Skip to main content

အရက်စွဲရောဂါ

 အရက်စွဲရောဂါ


Alcohol Addiction (အရက်စွဲခြင်း) ကဘာလဲ။


အရက်စွဲခြင်းဆိုသည်မှာ အရက်ကို ရေရှည် သောက်သုံးရာမှဖြစ်ပွားလာတဲ့ ရှုပ်ထွေးတဲ့ ရောဂါစုဆိုလည်းမမှားပါဘူး။ ချက်ချင်း ရပ်လိုက်မယ်ဆိုရင်တော့ အရက်စွဲနေတဲ့လူနာကို မသက်မသာခံစားရစေပါတယ်။ အရက်စွဲတယ်ဆိုတာ စိတ်ကြောင့်စွဲတာနဲ့ ခန္ဓာကိုယ်က စွဲနေတာဆိုပြီးရှိပါတယ်။ ဒါကြောင့် အရက်စွဲသူတွေဟာ အရက်က သူတို့ရဲ့ ခန္ဓာကိုယ်နဲ့ စိတ်ကိုပျက်စီးစေရင်တောင်မှ မရပ်တန့်နိုင်ဘဲ ဆက်သောက်နေကြတာပါ။


အရက်စွဲရောဂါ

အရက်သောက်သောသူတစ်ဦးတွင် အောက်ပါလက္ခဏာများမှ အနည်းဆုံး (၄) ခု တွေ့ရှိလျှင် အရက်စွဲရောဂါရှိသူဟု သတ်မှတ်ရပါမည်။


(၁) အရက်စွဲရောဂါလက္ခဏာများ


1. အရက်ကို နေ့စဥ်နီးပါးသောက်နေခြင်း။

2. အရက်မသောက်ရလျှင် ခြေလက်တုန်ခြင်း နှင့် ကတုန်ကရင်ဖြစ်ခြင်း။

3. အရက်ထပ်မံသောက်လိုက်လျှင် ခြေလက်တုန်ခြင်း နှင့် ကတုန်ကရင်ဖြစ်ခြင်းတို့မှ ပြေပျောက်ခြင်း။

4. အချိန်သိပ်မရွေးဘဲအရက်သောက်တတ်ခြင်း ၊ အထူးသဖြင့် နံနက်ပိုင်းတွင် သောက်တတ်ခြင်း။

5. အရက်မူးပြီး ညကဖြစ်ခဲ့သော အဖြစ်အပျက်များကို မနက်ပိုင်းတွင် လုံးဝ မမှတ်မိခြင်း။

6. အရက်ကြောင့်တက်ပြီး သတိလစ်ခြင်း။

7. အရက်ကြောင့် လူမှုရေး (သို့မဟုတ်) စီးပွားရေး (သို့မဟုတ်) ကျန်းမာရေး ပြဿနာတစ်ခုခုရှိနေခြင်း။


