလတွေမှာ ရာသီဥတုကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှုတွေကို ခံစားရနိုင်ပါတယ် ။ 🔴 ဘယ်အချက်တွေက ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်တာကို ဖြစ်စေနိုင်တာလဲ ရာသီအပြောင်းအလဲမှ...