Skip to main content

ခေါင်းကိုက်ခြင်း

 💠 ခေါင်းကိုက်တာကြောင့် ပျော်ရွှင်စရာ အချိန်တွေကို မထိခိုက်ပါစေနဲ့ 💠




ခေါင်းကိုက်လိုက်တာ…… ပြောတော့သာ ဘာမှမဟုတ်သလိုနော် ။ ခေါင်းကိုက်ရင် အတော်ခံရခက်ပါတယ် ။ အာရုံစိုက်ဖို့ ခက်သလို အလုပ်တွေကိုလည်း သေချာ မလုပ်နိုင်တော့ပါဘူး ။


ခေါင်းကိုက်တာက ဆေးခန်းပြလောက်အောင် မပြင်းထန်ပေမယ့် နေ့စဉ်ဘဝကို အတော်လေး ထိခိုက်စေတယ်ဆိုတာ ခေါင်းကိုက်ဖူးသူတိုင်း သိမှာပါ ။ ခေါင်းကိုက်တာကို မခံစားဖူးဘူး သူရယ်ဆိုတာလည်း ခပ်ရှားရှားနေမှာပါ ။


ကဲ …… ခေါင်းကိုက်လို့ စိတ်ညစ်နေသူတွေ ရှိလား…….. ဒါဆိုရင်တော့ စိတ်မညစ်ပါနဲ့တော့ ။ ခေါင်းကိုက်တာကြောင့် တန်ဖိုးရှိတဲ့ အချိန်တွေ မဆုံးရှုံးစေဖို့ ခေါင်းကိုက်တာကို အမြန်ဆုံး သက်သာစေမယ့် လွယ်ကူရိုးစင်းတဲ့ နည်းလမ်းလေးတွေကို ပြောပြပေးသွားပါမယ် ။


🏵🏵 ခေါင်းကိုက်တာ အမြန်ဆုံး သက်သာစေဖို့ 🏵🏵


ခေါင်းကိုက်တာကို အမြန်ဆုံး သက်သာစေဖို့ ဒီနည်းလမ်းလေးတွေက အကောင်းဆုံး ကူညီပေးပါလိမ့်မယ် ။


(၁) ရေသောက်ပါ


ခေါင်းကိုက်လာတဲ့အခါ ရေတစ်ခွက်ကို ကုန်အောင် သောက်လိုက်ပါ ။ တစ်ခါတလေမှာ ခေါင်းကိုက်ရတဲ့ အကြောင်းအရင်းက ရေဓာတ် မလုံလောက်တာကြောင့်ပါ ။ ဒါကြောင့် ခေါင်းကိုက်လာပြီဆိုရင် အရင်ဆုံး ရေသောက်ဖို့ ပြောပါရစေ ။


(၂) ရေနွေးကြမ်း


လက်ဖက်စိမ်း ရေနွေးကြမ်း ၊ ချာမိုမိုင်း ရေနွေးကြမ်းလိုမျိုး ရေနွေးကြမ်းတွေက ခေါင်းကိုက်တာကို သက်သာစေဖို့ အထောက်အကူ ပြုပေးနိုင်ပါတယ် ။ ဒါကြောင့် ခေါင်းကိုက်တာကို သက်သာစေဖို့ဆိုရင် ရေနွေး ခပ်နွေးနွေးလေး တစ်ခွက်လောက် သောက်ပေးတာကလည်း နည်းလမ်းကောင်း တစ်ခုပါပဲ ။


(၃) ဆေးပလာစတာ ကပ်ပါ


ခေါင်းကိုက်လာတဲ့အခါ ပရုတ်အေးနဲ့ လုပ်ထားတဲ့ ဆေးပလာစတာ ကပ်ပေးတာကလည်း ခေါင်းကိုက်တာကို သက်သာစေနိုင်ပါတယ် ။ ပရုတ်အေးရဲ့ ရနံ့က စိတ်ကြည်လင်စေပြီး ပူရှိန်းရှိန်း ခံစားရမှုက ခေါင်းကိုက်တာကို သက်သာစေမှာပါ ။ ဆေးပလာစတာ ရွေးတဲ့အခါ ခေါင်းကိုက်တာလည်း သက်သာ ၊ အရေပြား လောင်တာကနေလည်း ကင်းစေဖို့ လေဝင်လေထွက်ကောင်းပြီး ချည်သားနဲ့ လုပ်ထားတဲ့ ပလာစတာမျိုးကို ရွေးချယ်သင့်ပါတယ် ။


