Skip to main content

ခြင်အန္တရာယ်

 မင်္ဂလာပါ  🙋

အခုချိန်မှာ ခြင်တွေတစ်ဝီဝီနဲ့ စိတ်အနှောင့်အယှက်ဖြစ်နေကြပြီလား 🦟  


ပြီးတော့ ခြင်တွေက ရုပ်ဆိုးတဲ့သူတွေကိုပဲရွေး ကိုက်တာလား?

 ရုပ်ချောတဲ့သူတွေဆို ခြင်တွေကမကိုက်ဘူးလား?

ဘာလို့ခြင်တွေကငါ့ကိုမှ ရွေးကိုက်နေရတာလဲ ငါများရုပ်ဆိုးနေလို့လား 😂


 ( ဟဲဟဲ😁) သိချင်ရင် စာလေးကို ဆုံးအောင်ဖတ်ကြည့်ကြနော် 🤗🤗

 

စိုစွတ်တဲ့ အပူပိုင်းဒေသထဲမှာ ကျရောက်နေတဲ့ မြန်မာပြည်မှာ ခြင်ကိုက်တယ်ဆိုတာက ရှောင်လွှဲရခက်တဲ့ ပြဿနာတစ်ခုပါ။ 


ခြင်လုံဇကာတွေဘာတွေတပ်ထားနိုင်တဲ့သူတွေကလွဲလို့ တိုင်းပြည်ရဲ့ဒေသအသီးသီးက လူအတော်များများအနေနဲ့ ခြင်ကိုက်ခံရတဲ့ပြဿနာကို တစ်နှစ်ပတ်လုံးနီးပါး ရင်ဆိုင်ရလေ့ရှိပါတယ်။ နည်းတာနဲ့ များတာသာ ကွာတာပါ။ 

 

ကမ္ဘာပေါ်မှာ ခြင်မျိုးစိတ်ပေါင်း ၃၀၀၀ ကျော်လောက်ရှိပါတယ်။ ဘယ်မျိုးစိတ်ကမှ လူတွေကို အကျိုးမပြုပါဘူး။ 


ငှက်ဖျား ၊ သွေးလွန်တုပ်ကွေး ၊ West Nile virus ၊ ဆင်တုပ်ကွေး ၊ Yellow fever ၊ Filariasis ၊ Tularemia ၊ Dirofilariasis ၊ Japanese encephalitis ၊ Saint Louis encephalitis ၊ Western equine encephalitis ၊ Eastern equine encephalitis ၊ Venezuelan equine encephalitis ၊ Ross River fever ၊ Barmah Forest fever စတဲ့ ရောဂါအများအပြားကို ဖြစ်စေနိုင်တဲ့ ဆိုးကျိုးကလည်း ရှိပါသေးတယ်။ 😱

 

ဒါတွေကိုထားဦး အနားမှာ တဝီဝီနဲ့ ဝဲနေတာကိုက အတော်ကို စိတ်အနှောင့်အယှက်ဖြစ်စရာ အတော်ကောင်းလှနေပြီ။ 

(ကြင်စိုးနဲ့တူလိုက်တာ😡) 


ဒီလောက်ဆိုးသွမ်းတဲ့ ခြင်တွေ ကိုယ်နဲ့ ကိုယ့်ပတ်ဝန်းကျင်ကလူတွေကို အနှောင့်အယှက်မပေးတော့ဘူးဆိုရင် အတော်လေးကို စိတ်ချမ်းသာသွားရမယ်ထင်တယ်နော်။ ☺️


ဒီလို ခြင်မကိုက်အောင် ကာကွယ်နိုင်တဲ့ နည်းလမ်းတွေ ရှိသလားဆိုရင် ရှိတယ်လို့ပဲ ဖြေရမှာပါ။ 

 

ခြင်မကိုက်အောင် ဘယ်လိုလုပ်မလဲ ???


