ဗီတာမင် A ချို့တဲ့ရောဂါ
ဗီတာမင် A (RETINOL)သည် အဆီတွင်ပျော်ဝင်သော ဗီတာမင်တစ်မျိုး ဖြစ်ပါသည်။
ဗီတာမင် အေ သည်
🌸ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးမှု ၊
🌸 မျက်စိအမြင်ရရှိမှု ၊
🌸အသက်ရှုလမ်းကြောင်း ၊
🌸အစာအိမ်လမ်းကြောင်း နှင့်
🌸 ဆီးလမ်းကြောင်းအတွင်းရှိ အမြှေးပါးများ သန်စွမ်းမှုအတွက် လိုအပ်သည် ။
ဗီတာမင်အေ ချို့တဲ့မှု မျက်စိရောဂါ (XEROPHTHALMIA) 👀👀👀
ဗီတာမင်အေ ချို့တဲ့သော ကလေးများသည် ကျန်းမာရေးချို့တဲ့ကာ မျက်စိတွင် ဗီတာမင် အေ ချို့တဲ့ မျက်စိရောဂါ လက္ခဏာများ အဆင့်ဆင့် ဖြစ်ပေါ်လာတတ်သည်။
အဆိုပါလက္ခဏာများကို မျက်စိခြောက်သွေ့ရောဂါ (XEROPHTHALMIA သို့မဟုတ် DRY EYE) ဟုခေါ်သည် ။
🗣️ဗီတာမင် အေ ချို့တဲ့မှု မျက်စိရောဂါကို ၅ နှစ်အောက် ကလေးများတွင် အဖြစ်များကြောင်း တွေ့ရသည်။
🗣️ပရိုတင်းအင်အားချို့တဲ့မှု့ရောဂါ ၊ နာတာရှည်ဝမ်းပျက်ဝမ်းလျှောရောဂါ ၊ ဝက်သက်ရောဂါ ဖြစ်သော ကလေးများတွင် ဗီတာမင် အေ ချို့တဲ့မှု ပြင်းထန်စွာ ဖြစ်တတ်ပြီး မျက်စိကွယ်သည်အထိ ရောဂါဆိုးတတ်ပါသည် ။
🗣️အချို့ဒေသများတွင် ကိုယ်ဝန်ဆောင်မိခင်များလည်း ဗီတာမင် အေ ချို့တဲ့၍ အလင်းရောင်နည်းချိန်တွင် မျက်စိမမြင်သည့် လက္ခဏာများ ဖြစ်ပေါ်တတ်ပါသည် ။
🌟ဗီတာမင် အေ ချို့တဲ့နိုင်သည့် အကြောင်းအရင်းများ 🌟
☘️ကိုယ်ဝန်ဆောင်မိခင်သည် ဗီတာမင်အေကို ပြည့်ဝစွာ မစားသုံးပါက မွေးစကလေးငယ်တွင် ဗီတာမင်အေ သိုမှီးမှု နည်းစွာဖြင့် မွေးဖွားလာနိုင်ပါသည် ။
☘️မိခင်နို့ဦးရည်သည် ဗီတာမင်အေ ကြွယ်ဝသော အစာဖြစ်၍ နို့ဦးရည်ကို ကလေးငယ်အား မတိုက်ကျွေးဘဲညှစ်ပစ်ပါက ဗီတာမင်အေ ရရှိမှု နည်းပါးနိုင်ပါသည်။
☘️မိခင်နို့ကိုမတိုက်ဘဲ နို့ဆီ ၊ နို့မှုန့် များကိုသာ တိုက်ကျွေးပါက ဗီတာမင်အေရရှိမှု နည်းပါးနိုင်ပါသည်။
☘️ထို့နောက် ဖြည့်စွက်အစာတွင် ဗီတာမင်အေ ကြွယ်ဝသော အစာများ မပါဝင်ပါက ဗီတာမင်အေ ချို့တဲ့နိုင်ပါသည် ။
☘️မကြာခဏ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ခြင်း ၊ သန်ကောင်ရောဂါ စွဲကပ်ခြင်းတို့ကြောင့် ဗီတာမင်အေ စိမ့်စုပ်မှု လျော့နည်းစေပြီး ဗီတာမင်အေ ချို့တဲ့စေနိုင်ပါသည်။
☘️အသက်ရှုလမ်းကြောင်း ကူးစက်ရောဂါများသည် ဗိတာမင် လိုအပ်ချက် ပိုလာခြင်း ၊ ဗီတာမင်အေ စိမ့်စုပ်မှု လျော့နည်းစေခြင်းတို့ကြောင့် ဗီတာမင်အေ ချို့တဲ့စေနိုင်ပါသည် ။
☘️ပရိုတင်းအင်အား ချို့တဲ့မှုရောဂါဖြစ်သော ကလေးများတွင် ဗီတာမင်အေ သယ်ပို့မှု လုပ်ငန်းအတွက် ပရိုတင်းဓာတ်များ လျော့နည်း၍ ဗီတာမင်အေ ချို့တဲ့မှု ဖြစ်ပေါ်တတ်သည် ။
