Skip to main content

ဓာတုဗေဒဆေးများ အန္တရာယ်

 🏵 ဓာတုဗေဒဆေးများ အန္တရာယ် 🏵




           အခုအခါမှာ ဓာတုဗေဒဆေးများစွာ အသုံးပြုပြီး စိုက်ပျိုးရေး စားသောက်ကုန် ထုတ်လုပ်ရေး လုပ်ငန်းများစွာကို ဆောင်ရွက်နေတာ တွေ့နိုင်ပါတယ် ။ သီးနှံများအထွက်တိုးခြင်း ၊ ဖွံ့ဖြိုးကြီးထွားခြင်း ၊ ကူးစက်ရောဂါများ အပါအဝင် အခြားရောဂါများမှ ကာကွယ်နိုင်ခြင်း အပါအဝင် အခြား အကျိုးရလဒ်များ ရရှိပါတယ် ။ ဒီလို လုပ်ငန်းများ သာမကဘဲ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ရှိတဲ့ အခြားစားဝတ်နေမှု လုပ်ငန်းများမှာလည်း ဓာတုဗေဒပစ္စည်းများ ပါဝင်နေကြပါတယ် ။ ဒီဓာတုဗေဒပစ္စည်းတွေကို သူ့နေရာနဲ့သူ စနစ်တကျ အံဝင်ခွင်ကျ အသုံးပြုရင် အကျိုးပြုနိုင်ပေမယ့် တလွဲသုံးရင်တော့ အန္တရာယ်များနိုင်တယ်လို့ ယူဆမိပါတယ် ။ 


          ဥပမာ - ချည်ထည်ဆိုးဆေးကို စားသောက်ကုန်လုပ်ငန်းများမှာ သုံးတာမျိုး ၊ ပိုးသတ်ဆေးများကို ပရမ်းပတာသုံးတာမျိုးဖြစ်ပါတယ် ။ ပြီးတော့ ဓာတုဗေဒဆေးများကို အသုံးပြုရာတွင် ဓာတ်ကြွင်း Residue ပါဝင်မှုပမာဏကလည်း အရေးကြီးလှကြောင်း သိရပါတယ် ။


              ဓာတ်ကြွင်းဆိုတာဟာ သီးနှံစားသောက်ကုန် စသည်တို့မှာ အသုံးပြုပြီး လူ့ပတ်ဝန်းကျင်မှာ ကျန်ရစ်ခဲ့တဲ့ ဓာတုပစ္စည်း အကြွင်းအကျန်များ ဖြစ်ပါတယ် ။ အဲဒီမှာ အဆိပ်ရှိပစ္စည်းများ အဆင့်ဆင့် ပြောင်းလဲသွားသော ဓာတုပစ္စည်းများ နဲ့ မသန့်စင်တဲ့ ပစ္စည်းများ ပါဝင်ပါတယ် ။ ဒီဓာတ်ကြွင်းတွေမှာ Maximum Residue Limit အမြင့်ဆုံး ဓာတုဆေး ဓာတ်ကြွင်းပါဝင်မှုကို သတ်မှတ်ထားပါတယ် ။


           သီးနှံ ၊ အစားအစာတို့ကို ရိတ်သိမ်းချိန် ၊ သိုလှောင်ချိန် ၊ သယ်ယူပို့်ဆောင်ချိန် ၊ ရောင်းဝယ်ဖြန့်ဖြူးချိန် ၊ စားသုံးသူ လက်ထဲရောက်ရှိချိန် စသည့် အဆင့်ဆင့်သော အချိန်တို့မှာ ရှိသင့်သည့် သတ်မှတ်ထားတဲ့ ပမာဏဖြစ်ပါတယ် ။ Maximum Residue Limit ကို PPM ( Parts Per Million ) နှင့် ဖော်ပြတတ်ပါတယ် ။ 


           ဓာတုဆေးရွေးချယ်မှု မမှန်ကန်ခြင်း ၊ နှုန်းထားပိုမိုသုံးစွဲခြင်း ၊ မလိုအပ်ဘဲ သုံးစွဲခြင်း ၊ အရည်အသွေး မပြည့်မီတဲ့ ဓာတုဆေးများ သုံးစွဲခြင်း ၊ ပျက်စီးနေသော ဆေးဖျန်းကိရိယာများ သုံးစွဲခြင်း ၊ ဆေးဖျန်းအကြိမ်ပိုမိုခြင်း ၊ အသုံးပြုသည့်ပုံစံမမှန်ခြင်း ၊ သုံးပြီးဓာတုပစ္စည်းများကို စနစ်တကျ မစွန့်ပစ်ခြင်း စသည်တို့ကြောင့် ဓာတုဓာတ်ကြွင်းပမာဏ ပိုမိုနေခြင်းဖြစ်ပါတယ် ။ သီးနှံများ ၊ ငါး ၊ ပုစွန်များမှာ သာမက အခြားအစားအစာများ ၊ ပတ်ဝန်းကျင် မြေလေရေတို့မှာ မလိုအပ်တဲ့ ဓာတုဓာတ်ကြွင်းများ ရောပြွမ်းနေပြီး လူနဲ့ အခြားသက်ရှိတို့ကို အန္တရာယ်ပြုနေတာ တွေ့နိုင်ပါတယ် ။ 