(၂) အရက်ကြောင့်ဖြစ်သည့် ရုပ်ပိုင်းဆိုင်ရာရောဂါများ


         (က) ဦးနှောက်ထိခိုက်ခြင်း

 ဦးခေါင်းဒဏ်ရာရခြင်း၊

 အာရုံကြောများ အားနည်းခြင်း၊

 ဦးနှောက်ကျုံ့ခြင်း၊

 ဦးနှောက်ငယ် ထိခိုက်ပျက်စီးခြင်း၊

 အရက်ငမ်းဖမ်းခြင်း၊ တက်ခြင်း၊

 ဗီတာမင် B(1) ချို့တဲ့ပြီး ဦးနှောက်ထိခိုက်ခြင်း၊

 အတက်ရောဂါ ။


         (ခ) အသည်းနှင့် အစာလမ်းကြောင်း ထိခိုက်ခြင်း 

 အစာအိမ်ယောင်ခြင်း၊ 

အစာလမ်းကြောင်းမှ သွေးယိုခြင်း၊

 အသည်းယောင်ခြင်း၊ 

အသည်းအဆီဖုံးခြင်း၊

 အသည်းကင်ဆာဖြစ်ခြင်း၊

 သရက်ရွက်ယောင်ခြင်း ။


         (ဂ) နှလုံး နှင့် သွေးကြောများ ထိခိုက်ခြင်း

 သွေးတိုးရောဂါ၊

 နှလုံးသွေးကြောကျဥ်းရောဂါ၊

 နှလုံးကြွက်သားများ ထိခိုက်ပျက်စီးခြင်း၊

 နှလုံးကောင်းစွာ အလုပ်မလုပ်ခြင်း ။


          (ဃ) အခြားရောဂါများ

 အာဟာရဓာတ်၊ ဗီတာမင်ဓာတ်များ ချို့တဲ့ခြင်း 

 ကူးစက်ရောဂါများ ဖြစ်ပေါ်ခြင်း၊

 မတော်တဆ ထိခိုက်၊ ဒဏ်ရာရမှုများ ဖြစ်ပေါ်ခြင်း၊

 ပန်းသေပန်းညှိုးဖြစ်ခြင်း၊

 အရက်သောက်သည့် မိခင်ကြောင့် သန္ဓေသားကို ထိခိုက်ခြင်း ။


(၃) အရက်ကြောင့်ဖြစ်သည့် စိတ်ပိုင်းဆိုင်ရာရောဂါများ


 အရက်အမူးလွန်ခြင်း၊

 အရက်စွဲခြင်း၊

 အရက်ပြတ်သည့်လက္ခဏာများ ပေါ်လာခြင်း၊

 အရက်ငမ်းဖမ်းခြင်း၊

 စိုးရိမ်စိတ်လွန်ကဲခြင်း၊

 စိတ်ကြွ၊ စိတ်ကျရောဂါ၊

 အရက်ကြောင့် စိတ်ဖောက်ပြန်ခြင်း၊

 လှုံ့ဆော်မဲ့အာရုံများ ခံစားရခြင်း၊

 သံသယစိတ်များ လွန်ကဲခြင်း၊

 အိမ်ထောင်ဘက်အပေါ် သံသယစိတ် လွန်ကဲခြင်း၊

 စိတ်ကစဥ့်ကလျားရောဂါကဲ့သို့ စိတ်ဖောက်ပြန်ခြင်း၊

 အရက်ကြောင့် မှတ်ဉာဏ်ထိခိုက် ပျက်စီးခြင်း ၊

 ကိုယ့်ကိုယ်ကိုယ် အနာတရဖြစ်အောင် ပြုလုပ်တတ်ခြင်း ၊

 ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်ခြင်း ။


(၄) အရက်ကြောင့်ဖြစ်သည့် လူမှုရေးပြဿနာများ


 မိသားစု ၊ အိမ်ထောင်ရေး ပြဿနာဖြစ်၍ ပြိုကွဲခြင်း ၊

 ပတ်ဝန်းကျင် မိတ်ဆွေအပေါင်းအသင်းနှင့် ပြဿနာဖြစ်ခြင်း ၊

 ပညာရေးဆိုင်ရာ ၊ အသက်မွေးမှုဆိုင်ရာ ၊ လုပ်ငန်းဆောင်ရာတာများတွင် ပြဿနာဖြစ်ခြင်း 

 ရာဇဝတ်မှု ကျူးလွန်ခြင်း ။


(၅) အရက်အမူးလွန်သည့် လက္ခဏာများ


 စိတ်ကြွလာခြင်း၊ ရန်လိုလာခြင်း၊

 အရှက်အကြောက် ၊ ဆင်ခြင်တုံတရားများ လျော့ပါးလာခြင်း ၊

 စကားများလာခြင်း ၊ စကားမှားလာခြင်း ၊ 

လျှာလေးအာလေးဖြစ်ခြင်း ၊

 စိတ်အပြောင်းအလဲ မြန်လာခြင်း ၊

 အာရုံစူးစိုက်နိုင်စွမ်း နည်းပါးလာခြင်း ၊

 ဒယီးဒယိုင် ဖြစ်လာခြင်း ၊

 မေ့မြောခြင်း ၊ သတိလစ်ခြင်း ၊အရက်နံ့ရခြင်း ။


ရောဂါအဖြေရှာခြင်းနှင့် ကုသမှု


(ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ)


Alcohol Addiction (အရက်စွဲခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ ?