ဟုတ်ပါတယ်။ ခြင်တွေကို ကာကွယ်တားဆီးနိုင်မယ့် လမ်းညွှန်ချက်လေးတွေ ရှိပါတယ်။


ဘယ်လိုအချက်တွေပါလိမ့်။ ဆက်ကြည့်ကြည့်ရအောင်။ 

 

🗣️အိမ်ထဲက၊ အိမ်အနီးအနားက ရေဆိုးတွေကို ဖယ်ရှားစွန့်ပစ်ပါ  


– ခြင်တွေက ရေဆိုးရေညစ်တွေမှာ ပေါက်ပွားကြတာများပါတယ်။ ဘုရားပန်းအိုးတွေ၊ ရေအိုး၊ ရေစည်၊ ရေကန်၊ အလှထိုးပန်းအိုးတွေကို ပုံမှန်ရေလဲလှယ်ပေးပါ။ မြောင်းတွေကိုလည်း ရေစီးရေလာကောင်းအောင် စီမံပါ။

 

🗣️ခြင်တွေ အိမ်ထဲဝင်မလာအောင် မရှိအောင် ဂရုစိုက်ပါ  (အိမ်ရှေ့အပေါက်ဝက ခြင်ရိုက်ဘက်တံနဲ့ ကိုင်စောင့်နေပါ😂)


– ပြတင်းတံခါးတွေ၊ အဲယားကွန်းတွေကို စနစ်တကျ အသုံးပြုဖို့ ဆိုလိုတာပါ။ ပြတင်းတံခါးတွေကို မှောင်ချိန်တွေမှာ မဖွင့်တာက ခြင်တွေ အိမ်ထဲဝင်မလာစေဖို့ အထောက်အကူဖြစ်စေပါတယ်။ မှောင်တဲ့နေရာတွေ ချောင်ကျတဲ့နေရာတွေကို သန့်ရှင်းအောင်ထားတာမျိုးလည်း လုပ်သင့်ပါတယ်။

 

🗣️ခြင်နိုင်ဆေး သုံးပါ  


– ခြင်နိုင်ဆေးတွေက အမျိုးအစား အမျိုးမျိုးရှိသလို ပုံပန်းသဏ္ဍာန်လည်း အမျိုးမျိုးပါ။ မြန်မာပြည်မှာတော့ ခြင်ဆေးခွေ၊ ဖြန်းဆေးဘူး၊ လိမ်းဆေး စတာတွေ ခေတ်စားပါတယ်။ ဘယ်အမျိုးအမည်ကိုပဲ သုံးစွဲသည်ဖြစ်စေ ဓာတုဗေဒပစ္စည်းတွေကို အသုံးပြုထားတာမို့ သတိထားအသုံးပြုရမယ်ဆိုတာကို သိထားဖို့ လိုအပ်ပါတယ်။

 

🗣️အရောင်လွင်လွင် အင်္ကျီတွေကို ရွေးချယ် ဝတ်ဆင်ပါ  


– မှိုင်းတဲ့၊ မှောင်တဲ့ အင်္ကျီတွေဟာ ခြင်ပိုကိုက်စေပါတယ်။ ဒါကြောင့် အပြင်သွားချိန်တွေမှာ အဆင်ပြေတဲ့ အရောင်အသွေးမျိုးကို ရွေးချယ်ဝတ်ဆင်နိုင်ပေမယ့် အိမ်နေရင်း အချိန်တွေမှာ အရောင်လွင်တဲ့ နုတဲ့ အင်္ကျီမျိုးတွေကို ဦးစားပေးရွေးချယ်ဝတ်ဆင်တာက ခြင်ကိုက်တာကို ပိုသက်သာစေပါလိမ့်မယ်။

 

🗣️နေဝင်တာနဲ့ အိမ်မှာပဲ နေပါ  


– ခြင်ဆိုတဲ့ သတ္တဝါတွေက ဘယ်အချိန်မဆို ကိုက်ပါတယ်။ ဒါပေမယ့် မိုးဖျောက်တောက်ဖျောက်တောက် ရွာတဲ့အချိန်၊ မှောင်ရီပျိုးတဲ့အချိန် နဲ့ ညအချိန်တွေမှာပိုကိုက်ပါတယ်။ အဲ့လိုအချိန်မျိုးမှာ အိမ်အပြင် ဒါမှမဟုတ် မှောင်တဲ့ နေရာတွေမှာ ရှိနေတာဟာ ခြင်ကိုက်ခံရဖို့ အလွန်အခွင့်အရေးများတဲ့ အနေအထားပါ။ လင်းလင်းထင်းထင်းအချိန်က ခြင်ကိုက်ခံရခြင်းကနေ ပိုမိုသက်သာစေနိုင်ပါတယ်။

 

