Skip to main content

တစ်ကိုယ်ရေ သန့်ရှင်းရေး

 တစ်ကိုယ်ရေ သန့်ရှင်းရေး


တစ်ကိုယ်ရေသန့်ရှင်းရေး ကို ဂရုစိုက်တာက ကျန်းမာရေးကို အထောက်အကူပြုပေးနိုင်တယ်ဆိုတာ သိပါရဲ့လား။ 


လူတစ်ယောက် ကျန်းမာပျော်ရွှင်ဖို့အတွက် တစ်ကိုယ်ရေသန့်ရှင်းရေးက တော်တော်လေး အရေးပါတဲ့ အရာပါ။


တစ်ကိုယ်ရေသန့်ရှင်းရေးက ကျန်းမာရေး အတွက်တင် မဟုတ်ပါဘူး။ လူမှုဆက်ဆံရေးနဲ့ လုပ်ငန်းဆောင်တာတွေ လုပ်ဆောင်မှုအပေါ်မှာပါ သက်ရောက်မှု ရှိနေပါတယ်။ 


စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ ကျန်းမာဖို့ဆိုရင် တစ်ကိုယ်ရေသန့်ရှင်းရေးကို မဖြစ်မနေ ဂရုစိုက်ဖို့လိုပါမယ်။ 


ကောင်းမွန်တဲ့ တစ်ကိုယ်ရေသန့်ရှင်း အလေ့အထက အရေပြားမှာ ဖြစ်တတ်တဲ့ ကူးစက်ရောဂါတွေ ၊ဖျားနာမှုတွေ ကင်းစေသလို ရောဂါပိုး ကူးစက်ခံရတာနဲ့ ခန္ဓာကိုယ် အနံ့ဆိုးလိုမျိုး အခြေအနေတွေကို ကာကွယ်ရာမှာ အထောက်အကူပြုပြီး ကိုယ် စိတ် နှလုံး  ကျန်းမာစေဖို့ အထိရောက်ဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။ 


🌟ကျန်းမာရေးအတွက် အရေးကြီးတဲ့ တစ်ကိုယ်ရေ သန့်ရှင်းရေး အလေ့အထကောင်းများ


တစ်ကိုယ်ရေ သန့်ရှင်းရေး ဆိုတာက ကျန်းမာစေဖို့ နဲ့ ရောဂါတွေကနေ ကာကွယ်ဖို့အတွက် အထောက်အကူပြု ပေးတာကြောင့် မဖြစ်မနေ မွေးမြူသင့်တဲ့ ကျန်းမာရေး အလေ့အထပါ။ တစ်ကိုယ်ရေ သန့်ရှင်းရေးက ငယ်စဉ်ကာလကတည်း မွေးမြူလာသင့်တဲ့ အလေ့အထပါ။


ဒါပေမယ့် အရွယ်ရောက်လာတဲ့အခါ ဦးစားပေးလုပ်စရာတွေ များလာတာကြောင့် တစ်ကိုယ်ရေ သန့်ရှင်းရေးအလေ့အထကို အမှုမဲ့အမှတ်မဲ့ ဖြစ်လာတတ်ပါတယ်။


ဒီလို အမှုမဲ့ အမှတ်မဲ့ လုပ်ဆောင်မှုက ရေရှည်မှာ ကျန်းမာရေးကို ထိခိုက်လာစေနိုင်ပါတယ်။ 


တစ်ကိုယ်ရေ သန့်ရှင်းရေးအရေးကြီးသလား ?


တစ်ကိုယ်ရေ သန့်ရှင်းရေး ဆိုတာက လူတိုင်း မဖြစ်မနေ မွေးမြူသင့်တဲ့ ကျန်းမာရေး အလေ့အထပါ။ 


တစ်ကိုယ်ရေ သန့်ရှင်းရေးက ခန္ဓာကိုယ် ကျန်းမာစေသလို ရောဂါပိုးတွေ ကူးစက်ပြန့်ပွားမှု မဖြစ်အောင် ကာကွယ်ပေးပါတယ် လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO) က ဆိုပါတယ်။


တစ်ခါတလေမှာ လျစ်လျူရှုမိတတ်တဲ့ တစ်ကိုယ်ရေ သန့်ရှင်းရေး က နေ့စဉ်ဘဝရှင်သန်ကျန်းမာရေးမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတာပါ။ ဥပမာ Covid-19 ကို ကာကွယ်ဖို့ အကောင်းဆုံး နည်းလမ်းရယ်လို့ ထားတဲ့ အရာကတောင် တစ်ကိုယ်ရေ သန့်ရှင်းရေးရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ လက်ဆေးခြင်းမဟုတ်လား။


🌟တစ်ကိုယ်ရေ သန့်ရှင်းရေးက ဘာတွေ အထောက်အကူပြုပေးလဲ ?


