💠💠💠💠 နှလုံးသွေးကြော ကျဉ်းရင် ဒါတွေရှောင်ပါ 💠💠💠💠
နေ့စဉ် စားသောက်မှုတွေက နှလုံးသွေးကြော ကျန်းမာရေးအပေါ် အများကြီး သက်ရောက်နေတယ်ဆိုတာကို ကြားဖူးပြီးသား ဖြစ်မယ် ထင်ပါတယ် ။ ဒါကြောင့် နှလုံး ကျန်းမာပြီး နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေ ကင်းစေဖို့ဆိုရင် အစားအစာတွေကို သေချာလေး စိစစ် စားသုံးဖို့ လိုပါမယ် ။
အစားအစာတွေကို သေချာ ဂရုစိုက် စားသောက်တာက နှလုံးသွေးကြောတွေထဲ အညှိတက်ပြီး သွေးကြောကျဉ်းတာ ၊ သွေးကြောပိတ်တာတွေ အပါအဝင် နှလုံး နဲ့ ပတ်သက်တဲ့ ကျန်းမာရေး ပြဿနာတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ် ။
🏵နှလုံးသွေးကြော ကျဉ်းတာ ဘယ်ကစ
အချို့သော အစားအစာတွေက အလွန်အကျွံ စားသုံးမယ်ဆိုရင် သွေးထဲမှာ ကိုလက်စထရော များစေပါတယ် ။ ကိုလက်စထရော များရုံနဲ့ ပြီးသွားတာလားဆိုတော့ မဟုတ်သေးပါဘူး ။ ကိုလက်စထရောက အဆီ ၊ ကယ်လ်ဆီယမ် နဲ့ သွေးထဲမှာပါတဲ့ အချို့သောအရာတွေနဲ့ ပေါင်းမိပြီး အညှိတွေ ဖြစ်လာပြီး သွေးကြောကျဉ်းတာ ၊ သွေးကြောတွေ မာကြောတာမျိုးကို ဖြစ်စေနိုင်ပါတယ် ။
ဒီအခြေအနေကို နှလုံးသွေးကြော ကျဉ်းတယ်လို့ ခေါ်ပါတယ် ။ နှလုံးသွေးကြောကျဉ်းတာကြောင့် နှလုံးရောဂါ ၊ ရုတ်တရက် နှလုံးရပ်တာ ၊ လေဖြတ်တာတွေကို ခံစားရတာပါ ။
🏵🏵 သတင်းကောင်းတစ်ရပ်ကတော့ -
ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို စားသုံးတာက နှလုံးသွေးကြောကျဉ်းရောဂါကို ပိုမဆိုးလာအောင် ကာကွယ်ပေးနိုင်တယ်ဆိုတာပါ ။ ကျွမ်းကျင်သူတွေကတော့ သွေးတွင်း ကိုလက်စထရောကို မြင့်တက်စေနိုင်တဲ့ ပြည့်ဝဆီ အများကြီးပါတဲ့ အစားအစာတွေ ၊ အသွင်ပြောင်းဆီ ၊ နို့ထွက်ပစ္စည်းမှာပါဝင်တဲ့ ကိုလက်စထရောတွေက နှလုံးသွေးကြော ကျဉ်းစေတဲ့ အဓိက အကြောင်းအရင်းတွေလို့ ဆိုပါတယ် ။
ဒါကြောင့် နှလုံးသွေးကြောကျဉ်းတာကို ခံစားနေရမယ်ဆိုရင် ဘာတွေကို ရှောင်ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ် ။
🏵🏵 နှလုံးသွေးကြော ကျဉ်းရင်
ဒါတွေရှောင်ပါ 🏵🏵
