ဗီတာမင် B အကြောင်း သိကောင်းစရာ
ဗီတာမင် ဘီ က ကျန်းမာဖို့အတွက် မရှိမဖြစ် လိုအပ်တဲ့ ဗီတာမင် တစ်မျိုးဖြစ်သလို ရေမှာ ပျော်ဝင်နိုင်တဲ့ ဗီတာမင်လည်း ဖြစ်ပါတယ်။
ဗီတာမင် ဘီ ကို ခန္ဓာကိုယ်က မထုတ်လုပ်နိုင်ပါဘူး။ ဒါကြောင့် အစားအစာတွေ အပေါ်မှာ မှီခိုရပါတယ်။
ဗီတာမင် ဘီ က ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်မှုတွေကို ဘယ်လိုများ ထောက်ပံ့ပေးလဲဆိုတာ အတူတူကြည့်လိုက်ရအောင်လား ။
ဗီတာမင် B အုပ်စုတွေက
ဘာတွေဖြစ်မလဲ
ဗီတာမင် ဘီ က ခန္ဓာကိုယ်ရဲ့ ဆဲလ်တွေ ကောင်းမွန်စွာ လုပ်ဆောင်နိုင်စေဖို့ အရေးပါတဲ့ အခန်းကဏ္ဍကနေ လုပ်ဆောင်ပေးပါတယ်။
ဗီတာမင် ဘီ အုပ်စုက စားလိုက်တဲ့ အစားအစာတွေကို အင်အားအဖြစ် ပြောင်းလဲပေးပါတယ်။
ဒါ့အပြင် ကိုယ်တွင်း ဇီဝကမ္မဖြစ်စဉ်ကို တိုးတက်ကောင်းမွန်စေတယ်။
သွေးဆဲလ် အသစ်တွေ ဖြစ်ပေါ်စေတယ်။
အရေပြားဆဲလ် နဲ့ ဦးနှောက်ဆဲလ်တွေကို ကျန်းမာစေတယ်။
ခန္ဓာကိုယ်က တစ်ရှူးတွေကို ကျန်းမာစေတယ်။
ဗီတာမင် B အမျိုးအစားများ
ဗီတာမင် ဘီ အမျိုးအစားက ၈ ခု ရှိပါတယ်။
ဗီတာမင် B-1 (thiamin)
ဗီတာမင် B-2 (riboflavin)
ဗီတာမင် B-3 (niacin)
ဗီတာမင် B-5 (pantothenic acid)
ဗီတာမင် B-6 (pyridoxine)
ဗီတာမင် B-7 (biotin)
ဗီတာမင် B-9 (folate)
ဗီတာမင် B-12 (cobalamin)
ဒီ ဗီတာမင် အားလုံးကို စုပြီး ဗီတာမင် B complex လို့ ခေါ်ပါတယ်။
ဒီ ဗီတာမင် ဘီ အုပ်စုတွေကို အစားအစာ တော်တော်များများမှာ အမျိုးအစား စုံစုံလင်လင် တွေ့ရတတ်ပါတယ်။
ဗီတာမင် B တစ်မျိုးချင်းစီရဲ့ လုပ်ငန်းတာဝန်
ဗီတာမင် ဘီ အုပ်စုက ဗီတာမင် အမျိုးအစား တစ်မျိုးချင်းစီရဲ့ လုပ်ငန်းတာဝန်တွေက မတူကြပါဘူး။
ဗီတာမင် B-1 (thiamin)
ဗီတာမင် B-1 (thiamin)က
နှလုံး၊ အသည်း နဲ့ ဦးနှောက်တို့မှာ thiamin ပမာဏ တော်တော်လေး ပါဝင်နေရတာပါ။ ဒါမှလည်း ကျန်းမာမှာကိုး။ thiamin က ခန္ဓာကိုယ် အတွက်
အစားအစာတွေထဲက သကြားဓာတ်ကို ဖြိုခွဲပေးတယ်
ဦးနှောက်ရဲ့ လုပ်ဆောင်မှုတွေ ကောင်းမွန်စေတယ်