🗣️ခြင်ကိုက်ချင်လာအောင် မနေပါနဲ့ 


– လူတိုင်း ခြင်ကိုက်ခံရပေမယ့် တစ်ယောက်နဲ့ တစ်ယောက် အကိုက်ခံရတဲ့ ပမာဏခြင်းမတူညီတာ သတိထားမိရဲ့လား။ သိပ္ပံနည်းကျလေ့လာချက်တွေအရ အရက်၊ ဘီယာ သောက်သုံးတဲ့သူတွေဟာ ခြင်ပိုကိုက်ခံရတတ်ပါတယ်။ အယ်လ်ကိုဟောမှာ ပါဝင်တဲ့ CO2 ဟာ ခြင် အပါအဝင် ဘက်တီးရီးယားတွေ၊ အင်းဆက်ပိုးတွေကို ပိုဆွဲဆောင်နိုင်ပါတယ်။ နောက်ပြီး တခြားလေ့လာချက်တစ်ခုမှာတော့ O သွေးပိုင်ရှင်တွေဟာ ခြင်ကိုက်ပိုခံရတတ်တယ်လို့လည်း ဆိုထားပါသေးတယ်။

 

🗣️သဘာဝ ခြင်ပြေးနည်းတွေ သုံးပါ 


– ခြင်ဆေးခွေတွေ၊ ဖြန်းဆေးဘူးတွေက အတိုင်းအတာတစ်ခုအထိ ကောင်းမွန်ပေမယ့် ကျန်းမာရေးအတွက် ဆိုးကျိုးတွေကတော့ ကြုံရနိုင်ပါတယ်။ ဒါကြောင့် သဘာဝ ခြင်ပြေးနည်းတွေကို ပိုသုံးသင့်ပါတယ်။ သံပုရာအရည်ကို ညှစ်ချပြီး လိမ်းပေးတာမျိုးပေါ့။ ခြင်ဆေးအစား နနွင်းတက်ကို အစားထိုး သုံးတာမျိုးတွေပေါ့။

 

🗣️ခြင်ပေါတဲ့နေရာတွေကို ရှောင်ပါ


– တစ်ခါတစ်လေမှာ ကိုယ်ရောက်နေတဲ့နေရာက ခြင်ပေါတဲ့ Mosquito Hotspot မျိုးဖြစ်နေရင် ရှောင်လွှဲရမယ့်တာဝန်က ကိုယ့်အပိုင်းဖြစ်သွားပါပြီ။ တတ်နိုင်သမျှ အဲ့ဒီလိုနေရာမျိုးတွေကို ရှောင်ရှားသင့်ပါတယ်။


🗣️ခန္ဓာကိုယ်ကို ပြည့်ပြည့်ဝဝ ကာကွယ်ပေးနိုင်တဲ့ အဝတ်အစားမျိုး ဝတ်ဆင်ပါ  


– မှောင်မှောင်နဲ့မည်းမည်း ခြင်တလောင်းလောင်းနေရာမျိုးမှာ ဘောင်းဘီတို၊ စကတ်တိုလေးဝတ်ပြီး ခြင်ကိုက်ခံနေရတယ်ဆိုရင် ခြင်ရဲ့ အပြစ်မဟုတ်တော့ပါဘူး၊ ကိုယ့်အပြစ်ပါ။ ကာလံဒေသံကိုလိုက်ပြီး ဝတ်ဖို့စားဖို့က ခြင်ကိုက်တာကို သက်သာစေရုံသာမက လူနေမှုဘဝမှာလည်း လိုက်နာဖို့လိုအပ်တဲ့ အသိတရားတစ်ခုဖြစ်ပါတယ်။


🗣️နေအိမ်ကို လေဝင်လေထွက်ကောင်းမွန်ပါစေ 


– လေဝင်လေထွက်ကောင်းမွန်တဲ့ အိမ်မှာ နေထိုင်ကြသူတွေဟာ ခြင်ကိုက်တာ သက်သာရုံတင်မကပါဘူး၊ ကျန်းမာရေးလည်း ကောင်းမွန်မှုဆိုတဲ့ အပိုဆုကိုလည်း ရရှိကြမှာ ဖြစ်ပါတယ်။ နေအိမ်တစ်အိမ်ရဲ့ လေဝင်လေထွက်စနစ်ဟာ အလွန်အရေးပါပြီးတော့ မိသားစုကျန်းမာရေးအတွက်လည်း သတိထားသင့်တဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။


👀ကြက်သွန်ဖြူ များများစားရင် ခြင်မကိုက်ဘူးလား ? 