ဆရာဝန်က လူနာရဲ့ အလုပ်၊ လူမှုရေးနဲ့စိတ်ပိုင်းဆိုင်ရာပြဿနာတွေကိုဖြစ်စေတဲ့အရာတွေကို နားလည်ဖော်ထုတ်နိုင်ဖို့အတွက် လူနာကို သေချာ မေးမြန်းဆွေးနွေးရမှာဖြစ်ပါတယ်။  သွေးစစ်ခြင်းဖြင့် အရက်က သွေး၊ကျောက်ကပ်နှင့် အသည်းကို ထိခိုက်နေမှု ရှိမရှိကို ဖော်ပြနိုင်ပါတယ်။


Alcohol Addiction (အရက်စွဲခြင်း) ကို ဘယ်လိုကုသပါသလဲ


ကနဦးကုသမှုဟာ အရက်စွဲခြင်းအဆင့်အလိုက် သာမက ကိုယ်ခန္ဓာကိုယ်ထိခိုက်မှုကိုကြည့်ပြီး ပြောင်းလဲနိုင်ပါတယ်။


ရေတိုကုသမှုမှာ လူနာကိုအရက်ရဲ့ ဆိုးကျိုးတွေနဲ့ အရက်အဆိပ်သင့်တာတွေအကြောင်း ဆရာဝန်ကပြောပြဖို့လိုပါလိမ့်မယ်။ သို့မှသာ လူနာက အရက်စွဲခြင်း၏ အန္တရာယ်တွေကို သတိပြုလာနိုင်မှာ ဖြစ်သည်။ ဒီကုသမှုမှာ အရက်ဖြတ်ခြင်း၊ ဆေးတိုက်ခြင်း၊ ဆွေးနွေအကြံပြုခြင်း နဲ့အသင်းအဖွဲ့လိုက် ဆွေးနွေးလုပ်ဆောင်ချက်တွေ ပါဝင်ပါတယ်။


ပထမဆုံးအနေနဲ့လူနာသိဖို့လိုတာက သူတို့မှာ ကုသဖို့ လိုအပ်နေတဲ့ရောဂါရှိနေတယ်ဆိုတာပါပဲ။ တစ်ချို့က အရက်စွဲတယ်ဆိုတာ အလေ့အကျင့် တစ်ခုသာ ဖြစ်ပြီး ရောဂါမဟုတ်ဘူးလို့ ထင်တတ်ကြပါတယ်။ ဒါကြောင့် အရက်စွဲသူတွေဟာ အရက်ဖြတ်ဖို့ မလိုလားကြဘဲ ဒီလိုအယူအဆမှားကြောင့် အရက်ဖြတ်ရန် ပူးပေါင်းပါဝင်ဖို့လည်း ငြင်းဆန်တတ်ကြပါတယ်။ အရက်မသောက်ရန် ထိန်းချုပ်ခြင်း၊ အသိပညာပေးခြင်း၊ အရက်ဖြတ်ခြင်း နဲ့အဖွဲ့လိုက်လုပ်ဆောင်တာတွေပါပဲ။ နေစရာ၊ အလုပ်အကိုင်၊ လူမှုရေးပြဿနာများကို ထောက်ပံ့ကူညီဖြေရှင်းပေးမှုတွေက အရက်သောက်နိုင်ချေကိုလျော့ချနိုင်တဲ့အတွက် အရေးကြီးပါတယ်။


အရက်ဖြတ်တာဟာ မအီမသာဖြစ်ခြင်း၊ ချွေးထွက်ခြင်း နဲ့ အမှားလုပ်မိခြင်းကဲ့သိုသော လက္ခဏာတွေဖြစ်စေနိုင်ပါတယ် ။ အရက်ဖြတ်တာဟာ အလွန်ခက်ပြီးအများစုဟာ အရှုံးပေးပြီးပြန်သောက်ကြပါတယ်။ ပြန်သောက်တယ်ဆိုတာ သင်ဟာ အရက်ကို စွဲလန်းမှုဆက်ဖြစ်နေပြီး ဒီရောဂါကို အရှုံးပေး၊ အညံ့ခံလိုက်တာနဲ့အတူတူပါပဲ။


ဒါကြောင့် သင်ဟာ ဒီလို အခြေအနေမျိုးမှာ ရှိနေတယ်ဆိုလျှင်တော့ သာယာလှပပြီး ပျော်ရွှင်စရာကောင်းတဲ့ ဝန်းကျင်ဆီရောက်အောင် ကြိုးစားပြီး ရုန်းထွက်ခဲ့လိုက်ပါ ။