တစ်ကိုယ်ရေ သန့်ရှင်းရေးဂရုစိုက်တာက


🌸အနံ့အသက်ဆိုး ကင်းစေတယ်


🌸ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတိုးစေတယ်


🌸စိတ်ကြည်လင် လန်းဆန်းစေတယ်


🌸ကိုယ်ခံအား ကောင်းစေတယ်


🌸နာမကျန်းမှု ကင်းစေတယ်


🌸အစာခြေစနစ်ပြဿနာဖြစ်တဲ့ ဝမ်းပျက်ဝမ်းလျှော ကင်းစေတယ်


🌸အအေးမိ၊ ဖျားနာ ကင်းစေတယ်။


ဒါကြောင့်  ကျန်းမာနေစေဖို့ နေ့စဉ် လုပ်ဆောင်သင့်တဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ တစ်ကိုယ်ရေ သန့်ရှင်းရေး အလေ့အထကောင်းတွေက ဘာတွေ ဖြစ်မလဲဆိုတာကို အတူတူ လေ့လာကြည့်ရအောင်လား။


တစ်ကိုယ်ရေသန့်ရှင်းရေးရဲ့ ကျန်းမာရေးအပေါ်သက်ရောက်မှု


တစ်ကိုယ်ရေသန့်ရှင်းရေး အားနည်းတာက ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ 


ဒါကြောင့် အနေအထိုင် အစားအသောက်ကစလို့ အဝတ်အစားတွေအထိ သေသေချာချာဂရုစိုက်ပေးပါမှ ခန္ဓာကိုယ်ကို ကျန်းမာစေမှာပါ။


ရောဂါကူးစက်နိုင်ခြေကိုလည်း လျှော့ချနိုင်မှာပါ။ 


တစ်ကိုယ်ရေသန့်ရှင်းရေးဂရုစိုက်မှုက အဖိုးမများတဲ့ ကျန်းမာရေးစောင့်​ရှောက်မှုပေါ့။ 


တစ်ကိုယ်ရေသန့်ရှင်းမှုက လူမှုဆက်ဆံရေးမှာလည်း လူဝင်ဆန့်စေနိုင်တဲ့အချက်တစ်ခုပါ။ 


ခန္ဓာကိုယ်က အနံ့ဆိုးတွေထွက်နေမယ်၊ ခံတွင်းနံ့ဆိုးတွေဖြစ်နေမယ်၊ အရေပြားမှာ မှိုစွဲတာနဲ့ အခြားသော အနာတွေဖြစ်နေမယ်၊ လက်သည်း၊ ခြေသည်းတွေက ညစ်ပေနေမယ်ဆိုရင် လူအထင်သေးခံရနိုင်သလို ပတ်ဝန်းကျင်က လူတွေကို စိတ်အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။


ဒါ့အပြင်ရောဂါပိုးတွေကို လက်ခံထားရာဖြစ်နေတော့ အလွယ်တကူဆိုသလို မကျန်းမမာဖြစ်နိုင်တာပေါ့။ 


ဒါကြောင့် ကျန်းမာပျော်ရွှင်တဲ့နေ့ရက်တွေပိုင်ဆိုင်ပြီး လူချစ်လူခင်ပေါများချင်တယ်ဆိုရင် တစ်ကိုယ်ရေသန့်ရှင်းရေးကို သေချာဂရုစိုက်ပေးပါ။


🌟တစ်ကိုယ်ရေသန့်ရှင်းရေး အားနည်းလျှင်ဖြစ်လာနိုင်သော ရောဂါများ


တစ်ကိုယ်ရေသန့်ရှင်းရေး အားနည်းတဲ့အခါ 

ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့ ကပ်ပါးပိုးတွေကူးစက်ခံရမှုကြောင့်