– ကြက်သွန်ဖြူ များများစားရင် ခြင်မကိုက်ဘူးဆိုတဲ့ ယုံတမ်းစကားတစ်ခု တစ်ချို့အာရှတိုင်းပြည်တွေမှာရှိပါတယ်။ လေ့လာချက်တွေအရဆိုရင် ကြက်သွန်ဖြူစားတာနဲ့ ခြင်မကိုက်တာနဲ့က ဆက်နွယ်မှုမရှိပါဘူး။ အစားအစာအမျိုးအစားတွေကြောင့် ခြင်ပိုကိုက်တာမျိုး၊ ခြင်မကိုက်တာမျိုးကို ခုချိန်ထိ ဆက်စပ်ပြီး သက်သေမပြနိုင်သေးပါဘူး ။


အားလုံးပဲ ခြင်ကိုက်ခံရခြင်း ဘေးမှကင်းဝေးပြီး ကျန်းမာပျော်ရွှင်သောဘဝကို ပိုင်ဆိုင်နိုင်ကြပါစေလို့  


📌(မှတ်ချက်  ကြင်စိုးမပါ) 


ခြင်နဲ့ကြင်စိုးကအတူတူပဲနော်

ဘာမှကောင်းကျိုးမပေးဘူး

              

ချစ်တဲ့ VAA

Comments

  1. သိတ် အနှောက်အယှက်ဖြစ်တဲ့ခြင်တွေပါ
    ဘတ်တန်နဲ့ရိုက်ပြီးရင် ဖိသတ် ပြီးတော့စိတ်မကောင်းဖြစ်မိရော😀

    ReplyDelete

Post a Comment

Popular posts from this blog

Otomycosis ( နားမှိုစွဲခြင်းရောဂါ )

 Otomycosis ( နားမှိုစွဲခြင်းရောဂါ )      🙋  အားလုံးပဲ   မင်္ဂလာပါ 🙋 VAA ရဲ့စာဖတ်ပရိတ်သတ်တွေအတွက်အခုတစ်ခါမှာတော့ ပရိတ်သတ်တွေရဲ့တောင်းဆိုချက်အရ နားမှိုစွဲခြင်းရောဂါ နဲ့ပတ်သက်ပြီး ဖော်ပြပေးမှာဖြစ်ပါတယ် ။  နားမှိုစွဲခြင်းရောဂါ နဲ့ပတ်သက်ပြီး ဖြစ်ရတဲ့အကြောင်းရင်းတွေ ၊ လက္ခဏာတွေ ၊ ဘယ်လိုဆေးဝါးတွေကို အသုံးပြုနိုင်မလဲ ၊ ဆောင်ရန် ၊ ရှောင်ရန် ၊နောက်ဆက်တွဲ ပြဿနာတွေ နှင့် ကာကွယ်နည်းများကို ပြည့်ပြည့်စုံစုံ တင်ဆက်ပေးလိုက်ပါတယ် ။ နားမှိုစွဲရောဂါ ကို ဆေးပညာအရ Otomycosis လို့ ခေါ်ပါတယ်။ မြန်မာနိုင်ငံလိုမျိုး ပူနွေးစိုစွတ်တဲ့ နိုင်ငံတွေမှာ အတွေ့ရများပါတယ်။ နွေရာသီလို ပူပြင်းတဲ့အချိန်မှာ ပိုဖြစ်တတ်ပါတယ်။ နားမှိုစွဲရောဂါက များသောအားဖြင့် နားအပြင်ပိုင်းမှာ ဖြစ်တာ များပါတယ်။ နားအလယ်ပိုင်းမှာ ဖြစ်တာလည်း ရှိပါတယ်။ တစ်ဖက်တည်း ဖြစ်တာများပါတယ်။ 🔴 နားမှိုစွဲရောဂါ ဖြစ်ရတဲ့ အကြောင်းရင်း နားမှိုစွဲရောဂါက နာမည်အတိုင်းပဲ မှိုပိုးကြောင့် ဖြစ်တာပါ ။ မှိုပိုးတွေ အများကြီးရှိတဲ့အထဲကမှ နားမှိုစွဲစေတဲ့ ပိုးတွေကတော့ Candida နဲ့ Aspergillus လို့ခေါ်တဲ့ မှို နှစ်မျိုးပဲ ဖြစ်ပါတယ် ။ အဲ...

