Skip to main content

သွားကြိတ်ခြင်း

 🏵🏵 သွားကြိတ်ခြင်း 🏵🏵




တချို့လူတွေက နိုးနေတုန်းပဲ ဖြစ်ဖြစ် ၊ အိပ်နေတုန်းပဲ ဖြစ်ဖြစ် သွားကြိတ် တတ်တဲ့ အကျင့်ရှိပါတယ် ။ ဆေးပညာအရ Bruxism လို့ ခေါ်ပါတယ် ။ အခြေအနေသိပ်မဆိုးရင် သွားကြိတ်တာက ကုစရာမလိုပါဘူး ။ ဒါပေမယ့် အကျင့်တစ်ခုလို ဖြစ်လာမယ် ။ သွားနဲ့ မေးရိုးတွေ ထိခိုက်လာမယ် ။ ခေါင်းတွေကိုက်လာတဲ့အထိ ဆိုးလာရင်တော့ ကုသမှု ခံယူရပါမယ် ။


 သွားကြိတ်တာနဲ့ ပတ်သက်ပြီး အသေးစိတ်လေ့လာကြည့်ရအောင် ။


💠 ဘာလို့ သွားကြိတ် တာလဲ ။


ဘာကြောင့် သွားကြိတ်တာလဲဆိုတာ ပြောရခက်ပါတယ် ။ ဒါပေမယ့် ရုပ်ပိုင်းဆိုင်ရာ ၊ စိတ်ပိုင်းဆိုင်ရာ နဲ့ မျိုးဗီဇကြောင့် ဖြစ်နိုင်တယ်လို့ ဆိုကြပါတယ် ။ သွားကြိတ်တာကို ၂မျိုး ခွဲလို့ရပါတယ် ။


🔵 နိုးနေစဉ် သွားကြိတ်ခြင်း ( Awake bruxism ) 


ဒါက စိတ်ခံစားချက်တွေ ဖြစ်တဲ့ စိတ်လှုပ်ရှားတာ ၊ ဒေါသထွက်တာ ၊ စိတ်ရှုပ်တာ ၊ စိတ်တင်းကြပ်လာရင် ဖြစ်တတ်ပါတယ် ။ တချို့တွေကလည်း တစ်ခုခုကို နက်နက်နဲနဲ စဉ်းစားနေချိန်ဆို အကျင့်တစ်ခုအနေ နဲ့ သွားကြိတ်တတ်ပါတယ် ။


🔵 အိပ်နေစဉ် သွားကြိတ်ခြင်း ( Sleep bruxism ) 


အိပ်နေတုန်း တစ်ခုခုကို ဝါးချင်တဲ့ စိတ်ဖြစ်ပြီး နိုးတစ်ဝက် အိပ်တစ်ဝက် အခြေအနေမှာ တွေ့ရတတ်ပါတယ် ။


💠 ဘယ်သူတွေ သွားကြိတ် တတ်သလဲ ။


♦ စိတ်ဖိစီးမှု – စိတ်ဖိစီးမှု အပါအဝင် ဒေါသထွက်တာ ၊ စိတ်ရှုပ်တာတွေကလည်း သွားကြိတ်တဲ့ အကျင့်ကို ဖြစ်စေပါတယ် ။

♦ အသက် – ကလေးတွေမှာ သွားကြိတ်တာ အဖြစ်များပါတယ် ။ ကြီးလာရင် သူ့ဟာသူ သက်သာသွားပါတယ် ။

♦ စိတ်နေစိတ်ထား – စိတ်ဓာတ်ပြင်းထန် တက်ကြွတဲ့သူတွေမှာ သွားကြိတ်တဲ့အကျင့် အတွေ့ရများပါတယ် ။

♦ ဆေးဝါးများ – တချို့သော စိတ်ကျရောဂါကုသဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးအနေနဲ့ တွေ့ရသလို ဆေးလိပ် ၊ အရက် ၊ ကဖင်း နဲ့ မူးယစ်ဆေးတွေကလည်း သွားကြိတ်နိုင်ခြေကို များစေပါတယ် ။