🍁တီဘီအဆုတ်ရောင်ရောဂါ


🍁ဝမ်းလျှောရောဂါ


🍁ကာလဝမ်းရောဂါ


🍁ဖျားနာမှုဝေဒနာ


🍁တုပ်ကွေးရောဂါ


🍁အသည်းရောင်အသားဝါရောဂါ


🍁ရေယုန်ပေါက်ခြင်း


🍁ပိုလီယိုရောဂါ


🍁ဝက်သက်


🍁ရေကျောက်


🍁ကြွက်နို့


🍁ခြေသည်းမှိုစွဲခြင်း


🍁အူရောင်ငန်းဖျားရောဂါ


🍁အစာအဆိပ်သင့်ခြင်း


🍁နှာစေးခြင်း


🍁သန်ထခြင်း


🍁ဆင်ခြေထောက်ရောဂါ


🍁မေးခိုင်ပိုးဝင်ခြင်း နဲ့


🍁အရေပြားရောဂါ ခံစားရတာတွေ

ဖြစ်နိုင်ပါတယ်။


🌟တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်လျှင် လိုက်နာရမည့်အချက်များ


တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်တယ်ဆိုရင်တော့ ဒီအချက်လေးတွေကို လိုက်နာပါနော် ။


☘️လက်ကိုမှန်မှန်ဆေးကြောပေးပါ 


– အစားမစားခင်၊ အစားစားပြီးချိန်၊ အိမ်သာကဆင်းတဲ့အခါ၊ ညစ်ပေတဲ့အရာတွေကို ကိုင်တွယ်ထိတွေ့မိတဲ့အခါ မျိုးမှာ လက်ကိုသေချာဆေးကြောပေးပါ။


☘️ရေပုံမှန်ချိုးပါ


– တစ်နေ့ကို နှစ်ကြိမ် မချိုးဖြစ်ရင်တောင်မှ တစ်နေ့တစ်ကြိမ်တော့ ပုံမှန်ရေချိုးပေးပါ။ 

ရေချိုးတာက ရောဂါပိုးတွေကို ကာကွယ်ရာရောက်သလို စိတ်ကို ကြည်လင်လန်းဆန်းစေနိုင်ပါတယ်။


☘️သွားနဲ့ခံတွင်းကို သန့်ရှင်းပေးပါ 


– တစ်နေ့နှစ်ကြိမ်ပုံမှန်သွားတိုက်ပေးပါ။ သွားနဲ့ခံတွင်း ကျန်းမာရေးကလည်း တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် မဖြစ်မနေဂရုစိုက်ပေးသင့်တဲ့ အချက်တစ်ခုပါ။


☘️ခေါင်းမှန်မှန်လျှော်ပါ 


– တစ်ပတ်ကို အနည်းဆုံး နှစ်ကြိမ်ခေါင်းလျှော်ပါ။ ဦးရေပြားမှာဖြစ်တတ်တဲ့ဗောက်ထတဲ့ပြဿနာ နဲ့ အခြားသော ပြဿနာတွေကို ကာကွယ်နိုင်မှာပါ။


☘️တစ်ပတ်တစ်ခါ ခြေသည်းလက်သည်းညှပ်ပါ 


-ခြေသည်းလက်သည်းရှည်တွေကရောဂါပိုးတွေ ခိုအောင်းဖို့ကောင်းတဲ့နေရာတွေဖြစ်နေနိုင်တာကြောင့် လက်သည်းခြေသည်းတွေကို ရှည်လာတာနဲ့ညှပ်လိုက်ပါ။ 

အနည်းဆုံး တစ်ပတ်တစ်ကြိမ်တော့ မဖြစ်မနေခြေသည်းလက်သည်းတွေကို သန့်ရှင်းရေးလုပ်ပေးပါ။


☘️အဝတ်အစားတွေကို သန့်ရှင်းသပ်ရပ်စွာဝတ်ဆင်ပါ 


– အဝတ်တွေကို သန့်သန့်ရှင်းရှင်းမဝတ်တဲ့အခါ အရေပြားပြဿနာတွေဖြစ်လာနိုင်ပါတယ်။ 

ဒါကြောင့် သေချာသန့်စင်အောင် လျှော်ထားတဲ့အဝတ်တွေကိုပဲ သပ်သပ်ရပ်ရပ်ဝတ်ဆင်ပေးပါ။


☘️တစ်နေ့နှစ်ကြိမ် မျက်နှာသစ်ပေးပါ 


– အရမ်းပျင်းတယ်ဆိုရင်တောင်မှာ မနက်တစ်ကြိမ် ညအိပ်ရာဝင်ခါနီးတစ်ကြိမ် တစ်နေ့ကို နှစ်ကြိမ် မျက်နှာသစ်ပေးပါ။


