Skip to main content

အယ်လ်ကိုဟောနဲ့ နှလုံးရောဂါ

 🥃 အယ်လ်ကိုဟောနဲ့ နှလုံးရောဂါ


🥃


🥃🥃 (  တန်ဆေး နဲ့ လွန်ဘေး  )🥃🥃


အရက်သောက်သုံးတာဟာ ကျန်းမာရေးနဲ့ မညီညွတ်ဘူးလို့ ခြုံငုံပြောတတ်ကြတယ် ။ ဒါပေမယ့် မသောက်ဘူးလားဆိုရင် လူအများစုကတော့ မှီဝဲတတ်ကြတာပါပဲ ။ တန်ဆေး လွန်ဘေး ဆိုသလိုပဲ အယ်လ်ကိုဟော ဟာ ခန္ဓာကိုယ်ကို အကျိုးပြုတာတွေရော ဆိုးကျိုးဖြစ်စေတာတွေရော ၂ မျိုးစလုံးပေးစွမ်းနိုင်တာတော့ အမှန်ပါ ။ အထူးသဖြင့် နှလုံးကိုပေါ့ ။


သုတေသနပြုချက်တချို့ရဲ့ အဆိုအရဆိုရင် အယ်လ်ကိုဟောကို နည်းမှန်လမ်းမှန် မှီဝဲရင် ဆိုးကျိုးမဖြစ်စေဘဲ ကောင်းကျိုးတောင် ဖြစ်စေနိုင်ပါတယ်တဲ့ ။ တန်ရုံသင့်ရုံ မှီဝဲမယ်ဆိုရင်ပေါ့ ။ ဒါပေမယ့် လွန်ရင်တော့ ဘေးဖြစ်မယ်ဆိုတာကိုလဲ မမေ့နဲ့နော် ။


💠 နှလုံးကျန်းမာရေးကို အထောက်အကူဖြစ်စေမယ့် အယ်လ်ကိုဟော မှီဝဲနည်းဆိုတာ


အရက်သေစာဆိုတာက များလေ ကျန်းမာရေးကို ထိခိုက်လေ ဆိုတဲ့ အရာမျိုးပါ ။ ဒါပေမယ့် ထုတ်ကုန်အမည်တွေက သဘာဝပစ္စည်းတွေ နဲ့ ထုတ်လုပ်ထားတာမို့ အာဟာရဓာတ်တွေနဲ့ ကျန်းမာရေးကို အထောက်အကူဖြစ်စေမယ့် အရာတွေပါဝင်နေတာကိုလည်း ငြင်းဆိုလို့မရပြန်ပါဘူး ။


ဒါကြောင့် အယ်လ်ကိုဟော ကို မှန်ကန်စွာ မှီဝဲရင် ကျန်းမာစေတယ်လို့ တချို့က ဆိုကြတာပါ ။ နှလုံးကျန်းမာရေးကို အထောက်အကူ ဖြစ်စေဖို့ မှီဝဲမယ်ဆိုရင်တော့ နည်းနာတွေရှိပါတယ် ။


အယ်လ်ကိုဟော ကို နေ့တိုင်းလည်း မှီဝဲလို့မရပါဘူး ။ တစ်ပတ်မှာ ၄ ရက်ထက်မပိုဖို့ လိုအပ်ပါတယ် ။ တန်ရုံသင့်ရုံဆိုတာ ဘယ်လိုပမာဏမျိုးတုန်း ။ ဘီယာ ၁၂ အောင်စ ( သံဘူးတစ်ဘူးစာ ) ၊ ဝိုင် ၅ အောင်စ ( ပုံမှန်ဝိုင်ခွက် တစ်ဝက် ) ၊ အရက် ၁.၅ အောင်စ ( ဝ.၀၄၅ လီတာ ) ထက် မပိုတဲ့ ပမာဏမျိုးကို ကျန်းမာရေးကို မထိခိုက်စေနိုင်တဲ့ ပမာဏလို့ သတ်မှတ်ပါတယ် ။


💠 ဒီလို မှန်ကန်တဲ့နည်းလမ်း နဲ့ မှီဝဲမယ်ဆိုရင်


HDL လို့ခေါ်တဲ့ လူကိုအကျိုးပြုတဲ့ ကိုလက်စထရော အမျိုးအစားကို ပိုထုတ်လွှတ်နိုင်အောင် ကူညီပေးတယ် ။