"အမေဘယ်လိုချော့သိပ်သိပ် ကိုယ်အိပ်မှ ပျော်မှာပါနော်"


ဒါကြောင့် တခြားသူတွေက ဘယ်လိုဖြတ်ခိုင်းဖြတ်ခိုင်း၊ ဘယ်လိုနည်းလမ်းနဲ့ပဲ ဖြတ်ဖြတ် ကိုယ့်စိတ်က အဓိကမို့ သောက်ဖြစ်တယ်ဆိုရင်တောင် Limit လေးထားပြီး တန်ဆေးလွန်ဘေး သောက်သုံးခြင်းဖြင့် အရက်စွဲ‌တဲ့ ဝေဒနာမဖြစ်အောင် မိမိကိုယ်တိုင် မိမိရဲ့ အသိစိတ်နဲ့ ကာကွယ်ကြရအောင်ပါရှင်။ 


#vaa

#alcohol

#အရက်စွဲခြင်း

Comments

Popular posts from this blog

Otomycosis ( နားမှိုစွဲခြင်းရောဂါ )

 Otomycosis ( နားမှိုစွဲခြင်းရောဂါ )      🙋  အားလုံးပဲ   မင်္ဂလာပါ 🙋 VAA ရဲ့စာဖတ်ပရိတ်သတ်တွေအတွက်အခုတစ်ခါမှာတော့ ပရိတ်သတ်တွေရဲ့တောင်းဆိုချက်အရ နားမှိုစွဲခြင်းရောဂါ နဲ့ပတ်သက်ပြီး ဖော်ပြပေးမှာဖြစ်ပါတယ် ။  နားမှိုစွဲခြင်းရောဂါ နဲ့ပတ်သက်ပြီး ဖြစ်ရတဲ့အကြောင်းရင်းတွေ ၊ လက္ခဏာတွေ ၊ ဘယ်လိုဆေးဝါးတွေကို အသုံးပြုနိုင်မလဲ ၊ ဆောင်ရန် ၊ ရှောင်ရန် ၊နောက်ဆက်တွဲ ပြဿနာတွေ နှင့် ကာကွယ်နည်းများကို ပြည့်ပြည့်စုံစုံ တင်ဆက်ပေးလိုက်ပါတယ် ။ နားမှိုစွဲရောဂါ ကို ဆေးပညာအရ Otomycosis လို့ ခေါ်ပါတယ်။ မြန်မာနိုင်ငံလိုမျိုး ပူနွေးစိုစွတ်တဲ့ နိုင်ငံတွေမှာ အတွေ့ရများပါတယ်။ နွေရာသီလို ပူပြင်းတဲ့အချိန်မှာ ပိုဖြစ်တတ်ပါတယ်။ နားမှိုစွဲရောဂါက များသောအားဖြင့် နားအပြင်ပိုင်းမှာ ဖြစ်တာ များပါတယ်။ နားအလယ်ပိုင်းမှာ ဖြစ်တာလည်း ရှိပါတယ်။ တစ်ဖက်တည်း ဖြစ်တာများပါတယ်။ 🔴 နားမှိုစွဲရောဂါ ဖြစ်ရတဲ့ အကြောင်းရင်း နားမှိုစွဲရောဂါက နာမည်အတိုင်းပဲ မှိုပိုးကြောင့် ဖြစ်တာပါ ။ မှိုပိုးတွေ အများကြီးရှိတဲ့အထဲကမှ နားမှိုစွဲစေတဲ့ ပိုးတွေကတော့ Candida နဲ့ Aspergillus လို့ခေါ်တဲ့ မှို နှစ်မျိုးပဲ ဖြစ်ပါတယ် ။ အဲ...

