Skip to main content

သွေးလွန်တုပ်ကွေးရောဂါအကြောင်း

 သွေးလွန်တုပ်ကွေးရောဂါအကြောင်း

သည်းသည်းမည်းမည်း ရွာလိုက်တဲ့ မိုးနဲ့အတူ မိုးရာသီတောင် ရောက်လာပြန်ပြီနော်။ မိုးရာသီက နွေရဲ့ ပူပြင်းတဲ့ဒဏ်ကို သက်သာစေတယ် ဆိုပေမယ့် မိုးရာသီမှာအဖြစ်များတဲ့ ရောဂါတွေရဲ့ ပြဿနာကလည်း ရှိနေတယ်။ အဲ့ထဲမှာ ခြင်ကြောင့် ဖြစ်တဲ့ ရောဂါတွေ နဲ့ ယင်ကြောင့် ဖြစ်တဲ့ ရောဂါတွေက မဖိတ်ခေါ်ဘဲကို မိုးရာသီနဲ့အတူ လိုက်ပါလာတတ်ပါတယ်။


💧 မိုးရာသီက ပျော်ရွှင်စရာတွေ စိတ်ကြည်နူးစရာတွေနဲ့ ပြည့်စုံနေတဲ့ ရာသီပါ။ ဒီလိုမျိုး ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ ရာသီမှာ ကိုယ်တိုင်ရော မိသားစုမှာပါ ရောဂါကင်းပြီး ပျော်ရွှင်ချင်တယ်ဆိုရင် စာလေးကို အဆုံးထိ ဆက်ဖတ်ပေးကြပါနော်။ 😍

 

သွေးလွန်တုပ်ကွေးရောဂါ (Dengue Fever)  


သွေးလွန်တုပ်ကွေးရောဂါ ဆိုတာက ခြင်ကနေတဆင့် ကူးစက်ခံရတဲ့ ရောဂါ တစ်မျိုးပါ။ ကမ္ဘာပေါ်မှာရှိတဲ့ အပူပိုင်းဇုန်နဲ့ သမပိုင်းဇုန်ဒေသတွေမှာ အဖြစ်များပါတယ်။ သွေးလွန်တုပ်ကွေးရောဂါ ဆိုတဲ့ နေရာမှာလည်း Break-Bone Fever လို့ခေါ်တဲ့ အပျော့စား သွေးလွန်တုပ်ကွေးရောဂါ နဲ့ Dengue Hemorrhagic Fever လို့ခေါ်တဲ့ အပြင်းစား သွေးလွန်တုပ်ကွေးရောဂါ ဆိုပြီး နှစ်မျိုး ရှိပါတယ်။ 

 

✨Break-Bone Fever (အပျော့စားသွေးလွန်တုပ်ကွေးရောဂါ)  

 

ဒီဝေဒနာခံစားရတဲ့အခါ 

🤒အဖျားတက်တာ 

❇️အရေပြားမှာ အနီရောင် အဖုအပိမ့်တွေထွက်တာ 

❇️ကြွက်သားနဲ့ အဆစ်တွေ နာကျင်ကိုက်ခဲမှုတွေ ကိုခံစားရနိုင်ပါတယ်။ 

 

 

✨Dengue Hemorrhagic Fever (အပြင်းစားသွေးလွန်တုပ်ကွေးရောဂါ)  

 

ဒီဝေဒနာခံစားရတဲ့အခါ 

🔸သွေးယိုစိမ့်မယ် 

🔸အဖျားတက်မယ် 

🔸သွေးပေါင်ချိန်ကျတာလိုမျိုး ဝေဒနာတွေ ခံစားရနိုင်ပါတယ်။ 

🔸အဆိုးဆုံးအနေနဲ့ကတော့ အသက်သေဆုံးသည်အထိ ဖြစ်နိုင်ပါတယ်။ 

 

 

သွေးလွန်တုပ်ကွေးရောဂါ ဖြစ်တဲ့အခါ အခုလိုလက္ခဏာတွေ ခံစားရနိုင်ပါတယ် 

 

သွေးလွန်တုပ်ကွေး ခံစားနေရသူအများစု အထူးသဖြင့်တော့ ကလေးငယ်တွေ နဲ့ ဆယ်ကျော်သက်တွေမှာ ရောဂါသိပ်မပြင်းထန်ဘူးဆိုရင် ရောဂါလက္ခဏာတွေက သိသိသာသာမတွေ့ရတတ်ပါဘူး။ ခြင်ကိုက်ခံရပြီးပြီးချင်းမှာလည်း ရောဂါလက္ခဏာတွေ မပြတတ်ပါဘူး။ ရောဂါပိုးသယ်ဆောင်ထားတဲ့ ခြင်ကိုက်ခံရပြီး ၄ ရက်ကနေ ၇ ရက်အတွင်းမှာမှ ရောဂါလက္ခဏာစပြီး ပြတတ်တာဖြစ်ပါတယ်။ 