♦ မျိုးရိုး – အိပ်နေတုန်း သွားကြိတ်တာက မျိုးရိုးလိုက်တတ်ပါတယ် ။

♦ တခြားရောဂါများ – သွားကြိတ်တာက တခြားရောဂါတွေ ဖြစ်တဲ့ ပါကင်ဆန်ရောဂါ ၊ သတိမေ့တတ်တာ ၊ GERD ၊ အတက်ရောဂါ ၊ အိပ်စက်ခြင်း ရောဂါတွေ ဖြစ်တဲ့ အိပ်ဟောက်ရှူရပ်ရောဂါ ၊ ADHDတို့ နဲ့ တွဲပြီးတွေ့ရနိုင်ပါတယ် ။


💠 သွားကြိတ်တာအပြင် ဘာလက္ခဏာတွေ တွေ့ရနိုင်လဲ ။


♦ သွားကြိတ်တာ ကျယ်လွန်းရင် ဟောက်တာလိုပဲ ဘေးက အတူအိပ်တဲ့သူကို အနှောင့်အယှက်ဖြစ်စေပါတယ် ။

♦ သွားတွေ ပါးတာ ၊ ပဲ့တာ ၊ နဲ့တာတွေ ဖြစ်နိုင်ပါတယ် ။

♦ သွားနာတာ ၊ သွားကျဉ်တာတွေ ဖြစ်တတ်ပါတယ် ။ ကြာလာရင် မေးရိုးတွေ နာတာ ၊ မဖွင့်နိုင်တာတွေ ဖြစ်နိုင်ပါတယ် ။

♦ မျက်နှာနဲ့ မေးရိုးတွေ နာလာနိုင်ပါတယ် ။

♦ နားမှာ ဘာရောဂါမှ မရှိဘဲ နားကိုက်နိုင်ပါတယ် ။ နားထင်တွေ ကိုက်လာနိုင်ပါတယ် ။

♦ အတွင်းပါးစောင်တွေ ထိခိုက်နိုင်ပါတယ် ။

♦ အိပ်ရေးပျက်တာတွေ အထိ ဖြစ်လာနိုင်ပါတယ် ။


💠 နောက်ဆက်တွဲ ပြဿနာများ


များသောအားဖြင့်တော့ သွားကြိတ်တတ်ခြင်းက သိပ်ပြီး ပြဿနာ မရှိပါဘူး ။ ဒါပေမယ့် သွားကြိတ်တာ အကျင့်တစ်ခုလို စွဲလာရင် -


♦ သွားနဲ့ မေးရိုးတွေ ပျက်စီးတာ

♦ ခေါင်းကိုက်နာစွဲတာ

♦ မျက်နှာနဲ့ မေးရိုးတွေ နာတာ

♦ မေးရိုးချောင်တာတွေ ဖြစ်တတ်ပါတယ်။


💠 အိမ်မှာ လုပ်နိုင်တဲ့ နည်းလမ်းများ


♦ စိတ်ဖိစီးမှု လျှော့ချပါ – သီချင်းနားထောင်တာ ၊ လေ့ကျင့်ခန်းလုပ်တာ ၊ မအိပ်ခင် ရေနွေးလေးစပ်ချိုးတာက စိတ်ဖိစီးမှု လျော့ကျပြီး သွားကြိတ်တာ သက်သာပါလိမ့်မယ် ။

♦ ညနေဘက်မှာ စိတ်ကို တက်ကြွစေတဲ့ အစားအစာတွေကို ရှောင်ပါ – အိပ်ခါနီး အချိန်နဲ့ ကပ်ပြီး ကော်ဖီ ၊ လက်ဖက်ရည် ၊ အရက်သောက်တာက သွားကြိတ်တာကို ပိုဆိုးစေပါတယ် ။

 ♦ ကောင်းမွန်တဲ့ အိပ်စက်ခြင်း ရှိပါစေ – သင့်မှာ အိပ်စက်ခြင်း နဲ့ ဆိုင်တဲ့ ရောဂါတစ်မျိုးမျိုးရှိနေရင် ကုသထားပါ ။ ဒါက သွားကြိတ်တာကိုပါ သက်သာစေပါတယ် ။