☘️ခြေထောက်တွေကို သန့်ရှင်းအောင်ထားပေးပါ 


-ခြေထောက်မှာ သဲဝဲစားတာ၊ မှိုစွဲတာလိုမျိုး၊ခြေသည်းလက်သည်းမှိုပိုးဝင်တာလိုမျိုးရောဂါတွေကနေကာကွယ်ဖို့ခြေထောက်တွေကိုသေချာသန့်စင်အောင်ဆေးကြောပြီးခြောက်သွေ့အောင်ထားပေးပါ။


ကာကွယ်ခြင်းက ကုသခြင်းထက် ပိုပြီးထိရောက်တယ်ဆိုမှာတော့ ကိုယ်ကျန်းမာ စိတ်ချမ်းသာနဲ့ရောဂါဘယ ကင်းစင်တဲ့နေ့စဉ်ဘဝကို ပိုင်ဆိုင်နိုင်စေဖို့ တစ်ကိုယ်ရေ သန့်ရှင်းရေးကိုသေချာဂရုစိုက်ပေးပါနော်………


#vaa

#personalhygiene

#တစ်ကိုယ်ရေသန့်ရှင်းရေး

Comments

Post a Comment

Popular posts from this blog

Otomycosis ( နားမှိုစွဲခြင်းရောဂါ )

 Otomycosis ( နားမှိုစွဲခြင်းရောဂါ )      🙋  အားလုံးပဲ   မင်္ဂလာပါ 🙋 VAA ရဲ့စာဖတ်ပရိတ်သတ်တွေအတွက်အခုတစ်ခါမှာတော့ ပရိတ်သတ်တွေရဲ့တောင်းဆိုချက်အရ နားမှိုစွဲခြင်းရောဂါ နဲ့ပတ်သက်ပြီး ဖော်ပြပေးမှာဖြစ်ပါတယ် ။  နားမှိုစွဲခြင်းရောဂါ နဲ့ပတ်သက်ပြီး ဖြစ်ရတဲ့အကြောင်းရင်းတွေ ၊ လက္ခဏာတွေ ၊ ဘယ်လိုဆေးဝါးတွေကို အသုံးပြုနိုင်မလဲ ၊ ဆောင်ရန် ၊ ရှောင်ရန် ၊နောက်ဆက်တွဲ ပြဿနာတွေ နှင့် ကာကွယ်နည်းများကို ပြည့်ပြည့်စုံစုံ တင်ဆက်ပေးလိုက်ပါတယ် ။ နားမှိုစွဲရောဂါ ကို ဆေးပညာအရ Otomycosis လို့ ခေါ်ပါတယ်။ မြန်မာနိုင်ငံလိုမျိုး ပူနွေးစိုစွတ်တဲ့ နိုင်ငံတွေမှာ အတွေ့ရများပါတယ်။ နွေရာသီလို ပူပြင်းတဲ့အချိန်မှာ ပိုဖြစ်တတ်ပါတယ်။ နားမှိုစွဲရောဂါက များသောအားဖြင့် နားအပြင်ပိုင်းမှာ ဖြစ်တာ များပါတယ်။ နားအလယ်ပိုင်းမှာ ဖြစ်တာလည်း ရှိပါတယ်။ တစ်ဖက်တည်း ဖြစ်တာများပါတယ်။ 🔴 နားမှိုစွဲရောဂါ ဖြစ်ရတဲ့ အကြောင်းရင်း နားမှိုစွဲရောဂါက နာမည်အတိုင်းပဲ မှိုပိုးကြောင့် ဖြစ်တာပါ ။ မှိုပိုးတွေ အများကြီးရှိတဲ့အထဲကမှ နားမှိုစွဲစေတဲ့ ပိုးတွေကတော့ Candida နဲ့ Aspergillus လို့ခေါ်တဲ့ မှို နှစ်မျိုးပဲ ဖြစ်ပါတယ် ။ အဲ...