 

သွေးလွန်တုပ်ကွေးရောဂါဖြစ်တဲ့အခါ – 

 

👉ခေါင်းကိုက်မယ် 

👉ကြွက်သားတွေ၊ အရိုးအဆစ်တွေ နာကျင်ကိုက်ခဲမယ် 

👉မအီမသာဖြစ်မယ် 

👉အော့အန်မယ် 

👉မျက်လုံးအနောက်ဘက်က နာကျင်မယ် 

👉ဂလင်းတွေ ရောင်ရမ်းမယ် 

👉အရေပြားမှာ အနီရောင်အဖုအပိမ့်တွေ ထွက်မယ် 

 

💥အရမ်းပြင်းထန်လာမယ်ဆိုရင်တော့ – 

 

😓ဗိုက်အောင့်မယ်  

😰အဆက်မပြတ် အော့အန်နေမယ် 

😰သားဖုံးနဲ့ နှာခေါင်းက သွေးထွက်မယ် 

😰ဆီးသွားရင် သွေးပါမယ်၊ 

😰ဝမ်းသွားရင် သွေးပါမယ်၊ 

😰အန်တဲ့အခါ သွေးစတွေပါလာမယ် 

😰အရေပြားအောက်မှာ သွေးယိုစိမ့်မှုဖြစ်ပြီး

😰အညိုအမည်းစွဲသလို အကွက်တွေဖြစ်မယ် 

😰အသက်ရှူရခက်မယ် 

😰အသက်ရှူတာ အရမ်းမြန်နေမယ် 

😰ခန္ဓာကိုယ်ကအေးစက်နေမယ် 

😰ခြေကုန်လက်ပန်းကျမယ် 

😰အိပ်မပျော်ဘဲ စိတ်မတည်ငြိမ်တာမျိုးဖြစ်နေမယ်။ 

 

ဒီလိုအခြေအနေမျိုးဖြစ်နေပြီဆိုရင်တော့ နီးစပ်ရာဆေးရုံဆေးခန်းကို အမြန်ဆုံးသွားပြဖို့လိုအပ်ပါတယ်။ အရေးပေါ် အခြေအနေဖြစ်တာကြောင့် အခန့်မသင့်ရင် အသက်အန္တရာယ်ထိခိုက်နိုင်ပါတယ်။ 

 

🤗သွေးလွန်တုပ်ကွေးကို ဒီလိုကာကွယ်လို့ရပါတယ် 🤗


ဘယ်ရောဂါမဆို မဖြစ်ခင်ကြိုတင် ကာကွယ်တာက အကောင်းဆုံး နည်းလမ်းပါ။ ဒီသွေးလွန်တုပ်ကွေးရောဂါကို ကာကွယ်နိုင်မယ့် နည်းလမ်းက ခြင်ကိုက်မခံရအောင် ဂရုစိုက်တာနဲ့ ရောဂါပိုးရှိတဲ့နေရာတွေကို ရှောင်ကြဉ်တာပါ။ ခြင်ကိုက်မခံရအောင်ကာကွယ်မှုက အထိရောက်ဆုံးသော ရောဂါကာကွယ်နည်းပါ။ 

 

🌟ဖြစ်နိုင်ရင် လူထူထပ်တဲ့နေရာတွေကို ရှောင်ရှားပါ  


– လူထူထပ်တဲ့နေရာတွေက ရောဂါပိုးအလွယ်တကူ ကူးစက်ပျံ့နှံ့နိုင်တာကြောင့် လူထူထပ်တဲ့နေရာတွေကိုရှောင်ကြဉ်တာကလည်း ရောဂါကာကွယ်တဲ့ နည်းလမ်းတစ်ခုပါ။

 