fatty acids ဖြစ်ပေါ်စေတယ်
ဟော်မုန်းတွေကို ထုတ်လွှတ်ပေးတယ်။
ဗီတာမင် B-2 (riboflavin)
ဗီတာမင် B -2 Riboflavin က
စွမ်းအင်တွေ ဖြစ်ပေါ်စေတယ်
ခန္ဓာကိုယ်က အဆီတွေ၊ ဆေးဝါးတွေ နဲ့ စတီးရွိုက် ဟော်မုန်းတွေကို ဖြိုခွဲရာမှာ ကူညီပေးတယ်။
ဗီတာမင် B-3 (niacin)
ဗီတာမင် B-3 (niacin)က
ဗီတာမင် B3 က ခန္ဓာကိုယ်မှာ
စားသုံးလိုက်တဲ့ ကာဗိုဟိုက်ဒရိတ်၊ အဆီ နဲ့ ပရိုတင်းတွေကို ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ စွမ်းအင်တွေအဖြစ် ပြောင်းလဲပေးတယ်
ဆဲလ်တွေရဲ့ လုပ်ဆောင်မှုတွေကို အကောင်းဆုံး လုပ်ဆောင်နိုင်စေတယ်
ဆဲလ်တွေကို တစ်ခုနဲ့တစ်ခု ဆက်သွယ်ဆောင်ရွက်နိုင်စေတယ်
ဆဲလ်တွေထဲ DNA မျိုးဗီဇဆဲလ်တွေကို သိရှိနိုင်အောင် လုပ်ဆောင်ပေးတယ်။
ဗီတာမင် B-5 (pantothenic acid)
ဗီတာမင် B-5 (pantothenic acid) က
ခန္ဓာကိုယ်အတွက် coenzymes၊ ပရိုတင်း နဲ့ အဆီတွေကို ဖြစ်ပေးစေတယ်။ သွေးဆဲလ်တွေကနေတဆင့် pantothenic acid ကို သယ်ဆောင် သွားစေပြီး စွမ်းအင် ဖြစ်ပေါ်စေဖို့နဲ့ ဇီဝကမ္မဖြစ်စဉ်တွေ ဖြစ်ပေါ်စေဖို့ လိုအပ်တဲ့ အာဟာရအဖြစ် ဆောင်ရွက်ပေးပါတယ်။
ဗီတာမင် B-6 (pyridoxine)
ဗီတာမင် B-6 (pyridoxine) က
အမိုင်နိုအက်ဆစ် ပြောင်းလဲဖြစ်ပေါ်မှုကို လုပ်ဆောင်ပေးတယ်
ကာဗိုဟိုက်ဒရိတ်ကို အဆီအဖြစ် ဖြိုခွဲပေးတယ်
ဦးနှောက် ဖွံ့ဖြိုးစေတယ်
ကိုယ်ခံအား ကောင်းစေတယ်။
ဗီတာမင် B-7 (biotin)
ဗီတာမင် B-7 (biotin) က
အဆီ၊ ကာဗိုဟိုက်ဒရိတ် နဲ့ ပရိုတင်း တို့ကို ဖြိုခွဲပေးတယ်
ခန္ဓာကိုယ်က ဆဲလ်တွေကို ချိတ်ဆက် ဆောင်ရွက်နိုင်စေတယ်
DNA ကို ထိန်းညှိပေးတယ်။
ဗီတာမင် B-9 (folate)
ဗီတာမင် B-9 (folate) က
DNA ကွဲပွားမှုကို လုပ်ဆောင်ပေးတယ်
ဗီတာမင်တွေကို ဖြိုခွဲပေးတယ်
အမိုင်နိုအက်ဆစ်ကို ဖြိုခွဲပေးတယ်
ဆဲလ်ကွဲပွားမှုတွေကို ဖြစ်ပေါ်စေတယ်။
ဗီတာမင် B-12 (cobalamin)
ဗီတာမင် B-12 (cobalamin) က
သွေးဆဲလ် အသစ်တွေကို ဖြစ်ပေါ်စေတယ်
DNA ပေါင်းစပ်မှုကို ဖြစ်ပေါ်စေတယ်
ဦးနှောက် နဲ့ အာရုံကြော လုပ်ဆောင်မှု ကောင်းစေတယ်