နှလုံးသွေးကြောကျဉ်းရင် ဒါတွေကို နေ့စဉ် စားသုံးမှုမှာ မပါအောင် ရှောင်ဖို့ လိုပါမယ် ။
♦ ပြည့်ဝဆီ
ပြည့်ဝဆီက သွေးကြောထဲမှာ အနယ်အနှစ်တွေ စုပုံစေတဲ့ အဓိက အစားအသောက် တစ်ခုပါ ။ ဒါကြောင့် နေ့စဉ် စားသုံးမှုမှာ ပြည့်ဝဆီ ပါဝင်မှုကို ၇ ရာခိုင်နှုန်းအောက် လျှော့ချဖို့ လိုပါမယ် ။
ပြည့်ဝဆီ အဓိက ပါဝင်နေတာကတော့ တိရစ္ဆာန်ကနေရတဲ့ အစားအစာတွေပါ ။ စားသုံးဆီ အချို့ကလည်း ပြည့်ဝဆီ များစွာ ပါဝင်နေတတ်ပါတယ် ။ ဒါကြောင့် နှလုံးသွေးကြော ကျဉ်းနေတယ်ဆိုရင် နေ့စဉ် စားသုံးမှုမှာ -
💠 အဆီပြည့်နို့
💠 နို့ခရင်မ်
💠 အဆီပြည့် ချိစ်
💠 အဆီနဲ့တွဲနေတဲ့ အနီရောင် အသား
💠 ကြက်အူချောင်း ၊ ဝက်အူချောင်း ၊ ဝက်ပေါင်ခြောက်တို့လိုမျိုး ပြုပြင်ထားတဲ့ အစားအစာတွေ
💠 ရေခဲမုန့်
💠 စားအုန်းဆီ၊ အုန်းဆီ
💠 ကွတ်ကီး၊ ဒိုးနတ်စ် စတာတွေကို မစားဖို့ လိုပါမယ်။
♦ အသွင်ပြောင်း အဆီ
အသွင်ပြောင်း အဆီက လူလုပ် အဆီ တစ်မျိုးပါ ။ ဒီအဆီတွေကို များသောအားဖြင့် -
💠 အသင့်စား၊ အမြန်စား အစားအစာတွေ
💠 ဆီကြော်စာတွေ
💠 ကိတ်မုန့်
💠 ကွတ်ကီး
💠 ပီဇာတွေမှာလည်း ပါဝင်ပါတယ် ။
💠 ပြောင်းဖူး ပေါက်ပေါက်တွေမှာလည်း ပါဝင်နေတတ်ပါတယ် ။
💠 တာရှည်ခံအောင် လုပ်ထားတဲ့ အစားအစာတွေထဲမှာလည်း အသွင်ပြောင်း အဆီတွေ ပါဝင်နေတတ်ပါတယ် ။
♦ Dietary cholesterol
Dietary cholesterol ကတော့ အကျိုးမပြု ကိုလက်စထရော အများဆုံး ပါဝင်နေတဲ့ အဆီ တစ်မျိုးပါ ။ ဒီ ကိုလက်စထရော အမျိုးအစားကို -
💠 တိရစ္ဆာန်ကနေရတဲ့ အစားအစာတွေ
💠 ဥအမျိုးမျိုး
💠 အသား
💠 ချိစ်တို့မှာ ပါဝင်နေပါတယ် ။
🔆🔆🔆 ဒီအဆီ အမျိုးအစားတွေကို တစ်နေ့တာမှာ ၂၀၀ မီလီဂရမ်ထက် လျှော့စားသင့်တယ်လို့ ကျွမ်းကျင်သူတွေက အကြံပြုထားပါတယ် ။
ဒီလို အစားအသောက်တွေကို ဂရုစိုက်တာအပြင် နှလုံး သွေးကြောကျဉ်းတာ သက်သာစေဖို့ နဲ့ ရောဂါပိုမဆိုးအောင် ကာကွယ်ဖို့ဆိုရင် နှလုံး ကျန်းမာစေမယ့် ဘဝနေထိုင်မှုပုံစံကို ရွေးချယ်စေချင်ပါတယ် ။ ဆေးလိပ်ဖြတ်တာ ၊ လေ့ကျင့်ခန်း မှန်မှန် လုပ်ဆောင်တာတွေကို လုပ်ဆောင်ပေးဖို့ လိုပါမယ် ။

Comments
Post a Comment