(၄) နှိပ်နယ်ပေးပါ


ခေါင်းကိုက်လာတဲ့အခါ ဇက်ကြော နဲ့ ဦးရေပြားကို ခပ်ဖွဖွလေး နှိပ်ပေးတာက ကြွက်သားတွေကို ပြေလျော့စေပြီး သွေးစီးဆင်းမှု ကောင်းစေတာကြောင့် ခေါင်းကိုက်တာကို သက်သာစေနိုင်ပါတယ် ။ ဒါကြောင့် ခေါင်းကိုက်လာတဲ့အခါ ခပ်ဖွဖွလေး နှိပ်ပေးတာကိုလည်း စမ်းကြည့်သင့်ပါတယ် ။


(၅) တရားထိုင်ပါ


ခေါင်းကိုက်လာတဲ့အခါ ဆိတ်ငြိမ်တဲ့ နေရာမှာ မျက်လုံးလေး မှိတ်လို့ ငြိမ်ငြိမ်လေး ထိုင်ပြီး ဝင်သက်ထွက်သက် မှတ်ပေးတာက ခန္ဓာကိုယ်ကို အနားရစေပြီး ကြွက်သားတွေကို ပြေလျော့စေတာကြောင့် ခေါင်းကိုက်တာကို သက်သာစေမှာပါ ။


(၆) ကော်ဖီ


ကဖင်းက သင့်တင့်တဲ့ ပမာဏဆိုရင် ခေါင်းကိုက်တာကို သက်သာစေနိုင်ပါတယ် ။ ဒါကြောင့် ခေါင်းကိုက်လာတဲ့အခါ ကော်ဖီ နည်းနည်းလောက် သောက်ပေးတာက ခေါင်းကိုက်တာကို သက်သာစေမှာပါ ။


(၇) ရေခဲဝတ် တင်ပါ


ခေါင်းကိုက်လာတဲ့အခါ တင်းအားတွေ ပြေလျော့စေဖို့ နဖူးပေါ်ကို ရေခဲဝတ် တင်ပေးတာကလည်း ထိရောက်တဲ့ နည်းလမ်း တစ်ခုပါ ။ ၁၅ မိနစ် ကပ်ပြီးတိုင်း ၁၅ မိနစ် ပြန်နားဖို့တော့ သတိပြုပါ ။ အအေးဓာတ် များလွန်းသွားရင် အသားအရေ ထိခိုက်တာမျိုး ဖြစ်စေနိုင်တာကြောင့်ပါ ။


(၈) ရေနွေးဝတ် ကပ်ပါ


ခေါင်းတစ်ဝိုက် ပတ်ချာလည် တင်းပြီးကိုက်တဲ့အခါ ရေနွေးဝတ် ကပ်ပေးတာကလည်း အထိရောက်ဆုံး နည်းလမ်း တစ်ခုပါ ။ ရေနွေးဝတ်ကို ဇက်ကြော နဲ့ နောက်စေ့ကို ကပ်ပေးပါ ။ ၁၅ မိနစ်လောက်ပေါ့ ။


ဒီလို ကပ်ပေးတာက ကြွက်သားတွေ ပြေလျော့စေပြီး သွေးစီးဆင်းမှု ကောင်းစေလို့ ခေါင်းကိုက်တာကို သက်သာစေမှာပါ ။