အဆီ နဲ့ ပရိုတင်းတွေကို ဖြိုခွဲပေးတယ်။
သတိထားရမည့် ဗီတာမင် B ချို့တဲ့သောပြဿနာ
ယနေ့ခေတ်မှာတော့ ဗီတာမင် ဘီ နဲ့ပတ်သက်တဲ့ အားဆေးတွေကို လူတိုင်းဝယ်ယူသောက်သုံးမှီဝဲနေကြတာကို တွေ့ရှိရပါတယ်။
ဗီတာမင် ဘီ လိုအပ်သူတွေအတွက် ဘီ ချို့တဲ့မှုကို ကာကွယ်ပေးနိုင်ပြီး ခံစားနေရတဲ့ ရောဂါဝေဒနာများကနေ သက်သာလာတာကို တွေ့ရှိရပါတယ်။
ဗီတာမင် ဘီ ကိုသောက်သုံးဖို့ဆိုရင် ဗီတာမင် ဘီ ချို့တဲ့လက္ခဏာများကို သိရှိထားဖို့လိုအပ်ပါတယ်။
သိထားရမယ့် ဗီတာမင် B ချို့တဲ့ လက္ခဏာများ
– ခြေလက် ထုံကျင်ခြင်း
– အစားစားချင်စိတ်လျော့နည်းခြင်း
– မောဟိုက်လွယ်ခြင်း
– ဝမ်းချုပ်ခြင်း
– ဝမ်းလျှောခြင်း
– Weight loss ရခြင်း
– ခြေသည်းလက်သည်းနှင့် ဆံပင်များကြွပ်ဆတ်ခြင်း
– အသားအရေဖြူဖျော့နေခြင်း
– Mouth ulcer ရခြင်း
– Walking problem
– စိတ်ပိုင်းဆိုင်ရာ ပြဿနာများ နဲ့
– အမြင်အာရုံ ဝေဝါးခြင်း စတာတွေဖြစ်ပါတယ်။
ဗီတာမင် B ချို့တဲ့ရာမှတစ်ဆင့် ခံစားရမယ့် နောက်ဆက်တွဲရောဂါများ
– B1 ချို့တဲ့ ဘယ်ရီဘယ်ရီရောဂါ
– သွေးအားနည်းရောဂါ
– Atropic Gastritis ရောဂါ
– အရိုးပွရောဂါ
– Crohn’s disease
– Graves’ disease or Lupus
– Mental Disease အစရှိတဲ့ ရောဂါများဖြစ်ကြပါတယ်။
ဗီတာမင် B မချို့တဲ့အောင် ဘယ်လို နေထိုင် စားသောက်သင့်သလဲ
1. B complex ပါဝင်သောအားဆေးသောက်ခြင်း
2. နို့၊ဒိန်ချဉ်၊အသား၊ငါး၊ဥများ စားသုံးပေးခြင်း
3. B12 ဓါတ်ကြွယ်ဝစွာပါတဲ့ အသား များစားခြင်း
4. အသားမစားပါက ဥအမျိုးမျိုး စားခြင်း
5. Salmon Tuna စသောငါးအမျိုးမျိုး စားပေးနိုင်ခြင်း
6. အသား အသည်း ကလီစာ များ စားပေးခြင်း
7. အသီး အရွက်များ စားပေးခြင်း
8. ဖြည့်စွက်စာများ စားပေးခြင်း ။
ဒီအချက်လေးတွေကို လိုက်နာပြီး ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင် ဘီ ဓာတ်ကို ရယူနိုင်တာကြောင့် တစ်နေ့တာ လိုအပ်တဲ့ပမာဏရအောင် နေထိုင်စားသုံးပြီး B ချို့တဲ့ရောဂါများမှ ကင်းဝေးအောင် နေထိုင်နိုင်ပါတယ် ။