🌻ဗီတာမင်အေ ချို့တဲ့မှု ကာကွယ်ရန်နည်းလမ်းများ 🌻
ဗီတာမင်အေ ချို့တဲ့မှု ကာကွယ်ရန်အတွက် ဗီတာမင်အေ ကြွယ်ဝသော အစားအစာများ စားသုံးပေးခြင်း ဖြစ်ပါသည်။ ဗီတာမင်အေ ကြွယ်ဝသော အစားအစာများ ဖြစ်သော အသည်းအမျိုးမျိုး ၊ ဥအမျိုးမျိုး ၊ နို့ ၊ ထောပတ် ၊ ဒိန်ခဲ စသည်တို့ လုံလောက်စွာ စားသုံးသောဓလေ့ ပိုမိုထွန်းကားလာစေရေးသည် ရေရှည်နည်းလမ်းဖြစ်သည် ။
🌹မွေးကင်းစ ကလေးငယ်များကို မိခင်နို့ဦးရည်ကြည် တိုက်ကျွေးခြင်း ၊ အသက်ခြောက်လအထိ မိခင်နို့တစ်မျိုးထဲ တိုက်ကျွေးခြင်း တို့သည် ကလေးငယ်များအတွက် လိုအပ်သော ဗီတာမင်အေကို ပြည့်ဝစွာ ရရှိနိုင်စေသည် ။
🌹ဖြည့်စွက်အစာများတွင် အသက်အရွယ်အလိုက် သရက်သီးမှည့် ၊ သင်္ဘောသီးမှည့် ၊ ရွှေဖရုံသီး ၊ မုန်လာဥနီ ၊ ကန်စွန်းဥ နှင့် အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များကို ထည့်သွင်းကျွေးမွေးခြင်းဖြင့် လည်းကောင်း ၊ အသည်း ၊ ဥ တို့ကို မကြာခဏ ကျွေးမွေးခြင်းဖြင့်လည်းကောင်း ဗီတာမင်အေကို ပြည့်ဝစေနိုင်ပါသည် ။
🌹မိမိအိမ်ထဲ ခြံထဲတွင် သီးနှံစိုက်ပျိုးခြင်း ၊ တနိုင်မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် ဗီတာမင်အေ ကြွယ်ဝသော အစားအစာများ ပိုမို စားသုံးနိုင်မည် ဖြစ်ပါသည် ။
🌾ဗီတာမင် အေ များများရရှိစေမည့် အစားအစာများ
ဗီတာမင် အေက မျက်စိအမြင်အာရုံကျန်းမာရေးအတွက် အရေးပါတယ်လို့ သိကြပါတယ်။
ဗီတာမင် အေ က ဆဲလ်တွေကြီးထွားဖို့ထောက်ပံ့ပေးသလိုနှလုံး၊အဆုတ်နဲ့ အခြားသောအရေးပါတဲ့ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို အကောင်းဆုံး လုပ်ဆောင်နိုင်စေဖို့ အထောက်အပံ့ပေးပါတယ်။
ဒီလိုအရေးကြီးတဲ့ ဗီတာမင် အေ ကိုခန္ဓာကိုယ်က မထုတ်ပေးနိုင်တာကြောင့် အစားအစာတွေကနေတဆင့် ရယူရပါတယ်။
အားဆေးလွယ်လွယ်ဝယ်သောက်လိုက်မယ့်အစား အစားအသောက်ကနေ များများရနိုင်တော့ မကောင်းဘူးလား??
ဒါ့ကြောင့် ဗီတာမင်အေ ကြွယ်ဝတဲ့အစားအစာတွေပြောပြလိုက်မယ်နော်။
(၁) ငရုတ်ပွသီး
(၂) ဟင်းနုနွယ်
(၃) အမဲအသည်း
(၄) ကန်စွန်းဥ
(၅) ရေခဲမုန့်
(၆) ဖရုံသီး
(၇) မုန်လာဥနီ
(၈) ဖြည့်စွက်စာ
(၉) တူနာငါး
(၁၀) ရွှေဖရုံသီး
(၁၁) ကိုက်လန်
(၁၂) ဆလတ်ရွက်
(၁၃) ပန်းဂေါ်ဖီစိမ်း
(၁၄) ဥအမျိုးမျိုး
(၁၅) သင်္ဘောသီး
(၁၆) သရက်သီး
(၁၇) နို့အမျိုးမျိုး
အစာလေးလည်း ဆေးလည်းအစာဖြစ်ပေမယ့် ဆေးသောက်ရမယ့်အစား အာဟာရပြည့်ဝတဲ့ အစားအစားများကို သင့်တင့်မျှတစွာ စားသုံးခြင်းဖြင့် မိမိတို့ရဲ့ ကျန်းမာရေးကို ဂရုစိုက်ကြရအောင်လားရှင် 💖💖💖
#vaa
#vitamin A ချို့တဲ့ရောဂါ
#vitaminA
Comments
Post a Comment