Skip to main content

ကြိတ်မှန်ရွက်

 🌿🌿🌿 ကြိတ်မှန်ရွက် 🌿🌿🌿





အမာရွတ် သက်သာစေဖို့ ၊ ဆံပင်သန်စေဖို့ ၊ မျက်ခုံးမွေးနက်အောင်ဆိုပြီး အသုံးပြုကြတဲ့ ကြိတ်မှန်ရွက်က ထွေထွေထူးထူး ပြောစရာမလိုအောင် သိထားပြီး ဖြစ်ပေမယ့် ဒီနည်းလမ်းတွေအပြင် အခြား ဘယ်လို အသုံးဝင်လဲဆိုတာကို ပြောပြပေးချင်ပါတယ် ။ ကြိတ်မှန်ရွက် ဘယ်လိုများ ဆေးဖက်ဝင်လဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော် ။


🌿 ကြိတ်မှန်ရွက် ဆိုတာ -

ကြိတ်မှန်ရွက်လို့ ဆိုပေမယ့် တကယ်ကတော့ ကြိတ်မှန်ပင် တစ်ပင်လုံး ပဉ္စ ငါးပါးစလုံးက ဆေးဖက်ဝင်တာပါ ။ ကြိတ်မှန်ပင်ကို ဆေးဖက်ဝင် တိုင်းရင်းဆေးဝါးအနေနဲ့ အာရှဒေသမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း များစွာကတည်းက အသုံးပြုခဲ့ကြပါတယ် ။ အထူးသဖြင့် ဆံသားနဲ့ အရေပြားအတွက် အသုံးပြုကြတာပါ ။ အသည်းကျန်းမာစေဖို့ အသုံးပြုကြတာတွေလည်း ရှိပါတယ် ။ နေကြာမျိုးရင်းပင် တစ်မျိုးဖြစ်ပြီး False Daisy လို့လည်း သိကြပါတယ် ။ သိပ္ပံ နာမည်က Eclipta prostrata ပါ ။


တော်တော်များများကတော့ ကြိတ်မှန်ရွက်ဟာ အိန္ဒိယတိုက် မျိုးရင်းပင်လို့ ယုံကြည်ကြပါတယ် ။ အပူပိုင်းနိုင်ငံတွေမှာ ပေါက်ရောက်ပါတယ် ။ ဘရာဇီး ၊ ထိုင်း ၊ တရုတ်နိုင်ငံတွေမှာ ပေါက်ရောက်ကြသလို မြန်မာနိုင်ငံမှာလည်း အလေ့ကျသဘော နဲ့ ပေါက်ရောက်ပါတယ် ။ နေကြာပန်းလို ပန်းသေးသေးလေး ပွင့်တတ်ပြီး အရောင်ကတော့ နေရာဒေသကို လိုက်လို့ အနီ ၊ အပြာ ၊ အဝါ ၊ နို့နှစ်ရောင်ဆိုပြီး အမျိုးမျိုး ကွဲပြားပါတယ် ။ အရွက်လေးတွေက စိမ်းပြီး ရှည်မြောမြောလေးတွေပါ ။ ရွက်ဆိုင်လေးတွေ ပေါက်တာပါ ။ ရိုးတံက နီနီလေးနဲ့ ကျစ်ကျစ်လေးပါ ။


💠 အသုံးပြုပုံများ


ကြိတ်မှန်ရွက်ကို ဘယ်လို အသုံးပြုကြသလဲ ။ ဘာတွေအတွက် အသုံးပြုကြသလဲဆိုတာကို ဆက်ကြည့်လိုက်ရအောင်နော် ။


▶ အသည်း ကျန်းမာစေတယ်


ကြိတ်မှန်ရွက်ကို အသည်းရောင်တာအတွက် အသုံးပြုကြပါတယ် ။ အသည်းကျန်းမာစေပြီး အသည်းရဲ့ လုပ်ငန်းဆောင်တာကို ကောင်းမွန်စေပါတယ် ။ အသည်းရောင်တာက နောက်ပိုင်းမှာ အသားတွေပါ ဝါလာစေပါတယ် ။ ကြိန်မှန်ရွက်ကတော့ အသည်းကို ကျန်းမာစေဖို့ ထောက်ကူပေးနိုင်တယ်လို့ လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာကတည်းက ယုံကြည်ခဲ့ကြတာပါ ။


▶ အစာအိမ် ကျန်းမာစေတယ်


ကြိတ်မှန်ရွက်ရဲ့ ကျန်းမာရေး အာနိသင် တစ်ရပ်က အစာခြေစနစ် နဲ့ အစာအိမ်ကို ကျန်းမာစေတာပါ ။ အစာမကြေတာ ၊ ဝမ်းချုပ်တာတွေကို သက်သာစေဖို့ အသုံးပြုပေးလို့ ရပါတယ် ။ ကြိတ်မှန်ရွက်မှာ အစာခြေစနစ်ကို ကျန်းမာစေတဲ့ အော်ဂဲနစ်ဒြပ်ပေါင်းများစွာ ပါဝင်နေပါတယ် ။