သွေးမခဲအောင် ကူညီပေးတာမို့ Heart Attack မဖြစ်အောင် တားဆီးပေးနိုင်မယ် ။

လူကို အကျိုးမပြုတဲ့ LDL ကိုလက်စထရောတွေကြောင့် နှလုံးထိခိုက်မှာကို ကာကွယ်ပေးနိုင်မယ် ။


ဒီအချက်တွေအပြင် ကိုယ်တိုင်ကလည်း ကျန်းမာရေး ကောင်းမွန်ဖို့ ရည်ရွယ်ပြီး အာဟာရပြည့်ဝစွာ မှီဝဲစားသောက်တာ ၊ ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်တာတွေကိုပါ တွဲဖက်ပြုလုပ်ပေးမယ်ဆိုရင် သင့်နှလုံးကို ပိုပြီးကျန်းမာစေမှာသေချာပါတယ် ။


💠 လွန်တဲ့အခါ ဘေးဖြစ်မယ်ဆိုတာကို သတိထား


နည်းမှန်လမ်းမှန် မှီဝဲထားတဲ့ အယ်ကိုဟော ကလည်း သင့်နှလုံးကို ထိခိုက်စေမှာ မဟုတ်သလို တစ်ဖက်တစ်လမ်းကတောင် ကူညီနိုင်ဦးမှာပါ ။


ဒါပေမယ့်လည်း ကိုယ်တိုင်က ကျန်းမာရေးကိုလည်း ဂရုမစိုက် ၊ အရက်သေစာကိုလည်း နည်းမှန်လမ်းမှန် မမှီဝဲဘူးဆိုရင် သင့်နှလုံးကို ထိခိုက်ပျက်စီးစေမှာ ဖြစ်ပါတယ် ။ ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှုလို့ ဆိုရပါမယ် ။


အရက်ကို သင့်လျော်ရုံ ပမာဏထက်ပိုပြီး များပြားစွာ မှီဝဲမိမယ်ဆိုရင် နှလုံးကြွက်သားတွေကို ထိခိုက်စေမှာဖြစ်သလို သွေးဖိအားကိုလည်း ပိုပြီးမြင့်တက်စေတာမို့ အချိန်ကြာမြင့်လာတာနဲ့အမျှ နှလုံးရောဂါဖြစ်နိုင်ခြေ ပိုမိုမြင့်မားလာမှာ ဖြစ်ပါတယ် ။


ဥပမာပြောရရင် ၂ နာရီအတွင်း အရက် ၄ ခွက် နဲ့ အထက် မှီဝဲမိမယ်ဆိုရင် နှလုံးစည်းချက်မမှန်ရောဂါ (Arrhythmias) ဖြစ်နိုင်ခြေ အရမ်းမြင့်မားသွားမှာပါ ။ တစ်ပတ်လုံးတော့ မသောက်ဘူး ။ သောက်ဖြစ်တဲ့နေ့ကျမှ စုသောက်ပစ်မယ်ဆိုတဲ့ နည်းလမ်းမျိုးကလည်း နည်းမှန်လမ်းမှန် မဟုတ်ဘူးလို့ ဆိုချင်တာပါ ။


အရက်ကို လိုအပ်တာထက် ပိုမှီဝဲရင် နှလုံးကို ထိခိုက်စေနိုင်တဲ့ အချက် ၄ ချက် ရှိပါတယ် ။ 


ဒါတွေကတော့ -


🏵 အရက်သေစာ စုဝေးသောက်စားခြင်းဟာ တစ်ယောက်နဲ့တစ်ယောက် နှလုံးရောဂါဖြစ်နိုင်ခြေကို ပိုမြင့်တက်စေတယ် ၊


🏵 အယ်လ်ကိုဟော မြင့်တဲ့အရက်တွေထက် ဝိုင်က ကျန်းမာရေးနဲ့ပိုညီညွတ်တယ် ၊ ဒါပေမယ့် အရက်ကို ရှောင်ကျဉ်တာက အကောင်းဆုံးနည်းလမ်းပါ ၊