             ဒါ့အပြင် အချို့ဓာတုဆေးများကို သတ်မှတ်ထားတဲ့ နေရာများ မသုံးဘဲ မလိုအပ်တဲ့နေရာတွေမှာ သုံးနေကြတာကြောင့် ပိုမို အန္တရာယ်ကြုံနေရပါတယ် ။ ဥပမာ - ဒီဒီတီ ( DDT )လို အန္တရာယ်ရှိ ငှက်ဖျားပိုးအပါအဝင် ပိုးသတ်ဆေးမျိုးကို သိုလှောင်ထားတဲ့သီးနှံ ဖျက်ပိုးများရန်မှ ကာကွယ်ရေးအတွက် သုံးတာ ၊ ငါးဖမ်းရာမှာ ပိုးသတ်ဆေးများသုံးတာ ၊ ငါးပိ ၊ ငါးခြောက်လုပ်ငန်းများမှာ လောက်သေစေဖို့ ပိုးသတ်ဆေးများသုံးတာ စသည်တို့ ဖြစ်ပါတယ် ။


တော်တော်ဆိုးဆိုးရွားရွားတွေ့ရတာက သစ်သီးဝလံတွေ အမြန်မှည့်စေအောင် ဓာတုဆေးစိမ်တာ၊ အညှာကို‌ ဆေးတို့တာတို့ပဲ ဖြစ်ပါတယ်။ 


ဓာတုဆေးတွေမှာ Plant Growth Regulation လို့ခေါ်တဲ့ အပင်ကို လျင်မြန်စွာ ကြီးထွားပြီး သီးပွင့်နိုင်တဲ့ ဟော်မုန်းတစ်မျိုးဖြစ်တဲ့ Chloroethyl Prosphoric Acid (Etrephon) အမည်ရှိ ဓာတုဆေးပါဝင်နေပါတယ် ။

ဒီဓာတု‌ဆေးတွေဟာ စနစ်တကျ မသုံးရင် အန္တရာယ် ရှိနိုင်ပါတယ် ။ 

ခရမ်းချဉ်သီး ၊ ငရုတ်သီး ၊ ငှက်ပျောသီး ၊ သရက်သီး စတဲ့ သစ်သီးဝလံတို့ကို အရောင်လှစေဖို့ EPN ကဲ့သို့ ဆေးမျိုးများသုံးစွဲခြင်းကြောင့်လည်း စားသုံးသူတို့အဖို့ အန္တရာယ်ကြီးလှကြောင်း သိရှိရပါတယ် ။


ဓာတု‌ဗေဒဆေးများ၏ အန္တရာယ်ကြောင့် ဆေးအဆိပ်သင့်မှုဆိုင်ရာ ရောဂါများ ၊

ပိုးသတ်ဆေး အဆိပ်သင့်မှုကြောင့် ခေါင်းမူးခြင်း ၊ မူးဝေခြင်း ၊ ‌အော့အန်ခြင်း ၊ ဗိုက်နာခြင်း ၊ ချွေးပြန်ခြင်း ၊ မျက်ရည်ကျခြင်း ၊ တက်ခြင်း စသည့် ဝေဒနာများကို ခံစားရတတ်ပါသည် ။ တစ်ခါတစ်ရံ ပြင်းထန်တဲ့ အန္တရာယ်များအထိ တွေ့ကြုံခံစားရတတ်ပါတယ် ။ 


ဒါကြောင့် ဓာတုဆေးများ၏ အန္တရာယ်များမှ ကင်းဝေးစေရန် အောက်ပါအချက်များကို သတိပြုလိုက်နာသင့်ပါတယ် ။