(၉) အိပ်စက် အနားယူပါ


ခေါင်းကိုက်ခြင်းကို ဖြစ်စေတဲ့ အဓိက အကြောင်းအရင်း တစ်ခုက အိပ်ရေးပျက်တာပါ ။ ဒါကြောင့် ခေါင်းကိုက်တာ သက်သာစေဖို့ဆိုရင် ခဏလောက် သက်သောင့်သက်သာ အိပ်စက် အနားယူဖို့ ပြောပါရစေ ။


ကဲ……… ခေါင်းကိုက်တာကြောင့် စိတ်ညစ်မနေနဲ့တော့နော် ။ ဒီနည်းလေးတွေ သုံးပြီး ဖြေရှင်းကြည့်လို့ တန်ဖိုးရှိတဲ့ အချိန်တွေကို အကောင်းဆုံး အသုံးချလိုက်ပါနော် ။

Comments

Popular posts from this blog

Otomycosis ( နားမှိုစွဲခြင်းရောဂါ )

 Otomycosis ( နားမှိုစွဲခြင်းရောဂါ )      🙋  အားလုံးပဲ   မင်္ဂလာပါ 🙋 VAA ရဲ့စာဖတ်ပရိတ်သတ်တွေအတွက်အခုတစ်ခါမှာတော့ ပရိတ်သတ်တွေရဲ့တောင်းဆိုချက်အရ နားမှိုစွဲခြင်းရောဂါ နဲ့ပတ်သက်ပြီး ဖော်ပြပေးမှာဖြစ်ပါတယ် ။  နားမှိုစွဲခြင်းရောဂါ နဲ့ပတ်သက်ပြီး ဖြစ်ရတဲ့အကြောင်းရင်းတွေ ၊ လက္ခဏာတွေ ၊ ဘယ်လိုဆေးဝါးတွေကို အသုံးပြုနိုင်မလဲ ၊ ဆောင်ရန် ၊ ရှောင်ရန် ၊နောက်ဆက်တွဲ ပြဿနာတွေ နှင့် ကာကွယ်နည်းများကို ပြည့်ပြည့်စုံစုံ တင်ဆက်ပေးလိုက်ပါတယ် ။ နားမှိုစွဲရောဂါ ကို ဆေးပညာအရ Otomycosis လို့ ခေါ်ပါတယ်။ မြန်မာနိုင်ငံလိုမျိုး ပူနွေးစိုစွတ်တဲ့ နိုင်ငံတွေမှာ အတွေ့ရများပါတယ်။ နွေရာသီလို ပူပြင်းတဲ့အချိန်မှာ ပိုဖြစ်တတ်ပါတယ်။ နားမှိုစွဲရောဂါက များသောအားဖြင့် နားအပြင်ပိုင်းမှာ ဖြစ်တာ များပါတယ်။ နားအလယ်ပိုင်းမှာ ဖြစ်တာလည်း ရှိပါတယ်။ တစ်ဖက်တည်း ဖြစ်တာများပါတယ်။ 🔴 နားမှိုစွဲရောဂါ ဖြစ်ရတဲ့ အကြောင်းရင်း နားမှိုစွဲရောဂါက နာမည်အတိုင်းပဲ မှိုပိုးကြောင့် ဖြစ်တာပါ ။ မှိုပိုးတွေ အများကြီးရှိတဲ့အထဲကမှ နားမှိုစွဲစေတဲ့ ပိုးတွေကတော့ Candida နဲ့ Aspergillus လို့ခေါ်တဲ့ မှို နှစ်မျိုးပဲ ဖြစ်ပါတယ် ။ အဲ...