♦ အတူအိပ်တဲ့သူကို အကူအညီတောင်းပါ – သင်က အိပ်နေလို့ သိမှာ မဟုတ်ပေမယ့် သင့်နားမှာ အိပ်တဲ့သူက သတိထားမိနိုင်ပါတယ် ။ သွားကြိတ်တာကို စောစောသိတော့ စောစောကုနိုင်တာပေါ့ ။

♦ သွားဆေးခန်း ပုံမှန်ပြပါ – သွားဆေးခန်းပြမှ သွားကြိတ်လို့ ပျက်စီးနေတဲ့ သွားတွေ ၊ မေးရိုးတွေကို စစ်ဆေး တွေ့ရှိမှာပါ ။


♦♦ နေ့ဘက်တွေမှာ သွားကြိတ်တတ်တဲ့ အကျင့်ရှိရင် လျှာကို သွားကြားထဲ ထည့်ထားပါ ။ ဒါက သွားကို မကြိတ်မိတဲ့အပြင် မေးရိုးကြွက်သားတွေကို ပြေလျှော့စေပါတယ် ။

Comments

Popular posts from this blog

Otomycosis ( နားမှိုစွဲခြင်းရောဂါ )

 Otomycosis ( နားမှိုစွဲခြင်းရောဂါ )      🙋  အားလုံးပဲ   မင်္ဂလာပါ 🙋 VAA ရဲ့စာဖတ်ပရိတ်သတ်တွေအတွက်အခုတစ်ခါမှာတော့ ပရိတ်သတ်တွေရဲ့တောင်းဆိုချက်အရ နားမှိုစွဲခြင်းရောဂါ နဲ့ပတ်သက်ပြီး ဖော်ပြပေးမှာဖြစ်ပါတယ် ။  နားမှိုစွဲခြင်းရောဂါ နဲ့ပတ်သက်ပြီး ဖြစ်ရတဲ့အကြောင်းရင်းတွေ ၊ လက္ခဏာတွေ ၊ ဘယ်လိုဆေးဝါးတွေကို အသုံးပြုနိုင်မလဲ ၊ ဆောင်ရန် ၊ ရှောင်ရန် ၊နောက်ဆက်တွဲ ပြဿနာတွေ နှင့် ကာကွယ်နည်းများကို ပြည့်ပြည့်စုံစုံ တင်ဆက်ပေးလိုက်ပါတယ် ။ နားမှိုစွဲရောဂါ ကို ဆေးပညာအရ Otomycosis လို့ ခေါ်ပါတယ်။ မြန်မာနိုင်ငံလိုမျိုး ပူနွေးစိုစွတ်တဲ့ နိုင်ငံတွေမှာ အတွေ့ရများပါတယ်။ နွေရာသီလို ပူပြင်းတဲ့အချိန်မှာ ပိုဖြစ်တတ်ပါတယ်။ နားမှိုစွဲရောဂါက များသောအားဖြင့် နားအပြင်ပိုင်းမှာ ဖြစ်တာ များပါတယ်။ နားအလယ်ပိုင်းမှာ ဖြစ်တာလည်း ရှိပါတယ်။ တစ်ဖက်တည်း ဖြစ်တာများပါတယ်။ 🔴 နားမှိုစွဲရောဂါ ဖြစ်ရတဲ့ အကြောင်းရင်း နားမှိုစွဲရောဂါက နာမည်အတိုင်းပဲ မှိုပိုးကြောင့် ဖြစ်တာပါ ။ မှိုပိုးတွေ အများကြီးရှိတဲ့အထဲကမှ နားမှိုစွဲစေတဲ့ ပိုးတွေကတော့ Candida နဲ့ Aspergillus လို့ခေါ်တဲ့ မှို နှစ်မျိုးပဲ ဖြစ်ပါတယ် ။ အဲ...