🏵 အရက်ရဲ့ထိခိုက်နိုင်ခြေက အသက်အရွယ်အလိုက် ကွာခြားတယ် ၊ အသက်ကြီးလေ ပိုခံရလေပါတဲ့ ၊


🏵 နေ့စဉ်ရက်ဆက် မသောက်ပေမယ့် တစ်ခါတစ်လေ သောက်ချိန်မှာ အလွန်အကျွံ မှီဝဲသောက်စားတာကလည်း နှလုံးခုန်နှုန်း မူမမှန်တဲ့ ပြဿနာဖြစ်အောင် လုပ်နိုင်ပါတယ်တဲ့ ။


ဒါကြောင့် အရက်သေစာ မှီဝဲခြင်းကို တတ်နိုင်သမျှ ရှောင်ရှားတာက အကောင်းဆုံး နည်းလမ်း ဖြစ်ပြီးတော့ ကြိုက်လို့ နှစ်သက်လို့ မှီဝဲမယ်ဆိုရင်လည်း နည်းမှန်လမ်းမှန် နဲ့ စနစ်တကျ မှီဝဲဖို့ တိုက်တွန်းပါရစေ ။ အကောင်းဆုံးကတော့ ရှောင်ကျဉ်တာပါပဲ ။

Comments

Popular posts from this blog

Otomycosis ( နားမှိုစွဲခြင်းရောဂါ )

 Otomycosis ( နားမှိုစွဲခြင်းရောဂါ )      🙋  အားလုံးပဲ   မင်္ဂလာပါ 🙋 VAA ရဲ့စာဖတ်ပရိတ်သတ်တွေအတွက်အခုတစ်ခါမှာတော့ ပရိတ်သတ်တွေရဲ့တောင်းဆိုချက်အရ နားမှိုစွဲခြင်းရောဂါ နဲ့ပတ်သက်ပြီး ဖော်ပြပေးမှာဖြစ်ပါတယ် ။  နားမှိုစွဲခြင်းရောဂါ နဲ့ပတ်သက်ပြီး ဖြစ်ရတဲ့အကြောင်းရင်းတွေ ၊ လက္ခဏာတွေ ၊ ဘယ်လိုဆေးဝါးတွေကို အသုံးပြုနိုင်မလဲ ၊ ဆောင်ရန် ၊ ရှောင်ရန် ၊နောက်ဆက်တွဲ ပြဿနာတွေ နှင့် ကာကွယ်နည်းများကို ပြည့်ပြည့်စုံစုံ တင်ဆက်ပေးလိုက်ပါတယ် ။ နားမှိုစွဲရောဂါ ကို ဆေးပညာအရ Otomycosis လို့ ခေါ်ပါတယ်။ မြန်မာနိုင်ငံလိုမျိုး ပူနွေးစိုစွတ်တဲ့ နိုင်ငံတွေမှာ အတွေ့ရများပါတယ်။ နွေရာသီလို ပူပြင်းတဲ့အချိန်မှာ ပိုဖြစ်တတ်ပါတယ်။ နားမှိုစွဲရောဂါက များသောအားဖြင့် နားအပြင်ပိုင်းမှာ ဖြစ်တာ များပါတယ်။ နားအလယ်ပိုင်းမှာ ဖြစ်တာလည်း ရှိပါတယ်။ တစ်ဖက်တည်း ဖြစ်တာများပါတယ်။ 🔴 နားမှိုစွဲရောဂါ ဖြစ်ရတဲ့ အကြောင်းရင်း နားမှိုစွဲရောဂါက နာမည်အတိုင်းပဲ မှိုပိုးကြောင့် ဖြစ်တာပါ ။ မှိုပိုးတွေ အများကြီးရှိတဲ့အထဲကမှ နားမှိုစွဲစေတဲ့ ပိုးတွေကတော့ Candida နဲ့ Aspergillus လို့ခေါ်တဲ့ မှို နှစ်မျိုးပဲ ဖြစ်ပါတယ် ။ အဲ...

