Skip to main content

Hepatitis C Virus

 Hepatitis C viral infection ခေါ် အသည်းရောင်အသားဝါ C ပိုးအကြောင်း သိကောင်းစရာ



အသည်းရောင်အသားဝါဖြစ်စေတဲ့ virus ပိုးတွေ အများကြီးရှိတဲ့ အထဲကမှ အဖြစ်အများဆုံး virus အုပ်စု အမျိုးအစားဖြစ်တဲ့ Viral Hepatitis A , B , C , D နှင့် E တို့အနက် ဒီနေ့မှာတော့  VAA မှ စာဖတ်ပရိတ်သတ်တွေရဲ့ တောင်းဆိုချက်အရ Hepatitis C virus လို့ခေါ်တဲ့ အသည်းရောင်အသားဝါ C ပိုးအကြောင်း ကိုပြောပြပေးသွားမှာ ဖြစ်ပါတယ်။


🔴 Hepatitis C virus ခေါ် အသည်းရောင်အသားဝါ C ပိုး ဘယ်လိုကူးစက်သလဲ ?


အသည်းရောင်အသားဝါ C ပိုးသည် သွေးမှတဆင့် အဓိက ကူးစက်ပါတယ် ….


အသည်းရောင်အသားဝါ C ပိုးပါသော သွေးသွင်းမိခြင်း ၊ အသည်းရောင်အသားဝါ C ပိုးပါသော အပ်ဖြင့် ဆေးထိုးခြင်း ၊ ဆေးမှင်ကြောင်ထိုးခြင်း ၊  နားဖောက်ခြင်း ၊ အပ်စိုက်ခြင်း ၊  အသည်းရောင်အသားဝါ C ပိုးရှိသောသူနှင့် ဘလိတ်ဓား မုတ်ဆိတ်ရိတ်ဓား သွားတိုက်တံ အစရှိသည်တို့ကို အတူတကွသုံးစွဲခြင်း တို့အပြင် အသည်းရောင်အသားဝါ C ပိုးရှိသောသူနှင့် အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း တို့မှလည်း ကူးစက်နိုင်ပါတယ်…


ထို့အပြင် အသည်းရောင်အသားဝါ C ပိုးရှိသော ကိုယ်ဝန်ဆောင်မိခင် ထံမှ ကလေးကိုလဲ ကူးစက်နိုင်ပါတယ်။


🔴 ဘယ်လိုလူတွေက ကူးစက်ခံရနိုင်ချေများလဲ ?

သွေးခဏခဏသွင်းရလေ့ရှိသူများ ၊  သွေးကြောအတွင်း မူးယစ်ဆေး ၊ အကြောဆေးထိုးလေ့ရှိသူများ ၊ လုပ်ငန်းခွင်အတွင်း သွေး နှင့် ဆက်စပ်ပစ္စည်းများ ထိတွေ့မှုရှိသော ကျန်းမာရေးဝန်ထမ်းများ ၊ ဆေးမှင်ကြောင် ထိုးလေ့ရှိသူများ ၊ နားခဏခဏဖောက်လေ့ရှိသူများ ၊ လိင်ဆက်ဆံဖော်များသူများ စသည့်သူတွေကတော့ ရောဂါပိုး ကူးစက်ခံရနိုင်ချေ များပါတယ်။


🔴 ဘယ်လိုရောဂါလက္ခဏာတွေ ခံစားရမလဲ ?