Circulation of Blood

 Circulation Of Blood           မင်္ဂလာပါ VAA Facebook  Page  မှ ပရိတ်သတ်ကြီးများခင်ဗျာ   အခု​ဖော်ပြပေးမယ့် အကြောင်းအရာလေးကတော့ ခန္ဓာကိုယ်အတွင်းမှာလှည့်ပတ်နေတဲ့ သွေးအကြောင်းပဲဖြစ်ပါတယ် ။ သွေးထဲမှာဆိုရင် သွေးရည်ကြည်၊သွေးနီဥ ၊ သွေးဖြူဥ ၊ သွေးဥမွှားတွေပါရှိပြီး သူတို့လေးတွေကရော ဘာလုပ်ငန်းတွေလုပ်ဆောင်တာလဲ?  ဒါ့အပြင် နှလုံးရဲ့ လုပ်ငန်းဆောင်တာတွေ ၊ သွေးလွှတ်ကြော ၊ သွေးပြန်ကြောတွေကရော ဘာတွေလဲ? စသဖြင့် ဗဟုသုတ ရစေရန် ရည်ရွယ်၍ တင်ဆက်ပေးလိုက်ပါသည်။  ခန္ဓာကိုယ်တွင်း သွေးလှည့်ပတ်သွားလာခြင်း  ( Circulation of Blood )  ခန္ဓာကိုယ် သွေးလှည့်ပတ်ခြင်းစနစ်တွင်        (၁) သွေး       (၂) နှလုံး နှင့်       (၃) သွေးကြောများ စသည်တို့ ပါဝင်ပါသည် ။ (၁)   သွေးအကြောင်း          သွေးသည် သွေးကြောများ အတွင်းတွင် အရည်အဖြစ် လှည့်ပတ်လျက်ရှိသည် ။ ခန္ဓာကိုယ် အသက်ရှင်ရန်အတွက် အရေးကြီးသည် ။ သွေးသည် အသက် ဖြစ်သည် ။ မည်သည့်နေရာမှမဆို သွေးယိုထွက်ခြင်း လွန်ကဲပါက အသက်ဆုံးရှုံးန...

ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်ဖြစ်တတ်သူတိုင်း သတိထားသင့်တဲ့ အချက်များ

  နှစ်တစ်နှစ်တာရဲ့ အချိန်တစ်ခုကို ရောက်လာပြီဆိုရင် နှာချေတာ ၊ ချောင်းဆိုးတာ ၊ နှာရည်ယိုတာတွေကို ခံစားရပြီဆိုရင် သေချာတာက ရာသီအကူးအပြောင်းကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှုကို ခံစားနေရတာပါ ။ ရာသီဥတုကြောင့် ဓာတ်မတည့်မှု ခံစားရသူတွေဟာ ဆောင်းဦးကာလ နွေဦးကာလတွေကို ရောက်လာပြီဆိုရင် လေထုထဲမှာ ဝတ်မှုန်တွေ မှိုတွေ များလာတာကြောင့် ဓာတ်မတည့်မှုကို ခံစားရပါတယ် ။ ဒီလိုမျိုး ရာသီအပြောင်းအလဲမှာ ဖြစ်တတ်တဲ့ ဓာတ်မတည့်မှု ခံစားရနိုင်ခြေကို မခံစားချင်ဘူးဆိုတဲ့ သူလေးတွေ ရှိပါသလား ။  ဒါဆိုရင်တော့ ဒီဆောင်းပါးလေးထဲမှာ ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်ဖြစ်တတ်သူတိုင်း သတိထားသင့်တဲ့ အချက်တွေ ပြောပြပေးမှာမို့ အတူတူ ဖတ်ကြည့်လိုက်ရအောင်နော် ။ 🔴 ရာသီဥတုကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှု ဆိုတာ - ရာသီအကူးအပြောင်း ဖြစ်ချိန်မှာ သစ်ပင်တွေကနေ ကျတဲ့ ဝတ်မှုန်တွေ ၊ မြက်တွေကနေ ထွက်တဲ့ ဝတ်မှုန်တွေကြောင့် ဓာတ်မတည့်မှုကို ခံစားရနိုင်ပါတယ် ။ ဒါကြောင့် ပန်းတွေ ပွင့်တတ်တဲ့ နွေဦး နဲ့ ဆောင်းဦးကာလတွေမှာ ရာသီဥတုကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှုတွေကို ခံစားရနိုင်ပါတယ် ။ 🔴 ဘယ်အချက်တွေက ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်တာကို ဖြစ်စေနိုင်တာလဲ ရာသီအပြောင်းအလဲမှ...