Circulation of Blood

 Circulation Of Blood           မင်္ဂလာပါ VAA Facebook  Page  မှ ပရိတ်သတ်ကြီးများခင်ဗျာ   အခု​ဖော်ပြပေးမယ့် အကြောင်းအရာလေးကတော့ ခန္ဓာကိုယ်အတွင်းမှာလှည့်ပတ်နေတဲ့ သွေးအကြောင်းပဲဖြစ်ပါတယ် ။ သွေးထဲမှာဆိုရင် သွေးရည်ကြည်၊သွေးနီဥ ၊ သွေးဖြူဥ ၊ သွေးဥမွှားတွေပါရှိပြီး သူတို့လေးတွေကရော ဘာလုပ်ငန်းတွေလုပ်ဆောင်တာလဲ?  ဒါ့အပြင် နှလုံးရဲ့ လုပ်ငန်းဆောင်တာတွေ ၊ သွေးလွှတ်ကြော ၊ သွေးပြန်ကြောတွေကရော ဘာတွေလဲ? စသဖြင့် ဗဟုသုတ ရစေရန် ရည်ရွယ်၍ တင်ဆက်ပေးလိုက်ပါသည်။  ခန္ဓာကိုယ်တွင်း သွေးလှည့်ပတ်သွားလာခြင်း  ( Circulation of Blood )  ခန္ဓာကိုယ် သွေးလှည့်ပတ်ခြင်းစနစ်တွင်        (၁) သွေး       (၂) နှလုံး နှင့်       (၃) သွေးကြောများ စသည်တို့ ပါဝင်ပါသည် ။ (၁)   သွေးအကြောင်း          သွေးသည် သွေးကြောများ အတွင်းတွင် အရည်အဖြစ် လှည့်ပတ်လျက်ရှိသည် ။ ခန္ဓာကိုယ် အသက်ရှင်ရန်အတွက် အရေးကြီးသည် ။ သွေးသည် အသက် ဖြစ်သည် ။ မည်သည့်နေရာမှမဆို သွေးယိုထွက်ခြင်း လွန်ကဲပါက အသက်ဆုံးရှုံးန...

ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်ဖြစ်တတ်သူတိုင်း သတိထားသင့်တဲ့ အချက်များ

  နှစ်တစ်နှစ်တာရဲ့ အချိန်တစ်ခုကို ရောက်လာပြီဆိုရင် နှာချေတာ ၊ ချောင်းဆိုးတာ ၊ နှာရည်ယိုတာတွေကို ခံစားရပြီဆိုရင် သေချာတာက ရာသီအကူးအပြောင်းကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှုကို ခံစားနေရတာပါ ။ ရာသီဥတုကြောင့် ဓာတ်မတည့်မှု ခံစားရသူတွေဟာ ဆောင်းဦးကာလ နွေဦးကာလတွေကို ရောက်လာပြီဆိုရင် လေထုထဲမှာ ဝတ်မှုန်တွေ မှိုတွေ များလာတာကြောင့် ဓာတ်မတည့်မှုကို ခံစားရပါတယ် ။ ဒီလိုမျိုး ရာသီအပြောင်းအလဲမှာ ဖြစ်တတ်တဲ့ ဓာတ်မတည့်မှု ခံစားရနိုင်ခြေကို မခံစားချင်ဘူးဆိုတဲ့ သူလေးတွေ ရှိပါသလား ။  ဒါဆိုရင်တော့ ဒီဆောင်းပါးလေးထဲမှာ ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်ဖြစ်တတ်သူတိုင်း သတိထားသင့်တဲ့ အချက်တွေ ပြောပြပေးမှာမို့ အတူတူ ဖတ်ကြည့်လိုက်ရအောင်နော် ။ 🔴 ရာသီဥတုကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှု ဆိုတာ - ရာသီအကူးအပြောင်း ဖြစ်ချိန်မှာ သစ်ပင်တွေကနေ ကျတဲ့ ဝတ်မှုန်တွေ ၊ မြက်တွေကနေ ထွက်တဲ့ ဝတ်မှုန်တွေကြောင့် ဓာတ်မတည့်မှုကို ခံစားရနိုင်ပါတယ် ။ ဒါကြောင့် ပန်းတွေ ပွင့်တတ်တဲ့ နွေဦး နဲ့ ဆောင်းဦးကာလတွေမှာ ရာသီဥတုကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှုတွေကို ခံစားရနိုင်ပါတယ် ။ 🔴 ဘယ်အချက်တွေက ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်တာကို ဖြစ်စေနိုင်တာလဲ ရာသီအပြောင်းအလဲမှ...