▶ ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်တယ်


ကြိတ်မှန်ရွက် သတ္တုရည်က ကင်ဆာကုသမှုအတွက် အထောက်အကူပြုနိုင်ပါတယ် ။ ကြိတ်မှန်ရွက်က ကင်ဆာဆဲလ်တွေ ပွားတာကို လျှော့ချပေးနိုင်ပြီး ကင်ဆာဆဲလ်တွေ ဖြစ်ပေါ်တာကို ဟန့်တားပေးပါတယ် ။ ဆဲလ်တွေ ကွဲပွားတာ သန္ဓေပြောင်းတာတွေ မဖြစ်အောင် တားဆီးပေးပါတယ် ။


▶ အူမကြီးရောင်တာကို သက်သာစေနိုင်တယ်


ကြိတ်မှန်ရွက်ကို လိပ်ခေါင်းရောဂါ သက်သာစေဖို့ အသုံးပြုပေးလို့ ရပါတယ် ။ အရောင်ကျစေနိုင်သလို အကိုက်အခဲ သက်သာစေနိုင်ပါတယ် ။ လိပ်ခေါင်းကြောင့် နာကျင်ရောင်ရမ်းတာကို သက်သာစေဖို့ အသုံးပြုပေးလို့ ရပါတယ် ။


▶ ဆံသားကျန်းမာစေတယ်


ဆံပင်ပါးတာ ၊ ဦးရေပြား ဗောက်ထတာ ၊ ဆံပင်ကျွတ်တာတွေကို သက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ် ။ ဦးရေပြားကို အစိုဓာတ် ထိန်းပေးပြီး ဦးရေပြားခြောက်သွေ့မှု ကင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ် ။ ဆံပင်အသစ်ပေါက်စေဖို့လည်း ထောက်ကူပေးနိုင်ပါတယ် ။ ဆံပင်ကို အရင်းကနေ အဖျားအထိ အားဖြည့်ပေးပါတယ် ။


▶ ဆီးလမ်းကြောင်း ပိုးဝင်တာကို သက်သာစေတယ်


ကြိတ်မှန်ရွက်မှာ ဘက်တီးရီးယားတွေ နဲ့ ပိုးမွှားတွေကို ဖယ်ရှားပေးနိုင်တဲ့ အာနိသင်တွေရှိပါတယ် ။ ဆီးလမ်းကြောင်း ပိုးမဝင်အောင် ကာကွယ်ပေးနိုင်သလို ဆီးလမ်းကြောင်း ပိုးဝင်နေတာကိုလည်း ထိထိရောက်ရောက် သက်သာစေပါတယ် ။ ဆီးအိမ် ကျန်းမာစေဖို့လည်း ထောက်ကူပေးပါတယ် ။


▶ အသက်ရှူလမ်းကြောင်း ကျန်းမာစေတယ်


အသက်ရှူလမ်းကြောင်း ကျန်းမာရေးပြဿနာတွေ ဖြစ်ကြတဲ့ ချောင်းဆိုးတာလိုမျိုး ကျန်းမာရေးပြဿနာတွေ သက်သာစေဖို့လည်း ကြိတ်မှန်ရွက်ကို အသုံးပြုကြပါတယ် ။ ဘက်တီးရီးယားတွေ ဝင်ရောက်ကူးစက်တာမျိုး မဖြစ်အောင် ထောက်ကူပေးပါတယ် ။ အသက်ရှူလမ်းကြောင်းထဲက ချွဲသလိပ်တွေကို ဖယ်ရှားပေးပါတယ် ။


▶ မျက်လုံးကျန်းမာစေတယ်


ကယ်လ်ရိုတင်း ကြွယ်ဝစွာ ပါဝင်တာကြောင့် ကြိတ်မှန်ရွက်က မျက်လုံးတွေကို ကျန်းမာစေနိုင်ပါတယ် ။ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝစွာပါဝင်နေတာက မျက်လုံးကို ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ် ။ ရေတိမ်ဖြစ်တာ ၊ အတွင်းတိမ်ဖြစ်တာတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ် ။ အသက်အရွယ်ကြောင့် ဖြစ်တဲ့ အမြင်အာရုံ ပြဿနာတွေကို ကျန်းမာစေပါတယ် ။