အသည်းရောင်အသားဝါ C ပိုးကူးစက်ခံရသူ အနည်းငယ်သာ Non-specific prodromal illness လို့ခေါ်တဲ့ ဘယ်ရောဂါဖြစ်နေလဲ တိတိကျကျ မပြောနိုင်သော လက္ခဏာတွေဖြစ်တဲ့  ခေါင်းကိုက်ခြင်း ၊ မစားချင်မသောက်ချင်ဖြစ်ခြင်း ၊ ပျို့အန်ခြင်း ၊ ဝမ်းလျှောခြင်း ၊ ဗိုက်အောင့်ခြင်း ၊ ကိုယ်လက်မအီမသာဖြစ်ခြင်း ၊ အရိုးအဆစ် ကြွက်သားတွေ နာခြင်း ၊ ဆီးအရောင်ရင့်ခြင်း ၊ ဝမ်းအရောင်ဖျော့ခြင်း အစရှိတဲ့ လက္ခဏာတွေကို အသားမဝါခင် ရက်အနည်းငယ်ကနေ ၂ ပတ်အတွင်း ရှေ့ပြေးလက္ခဏာတွေအနေနဲ့ ခံစားရလေ့ရှိပြီး အသည်းရောင်အသားဝါ C ပိုး ကူးစက်ခံရသူအများစုကတော့ နာတာရှည်အသည်းရောင်ခြင်း ၊ အသည်းကင်ဆာဖြစ်ခြင်းတို့ ဖြစ်လေ့ရှိပါတယ် ။


🔴 အသည်းရောင်အသားဝါ C ပိုးရှိကြောင်းဘယ်လိုသိနိုင်မလဲ ?


Anti HCV antibodies လို့ခေါ်တဲ့ အသည်းရောင်အသားဝါ C ပိုးဝင်လာရင် ခန္ဓာကိုယ်က ပြန်တိုက်ခိုက်တဲ့ Antibodies ခေါ် ကိုယ်ခံအားကို စစ်ခြင်းအားဖြင့် သိနိုင်ပါတယ်။


🔴 နောက်ဆက်တွဲ ဘာတွေဖြစ်နိုင်မလဲ ?


အထက်မှာဖော်ပြခဲ့တဲ့အတိုင်းပဲ အသည်းရောင်အသားဝါ C ပိုးကူးစက်ခံရသူ အချို့သည် လတ်တလော အသည်းရောင် အသားဝါခြင်း သာမန်ရောဂါလက္ခဏာသာ ခံစားရပြီး သက်သာသွားသော်လည်း အများစုမှာ နာတာရှည် အသည်းရောင်ခြင်း ၊  အသည်းခြောက်ခြင်း နှင့် အသည်းကင်ဆာတို့အထိ ဖြစ်နိုင်ပြီး အသက်အန္တရာယ်ရှိပါတယ်။


🔴 ဘယ်လိုကုသမလဲ ?

အသည်းရောင်အသားဝါ C ပိုးအတွက် Antiviral agents တွေကို ဆရာဝန် ညွှန်ကြားထားတဲ့အတိုင်း စနစ်တကျ ကုသမှုခံယူပါက ကုသမှုခံယူပြီး ၃ လ မှ ၆ လအတွင်း ပျောက်ကင်းနိုင်ပါသည်။


အနားယူခြင်း ၊ ရေများများသောက်ခြင်း  ၊ အရက်ရှောင်ခြင်း ၊ အာဟာရပြည့်စွာ စားသောက်ခြင်း အစရှိသည်တို့ကိုလည်း လုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်။


🔴 ဘယ်လိုကာကွယ်မလဲ ?


ရောဂါပိုးကင်းစင်ကြောင်း စစ်ဆေးထားသော သွေးကိုသာသွင်းခြင်း ၊ အခြားသူတစ်ဦး၏ သွေးနှင့်ဆက်စပ်သော ပစ္စည်းကို တိုက်ရိုက်မထိမိစေရန် သတိထားကိုင်တွယ်ခြင်း ၊ တစ်ခါသုံးဆေးထိုးအပ်ကို အသုံးပြုခြင်း ၊ အသုံးပြုပြီးသော ဆေးထိုးအပ်များကိုလဲ စနစ်တကျစွန့်ပစ်ခြင်း ၊ ဘလိတ်ဓား ၊ မုတ်ဆိတ်ရိတ်ဓား ၊ သွားတိုက်တံ အစရှိသည့် တစ်ကိုယ်ရည်သုံးပစ္စည်းများအား သီးခြားစီအသုံးပြုခြင်း ၊ အသည်းရောင်အသားဝါ C ပိုးရှိသူ နှင့် လိင်ဆက်ဆံလျှင်လည်း အကာအကွယ်အသုံးပြုခြင်း အစရှိသည်တို့ ဖြစ်သည်။