Circulation of Blood

 Circulation Of Blood           မင်္ဂလာပါ VAA Facebook  Page  မှ ပရိတ်သတ်ကြီးများခင်ဗျာ   အခု​ဖော်ပြပေးမယ့် အကြောင်းအရာလေးကတော့ ခန္ဓာကိုယ်အတွင်းမှာလှည့်ပတ်နေတဲ့ သွေးအကြောင်းပဲဖြစ်ပါတယ် ။ သွေးထဲမှာဆိုရင် သွေးရည်ကြည်၊သွေးနီဥ ၊ သွေးဖြူဥ ၊ သွေးဥမွှားတွေပါရှိပြီး သူတို့လေးတွေကရော ဘာလုပ်ငန်းတွေလုပ်ဆောင်တာလဲ?  ဒါ့အပြင် နှလုံးရဲ့ လုပ်ငန်းဆောင်တာတွေ ၊ သွေးလွှတ်ကြော ၊ သွေးပြန်ကြောတွေကရော ဘာတွေလဲ? စသဖြင့် ဗဟုသုတ ရစေရန် ရည်ရွယ်၍ တင်ဆက်ပေးလိုက်ပါသည်။  ခန္ဓာကိုယ်တွင်း သွေးလှည့်ပတ်သွားလာခြင်း  ( Circulation of Blood )  ခန္ဓာကိုယ် သွေးလှည့်ပတ်ခြင်းစနစ်တွင်        (၁) သွေး       (၂) နှလုံး နှင့်       (၃) သွေးကြောများ စသည်တို့ ပါဝင်ပါသည် ။ (၁)   သွေးအကြောင်း          သွေးသည် သွေးကြောများ အတွင်းတွင် အရည်အဖြစ် လှည့်ပတ်လျက်ရှိသည် ။ ခန္ဓာကိုယ် အသက်ရှင်ရန်အတွက် အရေးကြီးသည် ။ သွေးသည် အသက် ဖြစ်သည် ။ မည်သည့်နေရာမှမဆို သွေးယိုထွက်ခြင်း လွန်ကဲပါက အသက်ဆုံးရှုံးန...

ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်ဖြစ်တတ်သူတိုင်း သတိထားသင့်တဲ့ အချက်များ

  နှစ်တစ်နှစ်တာရဲ့ အချိန်တစ်ခုကို ရောက်လာပြီဆိုရင် နှာချေတာ ၊ ချောင်းဆိုးတာ ၊ နှာရည်ယိုတာတွေကို ခံစားရပြီဆိုရင် သေချာတာက ရာသီအကူးအပြောင်းကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှုကို ခံစားနေရတာပါ ။ ရာသီဥတုကြောင့် ဓာတ်မတည့်မှု ခံစားရသူတွေဟာ ဆောင်းဦးကာလ နွေဦးကာလတွေကို ရောက်လာပြီဆိုရင် လေထုထဲမှာ ဝတ်မှုန်တွေ မှိုတွေ များလာတာကြောင့် ဓာတ်မတည့်မှုကို ခံစားရပါတယ် ။ ဒီလိုမျိုး ရာသီအပြောင်းအလဲမှာ ဖြစ်တတ်တဲ့ ဓာတ်မတည့်မှု ခံစားရနိုင်ခြေကို မခံစားချင်ဘူးဆိုတဲ့ သူလေးတွေ ရှိပါသလား ။  ဒါဆိုရင်တော့ ဒီဆောင်းပါးလေးထဲမှာ ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်ဖြစ်တတ်သူတိုင်း သတိထားသင့်တဲ့ အချက်တွေ ပြောပြပေးမှာမို့ အတူတူ ဖတ်ကြည့်လိုက်ရအောင်နော် ။ 🔴 ရာသီဥတုကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှု ဆိုတာ - ရာသီအကူးအပြောင်း ဖြစ်ချိန်မှာ သစ်ပင်တွေကနေ ကျတဲ့ ဝတ်မှုန်တွေ ၊ မြက်တွေကနေ ထွက်တဲ့ ဝတ်မှုန်တွေကြောင့် ဓာတ်မတည့်မှုကို ခံစားရနိုင်ပါတယ် ။ ဒါကြောင့် ပန်းတွေ ပွင့်တတ်တဲ့ နွေဦး နဲ့ ဆောင်းဦးကာလတွေမှာ ရာသီဥတုကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှုတွေကို ခံစားရနိုင်ပါတယ် ။ 🔴 ဘယ်အချက်တွေက ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်တာကို ဖြစ်စေနိုင်တာလဲ ရာသီအပြောင်းအလဲမှ...