▶ အသားအရေ ကျန်းမာစေတယ်


မီးပူလောင် ၊ ဆီပူလောင်တာကြောင့် အရေပြားမှာ အမာရွတ် ကျန်မှာတွေကို သက်သာစေဖို့လည်း ကြိတ်မှန်ရွက် သတ္တုရည်ကို အသုံးပြုပေးလို့ ရပါတယ် ။ အရေပြားပေါ်မှာ တိုက်ရိုက် အသုံးပြုပေးလို့ ရပါတယ် ။


🔴 ဘေးထွက်ဆိုးကျိုး


ဘေးထွက်ဆိုးကျိုးရယ်လို့ ကြီးကြီးမားမား မရှိပါဘူး ။ တစ်ခု သတိထားရမှာကတော့ အလွန်အကျွံ မသုံးဖို့ပါ ။ အရင်က သုံးဖူးပြီး ဓာတ်မတည့်ပြဿနာဖြစ်ဖူးရင်လည်း ထပ်မသုံးသင့်ပါ ။


🏵 သတိပြုရန် အချက်များ


ကြိတ်မှန်ရွက်ကို အရေပြားပေါ်မှာ ဦးရေပြားမှာ တိုက်ရိုက်အသုံးပြုတာက ပြဿနာ မရှိပေမယ့် သောက်မယ်ဆိုရင်တော့ ရောဂါအခံရှိသူတွေ ကျန်းမာရေး ပြဿနာ တစ်ရပ်ရပ်ကြောင့် ဆေးသောက်နေရမယ် ၊ ကိုယ်ဝန်ဆောင်ဖြစ်မယ် ၊ နို့တိုက်မိခင် ဖြစ်မယ်ဆိုရင် ဆရာဝန်နဲ့ အရင်တိုင်ပင်စေချင်ပါတယ် ။


ကြိတ်မှန်ရွက်နဲ့ ပတ်သက်ပြီး ကောင်းကျိုး ၊ ဆိုးကျိုးတွေကို ဆက်လက်လေ့လာဖို့ လိုပါသေးတယ် ။ သဘာဝဆေးဖက်ဝင်ဆိုပေမယ့် ဓာတုဗေဒနည်းအရ သန့်စင်ထားခြင်း မရှိရင် ခန္ဓာကိုယ်အတွက် အဆိပ်အတောက် ဖြစ်နိုင်တာကို သိထားရန် လိုအပ်ပါသည် ။


#vaa

#ကြိတ်မှန်ရွက်

Comments

Popular posts from this blog

Otomycosis ( နားမှိုစွဲခြင်းရောဂါ )

 Otomycosis ( နားမှိုစွဲခြင်းရောဂါ )      🙋  အားလုံးပဲ   မင်္ဂလာပါ 🙋 VAA ရဲ့စာဖတ်ပရိတ်သတ်တွေအတွက်အခုတစ်ခါမှာတော့ ပရိတ်သတ်တွေရဲ့တောင်းဆိုချက်အရ နားမှိုစွဲခြင်းရောဂါ နဲ့ပတ်သက်ပြီး ဖော်ပြပေးမှာဖြစ်ပါတယ် ။  နားမှိုစွဲခြင်းရောဂါ နဲ့ပတ်သက်ပြီး ဖြစ်ရတဲ့အကြောင်းရင်းတွေ ၊ လက္ခဏာတွေ ၊ ဘယ်လိုဆေးဝါးတွေကို အသုံးပြုနိုင်မလဲ ၊ ဆောင်ရန် ၊ ရှောင်ရန် ၊နောက်ဆက်တွဲ ပြဿနာတွေ နှင့် ကာကွယ်နည်းများကို ပြည့်ပြည့်စုံစုံ တင်ဆက်ပေးလိုက်ပါတယ် ။ နားမှိုစွဲရောဂါ ကို ဆေးပညာအရ Otomycosis လို့ ခေါ်ပါတယ်။ မြန်မာနိုင်ငံလိုမျိုး ပူနွေးစိုစွတ်တဲ့ နိုင်ငံတွေမှာ အတွေ့ရများပါတယ်။ နွေရာသီလို ပူပြင်းတဲ့အချိန်မှာ ပိုဖြစ်တတ်ပါတယ်။ နားမှိုစွဲရောဂါက များသောအားဖြင့် နားအပြင်ပိုင်းမှာ ဖြစ်တာ များပါတယ်။ နားအလယ်ပိုင်းမှာ ဖြစ်တာလည်း ရှိပါတယ်။ တစ်ဖက်တည်း ဖြစ်တာများပါတယ်။ 🔴 နားမှိုစွဲရောဂါ ဖြစ်ရတဲ့ အကြောင်းရင်း နားမှိုစွဲရောဂါက နာမည်အတိုင်းပဲ မှိုပိုးကြောင့် ဖြစ်တာပါ ။ မှိုပိုးတွေ အများကြီးရှိတဲ့အထဲကမှ နားမှိုစွဲစေတဲ့ ပိုးတွေကတော့ Candida နဲ့ Aspergillus လို့ခေါ်တဲ့ မှို နှစ်မျိုးပဲ ဖြစ်ပါတယ် ။ အဲ...