🌟အိပ်စက်ချိန်မှာ ခြင်ထောင်ဖြင့် အိပ်စက်ပါ  


–နေ့ဘက်မှာဖြစ်ဖြစ် ညဘက်မှာဖြစ်ဖြစ် အိပ်စက်တဲ့အခါတိုင်း ခြင်ထောင်ထောင်အိပ်တတ်တဲ့ အကျင့်ကိုမွေးမြူပါ။ ဒီအကျင့်က သွေးလွန်တုပ်ကွေးတင်မဟုတ်ဘဲ ခြင်ကြောင့်ဖြစ်တဲ့ရောဂါတိုင်းကို ကာကွယ်ပြီးသားဖြစ်ပါတယ်။ 


🌟နေအိမ်တွင်းကို ခြင်မဝင်နိုင်အောင် လုပ်ဆောင်ပါ  


– နေဝင်ချိန် နဲ့ ညဘက်တွေမှာ လေအေးပေးစနစ် ဖွင့်ထားပြီး ခြင်မဝင်နိုင်အောင် သေချာစီမံထားတဲ့ နေရာမှာနေပါ။ နေအိမ်မှာ ခြင်လုံဇကာ တပ်ဆင်ပြီး ခြင်မဝင်ရောက်နိုင်အောင် ဂရုစိုက် လုပ်ဆောင်တာမျိုးတွေ လုပ်ဆောင်ပြီး နေအိမ်ကို ခြင်ကင်းစင်ဇုန်အဖြစ် ဖန်တီးပါ။ 


🌟လုံခြုံစွာဝတ်ဆင်ပါ  


– ခြင်ကိုက်ခံရတာမျိုး မဖြစ်စေဖို့အတွက် ညနေဘက် နဲ့ ညဘက် အချိန်တွေမှာ အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်တွေ ဝတ်ဆင်ပြီး ခြင်ကိုက်မခံရအောင် ကာကွယ်ပေးပါ။ 


🌟ခြင်နိုင်ဆေးသုံးပါ  


– ဒါကတော့ အသုံးအများဆုံးသော ခြင်ကာကွယ်နည်းလမ်း တစ်ခုပါ။ ခြင်ကို ကာကွယ်ဖို့အတွက် နေအိမ်တွင်းမှာ ခြင်ဆေး ထွန်းလို့ရသလိုခြင်ဆေး ဖြန်းဆေးကို အသုံးပြုလို့လည်း ရပါတယ်။


🌟နေအိမ်ဝန်းကျင်ကို သန့်ရှင်းအောင်ထားပါ  


– နေအိမ်ပတ်ဝန်းကျင်မှာ အမှိုက်တွေ သန့်ရှင်းနေအောင် ထားပေးပါ။ ခြင်ခိုအောင်းနိုင်တဲ့ နေရာတွေကို ရှင်းလင်းပါ။ သွေးလွန်တုပ်ကွေးရောဂါပိုး သယ်ဆောင်ထားတဲ့ ခြင်တွေက အိမ်အတွင်းပိုင်းနဲ့ အိမ်အနီးတဝိုက်က နေရာတွေမှာ နေထိုင်ပြီး ကားတာယာ အဟောင်းလိုမျိုး မိုးရေတွေ ဝပ်နေနိုင်တဲ့ နေရာတွေထဲမှာ ပေါက်ဖွားနိုင်တာကြောင့် နေအိမ်ပတ်ဝန်းကျင်က ခြင်ခိုအောင်းနိုင်တဲ့ နေရာတွေကို ရှင်းလင်းထားပါ။ 


🌟ခြင်မကိုက်တဲ့ဆေး လူးပေးပါ  


– သွေးလွန်တုပ်ကွေး အပါအဝင် ခြင်ကြောင့်ဖြစ်တဲ့ ရောဂါတွေကို မဖြစ်အောင် ကာကွယ်ဖို့ဆိုရင် အရင်ဆုံး လုပ်ရမှာက ခြင်မကိုက်အောင် ဂရုစိုက်ဖို့ပါ။ ကိုယ်တိုင်မှာရော မိမိချစ်ရသူတွေမှာပါ မတော်တဆ ခြင်ကိုက်ခံရတာမျိုး မဖြစ်စေဖို့အတွက် ကြိုတင်ကာကွယ်တဲ့ အနေနဲ့ အရေပြားမှာ ခြင်မကိုက်အောင် လူးတဲ့ဆေးလေး လူးပေးပါ။ 


🌟တစ်ကိုယ်ရေသန့်ရှင်းရေးဂရုစိုက်ပါ 


– ခန္ဓာကိုယ်မှာ ချွေးနံ့ကင်းစင်နေမယ်ဆိုရင် ခြင်ကိုက်ခံရတာ သက်သာပါတယ်။ ဒါကြောင့် ခြင်ကိုက်ခံရတာနဲ့ ရောဂါဘယတွေဘေးကနေ ကင်းဝေးစေဖို့ဆိုရင် တစ်ကိုယ်ရည်သန့်ရှင်းမှုကို ဂရုစိုက်ဖို့လိုပါမယ်။ 

 

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ ?