       ဒါကြောင့် အသည်းရောင် အသားဝါ  C ပိုးရဲ့ အကြောင်းတွေကိုဖတ်ရှုပြီးဆောင်ရန် ၊ ရှောင်ရန်များကို လိုက်နာလျှင် အသည်းရောင်အသားဝါ C ပိုး ရောဂါဘေးမှ ကင်းဝေးပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ရပါသည် ။


       VAA(VHCA Alumni Association) 


               ပြည်သူ မှ ပြည်သူ သို့

Comments

  1. ဗဟုသုတများစွာရလို့ ​ကျေးဇူးပါVAA

    ReplyDelete

Post a Comment

Popular posts from this blog

Otomycosis ( နားမှိုစွဲခြင်းရောဂါ )

 Otomycosis ( နားမှိုစွဲခြင်းရောဂါ )      🙋  အားလုံးပဲ   မင်္ဂလာပါ 🙋 VAA ရဲ့စာဖတ်ပရိတ်သတ်တွေအတွက်အခုတစ်ခါမှာတော့ ပရိတ်သတ်တွေရဲ့တောင်းဆိုချက်အရ နားမှိုစွဲခြင်းရောဂါ နဲ့ပတ်သက်ပြီး ဖော်ပြပေးမှာဖြစ်ပါတယ် ။  နားမှိုစွဲခြင်းရောဂါ နဲ့ပတ်သက်ပြီး ဖြစ်ရတဲ့အကြောင်းရင်းတွေ ၊ လက္ခဏာတွေ ၊ ဘယ်လိုဆေးဝါးတွေကို အသုံးပြုနိုင်မလဲ ၊ ဆောင်ရန် ၊ ရှောင်ရန် ၊နောက်ဆက်တွဲ ပြဿနာတွေ နှင့် ကာကွယ်နည်းများကို ပြည့်ပြည့်စုံစုံ တင်ဆက်ပေးလိုက်ပါတယ် ။ နားမှိုစွဲရောဂါ ကို ဆေးပညာအရ Otomycosis လို့ ခေါ်ပါတယ်။ မြန်မာနိုင်ငံလိုမျိုး ပူနွေးစိုစွတ်တဲ့ နိုင်ငံတွေမှာ အတွေ့ရများပါတယ်။ နွေရာသီလို ပူပြင်းတဲ့အချိန်မှာ ပိုဖြစ်တတ်ပါတယ်။ နားမှိုစွဲရောဂါက များသောအားဖြင့် နားအပြင်ပိုင်းမှာ ဖြစ်တာ များပါတယ်။ နားအလယ်ပိုင်းမှာ ဖြစ်တာလည်း ရှိပါတယ်။ တစ်ဖက်တည်း ဖြစ်တာများပါတယ်။ 🔴 နားမှိုစွဲရောဂါ ဖြစ်ရတဲ့ အကြောင်းရင်း နားမှိုစွဲရောဂါက နာမည်အတိုင်းပဲ မှိုပိုးကြောင့် ဖြစ်တာပါ ။ မှိုပိုးတွေ အများကြီးရှိတဲ့အထဲကမှ နားမှိုစွဲစေတဲ့ ပိုးတွေကတော့ Candida နဲ့ Aspergillus လို့ခေါ်တဲ့ မှို နှစ်မျိုးပဲ ဖြစ်ပါတယ် ။ အဲ...