Circulation of Blood

 Circulation Of Blood           မင်္ဂလာပါ VAA Facebook  Page  မှ ပရိတ်သတ်ကြီးများခင်ဗျာ   အခု​ဖော်ပြပေးမယ့် အကြောင်းအရာလေးကတော့ ခန္ဓာကိုယ်အတွင်းမှာလှည့်ပတ်နေတဲ့ သွေးအကြောင်းပဲဖြစ်ပါတယ် ။ သွေးထဲမှာဆိုရင် သွေးရည်ကြည်၊သွေးနီဥ ၊ သွေးဖြူဥ ၊ သွေးဥမွှားတွေပါရှိပြီး သူတို့လေးတွေကရော ဘာလုပ်ငန်းတွေလုပ်ဆောင်တာလဲ?  ဒါ့အပြင် နှလုံးရဲ့ လုပ်ငန်းဆောင်တာတွေ ၊ သွေးလွှတ်ကြော ၊ သွေးပြန်ကြောတွေကရော ဘာတွေလဲ? စသဖြင့် ဗဟုသုတ ရစေရန် ရည်ရွယ်၍ တင်ဆက်ပေးလိုက်ပါသည်။  ခန္ဓာကိုယ်တွင်း သွေးလှည့်ပတ်သွားလာခြင်း  ( Circulation of Blood )  ခန္ဓာကိုယ် သွေးလှည့်ပတ်ခြင်းစနစ်တွင်        (၁) သွေး       (၂) နှလုံး နှင့်       (၃) သွေးကြောများ စသည်တို့ ပါဝင်ပါသည် ။ (၁)   သွေးအကြောင်း          သွေးသည် သွေးကြောများ အတွင်းတွင် အရည်အဖြစ် လှည့်ပတ်လျက်ရှိသည် ။ ခန္ဓာကိုယ် အသက်ရှင်ရန်အတွက် အရေးကြီးသည် ။ သွေးသည် အသက် ဖြစ်သည် ။ မည်သည့်နေရာမှမဆို သွေးယိုထွက်ခြင်း လွန်ကဲပါက အသက်ဆုံးရှုံးန...

ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်ဖြစ်တတ်သူတိုင်း သတိထားသင့်တဲ့ အချက်များ

  နှစ်တစ်နှစ်တာရဲ့ အချိန်တစ်ခုကို ရောက်လာပြီဆိုရင် နှာချေတာ ၊ ချောင်းဆိုးတာ ၊ နှာရည်ယိုတာတွေကို ခံစားရပြီဆိုရင် သေချာတာက ရာသီအကူးအပြောင်းကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှုကို ခံစားနေရတာပါ ။ ရာသီဥတုကြောင့် ဓာတ်မတည့်မှု ခံစားရသူတွေဟာ ဆောင်းဦးကာလ နွေဦးကာလတွေကို ရောက်လာပြီဆိုရင် လေထုထဲမှာ ဝတ်မှုန်တွေ မှိုတွေ များလာတာကြောင့် ဓာတ်မတည့်မှုကို ခံစားရပါတယ် ။ ဒီလိုမျိုး ရာသီအပြောင်းအလဲမှာ ဖြစ်တတ်တဲ့ ဓာတ်မတည့်မှု ခံစားရနိုင်ခြေကို မခံစားချင်ဘူးဆိုတဲ့ သူလေးတွေ ရှိပါသလား ။  ဒါဆိုရင်တော့ ဒီဆောင်းပါးလေးထဲမှာ ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်ဖြစ်တတ်သူတိုင်း သတိထားသင့်တဲ့ အချက်တွေ ပြောပြပေးမှာမို့ အတူတူ ဖတ်ကြည့်လိုက်ရအောင်နော် ။ 🔴 ရာသီဥတုကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှု ဆိုတာ - ရာသီအကူးအပြောင်း ဖြစ်ချိန်မှာ သစ်ပင်တွေကနေ ကျတဲ့ ဝတ်မှုန်တွေ ၊ မြက်တွေကနေ ထွက်တဲ့ ဝတ်မှုန်တွေကြောင့် ဓာတ်မတည့်မှုကို ခံစားရနိုင်ပါတယ် ။ ဒါကြောင့် ပန်းတွေ ပွင့်တတ်တဲ့ နွေဦး နဲ့ ဆောင်းဦးကာလတွေမှာ ရာသီဥတုကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှုတွေကို ခံစားရနိုင်ပါတယ် ။ 🔴 ဘယ်အချက်တွေက ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်တာကို ဖြစ်စေနိုင်တာလဲ ရာသီအပြောင်းအလဲမှ...