Circulation of Blood

 Circulation Of Blood           မင်္ဂလာပါ VAA Facebook  Page  မှ ပရိတ်သတ်ကြီးများခင်ဗျာ   အခု​ဖော်ပြပေးမယ့် အကြောင်းအရာလေးကတော့ ခန္ဓာကိုယ်အတွင်းမှာလှည့်ပတ်နေတဲ့ သွေးအကြောင်းပဲဖြစ်ပါတယ် ။ သွေးထဲမှာဆိုရင် သွေးရည်ကြည်၊သွေးနီဥ ၊ သွေးဖြူဥ ၊ သွေးဥမွှားတွေပါရှိပြီး သူတို့လေးတွေကရော ဘာလုပ်ငန်းတွေလုပ်ဆောင်တာလဲ?  ဒါ့အပြင် နှလုံးရဲ့ လုပ်ငန်းဆောင်တာတွေ ၊ သွေးလွှတ်ကြော ၊ သွေးပြန်ကြောတွေကရော ဘာတွေလဲ? စသဖြင့် ဗဟုသုတ ရစေရန် ရည်ရွယ်၍ တင်ဆက်ပေးလိုက်ပါသည်။  ခန္ဓာကိုယ်တွင်း သွေးလှည့်ပတ်သွားလာခြင်း  ( Circulation of Blood )  ခန္ဓာကိုယ် သွေးလှည့်ပတ်ခြင်းစနစ်တွင်        (၁) သွေး       (၂) နှလုံး နှင့်       (၃) သွေးကြောများ စသည်တို့ ပါဝင်ပါသည် ။ (၁)   သွေးအကြောင်း          သွေးသည် သွေးကြောများ အတွင်းတွင် အရည်အဖြစ် လှည့်ပတ်လျက်ရှိသည် ။ ခန္ဓာကိုယ် အသက်ရှင်ရန်အတွက် အရေးကြီးသည် ။ သွေးသည် အသက် ဖြစ်သည် ။ မည်သည့်နေရာမှမဆို သွေးယိုထွက်ခြင်း လွန်ကဲပါက အသက်ဆုံးရှုံးန...

ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်ဖြစ်တတ်သူတိုင်း သတိထားသင့်တဲ့ အချက်များ

  နှစ်တစ်နှစ်တာရဲ့ အချိန်တစ်ခုကို ရောက်လာပြီဆိုရင် နှာချေတာ ၊ ချောင်းဆိုးတာ ၊ နှာရည်ယိုတာတွေကို ခံစားရပြီဆိုရင် သေချာတာက ရာသီအကူးအပြောင်းကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှုကို ခံစားနေရတာပါ ။ ရာသီဥတုကြောင့် ဓာတ်မတည့်မှု ခံစားရသူတွေဟာ ဆောင်းဦးကာလ နွေဦးကာလတွေကို ရောက်လာပြီဆိုရင် လေထုထဲမှာ ဝတ်မှုန်တွေ မှိုတွေ များလာတာကြောင့် ဓာတ်မတည့်မှုကို ခံစားရပါတယ် ။ ဒီလိုမျိုး ရာသီအပြောင်းအလဲမှာ ဖြစ်တတ်တဲ့ ဓာတ်မတည့်မှု ခံစားရနိုင်ခြေကို မခံစားချင်ဘူးဆိုတဲ့ သူလေးတွေ ရှိပါသလား ။  ဒါဆိုရင်တော့ ဒီဆောင်းပါးလေးထဲမှာ ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်ဖြစ်တတ်သူတိုင်း သတိထားသင့်တဲ့ အချက်တွေ ပြောပြပေးမှာမို့ အတူတူ ဖတ်ကြည့်လိုက်ရအောင်နော် ။ 🔴 ရာသီဥတုကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှု ဆိုတာ - ရာသီအကူးအပြောင်း ဖြစ်ချိန်မှာ သစ်ပင်တွေကနေ ကျတဲ့ ဝတ်မှုန်တွေ ၊ မြက်တွေကနေ ထွက်တဲ့ ဝတ်မှုန်တွေကြောင့် ဓာတ်မတည့်မှုကို ခံစားရနိုင်ပါတယ် ။ ဒါကြောင့် ပန်းတွေ ပွင့်တတ်တဲ့ နွေဦး နဲ့ ဆောင်းဦးကာလတွေမှာ ရာသီဥတုကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှုတွေကို ခံစားရနိုင်ပါတယ် ။ 🔴 ဘယ်အချက်တွေက ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်တာကို ဖြစ်စေနိုင်တာလဲ ရာသီအပြောင်းအလဲမှ...