Circulation of Blood

 Circulation Of Blood           မင်္ဂလာပါ VAA Facebook  Page  မှ ပရိတ်သတ်ကြီးများခင်ဗျာ   အခု​ဖော်ပြပေးမယ့် အကြောင်းအရာလေးကတော့ ခန္ဓာကိုယ်အတွင်းမှာလှည့်ပတ်နေတဲ့ သွေးအကြောင်းပဲဖြစ်ပါတယ် ။ သွေးထဲမှာဆိုရင် သွေးရည်ကြည်၊သွေးနီဥ ၊ သွေးဖြူဥ ၊ သွေးဥမွှားတွေပါရှိပြီး သူတို့လေးတွေကရော ဘာလုပ်ငန်းတွေလုပ်ဆောင်တာလဲ?  ဒါ့အပြင် နှလုံးရဲ့ လုပ်ငန်းဆောင်တာတွေ ၊ သွေးလွှတ်ကြော ၊ သွေးပြန်ကြောတွေကရော ဘာတွေလဲ? စသဖြင့် ဗဟုသုတ ရစေရန် ရည်ရွယ်၍ တင်ဆက်ပေးလိုက်ပါသည်။  ခန္ဓာကိုယ်တွင်း သွေးလှည့်ပတ်သွားလာခြင်း  ( Circulation of Blood )  ခန္ဓာကိုယ် သွေးလှည့်ပတ်ခြင်းစနစ်တွင်        (၁) သွေး       (၂) နှလုံး နှင့်       (၃) သွေးကြောများ စသည်တို့ ပါဝင်ပါသည် ။ (၁)   သွေးအကြောင်း          သွေးသည် သွေးကြောများ အတွင်းတွင် အရည်အဖြစ် လှည့်ပတ်လျက်ရှိသည် ။ ခန္ဓာကိုယ် အသက်ရှင်ရန်အတွက် အရေးကြီးသည် ။ သွေးသည် အသက် ဖြစ်သည် ။ မည်သည့်နေရာမှမဆို သွေးယိုထွက်ခြင်း လွန်ကဲပါက အသက်ဆုံးရှုံးန...

ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်ဖြစ်တတ်သူတိုင်း သတိထားသင့်တဲ့ အချက်များ

  နှစ်တစ်နှစ်တာရဲ့ အချိန်တစ်ခုကို ရောက်လာပြီဆိုရင် နှာချေတာ ၊ ချောင်းဆိုးတာ ၊ နှာရည်ယိုတာတွေကို ခံစားရပြီဆိုရင် သေချာတာက ရာသီအကူးအပြောင်းကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှုကို ခံစားနေရတာပါ ။ ရာသီဥတုကြောင့် ဓာတ်မတည့်မှု ခံစားရသူတွေဟာ ဆောင်းဦးကာလ နွေဦးကာလတွေကို ရောက်လာပြီဆိုရင် လေထုထဲမှာ ဝတ်မှုန်တွေ မှိုတွေ များလာတာကြောင့် ဓာတ်မတည့်မှုကို ခံစားရပါတယ် ။ ဒီလိုမျိုး ရာသီအပြောင်းအလဲမှာ ဖြစ်တတ်တဲ့ ဓာတ်မတည့်မှု ခံစားရနိုင်ခြေကို မခံစားချင်ဘူးဆိုတဲ့ သူလေးတွေ ရှိပါသလား ။  ဒါဆိုရင်တော့ ဒီဆောင်းပါးလေးထဲမှာ ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်ဖြစ်တတ်သူတိုင်း သတိထားသင့်တဲ့ အချက်တွေ ပြောပြပေးမှာမို့ အတူတူ ဖတ်ကြည့်လိုက်ရအောင်နော် ။ 🔴 ရာသီဥတုကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှု ဆိုတာ - ရာသီအကူးအပြောင်း ဖြစ်ချိန်မှာ သစ်ပင်တွေကနေ ကျတဲ့ ဝတ်မှုန်တွေ ၊ မြက်တွေကနေ ထွက်တဲ့ ဝတ်မှုန်တွေကြောင့် ဓာတ်မတည့်မှုကို ခံစားရနိုင်ပါတယ် ။ ဒါကြောင့် ပန်းတွေ ပွင့်တတ်တဲ့ နွေဦး နဲ့ ဆောင်းဦးကာလတွေမှာ ရာသီဥတုကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှုတွေကို ခံစားရနိုင်ပါတယ် ။ 🔴 ဘယ်အချက်တွေက ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်တာကို ဖြစ်စေနိုင်တာလဲ ရာသီအပြောင်းအလဲမှ...