- ဓာတုဆေးများကို လိုအပ်မှသာ သုံးစွဲခြင်း ၊

- မှန်ကန်သော ဆေးမျိုးကိုသာ ရွေးချယ်သုံးစွဲခြင်း ၊

- သုံးစွဲရမည့် ပမာဏ မှန်ကန်မှုရှိစေခြင်း ၊

- အရည်အသွေးပြည့်မီသော ဆေးကိုသာ သုံးစွဲခြင်း ၊

- သုံးစွဲရသည့် အကြိမ်အရေအတွက် မှန်ကန်ခြင်း ၊

- ‌ဆေးများကို စနစ်တကျ သိမ်းဆည်းထားရှိခြင်း ၊

- သုံးစွဲပုံ နည်းစနစ် မှန်ကန်မှုရှိခြင်း ၊

- အသုံးပြုပြီးသားဆေးကို စနစ်တကျ စွန့်ပစ်ခြင်း ၊

- ဓာတုဆေးထုတ်လုပ်သူတို့ဘက်မှလည်း အညွှန်းစာတွင် ပြည့်စုံစွာ ဖော်ပြထားရှိခြင်း ၊

- သက်တမ်းလွန်နေသည့် ‌ဆေးများကို အသုံးမပြုခြင်း


စသည့် အချက်များကို စနစ်တကျ တိကျသေချာစွာ လိုက်နာသင့်ပါသည် ။


အကြောင်းမှာ 

ဓာတုဆေးဝါးများ၏ ဓာတ်ကြွင်းများကြောင့် လူအများ၏ ခုခံအားစနစ်ကိုပါ ထိခိုက်နိုင်ကြောင်း သိရပါသည် ။ ဒါကြောင့် ဇင့်(သွပ်ဓာတ်) အပါအဝင် အသင့်ဖော်ထုတ်ထားတဲ့ အကျိုးပြုဆေးဝါးများကိုလည်း မမေ့အပ်ကြောင်းကိုလည်း တင်ပြပေးလိုက်ရပါတယ်ရှင် ။


ယခုအခါ နည်းပညာများလည်း ဖွံ့ဖြိုးတိုးတက်လာပြီး အပင်များ ကြီးထွား‌စေသည့် Organic ဓာတ်မြေဩဇာများနှင့် နည်းလမ်းများလည်း ပေါ်လာပြီဖြစ်လို့ ကျန်းမာရေး အသိ ၊ သတိနှင့် အော်ဂဲနစ် အသီးအနှံများကို ရွေးချယ်ဝယ်ယူစားသုံးခြင်းဖြင့် မိမိတို့ရဲ့ ကျန်းမာရေးကို ဂရုစိုက်ကြရအောင်နော် 💕💕💕


VAA - VHCA Alumni Association

Comments

Popular posts from this blog

Otomycosis ( နားမှိုစွဲခြင်းရောဂါ )

 Otomycosis ( နားမှိုစွဲခြင်းရောဂါ )      🙋  အားလုံးပဲ   မင်္ဂလာပါ 🙋 VAA ရဲ့စာဖတ်ပရိတ်သတ်တွေအတွက်အခုတစ်ခါမှာတော့ ပရိတ်သတ်တွေရဲ့တောင်းဆိုချက်အရ နားမှိုစွဲခြင်းရောဂါ နဲ့ပတ်သက်ပြီး ဖော်ပြပေးမှာဖြစ်ပါတယ် ။  နားမှိုစွဲခြင်းရောဂါ နဲ့ပတ်သက်ပြီး ဖြစ်ရတဲ့အကြောင်းရင်းတွေ ၊ လက္ခဏာတွေ ၊ ဘယ်လိုဆေးဝါးတွေကို အသုံးပြုနိုင်မလဲ ၊ ဆောင်ရန် ၊ ရှောင်ရန် ၊နောက်ဆက်တွဲ ပြဿနာတွေ နှင့် ကာကွယ်နည်းများကို ပြည့်ပြည့်စုံစုံ တင်ဆက်ပေးလိုက်ပါတယ် ။ နားမှိုစွဲရောဂါ ကို ဆေးပညာအရ Otomycosis လို့ ခေါ်ပါတယ်။ မြန်မာနိုင်ငံလိုမျိုး ပူနွေးစိုစွတ်တဲ့ နိုင်ငံတွေမှာ အတွေ့ရများပါတယ်။ နွေရာသီလို ပူပြင်းတဲ့အချိန်မှာ ပိုဖြစ်တတ်ပါတယ်။ နားမှိုစွဲရောဂါက များသောအားဖြင့် နားအပြင်ပိုင်းမှာ ဖြစ်တာ များပါတယ်။ နားအလယ်ပိုင်းမှာ ဖြစ်တာလည်း ရှိပါတယ်။ တစ်ဖက်တည်း ဖြစ်တာများပါတယ်။ 🔴 နားမှိုစွဲရောဂါ ဖြစ်ရတဲ့ အကြောင်းရင်း နားမှိုစွဲရောဂါက နာမည်အတိုင်းပဲ မှိုပိုးကြောင့် ဖြစ်တာပါ ။ မှိုပိုးတွေ အများကြီးရှိတဲ့အထဲကမှ နားမှိုစွဲစေတဲ့ ပိုးတွေကတော့ Candida နဲ့ Aspergillus လို့ခေါ်တဲ့ မှို နှစ်မျိုးပဲ ဖြစ်ပါတယ် ။ အဲ...