 

ဘယ်ရာသီမှာပဲ ဖြစ်ဖြစ် အဖျားတက်တာ (၃) ရက်နဲ့ အထက်ဆိုရင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ အထူးသဖြင့် ကလေးတွေပါ။ သွေးလွန်တုပ်ကွေးက မြန်မာနိုင်ငံရဲ့ ဘယ်နေရာမှာမဆို ရာသီမရွေး ဖြစ်နိုင်ပါတယ်။ 

 

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် သွေးလွန်တုပ်ကွေးလို့ သံသယရှိမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓာကိုယ်တုံ့ပြန်မှုဟာ မတူညီတဲ့အတွက် ဆရာဝန်နဲ့ ပြသပြီး စမ်းသပ်စစ်ဆေးမှုတွေ လုပ်သင့်ပါတယ်။

 

သွေးလွန်တုပ်ကွေး အပါအဝင် ခြင်ကြောင့် ဖြစ်တဲ့ ရောဂါတွေ ကင်းဝေးပြီး သာယာကြည်နူးစရာ ကောင်းတဲ့ မိုးရာသီကို ပိုင်ဆိုင်နိုင်ကြပါစေ။


ကျန်းမာခြင်းသည် လာဘ်တစ်ပါးမို့ အားလုံး ကျန်းမာရေး ဂရုစိုက်ကြပါဗျို့ 


Comments

Popular posts from this blog

Otomycosis ( နားမှိုစွဲခြင်းရောဂါ )

 Otomycosis ( နားမှိုစွဲခြင်းရောဂါ )      🙋  အားလုံးပဲ   မင်္ဂလာပါ 🙋 VAA ရဲ့စာဖတ်ပရိတ်သတ်တွေအတွက်အခုတစ်ခါမှာတော့ ပရိတ်သတ်တွေရဲ့တောင်းဆိုချက်အရ နားမှိုစွဲခြင်းရောဂါ နဲ့ပတ်သက်ပြီး ဖော်ပြပေးမှာဖြစ်ပါတယ် ။  နားမှိုစွဲခြင်းရောဂါ နဲ့ပတ်သက်ပြီး ဖြစ်ရတဲ့အကြောင်းရင်းတွေ ၊ လက္ခဏာတွေ ၊ ဘယ်လိုဆေးဝါးတွေကို အသုံးပြုနိုင်မလဲ ၊ ဆောင်ရန် ၊ ရှောင်ရန် ၊နောက်ဆက်တွဲ ပြဿနာတွေ နှင့် ကာကွယ်နည်းများကို ပြည့်ပြည့်စုံစုံ တင်ဆက်ပေးလိုက်ပါတယ် ။ နားမှိုစွဲရောဂါ ကို ဆေးပညာအရ Otomycosis လို့ ခေါ်ပါတယ်။ မြန်မာနိုင်ငံလိုမျိုး ပူနွေးစိုစွတ်တဲ့ နိုင်ငံတွေမှာ အတွေ့ရများပါတယ်။ နွေရာသီလို ပူပြင်းတဲ့အချိန်မှာ ပိုဖြစ်တတ်ပါတယ်။ နားမှိုစွဲရောဂါက များသောအားဖြင့် နားအပြင်ပိုင်းမှာ ဖြစ်တာ များပါတယ်။ နားအလယ်ပိုင်းမှာ ဖြစ်တာလည်း ရှိပါတယ်။ တစ်ဖက်တည်း ဖြစ်တာများပါတယ်။ 🔴 နားမှိုစွဲရောဂါ ဖြစ်ရတဲ့ အကြောင်းရင်း နားမှိုစွဲရောဂါက နာမည်အတိုင်းပဲ မှိုပိုးကြောင့် ဖြစ်တာပါ ။ မှိုပိုးတွေ အများကြီးရှိတဲ့အထဲကမှ နားမှိုစွဲစေတဲ့ ပိုးတွေကတော့ Candida နဲ့ Aspergillus လို့ခေါ်တဲ့ မှို နှစ်မျိုးပဲ ဖြစ်ပါတယ် ။ အဲ...