ဒါ့အပြင် အစာလည်းဆေး ဆေးလည်းအစာ မလို့ ဗီတာမင် ဘီ ရရှိနိုင်မယ့် အစားအစာများ ကိုလည်း ပြောပြပေးပါဦး မယ်နော် ။
ဗီတာမင် B ပါဝင်သော အစားအစာများ
ဟင်းနုနွယ်ရွက်၊ တရုတ်မုန်လာ အစိမ်းရောင်၊ ဂေါ်ဖီထုပ်အနွယ်ဝင် အရွက်တစ်မျိုး(collards) နှင့် ဆလတ်တစ်မျိုး(romaine)စတဲ့ အရွက်များတဲ့ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေက folic acid သို့မဟုတ် folate (B9)အမြင့်ဆုံးပါဝင်တဲ့ ရင်းမြစ်များထဲမှ တစ်ခုဖြစ်ပါတယ်။
ဥတွေက သင့်ဆံပင်၊ အသားအရေ၊ လက်သည်းနှင့်ဆံပင်ကျန်းမာရေးအတွက် အရေးပါပြီး အကောင်းဆုံးသော biotinရင်းမြစ်(ဗီတာမင်ဘီအုပ်စုထဲပါဝင်ပြီး အစားအစာမှ ခန္ဓာကိုယ်အတွက် စွမ်းအင်ပြောင်းလဲပေးသော ဓာတ်)တစ်ခုဖြစ်ပါတယ်။ ကြက်ဥတစ်လုံးရဲ့ အနှစ်နဲ့ အဖြူရောင်အကာက biotin ၃၃ရာခိုင်နှုန်း ထောက်ပံ့ပေးပါတယ်။
ပဲပင်များ၊ပဲအမျိုးမျိုးက ဖောလစ်အက်ဆစ် ပါဝင်မှု မြင့်မားသည့် အပြင် အပင်များမှ အခြားဗီတာမင်များဖြစ်သော Thiamine၊ riboflavin၊ pantothenic acid နှင့် pyridoxineတို့ကိုပါ ထောက်ပံ့ပေးပါတယ်။
ဖောလိတ်က မွေးရာပါ ကိုယ်လက်အင်္ဂါနှင့် ဦးနှောက်ချို့ယွင်းမှုအန္တရာယ်ကို လျော့နည်းစေပါတယ်။
သစ်ကြားသီးက ဗီတာမင်များ၊ ဓာတ်သတ္တုများနှင့်ကြေးနီ၊ ဖော့စဖရပ်၊ ဖောလိတ်၊ pyridoxine၊ မန်းဂနိစ်၊ ဗီတာမင်အီး တို့များစွာ ပါဝင်ပါတယ်။
ဆော်လမွန်မှာ omega-3 fatty acids နှင့် riboflavin၊ niacin၊ B6 နှင့် B12 အပါအ၀င် ဘီဗီတာမင် များစွာပါရှိပါသည်။
သို့သော် အာဟာရဓာတ်ကြွယ်ဝတဲ့ ငါးတွေက ပရိုတင်းဓာတ်မြင့်မားသော်လည်း မာကျူရီပါဝင်မှု နည်းပါးပါသည်။
သင်ရဲ့ ကိုယ်ခံအားစနစ်ကို အထောက်အကူပြုရန်၊ ကျန်းမာရေးကို တိုးတက်စေရန်နှင့် COVID-19ရောဂါ အပါအဝင် တခြားကူးစက်ရောဂါအန္တရာယ်ကို လျှော့ချနိုင်ရန်အတွက် ဗီတာမင် ဘီ အလုံအလောက်ပါ၀င်သည့် ကျန်းမာသော အစားအစာရင်းမြစ်အမျိုးမျိုးကို သေချာစားသုံးသင့်ပါကြောင်း ပြောပြလိုက်ရပါတယ်နော် ။
Comments
Post a Comment