Circulation of Blood

 Circulation Of Blood           မင်္ဂလာပါ VAA Facebook  Page  မှ ပရိတ်သတ်ကြီးများခင်ဗျာ   အခု​ဖော်ပြပေးမယ့် အကြောင်းအရာလေးကတော့ ခန္ဓာကိုယ်အတွင်းမှာလှည့်ပတ်နေတဲ့ သွေးအကြောင်းပဲဖြစ်ပါတယ် ။ သွေးထဲမှာဆိုရင် သွေးရည်ကြည်၊သွေးနီဥ ၊ သွေးဖြူဥ ၊ သွေးဥမွှားတွေပါရှိပြီး သူတို့လေးတွေကရော ဘာလုပ်ငန်းတွေလုပ်ဆောင်တာလဲ?  ဒါ့အပြင် နှလုံးရဲ့ လုပ်ငန်းဆောင်တာတွေ ၊ သွေးလွှတ်ကြော ၊ သွေးပြန်ကြောတွေကရော ဘာတွေလဲ? စသဖြင့် ဗဟုသုတ ရစေရန် ရည်ရွယ်၍ တင်ဆက်ပေးလိုက်ပါသည်။  ခန္ဓာကိုယ်တွင်း သွေးလှည့်ပတ်သွားလာခြင်း  ( Circulation of Blood )  ခန္ဓာကိုယ် သွေးလှည့်ပတ်ခြင်းစနစ်တွင်        (၁) သွေး       (၂) နှလုံး နှင့်       (၃) သွေးကြောများ စသည်တို့ ပါဝင်ပါသည် ။ (၁)   သွေးအကြောင်း          သွေးသည် သွေးကြောများ အတွင်းတွင် အရည်အဖြစ် လှည့်ပတ်လျက်ရှိသည် ။ ခန္ဓာကိုယ် အသက်ရှင်ရန်အတွက် အရေးကြီးသည် ။ သွေးသည် အသက် ဖြစ်သည် ။ မည်သည့်နေရာမှမဆို သွေးယိုထွက်ခြင်း လွန်ကဲပါက အသက်ဆုံးရှုံးန...

ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်ဖြစ်တတ်သူတိုင်း သတိထားသင့်တဲ့ အချက်များ

  နှစ်တစ်နှစ်တာရဲ့ အချိန်တစ်ခုကို ရောက်လာပြီဆိုရင် နှာချေတာ ၊ ချောင်းဆိုးတာ ၊ နှာရည်ယိုတာတွေကို ခံစားရပြီဆိုရင် သေချာတာက ရာသီအကူးအပြောင်းကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှုကို ခံစားနေရတာပါ ။ ရာသီဥတုကြောင့် ဓာတ်မတည့်မှု ခံစားရသူတွေဟာ ဆောင်းဦးကာလ နွေဦးကာလတွေကို ရောက်လာပြီဆိုရင် လေထုထဲမှာ ဝတ်မှုန်တွေ မှိုတွေ များလာတာကြောင့် ဓာတ်မတည့်မှုကို ခံစားရပါတယ် ။ ဒီလိုမျိုး ရာသီအပြောင်းအလဲမှာ ဖြစ်တတ်တဲ့ ဓာတ်မတည့်မှု ခံစားရနိုင်ခြေကို မခံစားချင်ဘူးဆိုတဲ့ သူလေးတွေ ရှိပါသလား ။  ဒါဆိုရင်တော့ ဒီဆောင်းပါးလေးထဲမှာ ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်ဖြစ်တတ်သူတိုင်း သတိထားသင့်တဲ့ အချက်တွေ ပြောပြပေးမှာမို့ အတူတူ ဖတ်ကြည့်လိုက်ရအောင်နော် ။ 🔴 ရာသီဥတုကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှု ဆိုတာ - ရာသီအကူးအပြောင်း ဖြစ်ချိန်မှာ သစ်ပင်တွေကနေ ကျတဲ့ ဝတ်မှုန်တွေ ၊ မြက်တွေကနေ ထွက်တဲ့ ဝတ်မှုန်တွေကြောင့် ဓာတ်မတည့်မှုကို ခံစားရနိုင်ပါတယ် ။ ဒါကြောင့် ပန်းတွေ ပွင့်တတ်တဲ့ နွေဦး နဲ့ ဆောင်းဦးကာလတွေမှာ ရာသီဥတုကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှုတွေကို ခံစားရနိုင်ပါတယ် ။ 🔴 ဘယ်အချက်တွေက ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်တာကို ဖြစ်စေနိုင်တာလဲ ရာသီအပြောင်းအလဲမှ...