Circulation of Blood

 Circulation Of Blood           မင်္ဂလာပါ VAA Facebook  Page  မှ ပရိတ်သတ်ကြီးများခင်ဗျာ   အခု​ဖော်ပြပေးမယ့် အကြောင်းအရာလေးကတော့ ခန္ဓာကိုယ်အတွင်းမှာလှည့်ပတ်နေတဲ့ သွေးအကြောင်းပဲဖြစ်ပါတယ် ။ သွေးထဲမှာဆိုရင် သွေးရည်ကြည်၊သွေးနီဥ ၊ သွေးဖြူဥ ၊ သွေးဥမွှားတွေပါရှိပြီး သူတို့လေးတွေကရော ဘာလုပ်ငန်းတွေလုပ်ဆောင်တာလဲ?  ဒါ့အပြင် နှလုံးရဲ့ လုပ်ငန်းဆောင်တာတွေ ၊ သွေးလွှတ်ကြော ၊ သွေးပြန်ကြောတွေကရော ဘာတွေလဲ? စသဖြင့် ဗဟုသုတ ရစေရန် ရည်ရွယ်၍ တင်ဆက်ပေးလိုက်ပါသည်။  ခန္ဓာကိုယ်တွင်း သွေးလှည့်ပတ်သွားလာခြင်း  ( Circulation of Blood )  ခန္ဓာကိုယ် သွေးလှည့်ပတ်ခြင်းစနစ်တွင်        (၁) သွေး       (၂) နှလုံး နှင့်       (၃) သွေးကြောများ စသည်တို့ ပါဝင်ပါသည် ။ (၁)   သွေးအကြောင်း          သွေးသည် သွေးကြောများ အတွင်းတွင် အရည်အဖြစ် လှည့်ပတ်လျက်ရှိသည် ။ ခန္ဓာကိုယ် အသက်ရှင်ရန်အတွက် အရေးကြီးသည် ။ သွေးသည် အသက် ဖြစ်သည် ။ မည်သည့်နေရာမှမဆို သွေးယိုထွက်ခြင်း လွန်ကဲပါက အသက်ဆုံးရှုံးန...

ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်ဖြစ်တတ်သူတိုင်း သတိထားသင့်တဲ့ အချက်များ

  နှစ်တစ်နှစ်တာရဲ့ အချိန်တစ်ခုကို ရောက်လာပြီဆိုရင် နှာချေတာ ၊ ချောင်းဆိုးတာ ၊ နှာရည်ယိုတာတွေကို ခံစားရပြီဆိုရင် သေချာတာက ရာသီအကူးအပြောင်းကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှုကို ခံစားနေရတာပါ ။ ရာသီဥတုကြောင့် ဓာတ်မတည့်မှု ခံစားရသူတွေဟာ ဆောင်းဦးကာလ နွေဦးကာလတွေကို ရောက်လာပြီဆိုရင် လေထုထဲမှာ ဝတ်မှုန်တွေ မှိုတွေ များလာတာကြောင့် ဓာတ်မတည့်မှုကို ခံစားရပါတယ် ။ ဒီလိုမျိုး ရာသီအပြောင်းအလဲမှာ ဖြစ်တတ်တဲ့ ဓာတ်မတည့်မှု ခံစားရနိုင်ခြေကို မခံစားချင်ဘူးဆိုတဲ့ သူလေးတွေ ရှိပါသလား ။  ဒါဆိုရင်တော့ ဒီဆောင်းပါးလေးထဲမှာ ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်ဖြစ်တတ်သူတိုင်း သတိထားသင့်တဲ့ အချက်တွေ ပြောပြပေးမှာမို့ အတူတူ ဖတ်ကြည့်လိုက်ရအောင်နော် ။ 🔴 ရာသီဥတုကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှု ဆိုတာ - ရာသီအကူးအပြောင်း ဖြစ်ချိန်မှာ သစ်ပင်တွေကနေ ကျတဲ့ ဝတ်မှုန်တွေ ၊ မြက်တွေကနေ ထွက်တဲ့ ဝတ်မှုန်တွေကြောင့် ဓာတ်မတည့်မှုကို ခံစားရနိုင်ပါတယ် ။ ဒါကြောင့် ပန်းတွေ ပွင့်တတ်တဲ့ နွေဦး နဲ့ ဆောင်းဦးကာလတွေမှာ ရာသီဥတုကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှုတွေကို ခံစားရနိုင်ပါတယ် ။ 🔴 ဘယ်အချက်တွေက ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်တာကို ဖြစ်စေနိုင်တာလဲ ရာသီအပြောင်းအလဲမှ...