Circulation of Blood

 Circulation Of Blood           မင်္ဂလာပါ VAA Facebook  Page  မှ ပရိတ်သတ်ကြီးများခင်ဗျာ   အခု​ဖော်ပြပေးမယ့် အကြောင်းအရာလေးကတော့ ခန္ဓာကိုယ်အတွင်းမှာလှည့်ပတ်နေတဲ့ သွေးအကြောင်းပဲဖြစ်ပါတယ် ။ သွေးထဲမှာဆိုရင် သွေးရည်ကြည်၊သွေးနီဥ ၊ သွေးဖြူဥ ၊ သွေးဥမွှားတွေပါရှိပြီး သူတို့လေးတွေကရော ဘာလုပ်ငန်းတွေလုပ်ဆောင်တာလဲ?  ဒါ့အပြင် နှလုံးရဲ့ လုပ်ငန်းဆောင်တာတွေ ၊ သွေးလွှတ်ကြော ၊ သွေးပြန်ကြောတွေကရော ဘာတွေလဲ? စသဖြင့် ဗဟုသုတ ရစေရန် ရည်ရွယ်၍ တင်ဆက်ပေးလိုက်ပါသည်။  ခန္ဓာကိုယ်တွင်း သွေးလှည့်ပတ်သွားလာခြင်း  ( Circulation of Blood )  ခန္ဓာကိုယ် သွေးလှည့်ပတ်ခြင်းစနစ်တွင်        (၁) သွေး       (၂) နှလုံး နှင့်       (၃) သွေးကြောများ စသည်တို့ ပါဝင်ပါသည် ။ (၁)   သွေးအကြောင်း          သွေးသည် သွေးကြောများ အတွင်းတွင် အရည်အဖြစ် လှည့်ပတ်လျက်ရှိသည် ။ ခန္ဓာကိုယ် အသက်ရှင်ရန်အတွက် အရေးကြီးသည် ။ သွေးသည် အသက် ဖြစ်သည် ။ မည်သည့်နေရာမှမဆို သွေးယိုထွက်ခြင်း လွန်ကဲပါက အသက်ဆုံးရှုံးန...

ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်ဖြစ်တတ်သူတိုင်း သတိထားသင့်တဲ့ အချက်များ

  နှစ်တစ်နှစ်တာရဲ့ အချိန်တစ်ခုကို ရောက်လာပြီဆိုရင် နှာချေတာ ၊ ချောင်းဆိုးတာ ၊ နှာရည်ယိုတာတွေကို ခံစားရပြီဆိုရင် သေချာတာက ရာသီအကူးအပြောင်းကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှုကို ခံစားနေရတာပါ ။ ရာသီဥတုကြောင့် ဓာတ်မတည့်မှု ခံစားရသူတွေဟာ ဆောင်းဦးကာလ နွေဦးကာလတွေကို ရောက်လာပြီဆိုရင် လေထုထဲမှာ ဝတ်မှုန်တွေ မှိုတွေ များလာတာကြောင့် ဓာတ်မတည့်မှုကို ခံစားရပါတယ် ။ ဒီလိုမျိုး ရာသီအပြောင်းအလဲမှာ ဖြစ်တတ်တဲ့ ဓာတ်မတည့်မှု ခံစားရနိုင်ခြေကို မခံစားချင်ဘူးဆိုတဲ့ သူလေးတွေ ရှိပါသလား ။  ဒါဆိုရင်တော့ ဒီဆောင်းပါးလေးထဲမှာ ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်ဖြစ်တတ်သူတိုင်း သတိထားသင့်တဲ့ အချက်တွေ ပြောပြပေးမှာမို့ အတူတူ ဖတ်ကြည့်လိုက်ရအောင်နော် ။ 🔴 ရာသီဥတုကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှု ဆိုတာ - ရာသီအကူးအပြောင်း ဖြစ်ချိန်မှာ သစ်ပင်တွေကနေ ကျတဲ့ ဝတ်မှုန်တွေ ၊ မြက်တွေကနေ ထွက်တဲ့ ဝတ်မှုန်တွေကြောင့် ဓာတ်မတည့်မှုကို ခံစားရနိုင်ပါတယ် ။ ဒါကြောင့် ပန်းတွေ ပွင့်တတ်တဲ့ နွေဦး နဲ့ ဆောင်းဦးကာလတွေမှာ ရာသီဥတုကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှုတွေကို ခံစားရနိုင်ပါတယ် ။ 🔴 ဘယ်အချက်တွေက ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်တာကို ဖြစ်စေနိုင်တာလဲ ရာသီအပြောင်းအလဲမှ...