Circulation of Blood

 Circulation Of Blood           မင်္ဂလာပါ VAA Facebook  Page  မှ ပရိတ်သတ်ကြီးများခင်ဗျာ   အခု​ဖော်ပြပေးမယ့် အကြောင်းအရာလေးကတော့ ခန္ဓာကိုယ်အတွင်းမှာလှည့်ပတ်နေတဲ့ သွေးအကြောင်းပဲဖြစ်ပါတယ် ။ သွေးထဲမှာဆိုရင် သွေးရည်ကြည်၊သွေးနီဥ ၊ သွေးဖြူဥ ၊ သွေးဥမွှားတွေပါရှိပြီး သူတို့လေးတွေကရော ဘာလုပ်ငန်းတွေလုပ်ဆောင်တာလဲ?  ဒါ့အပြင် နှလုံးရဲ့ လုပ်ငန်းဆောင်တာတွေ ၊ သွေးလွှတ်ကြော ၊ သွေးပြန်ကြောတွေကရော ဘာတွေလဲ? စသဖြင့် ဗဟုသုတ ရစေရန် ရည်ရွယ်၍ တင်ဆက်ပေးလိုက်ပါသည်။  ခန္ဓာကိုယ်တွင်း သွေးလှည့်ပတ်သွားလာခြင်း  ( Circulation of Blood )  ခန္ဓာကိုယ် သွေးလှည့်ပတ်ခြင်းစနစ်တွင်        (၁) သွေး       (၂) နှလုံး နှင့်       (၃) သွေးကြောများ စသည်တို့ ပါဝင်ပါသည် ။ (၁)   သွေးအကြောင်း          သွေးသည် သွေးကြောများ အတွင်းတွင် အရည်အဖြစ် လှည့်ပတ်လျက်ရှိသည် ။ ခန္ဓာကိုယ် အသက်ရှင်ရန်အတွက် အရေးကြီးသည် ။ သွေးသည် အသက် ဖြစ်သည် ။ မည်သည့်နေရာမှမဆို သွေးယိုထွက်ခြင်း လွန်ကဲပါက အသက်ဆုံးရှုံးန...

ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်ဖြစ်တတ်သူတိုင်း သတိထားသင့်တဲ့ အချက်များ

  နှစ်တစ်နှစ်တာရဲ့ အချိန်တစ်ခုကို ရောက်လာပြီဆိုရင် နှာချေတာ ၊ ချောင်းဆိုးတာ ၊ နှာရည်ယိုတာတွေကို ခံစားရပြီဆိုရင် သေချာတာက ရာသီအကူးအပြောင်းကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှုကို ခံစားနေရတာပါ ။ ရာသီဥတုကြောင့် ဓာတ်မတည့်မှု ခံစားရသူတွေဟာ ဆောင်းဦးကာလ နွေဦးကာလတွေကို ရောက်လာပြီဆိုရင် လေထုထဲမှာ ဝတ်မှုန်တွေ မှိုတွေ များလာတာကြောင့် ဓာတ်မတည့်မှုကို ခံစားရပါတယ် ။ ဒီလိုမျိုး ရာသီအပြောင်းအလဲမှာ ဖြစ်တတ်တဲ့ ဓာတ်မတည့်မှု ခံစားရနိုင်ခြေကို မခံစားချင်ဘူးဆိုတဲ့ သူလေးတွေ ရှိပါသလား ။  ဒါဆိုရင်တော့ ဒီဆောင်းပါးလေးထဲမှာ ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်ဖြစ်တတ်သူတိုင်း သတိထားသင့်တဲ့ အချက်တွေ ပြောပြပေးမှာမို့ အတူတူ ဖတ်ကြည့်လိုက်ရအောင်နော် ။ 🔴 ရာသီဥတုကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှု ဆိုတာ - ရာသီအကူးအပြောင်း ဖြစ်ချိန်မှာ သစ်ပင်တွေကနေ ကျတဲ့ ဝတ်မှုန်တွေ ၊ မြက်တွေကနေ ထွက်တဲ့ ဝတ်မှုန်တွေကြောင့် ဓာတ်မတည့်မှုကို ခံစားရနိုင်ပါတယ် ။ ဒါကြောင့် ပန်းတွေ ပွင့်တတ်တဲ့ နွေဦး နဲ့ ဆောင်းဦးကာလတွေမှာ ရာသီဥတုကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှုတွေကို ခံစားရနိုင်ပါတယ် ။ 🔴 ဘယ်အချက်တွေက ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်တာကို ဖြစ်စေနိုင်တာလဲ ရာသီအပြောင်းအလဲမှ...